38

296 14 0
                                    

Time City က B2 parkingမှာ သရဲခြောက်ခံရတာလားtechnological errorလားပဲ
Time city ကအရင်ကဘာလဲဆိုတာ ရန်ကုန်ကလူတော်တော်များများသိကြပါတယ်

ဒီနေ့ သူငယ်ချင်း၃ယောက် JS ကအပြန် ကားက
Time Cityက B1မှာရပ်ထားတာမို့ Time City Gloria Jeansရှေ့က Elevator ကနေ ဆင်းပါတယ်
B2 car parking ကပိတ်ထားတာ အခုရက်ပိုင်း Time City ဘက်ရောက်ဖူးတဲ့လူတွေသိမှာပါ
ကိုယ်ကပဲ အဲ့လို ဘာညာရှိကောင်းရှိမလားဆိုပြီး အချဉ်ပေါင်းစားပြီး b2မှာ မှောင်မဲနေတာပဲ
ကြောက်ဖို့ကောင်းတယ်သွားကြည့်ကြမလားဆိုပြီး b1မှာ မထွက်ပဲ B2ထိ ဆင်းချသွားပါတယ်

b2ရောက်တော့ တကယ်ကို မှောင်မဲပြီးကြောက်ဖို့ကောင်းနေရော ဒါနဲ့ပြန်တက်မယ်ဆိုပြီး b1 ခလုတ်နှိပ်ပြီး close ခလုတ်ကိုနှိပ်ပါတယ် တံခါးက ပိတ်ပေမဲ့ အဆုံးထိ မပိတ်ပဲ ပိတ်ခါနီးမှ လူတစ်ယောက် ဝင်လာသလို ပြန်ပြန်ပွင့်ပါတယ်

ကျွနိတော်တို့လဲ မီးအားနည်းသွားလို့ or technology errorဖြစ်မှာပဲဆိုပြီး ပြန်ပြီး close ခလုတ်ကို နှိပ်ပါတယ် အဲ့မှာ ထပ်ပြီးပိတ်မလိုဖြစ်ပြီး အဲ့လိုပဲထပ်ဖြစ်ပါတယ်

၃ကောင်လုံး ကြက်သီးတွေထလာပြီး သားကြီးရေလုပ်ပါအုန်း ဆိုပြီး ထိုင်ရီလိုက် ဟျောင့်တွေလန့်လာပြီနော်ဆိုပြီးတစ်ယောကမျက်နှာတစ်ယောက်ကြည့်ပြီးပြောလိုက်နဲ့ဘာခလုတ်မှ မနှိပ်ပဲ ထောင့်မှာ ကြောင်ကြည့်နေတာ ၁၀မိနစ်လောက် အဲ့လိုကြီး ပိတ်လိုက်ဖွင့်လိုက်လုပ်နေတာ ကားပါကင်မှာလဲဘယ်သူမှမရှိ မှောင်မဲပြီး ဓာတ်လှေကားမှာလဲ ကိုယ်တွေ၃ကောင်ထဲ အဲ့အခိုက်တန့်ကြီးက တော်တော်ကြောက်ဖို့ကောင်းတာပါ ဘာလုပ်လို့လုပ်ရမှန်းမသိတာနဲ့ ကိုယ်ကပဲ ငါတို့လုပ်စရာရှိသေးတယ် အေးဆေးနေဘာညာနဲ့ ထဆဲလိုက်တယ် အဲ့မှာ ခဏငြိမ်သွားပြီး တံခါးက ပွင့်နေပါတယ် နောက်တော့ အဲ့မှာ security တစ်ယောက်ကို လှမ်းတွေ့တာနဲ့ လှမ်းခေါ်လိုက်တော့
(သူလဲမြင်ပါတယ် တံခါးကအဲ့လိုဖြစ်နေတာ)
Security က မျက်စိမျက်နှာတွေပျက်ပြီး weight များလို့နေမှာပါ ဟိုဘက်ကဓာတ်လှေကားက သွားပါလားဆိုပြီးပြောပါတယ် weight များရအောင်လူက၃ယောက်ထဲပါ
အဲ့တာနဲ့ ကိုယ်တွေလဲ security ကတခြားဓာတ်လှေကားရှိတဲ့လမ်းပြမယ်ဆိုလို့ ဓာတ်လှေကားထဲကထွက်လိုက်ပါတယ် ထွက်လိုက်တာနဲ့ ချက်ချင်းဓာတ်လှေကားက တံခါးပိတ်ပြီး ပုံမှန်အတိုင်းသူဘာသူအပေါ်ပြန်တက်သွားတာပဲ အဲ့တာနဲ့ နောက်ထပ် တခြားဓာတ်လှေကားနဲ့ပဲ B1ထိပြန်လာရတယ်
(vd အစအဆုံးမရိုက်ခဲ့ပေမဲ့ နောက်ဆုံးပိုင်း security လာတဲ့အထိတော့ရိုက်ခဲ့ရပါတယ် ဆဲတာတွေပါတာမို့ cmtမှာပဲမန့်ပေးပါမယ်)

Elevator ရယ့်Technological errorလဲဖြစ်နိုင်သလို
အဲ့နေရာက အရင်က သချိုင်းဆိုတော့ခြောက်တာလဲဖြစ်နိုင်ပါတယ်
ကျွန်တော်တို့စိတ်ထဲက elevatorရယ့်error 50%
သချိုင်းမြေဖြစ်တော့ ခြောက်တယ်ဆိုတာ 50% ဝေခွဲမရပါဘူး

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now