40

264 15 0
                                    

တစ်ခုမေးချင်လို့ပါ ဒီနေ့ ဂျပန်လမ်းက ရေကူးကန်မှာဖြစ်သွားတာပါအမနဲ့ယောင်းမလေးက ပူလို့ရေသွားကူးတာပါ ခါတိုင်းလူသိပ်မများပေမယ့် ဒီနေ့sundayမို့လားမသိလူအရမ်းများပါတယ် လူမျိုးခြားတွေလဲအများကြီးပဲ အမတို့ကူးနေရင်း ရေကန်ဘောင်နားလေးမှာ အမနဲ့ယောင်းမကစကားပြောနေတာပါ အဲ့လူမျိုးခြားကောင်လေးက အမကိုပြုံးပြုံးလေးနဲ့ ပြုံးပြတော့ အမတို့လဲ ဒီတိုင်းပဲပြန်ပြုံးပြမိပါတယ် ခဏနေလောက်ကျ အဲ့ကောင်လေးလက်က အမပေါင်ကို ရေအောက်ကနေလာကိုင်တာပါ အမထင်တာ သူ့ကိုပြုံးပြမိလို့ လက်သရမ်းပြီးလာကိုင်တယ်ပဲထင်မိတာပါ အမကချက်ချင်းပဲ လူတော့မတွေ့ဘူးလက်ပဲတွေ့လိုက်တော့ ယောင်းမကိုပြောပြီး ဟက်ငါ့ပေါင်ကိုလာကိုင်တယ်ဘယ်သူလဲမသိဘူးလို့ပြောလိုက်တာ သူကလဲရေထဲကြည့်ပါတယ် အမလဲထပ်ကြည့်ပေမယ့်ရေကနက်တာရယ်စိမ်းတာရယ်(ရေက၂မီတာနက်ပါတယ်အဲ့ဘက်ထောင့်စွန်းက) ညနေ၆နာရီဝန်းကျင်ဖြစ်တာရယ်ကြောင့်ဘာမထပ်​မတွေ့တော့ပါဘူး အဲ့ကောင်လေးထိတာလို့ပဲစိတ်ကထင်မိပါတယ် အမရောယောင်းမရောစိတ်ကမသန့်တော့တာနဲ့ ကန်ဘောင်ပေါ်ပဲတက်ပြီးစကားဆက်ပြောနေတာပါ အဲ့အချိန်အထိအမထင်တာ အဲ့ကောင်လေးနှာဘူးထပြီးပေါင်လာကိုင်တယ်ပဲထင်နေမိတာပါ ခဏနေကျနောက်လှည့်ကြည့်တော့ဟိုဘက်ဘောင်ကနေကောင်လေးတစ်ယောက်တက်သွားတာလားရပ်နေတာလားမသိဘူး အမထင်လိုက်တာအဲ့ကောင်လေးတက်သွားတယ်ပဲထင်လိုက်တာပါ သူ့တို့အုပ်စုကလူမျိုးခြားဆိုတော့ရုပ်တွေကဆင်တူဖြစ်နေတာပါ အမလည်း စိတ်ထဲကိုမရှိတော့ပဲရေကလဲပူတော့ရေထဲမဆင်းတော့ပဲစကားပဲထိုင်ပြောနေကြတာ ခဏလောက်ကြာတော့ အမစိတ်ထင် မိနစ်၂၀လောက်တော့ကြာမယ် ကောင်လေးတစ်ယောက်ကိုရေနစ်လို့ဆယ်ပြီး ရေထဲကဆယ်ပြီး ရင်ဘတ်တွေဖိနေကြတာ ဟိုဘက်ကန်ဘောင်ဘက်မှာ လူကြီးတွေ၂ယောက်၃ယောက်ကကယ်နေတာ အမလှမ်းကြည့်တော့မှအမတို့ကိုပြုံးပြနေတဲ့ကောင်လေးဖြစ်နေတာ အမအဲ့အချိန်လုံးဝငါတော့မှားပြီဆိုပြီခေါင်းတစ်ခုလုံးကြီးထွက်သွားတာ အဲ့ခါကျမှအမလဲသတိရလိုက်တာအမကိုသူနှစ်တဲ့အချိန်ပေါင်လှမ်းဆွဲသွားတာဖြစ်မယ်ထင်တယ်လို့ အမလဲအရမ်းလှန့်ပြီးသူတို့နားပြေးပြီး အသက်ရှုသေးလားမေး ချက်ခြင်းembulanceမခေါ်ကြဘူးလားမေးပြီး မခေါ်ရသေးဘူးတဲ့သူနဲ့ပါလာတဲ့သူငယ်ချင်းတွေကလည်းထူပူပြီးကယ်နေတာကိုလက်ပိုက်ကြည့်နေကြတော့ အမပဲချက်ချင်း လူမှုကူညီရေးကိုလိုင်းပေါ်ကရှာပြီးဖုန်းဆက်ပြီး​ရေနှစ်သူကိုဘယ်လိုထားရမလဲကယ်ရမလဲဖုန်းထဲကလှမ်းပြောပြီးသူတို့ကိုလည်းလာခိုင်း သူတို့ကဒညင်းကုန်းကဆိုတော့ ၁၀မိနစ်လောက်ကြာမယ်တဲ့ အဲ့အချိန်ကောင်လေးကိုပြန်ကြည့်တော့ ခြေလက်တွေလဲဖြူစွတ်နေပြီ အချိန်ကြည့်တော့ညနေ ၆နာရီ၅၀လောက်တော့ရှိပြီ အမအံသြတာအဲ့ကဝန်ထမ်းတွေကထိထိရောက်ရောက်မလုပ်ပေးတာပဲ တစ်ယောက်လားပဲပြေးလာကြည့်ပေးတယ် လူနာတင်ကားတောင်မခေါ်ပေးကြဘူး နီးစပ်ရာဆေးရုံတင်ပြေးကြဖို့လဲမပြောကြဘူးကွယ် အမကအဲ့အချိန်လက်ရောခြေရောတုန်နေပြီ ယောင်းမရှိနေတော့စိတ်ကိုတင်းပြီး အထဲဝင်အဝတ်အစားသွားလဲပြီးပြန်ထွက်လာတော့ embulanceကလာခေါ်သွားပြီ အမလဲတအောင့်နေကျ အဲ့လူမူကူရေးအသင်းကိုဖုန်းပြန်ခေါ်ပြီး ကောင်လေးအခြေအနေလှမ်းမေးတော့အသက်မမှီဘူးတဲ့ ရေကူးကန်မှာကတည်းကဆုံးသွားတာတဲ့ ပြသနာကအခုမှစမှာပါ အမလေ တကယ်ပါ ဘုရားဆူး သူရေနှစ်နေမှန်းမသိခဲ့လို့ပါ အမချက်ချင်းသိရင်သူအသက်ရှင်ဦးမှာလို့ အမကိုယ့်ကိုယ့်ကိုအပြစ်မတင်မိအောင်စိတ်တင်းထားပေမယ့် ဘယ်လိုမှနေလို့မရလို့ပါ ညပိုင်းလောက်ကလည်းသူငယ်ချင်းတွေကိုပြောပြတာသူတို့ကစိတ်ထဲမထားဖို့ပြောပေမယ့်အရမ်းစိတ်ထဲစွဲနေလို့ပါ လွန်ခဲ့တဲ့၂နှစ်ကလည်းအမမောင်လေးက ဘန်ကောက်မှာ ဆူဆိုက်ပြီးဆုံးထားတာပါ အဲ့ကတည်းကလည်းအမရန်ကုန်ပြန်လာတာမောင်လေးကိုမခေါ်ပဲထိုင်းမှာထားခဲ့မိလို့သူဖြစ်ရတယ်လို့အပြစ်တင်စိတ်ကြီးနဲ့အသက်ရှင်နေရတဲ့သူမို့ အခုအဖြစ်ကလည်းအမကိုတအားခြောက်လန့်နေလို့ပါ ပြီးတော့အဲ့လိုဆုံးသွားတဲ့သူတွေက နောက်ဆုံးထိမိတဲ့သူကိုစိတ်စွဲပီးလိုက်လာတတ်တယ်ကြားဖူးလို့ ခုထိလဲမအိပ်ရဲဘူးဖြစ်နေတယ် အဲ့ကောင်လေးရေကန်ဘောင်နားလေးကပ်ပြီးအမတို့ကိုနောက်ဆုံးပြုံးပြနေတဲ့ပုံကိုခုထိမျက်စိထဲမထွက်ဘူးတချိန်လုံးမြင်ယောင်နေတာ ကိုယ်ကခရစ်ယာန်ဆိုတော့ဒီတိုင်းယေရှုကိုခေါ်ပြီးဆုတောင်းနေပေမယ့် တစ်ခုခုဖြစ်လာခဲ့ရင်ဘယ်လိုလုပ်ရမလဲ??? အရမ်းကြောက်နေလို့ပါ ပြီးတော့ အမနဲ့ယောင်းမနဲ့သူနှစ်တယ်လို့ထင်တဲ့အချိန်ကပြောနေကြတဲ့အကြောင်းအရာကလေ အမ၂နှစ်လုံးမြိုသိပ်ထားတဲ့ အမအရမ်းစိတ်ကျပြီးအရင်လကသတ်သေဖို့ကြိုးစားမိတယ်ဆိုတဲ့အကြောင်းယောင်းမကလည်းသူလဲဒီလပိုင်းတုန်းကသတ်သေဖို့ကြိုးစားမိကြောင်းရင်ဖွင့်နေကြတာပါ အဲ့တာကြောင့်များလား?? လားပေါင်းများစွာနဲ့အမအရမ်းကြောက်နေလို့ပါ အမစိတ်ဆရာဝန်နဲ့ပြသင့်ပြီလား? ကြာရင်ပိုဆ်ိုးသွားနိုင်မလား? anonymous နဲ့တင်တာက ယောကျာ်းမသိအောင် ရေကူးကန်သွားရင်းဖြစ်တာဆိုတော့သူတွေ့ရင်စိတ်ပူမှာစိုးလို့ပါ သူ့ကိုလဲမပြောပြရဲဘူးဆဲမှာ
#crd

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now