7

517 37 0
                                    

ကျမမှာ အမွှာ ညီမလေးရှိ (ခဲ့ဖူး) ပါတယ် Identical twins ပါ၊
ကျမတို့ အသက် ၆ နှစ်အရွယ်မှာ ကျမတို့မိသားစုစီးလာတဲ့ မြင်းလှည်းကို ကုန်ကားဝင်တိုက်လို့ ညီအမ နှစ်ယောက်လုံးရော အဖွားရော အမေရော ဒဏ်ရာအပြင်းအထန်ရပီး ဆေးရုံတက်ခဲ့ကြရပါတယ်၊ ကျမရယ် အဖွားရယ် အမေရယ်က ကံကောင်းထောက်မစွာ အသက်ရှင်ခဲ့ကြပေမယ့်၊ ညီမလေးကတော့ ကွယ်လွန်ခဲ့ရှာပါတယ်၊
ညီမလေးကို အဖေတို့အမေတို့က ဓလေ့ထုံးစံအတိုင်း ကောင်းမွန်စွာ သဂြိုလ်ပေးခဲ့ပြီး ယခုအချိန်ထိ နှစ်စဥ်ဒါနပြု အမျှအတန်းဝေမြဲဖြစ်ပါတယ်၊
ပြသနာက ညီမလေး ဆုံးသွားပြီဆိုတာကို သိပေမယ့် ဆေးရုံမှာ သတိပြန်လည်လာတဲ့အချိန်ကထဲက ညီမလေးကို ကျမ အမြဲမြင်နေရတာပါပဲ၊
ကျမက ခြေကျိုး နံရိုးကျိုးခဲ့တာမို့ ညီမလေးရဲ့ ဇာပနကိုသွားခွင့်မရခဲ့ပါဘူး၊ အလှူကိုကျမနဲ့ ဂါဝန်ဆင်တူလေးဝတ်ပြီး သွားခဲ့တဲ့ညီမလေး...မြင်းလှည်းပေါ်မှာ ကျမနဲ့မျက်နှာချင်းဆိုင်မှာ ထိုင်ရင်း ရယ်မောစနောက်နေခဲ့တဲ့ ညီမလေးဟာ မြင်းလှည်းထဲကနေ ကတ္တရာလမ်းမပေါ်ကို ခေါင်းနဲ့ထွက်ကျခဲ့တာမို့ နေရာမှာတင် ပွဲချင်းပြီးကွယ်လွန်ခဲ့ရှာတယ်လို့ လူကြီးတွေပြောလို့ သိခဲ့ရပေမယ့် ကျမဆေးရုံကုတင်ဘေးမှာ ငေးငေးငိုင်ငိုင်ရပ်နေတဲ့ ညီမလေးကို မြင်နေရတဲ့ကျမမှာ ဘယ်လိုမှ နားမလည်နိုင်အောင်ဖြစ်ခဲ့ရပါတယ်...
အဲ့ဒီအချိန်ကစလို့ ညီမလေးဟာ ကျွန်မနဲ့ အမြဲအတူရှိနေခဲ့တာပါပဲ...

ညီမလေးကို မြင်ရကြောင်း၊ ညီမလေး မသေသေးကြောင်း အမေတို့က သူ့ကို ဂရုမစိုက်တော့လို့ အရမ်းဝမ်းနည်းနေပုံရကြောင်း၊ မိဘတွေနဲ့ အဖွားကို ကျမ အခါခါ ပြောပြခဲ့ပေမယ့် အက်စီးဒင့်ကြောင့် ကျမထရော်မာရပြီး ကြောင်သွားပြီလို့ အထင်ခံခဲ့ရပါတယ်...

တဦးထဲကျန်ခဲ့တဲ့ကလေးဆိုပြီး လူကြီးတွေက ကျမကို ဝိုင်းပုံချစ်ကြတာ မျက်နှာ အညိုမခံတာ သည်းသည်းလှုပ်ကြတာတွေကို ခပ်လှမ်းလှမ်းကနေ မျက်ရည်လေးတွေလည်ပြီး ငေးကြည့်နေတတ်တဲ့ ညီမလေးကြောင့် ကျမမှာ အားနာသလို မလုံမလဲဖြစ်သလို အပြစ်မကင်းသလို အမြဲခံစားခဲ့ရပါတယ်...

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now