26

334 25 0
                                    

ဒီဂရုထဲကမန်ဘာတယောက်တင်ထားတဲ့ဟာပါ တင်ထားတာတော့ကြာပါပြီ ညကတခြားမန်ဘာတယောက်ကပြန်ဖတ်ချင်တယ်ဆိုပြီးမေးထားလို့ ကိုယ်saveထားတာလေးသူ့မန့်မှာသွားပြတာ စာလုံးရေများလို့မန့်မရဘူးဖြစ်နေတယ် အဲ့လင့်လဲဒီဂရုထဲမှာပြန်ရှာဖို့မလွယ်လို့ခုလိုပို့စ်တင်ပြီးပြတာပါ

Crd to original post owner from this group  (နာမည်မမှတ်မိတော့လို့ပါ)

ကျမက ဒီ Group ထဲရောက်တာတော့အတော်ကြာပါပြီ.. Silent Reader အနေနဲ့ပဲရှိနေနိုင်ခဲ့တာ။ ခုတော့ Stay Home ကာလမို့ ကြုံခဲ့ရသမျှရေးပါ့မယ်။ စာရေးလေ့မရှိတာမို့ သည်းခံဖတ်ပေးပါနော်။

Sep-2013 ခုနှစ် ၊

ကျမ အလုပ်ကနယ်ကရုံးခွဲကို သုံးလတကြိမ်သွားပြီးသုံးပတ်လောက်အလုပ်လုပ်ပေးရတယ်။ ဆိုတော့ ကျမသုံးလတခါ နယ်ကိုသွားရတယ်ပေါ့....

ပထမဆုံးနယ်ဆင်းရတာအပြင်တယောက်ထဲဆိုတော့ အထုတ်အပိုးအပြည့်စုံနဲ့ပေါ့..နယ်မှာကျမနေဖို့အိမ်လေးတလုံးစီစဉ်ပေးထားတယ်... အဲ့အိမ်မှာအတူနေပေးဖို့ နယ်ရုံးခွဲက Account ဌာနကမိန်းခလေးတယောက်လဲထားပေးထားတော့အဆင်ပြေသလောက်တော့ရှိတယ်။ ကျမနေရမဲ့အိမ်ကိုရောက်တဲ့အချိန်က ညနေလေးနာရီခွဲနေပြီ... အတူနေမဲ့ကလေးမလေးက ကားဂိတ်လာကြိုပေးတော့သူ့ဆိုင်ကယ်လေးနဲ့ပဲလိုက်လာခဲ့တာ..တလမ်းလူံးသတိထားမိတာက ကျမနေရမဲ့အိမ်က လူနည်းတဲ့နေရာ...လူပြတ်တယ်ပြောရမှာပေါ့ လမ်းမကြီးကနေမှလမ်းချိုးပြောင်းများစွာ... အိမ်နားရောက်ခါနီးလေ လမ်းဘေးနှစ်ဖက် မြက်ခင်းတွေပဲမြင်ရတော့တယ်။ ခြံဝရောက်တာနဲ့ ဆိုင်ကယ်ပေါ်ကဆင်းပြီး ခြံထဲလှမ်းအဝင်မှာ မြွေတကောင်အိမ်အောက်ဖက်ကနေ ကျမဆီတည့်တည့်ပြေးထွက်လာတာ...လန့်ဖျတ်ပြီးအထူတ်တွေပစ်ချအော်ဟစ်မိတာပေါ့....မြွေကပြေးလာတာသာမြင်လိုက်ရပြီးအနားရောက်မလာတော့ ကိုယ့်ဟာကိုယ်တောင်ယောင်နနဖြစ်သွားရတယ်။စိတ်ထဲထင့်သွားတာတော့အမှန်ပဲ။အိမ်က ပျဉ်ထောင်အိမ် နှစ်ထပ်... အိမ်သာရေချိုးခန်းကအိမ်အနောက်ဖက်အဆင်းလေးမှာ လုံခြုံအောင်တော့လုပ်ပေးထားသားပေါ့တွေးမိတယ်။  ရောက်တာနဲ့ရေချိုး ကလေးမလေးပြင်ပေးထားတဲ့ထမင်းစားပြီးသူနဲ့စကားခနပြောဖြစ်တယ် သူကလည်းသုံးရက်လောက်ပဲရှိသေးတယ်ဒီအိမ်ကိုလာစောင့်နေတာ ကျမလာမှာကြောင့်...မနက်ဆိုသူ့ဆိုင်ကယ်လေးန်ဲရုံးသွားတယ် ညနေပြန်လာတယ် ချက်ပြုတ်စားသောက်ပြီးနေတယ် သူနဲ့ကျမက ဘာသာမတူကြဘူး...သူကဗုဒ္ဓဘာသာ..ကျမကဘာသာခြား.... တယောက်ကိုတယောက်မိတ်ဆက်ကြပြီး...သူကမေးတယ် အမကြောက်တတ်လားတဲ့..ဘာကိုလဲဆိုတော့ သရဲဘာညာပေါ့တဲ့.....မကြောက်တတ်ပါဘူးပေါ့ လူတွေပဲကြောက်တာ...ငါတို့ကမိန်းခလေးနှစ်ယောက်ထဲနေရတာဆိုတော့ သတိတော့ထားရမယ် ညရေးညတာဆိုနှိုးပါ...တခုခုဆိုလဲအသိပေးဖို့ပြောထားပြီး. ကျမလဲခရီးပန်းနေတော့ကိုးနာရီလောက်ဆိုအိပ်ယာဝင်ကြတယ် ....အပေါ်ထပ်မှာကုတင်တလုံးရှိတယ်...ဘုရားစင်လဲရှိတယ် ကျမတို့နှစ်ယောက်အပေါ်ထပ်မှာပဲအိပ်ကြတယ်...အခန်းတော့မရှိဖူး...ဘုရားစင်နဲ့ ကုတင်ကြား ကန့်လန်ကာတခုဆွဲပြီးအိပ်ခန်းပုံစံလုပ်အိပ်ကြတယ်....သူက ကုတင်ပေါ်အတူမအိပ်ပါဘူးအမပဲအိပ်တဲ့ ကုတင်ကနှစ်ယောက်အိပ်ရှေးဟောင်းကျွန်းကုတင်ကြီးပါ...သူအောက်မှာပဲအိပ်မယ်ဆိုပြီးဆင်းအိပ်တယ်။  ကျမအိပ်ပျော်သွားပြီးပြန်နိုးလာတော့ ခွေးကတအားအူနေတာကိုကြားတယ် ခြံရှေ့မြက်ခင်းဘက်ကနေဆွဲဆွဲငင်ငင်အူနေတာ...သိပ်မကြာလိုက်ဘူး....ခေါင်မိုးပေါ်ကနေ ကုတ်ခြစ်သံကြားရပြန်ရော။...ကြောင်များလား ဌက်တွေဘာတွေလာဆိုပြီး ကျမဖြေတွေးနေသေးတာ။...ခွေးအူသံကလည်းပိုပိုနီးလာ...ခေါင်မိုးပေါ်ကကုတ်သံကလည်းဆက်တိုက်ဖြစ်နေတော့.... ကျမကူတင်ပေါ်ကဆင်းပြီးဟိုကလေးမကိုနှိုးမယ်ပေါ့ဆို အထ.... ကုတင်အောက်မှာ ကုတ်ပြီးတဆတ်ဆတ်တုန်နေတဲ့သူ့ကိုတွေ့ပါရော....လန့်လဲလန့် စိတ်လဲပူသွားပြီးဘာဖြစ်တာလဲဆိုတော့ မေးမရဘူး.ခြံအပြင်ကိုလက်ညိူးထိုးပြီး တုန်ရီငိုယိုနေတော့တာ အသံလဲမထွက်ဘူး..တအိမ်လူံးမီးတွေလိုက်ဖွင့်ပြီးသူ့ကိုရေတိုက် ယပ်ခတ်ပေါ့ တကိုယ်လူံးလဲချွေးတွေရွဲနေတာ...အဝတ်လဲခိုင်းပြီးစိတ်အေးအောင်လုပ်ပြီးမေးလဲ မရ....ဘာသံမှကိုမထွက်တာ တအိအိနဲ့ပဲငိူနေတာ။ကျမလက်ကိုတော့မလွတ်ဘူးအတင်းဆွဲထိုင်ခိုင်းထားတာသူ့ဘေးမှာ။ နာရီကြည့်တော့ သုံးနာရီကျော်...ခွေးကလဲအူနေတုန်းပဲ...ကျမခြံရှေ့ထွက်ကြည့်မယ်ဆိုလဲသူကမရ အတင်းတွေဆွဲထိုင်ခိုင်းနေတော့တာ။...ခေါင်းမိုးကကုတ်သံတော့မကြားရတော့ဘူး ခွေးတော့အူနေတုန်း။...အဲ့လိုနဲ့ ကျမသူ့ဘေးထိုင်ပြီးကိုယ့်ဘာသာအရ ဘုရားစာရွတ် သူ့လဲရေတိုက်ပြီးပြန်အိပ်ခိုင်းရတယ်။နာရီဝက်လောက်ကြာတော့ဟောက်သံထွက်လာတယ် သူ့ကြည့်ရတာမောပြီးအိပ်ပျော်သွားပုံပဲ..ကျမတော့မိုးလင်းတဲ့အထိအိပ်မရတော့ဘူး...လေးခွဲလောက်မှာဘုရားရှိခိုးပြီးထမင်းချိုင့်အတွက်ပြင်ဆင်ချက်ပြုတ်ပြီး 7:30 လောက်မှကျမတို့ရုံးသွားကြတယ်။ သူ့ကတော့ဘာမှကိုမေးမရ...မေးလဲမဖြေဘူး။ အဲ့တော့ကိုယ်လဲသူဖြေဖို့အဆင်မပြေတာနေမှာပါဆိုပြီးပဲနေလိုက်တော့တယ်။

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now