94

185 13 0
                                    

အခုတလော ဂျမခါနာက အကြောင်းတွေချည်းပဲ
ဖတ်နေရလို့ ကျမ ကြုံခဲ့တာလေး ပြောပြပါရစေ

လွန်ခဲ့တဲ့ ၁၃ နှစ်ကျော်ကပေါ့
သားဦးကိုယ်ဝန်ကို မီးဖွားဖို့ ၂၀၀၈ ခုနှစ် ဩဂုတ်
၁၅ ရက်နေ့မနက်မှာ ဆေးရုံစတက်ခဲ့ပါတယ် ..

ရောက်ရောက်ခြင်း သီးသန့်အခန်း မရဘူး
မွေးလူနာ ၅ ဦးရှိတဲ့ အခန်းကျယ်မှာပဲ ရတော့
နေရာချတယ်ပေါ့ ..

တနေ့လုံးဗိုက်က နာလိုက်မနာလိုက်နဲ့ပဲ ..
ညနေ ၆ နာရီကစ အသားကုန်နာပါလေရော ..

ကိုယ့်ဒုက္ခက ကိုယ်က အခုမှ သားဦး ဖြစ်တဲ့
အပြင် တခြားမွေးလူနာတွေလည်း မရင်းနှီး
မကြုံဖူးခဲ့တော့ ဗိုက်က မနာတတ် ဖြစ်နေ..

ကံက ဆိုးချင်တော့ ဝါတွင်းကာလကြီးမို့
ကျမအမေက သုံးလ တရားစခန်းဝင်နေတယ်
ယောက္ခမ ကလည်းနယ်မှာ ..

ဘေးမှာ အားကိုးစရာဆိုလို့ ယောက်ျားလျာ
ကျမညီမအလတ်မရယ် အခုမှ ဆေးကျောင်း
ပြီးတဲ့ ( ဆမလက်မှတ်တောင်မရသေးတဲ့)
ယောင်းမရယ်ပဲရှိတာ.. သူတို့ကလည်းဘာမှ
မလုပ်တတ်ကြ..

ကျမခင်ပွန်း သတင်းစာဆရာကလည်း
ဖောင်ပိတ်ရက်နဲ့တိုက်နေ တော့ လာလို့မရသေး

မတရားနာလာတဲ့အခါ မွေးခန်းနဲ့နီးတဲ့ ဗိုက်နာခန်း
ထဲ ပြောင်းရတယ် ( ပစ္စည်းတွေမပါ လူသီးသန့်)

ပဌာန်းအဓိဌာန် ဝင်ထားတဲ့ကျမ အဓိဌာန် ပျက်မှာ
စိုးလို့ ဗိုက်နာနေရင်း ပဌာန်းစာအုပ်ကြီး ကိုင်ပြီး
နည်းနည်း သက်သာတာနဲ့ ပဌာန်းရွတ်လိုက် အရမ်း
နာလာရင် ခနနားလိုက် သက်သာရင် ပြန်ရွတ်လိုက်
နဲ့ ပဌာန်းက ရွတ်လို့ပြီးသွားရော .. အဲဒီတော့မှပဲ
ဗိုက်နာတာကို စိတ်လွတ်ကိုယ်လွတ် အားစိုက်နာ
ဖြစ်တော့တယ် ..

ဗိုက်နာခန်းထဲတော့ ဗိုက်တွေက အပြိုင်အဆိုင်
နာနေကြတာပဲ .. အော်ကြ..ညီးကြနဲ့ပေါ့..
စုစုပေါင်း မွေးလူနာ ၁၀ ယောက်လောက်ရှိမယ်
နာလို့အော်ကြ ကလေးထွက်ခါနီးဆို မွေးခန်းထဲ
သွင်းကြ မွေးကြနဲ့ တဖြေးဖြေးနဲ့ မွေးလူနာ
ကမရှိတော့ဘူး ညသန်းခေါင်ကလည်း ကျော်
်သွားပြီ.. ကျမကတော့ နာဆဲပဲ..

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now