137(၁၀၈ep-2

219 10 0
                                    

#အချစ်ဦး + သရဲ 😁 #2

Group member အနေနဲ့တင်တာက အစ်မက အဲတည်းကခုထိ ဆရာလေးဝတ်ပြီး acc ထဲ ရှိနေတာမို့ပါရှင့်။
တင်မယ်လို့လည်း ခွင့်တောင်းထားပါတယ်။

အဲလိုနဲ့လေ သူတို့တို့ချိန်းရင် အစ်မ ဝင်ဝင်သွားနေကြ ဘုရားပြိုပျက်နှစ်ဆူကြားထဲဝင်သွားတာပဲ  ။
ညနေစောင်းဆိုပေမယ့် အလင်းရောင်က ကောင်းကောင်းရနေသေးတာကိုး။ ဘာမှမတွေးမိတာမို့ ကြောက်လည်းမကြောက်တတ်ခဲ့ဘူး။

လေချွန်ရင်း မဂူး ကောင်လေးရေလို့ အော်သေးတာပါးစပ်က။

ဆွဲသီးလေးကို ရှေ့ကမူပေါ်ချရင်း လေထပ်ချွန်ပြီးအော်ခေါ်တာ ပျောက်မှာကြောက်တယ်လေနော့ ။
ပြီး မလာတော့ မျက်မှောင်ကျုံ့စိတ်ကတိုလာပြီလေ ပွစိပွစိရွတ်တာပေါ့ အဲအချိန် တောက်ခေါက်တဲ့အသံက အကျယ်ကြီးမှ အကျယ်ကြီးထွက်လာပြီး ( အမလေးကြက်သီးတောင်ပြန်ထတယ် 😣 ) နောက်ကနေ အားနဲ့ဆောင့်တွန်းခံရတာခံရရော အားရပါးရကို မှောက်ကျတာ ( မျက်ခုံးကွဲတာ ခုထိအမာရွတ်ရှိပါသေးတယ်)။

ဟ ဘာတုန်းဟ ဆိုပြီး ပြူးကလယ်ပြူးကလယ်နဲ့ကြည့်တုန်း ပန်းနံ့ နှင်းဆီနံ့ ရတာ အရမ်းကို ..
နီးနီးကပ်ကပ်ရလာတာ...

ပြီး မြေကမူတွေဖွာခနဲစင်ထွက်လာတာ..ဘေးမှာဘယ်သူမှမရှိပါပဲ ရန်ဖြစ်သလို မြောစာခဲတွေလွင့်ထွက် အွပ် အက်သံတွေထွက်လာရော။ အမလေး အဲခါမှ ဘာတွေတုန်းဟ ဆိုပြီး ထပြေး.... ပြေးရင်း ဆွဲသီးသတိရလို့ပြန်လှည့်ယူရသေးတာ။ အဖြစ်က 😁
ဆွဲသီးက ခုနကထားတဲ့နေရာမှာမရှိတော့ ကုန်းကန်းပြီးရှာရသေးတယ် မျက်မှန်ကလည်း မှောက်ကျတဲ့အချိန် ဘယ်နားလွင့်မှန်းမသိ။အဲအချိန်ထိ အသံတွေက မငြိမ်သေး။ခဏမှ ထားတဲ့နေရာနဲ့တော်တော်ဝေးဝေးမှာ ကျနေတဲ့ဆွဲသီးကို ကောက်ပြီး ပြေးပြန်တာ တချိုးထဲ ပဲ😵။

အဲည အစ်မအိမ် မသွားတော့ပဲ အိမ်တခါထဲပြန်ပြေး အိမ်ရောက်တာနဲ့ ဘုရားသောက်တော်ရေတွေစွန့်သောက်တော့တာ။
ပြီးစိတ်ငြိမ်မှ အစ်မကို ph ဆက်တော့ မပြောရပဲ အစ်မအော်ဟစ်သောင်းကျန်းနေသံတွေပဲ ကြားရပြီး အကိုကြီးနဲ့ phပြောဖြစ်တယ်။
သူက ကိုယ့်ကို ငဲလို့ခေါ်တာမို့ ကိုကြီး ငဲ သရဲခြောက်ခံရတာလားမသိဘူးဆိုပြီး အမဆွဲသီးပေးခိုင်းတာကို ချန်ပြီး ပြောပြဖြစ်တယ်။
ခဏနေတော့  အကိုကြီးရောက်လာပြီး အဆင်ပြေလား နောက်ဆို လူပြတ်တဲ့နေရာတွေမသွားနဲ့ စိတ်ကခြောက်ခြားတာပါ လေတွေတိုက်လို့မြေမှုန့်လွင့်တာနေမှာ ဆိုပြီး ပြောရင်း ဆေးခန်းပို့  ညဈေးတန်းမုန့်လိုက်ကျွေးပြီးပြန်ပို့ပေးရော
လာဂရုစိုက်တာပေါ့နော်😁 ။

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now