141

175 8 0
                                    

ကုမုဒ္ဒြာကြာပန်းအကြောင်း gpထဲကsisတယောက်တင်တာတွေ့လို့ ကိုယ်လည်းအဲ့ပန်းစိုက်တုန်းကကြုံခဲ့တဲ့ အကြောင်းလေးပြန်ရေးချင်လို့ပါ
(#တချို့တွေကတော့ဥပါဒ္ဒန်ကြောင့် ဥပါဒ့်သင့်တယ်ဘဲတွေးကြမာပေါ့ အမြင်လေးတေတော့ကွဲချင်ကွဲမာပေါ့လေ)
#လန့်အောင်ရေးတာတော့မဟုတ်ပါဘူး ညမစာစရေးထဲက တယောက်နဲ့တယောက်အမြင်လေးတွေတော့ကွဲလွဲနိုင်တယ်လို့ ပြောပီးမှရေးတင်ဖြစ်တာပါ
ညမတို့အဲ့အပင်စိုက်တဲ့၂နှစ်ကျော်အတွင်းဘယ်လိုဖြတ်သန်းခဲ့ရတယ်ဆိုတဲ့အကြောင်းပြန်‌sharingပေးတာပါ
#ဘယ်သူကိုမှလည်းစိတ်မခုပါဘူးနော် gpထဲမာအချင်းချင်း ကြုံဖူးကြတာလေးတေsharingကြမယ်နော်😊

အိမ်မာအဲ့ပန်းစိုက်တာကတော့ ညမအမေရဲ့အမေပေါ့(အဖွားက)အရင်ကရန်ကုန်မှာနေတာ ပန်းပင်တေစိုက်တာအရမ်းဝါသနာပါတယ် အဖွားလက်နဲ့ထိရင်ကိုဘာအပင်စိုက်"ရှင်တယ် ရန်ကုန်ကတိုက်ခန်းတေကသိတဲ့တိုင်းလေ ဝရံတာကကျဉ်း"နဲ့သူ့အပင်တေကအဆင်မပြေဘူး ညမတို့ကမှော်ဘီမှာနေတာ ခြံကျယ်တော့အဖွားကသူအပင်တေရွေ့ရော အမေကလည်းဆိုင်ဖွင့်တော့ အမေတို့လည်းအေးရာအေးကြောင်း အမေ့မြေးနဲ့လာနေကြလေဆိုတော့ လာနေဖြစ်သွားတယ်တယ်ပေါ့ အဖွားတို့မပြောင်းခင်လမ်းထဲကအန်တီကြီးက သူ့အိမ်မှာအဲ့ပန်းတေအရမ်းများနေလို့နည်း"ခွဲယူပါလားဆိုတာနဲ့ ယူပီးညမတို့အိမ်ကိုရောက်တော့စိုက်လိုက်တာပေါ့

စိုက်ခါစကဘာမှမဖြစ်သေးဘူး အဲ့ပန်းကလပြည့်တို့ လပြည့်ကျော်ပီး၁ရက်၂ရက်ဆိုပွင့်တာလို့တော့ကြားဖူးတယ် စစပွင့်ချင်းက၂ပွင့်ပွင့်တယ် အခြေနေကောင်းနေဆဲဘဲ နောက်တခါပွင့်တော့အမေ့ရဲ့ဆိုင်မာ ကူလုပ်ပေးတဲ့မကြီးကောက်ခါငင်ကာ မနေချင်တော့ပါဘူး ပြေးပါလေရော(ဘာမှမေးမရဘဲ ဆေးလိပ်ထွက်ဝယ်ပေးသလိုလိုနဲ့ပေါ်ကိုမလာတော့တာ သူ့ညမအိမ်သွားမေးတော့ရွာကိုပြန်ချင်လို့ဘဲ‌ေပြာတယ်အင်းပေါ့လေဆိုပီး ဘာမှမပြောဘဲ ဒီတိုင်းပီးသွားတယ်ပေါ့)

နောက်တခုကညမပေါ့ အိမ်မာနေရင်ကိုမပျော်တာ အပြင်ထွက်ပီးလျှောက်ဘဲလည်ချင်နေတာ တအိမ်လုံးနဲ့တယောက်လိုဖြစ် အဒေါ်တေအိမ်လည်လာရင်တညမပြည့်သေးဘူး ထသတ်ကြရော သူတို့လည်းလာလိုက်ပြန်လိုက်ပေါ့ အမေ့ကိုနင်သမီးနင်ထိန်းဆိုပီးပြော အမေကလည်း ညမကိုဆူ ဆူရင်ကိုအိမ်မာမနေချင်ဘူး အဲ့တာနဲ့ညမလည်းအလုပ်လုပ်တယ်(ဒီမာကအထည်ချုပ်ပေါတယ်လေ)အလုပ်လုပ်ရင်းယောက်ကျားရတယ်ပေါ့😐 အိမ်မာခနခနရန်ဖစ်ရတာနဲ့  နေမကောင်းဖြစ်ချင်သလိုလို ဘာလုပ်လုပ်ဘအဆင်မ‌ေပြဘူးအိမ်ထောင်ကျခါစဘဲရှိ‌ေသးဘာမဟုတ်တဲ့ပြသာနာလေးကိုမပေါင်းဘူးဆိုပီးယောက်ကျားကအိမ်ပေါ်ကဆင်းသွားဖူးတယ်
အပွင့်တွေအရမ်းပွင့်လေ အိမ်မှာတခုမဟုတ်တခုဖြစ်နေတာဘဲ (ကြုံရတာတေကတော့များကြီးပေါ့)

ညမသရဲလိုဝင်ပူးတာတေဘာတေက အရင်တခေါက်ကတင်ဖူးတယ် ဖတ်ကြည့်ပါနော်ပြန်ရေးရင်အရမ်းရှည်မာဆိုးလို့(ခုတောင်တော်"ရှည်နေပီ) ‌အိမ်မာလတိုင်းတော့မပွင့်‌ဘူး ပွင့်ပီဟေ့ဆိုနောက်ပိုင်းအပွင့်ရေ များလာတယ် သူများတေကတော့ လာလာတောင်းတယ်မျိူးကို အဖွားကမပေးဘူး

ညမကအရင်ထဲကအဖိုးဖွားတေနဲ့ကြီးလာတော့ အဖေ့ဘက်ကအဖွားကအဲ့အပင်ကိုစစိုက်ထဲကမကြိုက်တာ(ခမည်းခမက်ခက စိုက်တဲ့အပင်‌ဆိုတော့လည်းမပြောဘဲနေတာပေါ့) အဲ့လိုနဲ့covidတေဖြစ် တအိမ်လုံးsecond waveရော third waveတေရော အဖွားလည်းthird waveမှာ အိမ်မှာတင်အောက်စီဂျင်ပေးနေပါလျှက်နဲ့ ကွယ်လွန်ခဲ့တယ် အမေဆိုတာလည်းဟိုဘက်အိမ်ပြုစုရ ကိုယ့်အိမ်တွက်ကြည့်ရနဲ့ တော်တော်လေး အဲ့ကာလမှာခက်ခဲခဲ့တယ် အဒေါ်တေနဲ့လည်းအိမ်တွင်းရေးကိစ္စတေရှင်းရနဲ့ တော်တော်အိမ်မာ ပူလောင်ခဲ့ပါတယ်

အဖွားဆုံးသွားပီးမှ ဟိုဘက်အိမ်ကအဖွားက နင်တို့ကိုပြောချင်နေတာကြာပီ အဖေ့ရဲ့အမေကနေ ဒီအပင်ကိုဘာလို့အိမ်မာစိုက်တာလဲ တိုင်ကနေဖြုတ်ပီးရေထဲမျှောပစ်ခိုင်းတယ် နောက်ဆို ဒီထက်အပွင့်များလေပိုဆိုးလေဖြစ်မယ်ပြောလို့ စိုက်တဲ့တိုင်ပါရေမျောလိုက်မှ အကုန်အဆင်ပြေပီးအဲ့ချိန်ထဲက အေးအေးချမ်းချမ်းဘဲ ဂမုန်းနွယ်ဝင်ဘာအပင်မှမစိုက်တော့ဘူး
အိမ်မာခုဆိုအဖွားချန်ခဲ့တဲ့သစ်ခွတေနှင်းဆီတေဘဲရှိတော့တယ် အဖွားမရှိတော့ထဲကရင်ထဲဟာတာတာကြီးကျန်ခဲ့တယ်နောက်လဆိုအဖွားတောင်၂နှစ်ပြည့်တော့မယ် သူလည်းကောင်းရာမွန်ရာရောက်တယ်ထင်ပါတယ် ဘာမှကိုမမြင်ရမကြားဘူး🥺
Edit အဖွားကသူ့အပင်တေသူများခူးတာဘဲမကြိုက်တာ အလှူအတန်းတို့ ဘာသာရေးကတော့တော်တော်လုပ်ပါတယ် စာအစီစဥ်မကျရင်လည်းခွင့်လွှတ်ပါနော် (အများကြီးရေးမိလို့လည်းတောင်းပန်ပါတယ်နော်)

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now