189

166 7 0
                                    

၈၈ က လူပြောများခဲ့သော အဖြစ်အပျက်များ သို့မဟုတ် ၈၈ ဝိဥာဥ်များ
...................
လူတစ်ယောက်ရဲ့ သေခါနီးအချိန်သည်အရေးကြီးတယ်လို့ ဗုဒ္ဓဘာသာ တရားတော်များကပြောကြ ဟောကြပါတယ် ။ လူတစ်ယောက်ဟာ ေသခါနီး ဇော နမိတ် ချစ်သူ မုန်းသူ နေရာ ပိုင်ဆိုင်ရာ စွဲမိစွဲရာကို စွဲမိကြရင်း မကျွတ်မလွတ် အပါယ်လေးဘုံဘဝကို ရောက်ရှိကြတယ်လို့ ယူဆကြပါတယ်။

၈၈၈၈ အရေးအခင်းကြီးဟာ မြန်မာ့သမိုင်းမှာအထင်ရှားဆုံးနဲ့အပြင်းထန်ဆုံး အရေးအခင်းဖြစ်ခဲ့သလို ရဟန်းရှင်လူပြည်သူ ကျောင်းသား ကျောင်းသူ များစွာ သွေးမြေကျခဲ့ရတဲ့အရေးအခင်းကြီးပဲ ဖြစ်ပါတယ် ။ ဒီအရေးအခင်းကြီးအတွင်းကျဆုံးခဲ့တဲ့သူတွေဟာ ပြေးရင်းလွှားရင်း အကြောက်တရား အမုန်းတရားတွေနဲ့ စစ်အာဏာရှင်တွေရဲ့လက်ချက်နဲ့သေခဲ့ကြသူများဖြစ်ပါတယ် ။ ဒါကြောင့်ပဲ ဒီအရေးအခင်းကြီးပြီးတဲ့နောက်မှာ အင်ယားကန်ထဲက ညညဆိုပွက်တဲ့ရေပွက်ကြီးတွေ တံတားဖြူနားမှာ ညဘက်ကားတားတဲ့သူတွေ ရန်ကုန် တက္ကသ်ုလ် ကကျောပေါက်ကြီးတွေ အဆောင်တွေထဲက စာသင်သံတွေ တောက်ခေါက်သံတွေ ကြုံးဝါးသံတွေ သစ်ပုတ်ပင်ထက်က ဘယ်သူလာချိတ်မှန်းမသိတဲ့ ကြိုးတန်းလန်းတွေ ဂျက်ဆင်ထိပ်က အဝတ်ဖြူနဲ့မိန်းကလေး (ကိုငှက်ရဲ့ဂျက်ဆင်ထိပ်ကလရိပ်ပြာသီချင်းဟာ ဒီဇာတ်လမ်းကိုအခြေခံတယ်လို့ ရန်ကုန်တက္ကသိုလ်က ပါမောက္ခဟောင်း ကျွန်တော့်ဦးလေးကပြောပြခဲ့ဖူးပါတယ်) စတဲ့ စတဲ့ ဇာတ်လမ်းများစွာဟာ ထူးခြားစွာ ထွက်ပေါ်ခဲ့ကြတာပဲ ဖြစ်ပါတယ် ။ လူပြောများလို့ ကောလဟာလ လို့သာသတင်းလွှင့်ဖြေဖျောက်ခဲ့ပေမယ့် ထိုဇာတ်လမ်းဖြစ်စဥ်များကိုကြုံတွေ့ခဲ့ရတဲ့သူတွေဟာ တစ်ယောက်နှစ်ယောက်မကတာတော့သေချာပါတယ် ။ ထိုစဥ်က ဖြိုခွင်းမှုကိုဦးဆောင်ခဲ့တဲ့ ဥက္ကဋ္ဌကြီးဆို သူကိုယ်တိုင် ညဘက် အသံတွေကြားတာ အိပ်မရတာ လန့်နိူးတာတွေ ဖြစ်လာတာကြောင့် ရန်ကုန်မှာမနေရဲတော့ဘဲ ချက်ချင်း တရုတ်ပြည်မှာ နှစ်ပတ် လျှို့ဝှက်သွားတိမ်းရှောင်ရတယ်လို့ ကောလဟာလများ လဲထွက်ပေါ်လာခဲ့ဖူးပါတယ် ။ ဒါကြောင့်ပဲ နောက်ပိုင်း သစ်ပုတ်ပင်ကိုခြံစည်းရိုးခတ်တာ ရန်ကုန်တက္ကသိုလ် ခြံစည်းရိုးတွေကိုအသစ်ပြန်ပြင်တာ  တံတားဖြူကိုဆေးပြန်သုတ်တာ ဂျက်ဆင်ထိပ်က လက်ဝါးကပ်တိုင်ကို ဆေးအဖြူရောင်ပြန်သုတ်တာ အင်းယားကန်ထဲ ညဘက် အင်းပြား ပစ်ချတာ စတဲ့အစီအရင်တွေ လုပ်ခဲ့ရတယ်လို့ ထိုစဥ်ကသတင်းများထွက်ပေါ်ခဲ့ပါတယ် ။

ယခုတလော လူအများကြားနေရတဲ့ ညဘက် အော်သံဆူသံ တွေဟာ ၈၈ က အဖြစ်အပျက်တွေနဲ့ပတ်သတ်နေတာလား လူအများ စိတ်စွဲတာလား တကယ်လားဆိုတာတော့ ဘယ်သူမှတပ်အပ်မပြောနိုင်ပါဘူး ။ သေချာတာတစ်ခုကတော့ လောကမှာ မကောင်းမှုကိုကျူးလွန်ထားသူဟာ ဘယ်လောက်ပဲ ယတြာချေ အဆောင်တွေလုပ်ထားပါစေ မကောင်းမှုအရိပ်ဟာ ကိုယ့်ဘာသာ အမြဲ ပြန်ခြောက်လှန့်နေမှာသေချာပါတယ် ။ လောကမှာ ပြုသူအသစ် ဖြစ်သူအဟောင်းပါ....

(အထက်ပါအကြောင်းအရာများသည် ၈၈ အရေးအခင်းအတွင်း ရန်ကုန်တက္ကသိုလ်တွင်တာဝန်ထမ်းဆောင်ဖူးခဲ့တဲ့ ဦးလေးဖြစ်သူရဲ့ ပြောကြားချက်များဖြစ်ပါတယ်။ ထိုအကြောင်းအရာများကို ထိုခေတ်ကလူကြီးသူမ တော်တောများများလဲ သိကြပါတယ် ။)

#N

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now