43

261 18 0
                                    

##

ကျွန်တော် က ဒီဂရု ရဲ့ ပရိသတ်ထဲက တယောက်ပါ
သူများအတွေ့အကြုံတွေ ဖတ်ရင်း ကိုယ်တွေ့ကြုံခဲ့ရတာလေးတချို့လည်း။ မျှဝေပေးချင်ပါတယ်

အရင်ဆုံးကိုယ့်ကိုယ် ကိုအနည်းငယ်မိတ်ဆက်ပေးရမယ်ဆိုရင် ကျွန်တော် က မမြင်အပ်တာတွေမြင်နေရတဲ့ သူတယောက်ပါ

တွေ့ခဲ့တာတွေပြောရမယ်ဆို စာအုပ်တအုပ်တောင်ထုတ်လို့ရလောက်ပြီ ဒီနေ့မျှဝေပေးချင်တာကမျက်စိရှေ့မှာတင် လူစားလဲခံလိုက်ရတဲ့အကြောင်းအရင်းပါပဲ

ကျွန်တော်တို့ရပ်ကွက်လေးအကြောင်းပြောရမယ်ဆိုရန်ကုန်မြို့လည်ခေါင်မှာပဲနောက်ပြီး ကျွန်တော်တို့ရပ်ကွက်မှာက ရာဇဝင်တွေများတယ် အာ့ထဲက တချို့က ကျွန်တော့်တို့ရပ်ကွက်က အခါကြီး
ရပ်ကြီးတိုင်ူ ခေါစာပစ်ရတယ်
နောက်ပြီး လူစားလဲမယ်ဆို ရပ်ကွက်ကနီးစပ်ရာဘုန်းကြီးကျောင်းကျောင်းထိုင်ကိုအိမ်မက်ပေ
းတယ်

ကြုံခဲ့တာကတော့ ၁၀တန်း ပြီးလောက်နေမယ် ၁၀တန်းပြီး
တဲ့ကျောင်းသားတွေဆိုတော့သိတဲ့တိုင်း လျှောက်လေ ပြီးညဆိုမိုးချုပ်မှအိမ်ပြန်တဲ့
ရက်တွေအများကြီးပေါ့ အာ့လိုနဲ့တနေ့ ကျွန်တော် တယောက်ထဲ ည၁၂ကျော် ၁ချက် အိမ်ပြန်လာတာ တရပ်ကွက်လုံးလည်း တိတ်ဆိတ်နေပြီ လ ကလည်းသာလိုက်တာမှ ဘာမီးမှကိုမလိုအောင်ပါပဲ

အာ့တာနဲ့ပြန်လာရင်း သရဲအရမ်းခြောက်ပါတယ် ဆိုတဲ့ ဘုန်းကြီးကျောင်းရှေ့ကနေဖြတ်ပြန်လာတာ လူကြီးတွေပြောတာတော့ကြားဖူးပေမယ့် မကြောက်တတ်တာရော ပြန်နေကျလမ်းဖြစ်တာရယ် ကိုယ့်ဘာသာ လေလေးတဖြူးဖြူးအေးဆေး စက်ဘီး လေးနင်းလာတာပေါ့  အာ့တာနဲ့နင်းလာပြီးမကြာဘူး ဘုန်းကြီးကျောင်းရှေ့မရောက်ခင် မလှမ်းမကမ်းမှာ စက်ဘီးက ချိန်းကျပါလေရော

အာ့တာနဲ့ ကိုယ် က စက်ဘီးကိုဒေါက်ထောက်ပြီး ချိန်ပြန်တင်နေတုန်း ဘေးက နေ ရပ်ကွက်ထဲက အသိဥိးလေးကြီးပါပဲ ဘေးက နေ ဖြတ်နင်းသွားရင်း ကိုယ့်ကိုလည်းမြင်ရော ‘ကောင်လေးဘာလုပ်နေတာတုန်းညကြီးမင်းကြီး “ တဲ့

ကျွန်တော်ကလည်း ပုံမှန်တိုင်းပဲ “ဖြစ်နေကျပါပဲ ဦးရာ ချိန်းကျသွားလို့တင် နေတာ လို့ပေါ့ပေါ့ပါးပါးပဲပြန်ဖြေလိုက်တယ်

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now