166

170 8 0
                                    

ဒီစာကတင်ပြီသားလားလို့ မသိဘူးထပ်တင်တာ

💓💓💓💓
သရဏဂုံအစွမ်း  (ကိုယ်တွေ့နော် ကိုယ်တွေ့ )

ဒီဖြစ်စဉ်က အာဏာ သိမ်းပီး သိပ်မကြာခင် ကြုံခဲ့ရတာလေးပါ

အာဏာသိမ်းပီး ဆန္ဒတွေ ပြရင်း အာလူး အရမ်းကောက်တဲ့ အချိန်ပေါ့ဗျာ Def တွေဘာတွေလုပ်လိုက်သေးတယ် နောက်ဆုံး အခြေအနေမကောင်းလို့ ကျွန်တော်ရယ် ဒီဒီးဆိုတဲ့ ဘော်ဒါနဲ့ နယ်ဘက်ကို ခဏရှောင်ဖို့ အကြောင်းဖန်လာတာ

" ကိုသူ သိပ်တော့ အခြေအနေမကောင်းဘူး မျောက်ကြီးတို့လည်း ၀ရမ်းထုတ်ခံထားရတယ်ကြားတယ် ကျွန်တော်တို့လည်း သုတ်မှရမယ်နော် လိုက်မှာလား "

"ဟ လိုက်မှာပေါ့ဟ ဒါနဲ့ ဘယ်ကို ဒိုးကြမလဲ "

"ဇလွန်ဘက်မှာ အမျိုးတွေရှိတယ် အဲ့ဘက်မှာဆို ဒီမှာထက် ပိုအဆင်ပြေလောက်တယ် မနက်ဖန်လောက်သွားကြမယ် "

ကျွန်တော်လည်း အမေ့ကို အကျိုးအကြောင်းပြောပီး နောက်ရက်ကျ ဇလွန်ကို နှစ်ယောက်သား သုတ်ပါလေရော .. ဟိုရောက်တော့ အထုပ်အပိုးတွေချပီး ငဒီးဘော်ဒါတွေနဲ့ အဖွဲ့ကျပီး ရွာထဲမှာ Chill နေကြတာ သူတို့ချင်းလည်း မတွေ့တာ နှစ်ပေါက်အောင်ကြာနေတော့ ကျွန်တော်နဲ့ပါ ခင်သွားကြတာ အဲ့တုန်းက Internet တွေ ပိတ်ထားတဲ့အချိန် WiFi သုံးချင်ရင် ရွာပြင်က ဖုန်းဆိုင်လေးမှာ ကပ်ပီးသုံးရတာ

"ကိုသူ မနက်ဖန် အဓါးရွာက ဦးလေးက လာလည်ဖို့ခေါ်နေတယ်" ဆိုလို့ နှစ်ယောက်သား အဲ့ရွာကို သွားကြတာ အဲ့တစ်ရွာလုံးက အစိမ်းFan တွေချည်းပဲ . ဇာတ်လမ်းက အဲ့မှာစတာ

အဓါးရွာက အိမ်လေးမှာ နေ့ခင်းဘက် ကွပ်ပျစ်လေးနဲ့ ထိုင်ပီး စကားပြောနေရင်း ငဒီးရဲ့ အကို၀မ်းကွဲက

"ရန်ကုန်သားတွေ ပျင်းနေပီလား ပျင်းနေရင် ငါတို့နဲ့ ဒူးယားအင်းမှာ ခြင်းလိုက်ခတ်လေ ဘောလုံးကန်ချင်လည်းရတယ် " နဂိုထဲကမှ ဘောလုံးဆိုတဲ့အသံကြားရင် မနေနိုင်တဲ့ နှစ်ကောင်လုံး တိုင်ပင်စရာမလိုပဲ သူ့အကို ဆိုင်ကယ်နဲ့ လိုက်သွားကြတာ (နောက် နှစ်ရက်လောက်ဆို ကျွန်တော်တို့ နှစ်ယောက်လုံး ဘုန်းကြီး၀တ်ကြမှာ ဘုန်းကြီးမ၀တ်ခင် အဓါး ကို အရင်လာလည်ဖို့ခေါ်တာ)

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now