64

248 15 0
                                    

ကျမဖေဖေ နှလုံးရောဂါဖြစ်လို့ ရန်ကုန်ဆေးရုံကြီးနှလုံးဆောင်မှာ တင်ထားရတဲ့အချိန်ပေါ့… ကျမနဲ့ ကျမအစ်မ တစ်လှည့်စီစောင့်ခဲ့ရတယ်…  နှလုံး ဆောင်ရဲ့ ICU ခန်းမှာ ၂ ရက်ထားပြီး ဘေးခန်း hall ကိုပြောင်းခဲ့ရတယ်…. ဖေဖေ တက်ပြီး ၁ ပတ်ကျော်ထဲက ညဆို လူနာစောင့် ကျမ  အိပ်နေတုန်း  လက်အေးအေး ကြီးနဲ့ လာဖက်ဖက်တာခံခဲ့ရတယ်… အဲ့ လို အဖက်ခံခဲ့ရချိန် ဖေဖေလဲ မျက်လုံးပြူးပြီး ကုတင်ပေါ်ကနေကျမကိုကြည့်ကြည့်နေခဲ့တယ်…. ကျမလဲ မေတ္ထာသုတ်ပဲရွတ်ပြီး ဖေဖေကိုစည်းချပေးပြီး အိပ်လို့မပျော်တော့ဘူး… နောက်နေ့မနက် ခြေရင်းကုတင်ကို အလှု လုပ်နေရင်းသတိလစ်သွားလို့ဆိုပြီး မိန်းမတစ်ယောက်ရောက်လာခဲ့တယ်…. ညနေလဲရောက်ရော အဲ့မိန်းမကြီးထအော်ရော… ငါမသွားဘူး… နော်… ငါမလိုက်ဘူး.. ငါအိမ်ပြန်မှာဆိုပြီး အော်နေတော့တာ….သူ့အိမ်ကသူတွေ လဲမနိုင်တော့ဘူး ဆေးသွင်းထားတဲ့ပိုက်တွေရော အကုန်ဆွဲဖြုတ်ပစ်တာ သွေးတွေ ရွဲနေရော…ကုန်းကုန်းထတာ…. တစ်အောင့်လောက်နေရော… သူလဲ အသက်ထွက် ရော…. သူဆံုးပြီး မှ ဖေဖေက ပြောရော… အဲ့မိန်းမကြီးကိုတဲ့ လူတွေ ၅ ယောက်က လာခေါ်သွားတာတဲ့ ဘယ်ခေါ်သွားတာလဲတဲ့လေ… ကျမလဲ .. ဖေဖေ့ကိို သေသွားတာမပြောချင်လို့ နေကောင်းလို့ဆေးရုံဆင်းသွားပြီလို့ပြောလိုက်ရရော… ဖေဖေ က ပြောပြန်ရော… သူ့ကိုလဲ တဲ့ လာခေါ်ကြတယ်တဲ့… ဒီမှာမနေနဲ့တဲ့.. ဖေဖေက ပြောလိုက်တယ်တဲ့ ကျနော့်ငမီးတွေရှိတယ် မလိုက်ဘူးဆိုပြီး ငြင်းလွတ်တာတဲ့…. ကျမတို့လဲအတတ်နိုင်ဆံုး ဖေဖေကိုကာကွယ်ခဲ့ပါတယ်… ဒါပေမယ့်လဲ ၂ ပတ်အကြာမှာ ဖေဖေ လဲ  ဆုံးသွားခဲ့တယ်… ဖေဖေ ကုတင်ဘေးက လူကြီးပြောတာက ဖေဖေ ကသူ့ကို သွားတော့မယ်နော် နှုတ်ဆက်တယ်တဲ့… ပြောသွားတယ်တဲ့… ခင်ဗျားလည်းနောက်နေ့ဆေးရုံကဆင်းတော့ ဒီမှာမနေနဲ့တော့တဲ့… ခဏခဏ လာခေါ်ခံနေရမယ်တဲ့.. ကျနော်လည်း သူတို့မရောက်ခင်သွားပြီ ဗျာ .. လို့ပြောသွားတာတယ်တဲ့…. သူတို့လဲ ဖေဖေ ဆုံးပြီးနောက်နေ့ပဲ ဆေးရုံကနေ အိမ်ပြန်ခေါ်သွားတော့တာပဲ…..
#crd

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now