158(ep-4

145 12 0
                                    

ကျွန်တော်နဲ့ မောက်လုံးစုန်းမကြီး (4) ဇာတ်သိမ်း

" မင်းနောက်ကို ငါလိုက်မယ်ကွ " လို့ ပြောပီး ၃ချက် တိတိ ငထက်ကို ယက္ခကြီးကလက်ဝါး ရိုက်သွားပါလေရောဗျာ....

" အေး.. ဟုတ်ပီကွ " ဆိုတဲ့ အသံနဲ့ ဒီဘက်က ပုပ္ပါးမင်းခေါင်ကြီးက စပြောလာရော..

အဲ့ချိန် အဖေလည်း ဘုရားဘက်ကို ဦးတိုက်ရင်း
ယက္ခကြီးက အဖေ့ကိုယ်ထဲက ပြန်ထွက်သွားတာဗျ

အဲ့လိုနဲ့ ပုပ္ပါးမင်းခေါင်ကြီးကဆက်ပြောတာ

" ငါ့သားကြီး.. ရဲ့ ဖခင် ဖြစ်သူနဲ့ ငါ့သားကြီး စကားပြောချင်လား အဘ ကူညီပေးမယ်

ငါ့သားကြီးရဲ့ဖခင်က ဆုံးပီးတည်းက အဲ့အိမ်ရဲ့ အနားမှာပဲ တဝဲလည်လည် ဖြစ်နေတာကွ... သူ ဘယ်မှသွားလို့ မရရှာဘူး.. အဘ ခေါ်ပေးမယ် ဟုတ်ပီလား..." ဆိုပီး

ကျွန်တော့ အမေကို ရှေ့မှာ ထိုင်ခိုင်းပီး ငထက် အဖေရဲ့ ဝိဉာဏ်ကို အမေ့ကိုယ်ထဲကို ဝင်ဖို့ခေါ်တာဗျ...

ပုပ္ပါးမင်းခေါင်ကြီးလည်း လက်အုပ်ချီထားတဲ့ အမေ့လိုက်ကို ကိုင်ပီး တိမ်ကြားမင်းခေါင်ကြီးလိုပဲ.. မျက်စိမှိတ်ရင်း ရေ ရွတ်နေသလို ပြောနေတာ

" ဟေ့ ငါ့သား.. အဘခေါ်နေတာ ကြားလား
မင်းရဲ့ ဘဝကို သူတို့ သိပီးပီကွ.. မင်းရဲ့သားနဲ့ စကားပြောမယ်ဆိုလာခဲ့.. လာ.... အောင်မင်းခေါင်ကြီးခေါ်နေတာကွ
လာ.. ငါ့သားကြီး အဘဆီ ခဏလာ.. " ဆိုတဲ့ အသံနဲ့ အတူ.. အမေ့ဆီက ဘာမှ တုန့်ပြန်လာတာ မတွေ့ရဖူးဗျ..

(ကျွန်တော်လည်း ဘေးကနေကြည့်နေတော့ အတိုင်းသားမြင်နေရတာကိုး )

အဲ့လိုပြောပီးတာနဲ့ ..

" အေးအေး .. ဟုတ်ပီကွာ.. မင်းကို သူတို့လက်ထဲက လွတ်အောင် အဘ အရင် ကူညီပေးမယ် " ဆိုပီး ပုပ္ပါးမင်းခေါင်ကြီးက မျက်စိမှိတ်ထားရင်း တယောက်တည်းပြောနေတာဗျ..

အဲ့ဒါနဲ့ ပုပ္ပါးမင်းခေါင်ကြီးကအမေ့လက်ကို လွတ်ပေးလိုက်ရင်း ငထက်ကို ဆက်ပြောတာ

" ငါ့သားရဲ့ ဖခင်ကို.. သူတို့ ချုပ်ထားကြတယ်ကွ
အခု ငါ့သားကြီးဖခင်ရဲ့ ဝိဉာဏ်က အဲ့ဒီ့အိမ်နားပဲ တစ်ဝဲလည်လည်ရှိနေတာ အဘ ခေါ်နေတာတောင် သူ့မှာ လာလို့ မရဘူး... ယက္ခကြီးတွေ လိုက်ရှင်းကြလိမ့်မယ်.. ဟုတ်ပီလား.." ဆိုပီး ငထက်ကို ကြည့်ပီး ပြောတာဗျ..

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now