157(ep-3

142 10 0
                                    

ကျွန်တော်နဲ့ မောက်လုံးစုန်းမကြီး (3)

ဒီလိုနဲ့ ကျွန်တော်တို့ အုပ်စုလိုက် ကားငှားဖို့ လမ်းမတန်းဘက်ကို အဖေက လွယ်အိတ် တစောင်းလွယ်ပီး ရှေဆုံးက သွားကြတာပေါ့ဗျာ

လမ်းမကြီးဘက်ကို ကျွန်တော်တို့ကားငှားဖို့သွားကြတာ ဘော်ဒါတွေ ရော.. ငထက်တို့ရော... စုစုပေါင်း ၅ယောက်
ငထက်ရဲ့ညီ စတားနဲ့ မစ်ကီဆိုတဲ့ ကောင်လေးကို အိမ်မှာ စောင့်ပီး အခြေအနေကြည့်ဖို့ ငထက်က မှာထားပီးသားဗျ

လမ်းထိပ်ရောက်တော့.. ကံတရားကပဲ တိုက်ဆိုင်တယ်ပြောရမလား .. အဖေ့ရဲ့ သူငယ်ချင်းနဲ့တွေ့ပီး.. သူ့ကားနဲ့ လိုက်ပို့ပေးမယ်ဆိုပီး ပြောကြရော.. ကားကြုံလေးနဲ့
အဘအောင်မင်းခေါင် ဓာတ်နန်းဖွင့်ထားတဲ့ အန်တီကြီး အိမ်ကို ရောက်လာကြတာပေါ့ဗျာ...

ဖြစ်ချင်တော့ . အဲ့အန်တီက ကျွန်တော့သူငယ်ချင်းရဲ့ အမေ.. ကျွန်တော့အမေတို့နဲ့ အရင်တည်းက ရင်းနှီးပီးသားဆိုတော့.. လမ်း မေးစရာမလိုပဲကို ရောက်သွားရောဗျ

ရောက်တာနဲ့ အိမ်ထဲကို ကျွန်တော်ရယ် ငထက်ရယ်.. ရဲကြီးဆိုတဲ့ တစ်ကောင်ရယ် နောက်ဆုံးက လိုက်ဝင်ကြတာ

အိမ်ထဲမှာ ပန်းစေတီ လည်း တည်ထားတာဗျ..

ဘုရားစင်ရှေ့မှာလည်း ပွဲ တွေ အများကြီးပဲ

ဝင်လိုက်တာနဲ့ စိတ်က လုံးဝကို အေးချမ်းသွားသလို အကုန်လုံး ခံစားလိုက်ရတာဗျ..

ကျွန်တော်တို့ စိတ်ထဲမှာလည်း အားကိုးစရာ ရှိသွားတော့
အားတွေလည်း တက်သွားတာပေါ့ဗျာ...

ကျွန်တော်တို့လည်း ဘုရားစင်ရှေ့မှာ ဦးတိုက်ပီး
သိပ်မကြာလိုက်ဘူး.. ယောဂီ အညိုဝတ်နဲ့ အဘဓာတ်နန်းက အန်တီလည်း ရှေ့ကိုရောက်လာရော..

" ကဲ.. ဘာတွေများ ဖြစ်လို့ အသည်းအသန်တွေ ရောက်လာကြတာလဲ" ဆိုပီး အန်တီက အဖေ့ကို ပြုံး ပီး လှမ်းမေးလိုက်တာ...

" ဖြစ်ပုံက တော့ မေးမနေပါနဲ့တော့ဗျာ..
ဟိုကောင့် သူငယ်ချင်း ကိစ္စနဲ့ ရောက်လာတာ
ဘာတွေ မွှေထားလဲ မသိပါဘူးဗျာ.. ခုချိန်ထိ မိဘကို ဒုက္ခပေးတုန်း 🤣 " ဆိုပီး အဖေကလည်း ရယ်ပီး ပြန်ပြောနေတာ.. အဲ့ဒါနဲ့ အန်တီက " ဘယ်လို ဖြစ်တာလဲ အန်တီ့ကို ပြောပြ " ဆိုမှ.

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now