74

210 12 0
                                    

ကျွန်မအသက် ၂၃နှစ်လောက်မှာ မိဘတွေ စီးပွားကျလာပါတယ် ။မိဘတွေစီးပွားမကျခင်မှာ ဝယ်ထားတဲ့ မြေအလွတ်မှာကျွန်မအနေနဲ့ အဆောင်ငှားပြီး စီးပွားရှာဖို့ စီစဉ်ထားတာပေါ့။အဆောင်မဆောက်ခင်ကတည်းက မိဘတွေ လုပ်ငန်းကို တခြားသူကငွေပိုပေးပြီး‌ လေလံ အောင်‌တော့ အဲ့ကတည်းက လုပ်ငန်းခပ်လှုပ်လှုပ်ပေါ့လေ ။ဒီလိုနဲ့ လေလံရှုံးတော့ မိဘတွေမှာ လုပ်ငန်းအရှုံးအတွက် ငွေအကြွေးတင်တာပေါ့လေ ။အဲ့ကတည်းက ဝန်ထုပ်ဝန်ပိုးက မိမိခေါင်းပေါ်ရောက်လာရော ...

အဆောင်ဆောက်နေပေမဲ့ တဖက်မှာ သာကေတဂျပန်ကုမ္ပဏီ တခုမှာလည်း ဝန်ထမ်းအလုပ်လုပ်တာပေါ့ ။အဲ့ကနေ ညဘက် ပြန်လာမှ အဆောင်ဆောက်တဲ့နေရာကို လေ့လာ စီမံခန့်ခွဲပြီး မနက်ဘက်‌အတွက်ဖြစ်ချင်တာတွေကြိုမှာတာပေါ့ ။

တရက်တော့ ညဘက်အိမ်မက်ထဲမှာ အသားညိုညို ဝဝအမျိုးသမီးတယောက်က "...သူဒီအဆောင်မှာ နေချင်လို့ပါ‌ပေါ့...နေလို့ရပါတယ် အန်တီ ။သမီးက ဒီဟာကြီး ပြီးရင် အဆောင်ငှားစားမှာလို့ ပြောတော့ ..မဟုတ်ဘူး ,အန်တီက သမီးရဲ့ဘေးမှာနေချင်တာပါ ,သမီးကို စောင့်ရှောက်ချင်လို့ပါပေါ့,ဆိုပြီး မက်ရော ..ဒီလိုနဲ့အမှတ်တမဲ့ ထားလိုက်တာပေါ့လေ ။အဆောင်က နှစ်ထပ်ကို မှ အပေါ် ၁၂ခန်း၊အောက်၁၂ခန်း အပေါ်အမိုးက ဆလပ် လောင်းထားတာ ။အဲ့တာအပြင် ဘေးဘက်မှာတထပ်ဆောင် ၇ခန်း လည်းရှိသေးတာပေါ့ ။

တခါတုန်းက မနက်အစော ၃နာရီလောက်ဆို အဆောင်ရဲ့  အပေါ်ထပ် မှာ အသက်ကြီးကြီး အင်္ကျီအဖြူဝမ်းဆက်နဲ့အဘက ဘယ်သူလဲဆိုပြီး တခြားဘေးပတ်ဝန်းကျင်က လာလာမေးတယ်။ဘယ်သူမှ မရှိပါဘူး ပဲ ပြန်ဖြေရသေးတယ် ။

တနေ့ နယ်ကလူတွေအခါရက် ပြန်လာတော့ လူစိမ်းတွေပါလာပြီး ညဘက် ၇နာရီလောက်မှာ  နှစ်ထပ်အဆောင်ရဲ့ ဆလပ်ပြင်ပေါ်မှာ အရက်သောက်စားကြရော။တခြားနေရာမဟုတ်ဘဲ အောက်ထပ်ဘုရားခန်းတည့်တည့်‌ ပေါ်မှာ သောက်စားပြီး  အောက်ကို သေးဆင်းပေါက်ရမှာ ပျင်းလို့ အဲ့အမိုးပေါ်ကနေ  အပေါ့ သွားရော..လူအုပ်စု က ၆ယောက် စုဝိုင်းထိုင်း နေကြတော့ အပေါ့သွားပြီး သိပ်မကြာဘူး ။ခုဏက လူငယ်ကို လက်ငါးချောင်းရာ ထင်းခနဲ ဖြစ်သွားအောင် ရိုက်ချတာ ..ဘာပြောကောင်းမလဲ အော်ပြီး ဆင်းပြေးလာကြတာအဲ့အပေါ်ထပ်ကနေ ,.

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now