89

205 11 0
                                    

အမတစ်ယောက်တင်ထားတာ
သမီးလေးနတ်ရုပ်ရုပ်ဖွက်တာကို နတ်က သောင်းကျန်းတာဆိုတဲ့ postအောက်မှာ
နတ်ဖြစ်ပြီး ဒေါသမောဟများနေကြတာဆိုတဲ့ cmtလေးတွေမြင်တော့ ကျနော်လည်းကြုံဖူးတော့လက်ခံတယ် အဲ့ နတ်တွေ အရမ်းလွန်ပါတယ်
# တောင်ပေါ်ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ အဖွားကိုဘုန်းကြီးကျောင်းလိုက်ပို့ရင်း အေးအေးဆေးဆေး တစ်ညအိပ်ဖြစ်ခဲ့တယ်
အဲ့ကျောင်းက တောင်ပေါ်ကျောင်းဆိုတဲ့အတိုင်း စကားအမှားမခံ နတ်လည်းကြီးတယ်ပေါ့ သားသတ်လွတ်ကျောင်းလည်းဖြစ် လျှပ်စစ်မီးလည်းမရဘူး
နတ်နန်းနနတ်ကွန်းတွေလည်းအပြည့်ပဲ နတ်ရုပ်တု တွေလည်း စုံစုံလင်လင်ပဲ   ကျောင်းမှာလည်း ဦးဇင်းနှစ်ပါးပဲ ရှိတာ  ကျောင်းတိုင်နဲ့ခန်းနေ ရယ်ပဲ အနီးအနားက ရွာတွေက အလှူရှိရင်လာရောက်ကူညီပေးပေမဲ့ ပုံမှန်နေတဲ့ကျောင်းမှာနေတဲ့လူက နတ်တင်ပေးတဲ့ အဖွားပဲ ပုံမှန် ရှိတယ်
   ဖြစ်ခြင်တော့ ညနေပိုင်းမှာ ဘုန်းကြီးကျောင်းရောက်တော့ မောလို့မြို့က ဝယ်လာတဲ့ ပဲနို့ဘူးလေ သောက်မလို့ ကိုင်လာရင်း ဖိုးခွားလေးဖိုးမူလေးဆို‌တဲ့ကလေး နတ်နန်းရှေ့ရောက်တော့ နတ်ရုပ်လေးတွေ မှာက လာလှူကြတဲ့ အဝတ်အစားလေးတွေ မုန့်တွေက များတော့ စပ်စုပြီးကြည့်ရင်း ပဲနို့ ဗူးလေးဖောက်သောက်မိတယ် နတ်တင်တဲ့အဖွားက ကလေးတွေက သူတို့မကျွေးရင်စိတ်ဆိုးတယ်နော် ဆိုပြီး ရယ်ပြီးပြောတော့ ကိုယ်နဲ့လည်း အဲ့အဖွားက သိတော့ စတယ်‌ပဲ ထင်တာ ကိုယ်လည်း ခပ်ပြုံးပြုံးပဲ    ညနေစောင်းလာတော့ ရေချိုးပြီး စေတီတော်ကို လှည့်ပတ်ဖူး ဘုရားဝတ်ပြု လျှပ်စစ်မီးကလည်း မရှိတော့ အမှောင်က အပြည့်ဆိုတော့ အိပ်ရာဝင်ပေါ့
ကျောင်းတိုင်က တစ်ခန်းသီးသန့်နေတယ် ခန်းနေကိုယ်တော်က တစ်ပါး‌ဆောင် နှစ်ထပ်သစ်သားဆောင်လေးမှာနေတယ် တောင်ပေါ်ဆိုတော့ လွင်ပြင်‌နည်းတော့ ကျောင်းတွေက ‌တောင်စောင်းဘေးတွေမှာ အဆင်ပြေသလိုဆောက်ထားကြတာ
ကျနော်နဲ့အဖွားကအဲ့အဆောင်လေးရဲ့အောက်ထပ်မှာ အိပ်ဖစ်တာပေါ့ အခန်းလေးထဲမှာ အိပ်ခန်းခေါင်းရင်းမှ သံစည်ပိုင်း (‌ဓာတ်ဆီတွေထည့်တဲ့ ခါးကျော်ကျော်အမြင့်လောက်) နှစ်ပုံးထောင်ထားတယ် ပစ္စည်းထားတဲ့အခန်းလေးမျိုးပေါ့ ဧည့်သည်လာရင်လည်း တည်း
အဲ့တာနဲ့ တစ်တောင်လုံးလည်းမှောင်မဲနေတော့ အိပ်ရာဝင်အိပ်‌ဖြစ်တယ်ပေါ့
အဖွားက ပုတီးလေးစိပ်ပြီး အိပ်ပျော်သွားပြီး ကျနော်လည်း အိပ်ပျော်သွားရင်း အသံတွေကြားပြီး လန့်နိုးလာတယ် အသံက ဘေးက သံစည်ပိုင်းကြီးကို စည်းကျက်ညီညီ တီးနေတာ ဘေးမှာ ထူပူသွားတာပဲ ကျနော်က စည်းပိုင်း ဘေး အိပ်တာ အဖွားက ဟိုဘက် တစ်ခြင်ထေင်ထဲဆိုပေမဲ့ ကျနော် ခေါင်းဘေးပေါ့ လူလ‌ည်းထူပူသွားတာ သာမန့်မဟုတ်တော့ဘူးဆိုတာသိတော့ အရင်ဆုံး အဖွားကိုစိတ်ပူသွားတာ ငါကလူငယ်‌ပဲ ဘာဖစ်ဖစ်ကွာ အဖွားကိုအရမ်းချစ်တော့ လူကြီးကိုလန့်မှာဆိုးပြီး မနိုးရက်ဘူး အဖွားနိုးသွားမှာတောင်စိုးရိမ်နေသေးတာ အဲ့မှာ အသံတွေက ပိုပြင်းလာတာ နားဘေးက စည်းပိုင်းကိုတီးနေတာ ဗျာ အဝေးက လည်းမဟုတ် နားထင်ဘေးတင် အရမ်းကို ဆိုးရွားလွန်တယ် တီးနေရင်း ဝူးဝူးဝါးဝါး‌အော်သံတွေပါ ပါလာတာ လူက လုံးဝ ချွေးပြန်နေပြီ အဖွားက ဘေးမှာကို သူက လှုပ်တောင်မလှုပ်တော့ ကိုယ်တစ်ယောက်ထဲ ဘဝပျက်နေရော လိပ်ပြာလွင့်ခြင်စရာအသံမျိုးစုံပဲ စည်းပိုင်းကိုတီးပြီး
ပီပီပြင်ပြင်အော်တဲ့ ဝူးဝူးဝါးဝါးသံတွေ ကျနော်ထ ပြေးဖို့တွေးသေးပေမဲ့ အဲ့ချိန် တောင်တစ်ခုလုံးမဲမှောင်နေတာ ထပြေးရင် ဘေးက လျှိုတွေထဲပြုတ်ကျမှာပဲ ဆိုပြီး  ထလည်းမပြေးရဲ အဖွားကိုလည်း မနိုးရက် မိုးလင်းပါစေဆုတောင်းနေရတာ တကယ်ကို အကြာရှည်ဆုံးတဲ့ အခက်ခဲဆုံးအချိန်တွေ လားမှတ်ရတယ် ဘဝမှာ
လူက ကြာလာတော့ မျက်ရည်တွေပါထွက်ကြလာတဲ့ထိပဲ ဘုရားစာဆိုဖို့လည်းတော်တော်နဲ့သတိမရဘူး လုံးတအကြောက်တရားက ဘေးရောက်တော့နော်
တော်တော်ကိုအချိန်ကြာတယ်ခံစားရတယ် ဘာလုပ်ရမလည်း တွေးမိတွေးတာတွေးရင် ဘုရားစာရွတ်ဖို့သတိဝင်လာတာနဲ့ ရသမျှသိရသမျှဘုရားစာတွေရွတ်ပြီး အတင်းအိပ်ဖို့ကြိုးစားလိုက်တာ ဘုရားစာရွတ်နေရင်း တောင်အသံတွေက တိတ်မသွားသေးတော့ အိပ်ပျော်ပါစေမိုးလင်းပါစေ ဘုရားစာရွတ်ရင်ပေအိပ်‌ရင်းနဲ့ အိပ်ပျော်သွားတယ် အရမ်းပင်ပန်းသွားပြီး အိပ်ပျော်သွားတာလားတော့မသိဘူး
မိုးလင်းတော့ အဖွားက လည်းပုံမှန်ပဲဆိုတော့ သူလုံးဝမသိတာ ညကကိစ္စတွေကို
အဲ့တာနဲ့ကျနော် ဘာလို့လည်း အကုန်ပြန်တွေးကြည့်တော့မှ မှတ်မိသွားတာ ပဲနို့ကိစ္စ။ သူတို့ကို မဆက်တဲ့အပြင်ရှေ့မှာပါ သောက်ပြလို့ စိတ်ဆိုးတာတဲ့ (အဲ့တာကလည်း နောက်မှ ကျနော်က ဒီလိုကြုံခဲ့တာအိမ်ရောက်တော်တော်ကြာ ပြန်ပြောလို့ မေးမြန်းကြည့်တော့  သိရတာ ကျနော်လည်း အဲ့နေ့ထဲက လူကြီး‌တွေကိုပြောရင်ကျောင်းမှာ ပွဲ‌တွေပေးနေရမှာ‌ဆိုးလို့ အမြင်ကပ်လို့ရယ် ပဲနို့နောက်တစ်ဗူးကျန်တာတောင် သွားကပ်နေရမှာ နှမြောလို့ရယ် ဘာမှမပြောပဲ ပြန်လာလိုက်ခဲ့လိုက်တာ)  ငယ်ငယ်က အကောင်လိုက်တွေ့ဖူးပေမဲ့ တွေ့‌တွေ့ခြင်းအော်ပြေးခဲ့တာမို့ storyပုံစံမဖစ်လို့ရေးဖလို့သိပ်မကောင်း ခုဟာကတော့ တကယ်ကိုရှယ်နတ်ပါးဝခံခဲ့ရတာ

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now