192

156 11 0
                                    

.......................................
သူ့နာမည်က တင်တင် နာမည်အရင်းကတော့ တင်အောင်မြင့် ဒါပေမယ့် သူ့ပုံစံက ခပ်နွဲ့နွဲ့မို့ စကားပြောရင် သူ့ကိုယ်သူ တင်တင် လို့ပဲ သုံးလေ့ရှိတယ် ။ ဒါကို မကြိုက်တာက သူ့အကို တွေနဲ့ သူ့အဖေ ။ သူဒီလို တဖြေးဖြေး ခပ်နွဲ့နွဲ့ဖြစ်လာတာက သူ အထက်တန်းကျောင်းသားဘဝ မှာ ပိုသိသာလာတယ် ။ သူယောက်ျားလေးတစ်ယောက်လိုနေရတာထက် မိန်းကလေးတစ်ယောက်လိုပြင်ပြင်ဆင်ဆင်နေရတာကို သဘောကျတယ် ။ သူ့ဝါသနာက တခြားသူတွေကို အလှပြင် မိတ်ကပ်ပြင်ပေးချင်တာ ။ အဲ့ဘက်ခေတ်စကားနဲ့ပြောရရင် အလှဖန်တီးရှင် ဖြစ်ချင်တာပေါ့ ။ သူ့ပုံစံကို မကြိုက်တဲ့ သူ့အဖေနဲ့ သူ့အကိုတွေကတော့ စိတ်မထင်ရင်မထင်သလို အိမ်တံခါးပိတ်ပြီး အမြဲထိုးကြိတ် လေ့ရှိတယ် ။ ဒါကြောင့်ပဲ သူ့ညာဘက်မျက်ခုံးမှာ သေရာပါ ချုပ်ရိုးရာအမာရွတ်က အထင်သား ။ ယောက်ျားတစ်ယောက်ဖြစ်ပြီး ဒီလိုစိတ်ဝင်ရပါ့မလားဆိုပြီးပေါ့ ။ ဒါပေမယ့် ဒီလောက် အထိုးခံရလဲ အပြုံးမပျက်ပဲ သူက သူ့ပုံစံအတိုင်းပဲနေခဲ့တယ် ။ အဲ့ဘက်ခေတ်ကလဲ ရှေးရိုးစွဲအယူအဆတွေပြည့်နှက်နေတဲ့ခေတ်ဆိုတော့ သူ့ကိုကျောင်းမှာ မိန်းကလေးတွေ ဆရာမ ကအစ အခြောက်မ ဆိုပြီး ဝိုင်းနှိမ်လှောင်ပြောင်တာကို ခံခဲ့ရတယ် ။ ယောက်ျားလေးတွေဆို သူ့ကိုတွေ့တာနဲ့ အခြောက်မ ဆိုပြီး အော် အော် စ တာ ပေါက်ကရပြောတာတွေအထိ bully အလုပ်ခံရတဲ့သူ ။

ဒါပေမယ့် အတန်းထဲမှာတော့ သူ့ကို အရမ်းခင် သူကလဲအရမ်းခင်တဲ့ ကျော်ကျော် နဲ့ သန္တာ ဆိုတဲ့ သူ့အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ရှိတယ် ။ ဒီနှစ်ယောက်ကတော့ သူ့ကို နားလည်ပေးပြီး သူ့ညီအကိုမောင်နှတွေဆီကတောင်မရခဲ့ဖူးတဲ့  နွေးထွေးမှုတွေနဲ့ ဆက်ဆံခဲ့တာကြောင့် ဒီနှစ်ယောက်ကိုတော့ သူ အတော့်ကို ခင်တွယ် မိခဲ့တယ် ။ ဒါပေမယ့် သူက မိန်းကလေးစိတ်ဝင်နေတဲ့ သူတစ်ယောက် အသက်ကလေးကလဲ ၁၆ ၁၇  ရင်ခုန်တတ်တဲ့အရွယ်မို့ သူ့သူငယ်ချင်းနှစ်ယောက်ထဲကမှ ကျော်ကျော့် ကိုတော့ သူ သူငယ်ချင်းထက်သံယောဇဥ် ပိုမိမှန်း သူသိခဲ့ပါတယ် ။ ဒါပေမယ့် မဖြစ်နိုင်မှန်းလဲ သိနေသလို ကျော်ကျော့် အနားကနေ ဒီ့ထက်ပိုပြီးဝေးမှားစိုးတဲ့စိတ်နဲ့ သူ့ ခံစားချက်ကို သူ့ ဒိုင်ယာရီစာအုပ်လေးထဲမှာပဲ တိတ်တဆိတ်ချရေးရင်း ဖုံးကွယ်ထားခဲ့တယ် ။ ဆယ်တန်းစာမေးပွဲတွေဖြေပြီးလို့ အောင်စာရင်းထွက်ခါနီးပြီဖြစ်တဲ့တစ်ရက် အဲ့တစ်ရက်မှာပဲ သူ့ရဲ့ ရင်ဖွင့်ရာ ဒိုင်ယာရီစာအုပ်အမဲလေးဟာ ဒေါသထွက်နေတဲ့မျက်လုံးအစုံနဲ့သူ့ကိုကြည့်နေတဲ့သူ့အဖေလက်ထဲမှာ ရောက်နှင့်နေပြီ ။ ပြစ်ဒဏ်ကတော့ ဒီလောက်တောင် သောက်ရှက်မရှိတဲ့ကောင် ပုဆိုးချွတ်ပြီး ကျော်ကျော့်အိမ်ရှေ့မှာ မင်းကိုငါကြိုက်တယ် ဆိုတာကို သွားပြောရမယ်တဲ့ ။ ဒါမှရှက်ပြီး နောက်မလုပ်ရဲအောင်တဲ့လေ ။ သူငြင်းပါသေးတယ် ။ အတင်းပုဆိုးဆွဲချွတ်ပြီး အိမ်ပေါ်ကနေအတင်းဆွဲခေါ်နေတဲ့ သူ့အဖေတွေအကိုတွေရဲ့ လက်တွေကြားထဲက သူ နိုင်သမျှ အားနဲ့ရုန်းပါသေးတယ် ။ ဒါပေမယ့် ဘယ်လိုမှမရုန်းနိုင်တော့ဘဲ အဖေတို့ဖြစ်စေချင်သလို အဝတ်ဗလာနတ္ထိ နဲ့ သူ တဖက်သတ်ရင်ခုန်ရတဲ့ ကျော်ကျော့် အိမ်ရှေ့ကို ရောက်သွားခဲ့ရတယ် ပြောစမ်းဟေ့ကောင်လို့ ဆိုပြီး ကျောကုန်းပေါ်ကျကျလာတဲ့ ဖနောင့်ဒဏ်ကြောင့် ကျော်ကျော် နင့်ကိုငါ သဘောကျတယ် လို့ သူ့ရဲ့ဖုံးကွယ်ထားတဲ့ရင်ခုန်သံကို ရပ်ကွက်ထဲကလူတွေရဲ့ လှောင်ပြောင်တဲ့အသံ ကဲ့ရဲ့တဲ့အသံ သနားတဲ့အသံ တွေ ကျော်ကျော့် ရဲ့ သနားတဲ့အကြည့် အံ့သြတဲ့အကြည့်တွေကြားမှာပဲ ဝန်ခံခဲ့ရတယ် ။ ဒါပေမယ့် နောက်တစ်ရက်မှာတော့ ဒီလို သူ့အဖေတွေအကိုတွေ မမြင်ချင်တဲ့ ပုံစံကို သူတို့ကို ထပ်မပြဖြစ်တော့ပါဘူး ။ ဟိုအခြောက်လေး တင်တင် သေပြီတဲ့ အိပ်ခန်းထဲက ထုတ်တန်းမှာ စောင်နဲ့ကြိုးဆွဲချ သေတာတဲ့....။ မနေ့ကပဲ လှောင်ပြောင်ခဲ့တဲ့ ပါးစပ်တွေက ခုကြတော့လဲသနားကြပြန်ပြီ ရှိတုန်းက အမျိုးမျိုးထိုးကြိတ် နောက်ဆုံး လူတစ်ယောက်ရဲ့ အရှက်သိက္ခာကိုချနင်း ခဲ့တဲ့ အဖေတွေအကိုတွေကလဲ ခုမှ မှားပါပြီလို့ ငိုကြပြန်ပါတယ်.....။

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now