80

182 11 0
                                    

ကိုယ့်ဘဝရဲ့ဖြစ်ရပ်မှန်လေးပြောပြပေးမယ်နော် သရဲခြောက်ခံရတာတော့မဟုတ်ဘူး အတိတ်ဘဝရဲ့ဖြစ်ရပ်တချို့လေးပါ အိမ်ထောင်ကျတဲနေ့ ၃ရက်မြှောက်နေ့မှာ မဂ်လာဝတ်စုံပန်းရောင်နဲ့သတို့သား ကိုယ်တွေအိပ့်နေတဲ့ခြေရင်းမှာလာထိုင်နေတာ အိမ်မက်လိုလိုတကယ်လိုလိုပေါ့ ခေါင်းပေါင်းလေးနဲ့အပြင်မှာဆိုသူ့ကိုမြင်ရင်မှတ်မိတယ် ကိုယ့်မျက်နှာကိုကြည့်ပီးစကားပြောနေတာ နင်ငါနဲ့လိုက်ခဲ့တော့ ဘယ်သူလဲမေးတော့ နင်ကငါ့ရဲ့မိန်းမပဲ ခုနင်မဂ်လာဆောင်လိုက်တော်ငါစိတ်မချဘူး လိုက်ခဲတော့ဆိုပီး လက်ကိုလာဆွဲတာ အတင်းရုန်းရင်း ထ
ထိုင်မိတယ် အမျိုးသားကနိုးလာတော့ ငိုပါလေရော
တွေ့လိုက်တယ် လာခေါ်နေပီပဲ ကိုယ်ကပြောပီးငိုနေတာ မနက်ကျတော့ ဖြစ်ကြောင်းကုန်စင်ပြောပီးသူက နင်နဲ့ဘာမှမဆိုင်တော့ဘူး ငါ့မိန်းမဖြစ်သွားပီ မင်းထားသလိုသူ့ကို ကောင်းကောင်းမွန်မွန်ဂရုစိုက်ပါ့မယ် လွှတ်လပ်စွာ သွားတော့ဆိုပီးပြောလိုက်တာ ပေါ်မလာတော့ဘူး တခါတလေ အိမ်မက်လေးတော့လာလာပေးတယ်သူကိုယ့်အနားရှိတာ လာာလာပြတယ် အိမ်ထောင်သက် ၃နှစ်လောက်ကြာတော့ အိမ်ထောင်ရေး ပြသနာသေးသေးလေး တက်တယ် အဲတုန်းက တခါပြန်ပေါ်လာတယ် အိမ်မက် ထဲကလိုမဟုတ်ပဲ အပြင်မှာ လူကြားထဲ ပေါ်လာတာတို့ ပေါ်ပေါ်လာတယ် အဲတုန်းက အ်မ်ထောင်ရေးက တဖက်စိတ်အရမ်းညစ်ရတဲ့အချိန် ည
ညဆို လာလာခေါ်တာ သူ့နဲ့အပီးပြန်လိုက်ခဲ့တော့ ငါစိတ်မချတော့ဘူး ဆိုပီး လာလာပြောတာ မလိုက်နိုင်ဘူးငါ့မှာသမီးရှိတယ် လိုက်လို့မဖြစ်ဘူး မခေါ်နဲ့
ဆိုပီး တောင်းပန်ရတယ် တနေ့ ည၁၂လောက် သူကဝင်ပူးတာ ပိုးသတ်ဆေး သောက်နေတာ အမျိုးသားက မြင်ပီး ဘာလုပ်တာလဲ ဘာလုပ်တာလဲ မေးပီး ရိုက်ချတာ ပိုးသတ်ဆေးက ပါးစပ်ထဲ ဝင်ပီးနေပီ ဆေးဆရာတွေခေါ် ဆေးခန်းပြေး ညကြီးမိုးကအရမ်းရွာ သတိက လစ်တချက်ရတချက်နဲ့ သူ့ဝိညာဥ်က ကိုယ့်ဆီပူးနေတာ အမျိုးသားကိုပြောနေတာ ပြန်ခေါ်သွားတော့မယ် ငါမင်းနဲ့မထားခဲ့ဘူး မင်းကတိမတည်ဘူး ကလေးထားခဲ့ပေးမယ် မင်းနေခဲလိုက်တော့ပြောတယ် အမျိုးသားက ကျွန်တော်မှားပါတယ် မလုပ်ပါနဲ့ပြန်ပေးခဲပါ ကျွန်တော်သူမရှိရင်မနေနိုင်ဘူး ထားခဲ့ပေးပါဆိုပီး ပြောတော့ မရတော့ဘူး အငြင်းခုံပြောနေတုန်း ပရောဂဆရာရောက်လာပီး ကိုယ့်ကို ချည်မန်းကြိုးချည်ပေးလိုက်ရော အဲ့မှာပီးသွားရော ကိုယ်လဲဆေးပိုက်တွေသွင်း  အိမ်နားကိုလူတွေစောင့်ကြည့်ရင်း မနက်လင်းခဲ့တယ် အိမ်နားက ဆေးဆရာကို အကုန်ပြောပြ ဆရာက ဒီလိုဆိုမင်းမိန်းမဒီလိုထားမရဘူး သူ့ကိုနိုင်တဲ့ဆရာဆီသွားမယ်ဆိုပီးကားနဲ့လိုက်ပို့ ချည်မန်းကြိုးထပ်ယူ ကိုယ့်ကိုလဲ တယောက်ထဲမထားတော့ဘူး အမြဲစောင့်ကြည့်နေတော့တယ် အမျိုးသားက တခါအိမ်သာက အ်မ်ရဲ့အနောက်ဘက်မှာ တော်တော်သွားရတယ် မီးသွယ်ထားတဲမီးလုံးကိုဖြုတ် ကြိုးနဲ့ ကြိုးဆွဲချသေးတာ ကြာနေလို့အမျိုးသားက လိုက်ကြည့် သူကခေါ်နေတုန်း မကြားရတာနဲအပေါက်ကချောင်းကြည့်တော့ လုပ်နေပီ တခါးရိုက်ဖွင့်ပီး ခေါ်ထုပ်လာရတယ် စိတ်က သေချင်စိတ်ပဲအမြဲပေါ်ပေါ်နေတော့ အမျိုးသားကမရတော့ဘူးဒီပုံဆို တခုခုဖြစ်မယ် သူ့ကိုသေချာကတိခံပီးတောင်းပန်ရမယ်ဆိုပီး ည၁၂လောက်သူ့ိုကိုခေါ်ပီးတောင်းပန်တာ မလုပ်ပါနဲ့မခေါ်သွားပါနဲ့ သေချာဂရုစိုက်ပါ့မယ် သူ့ကိုလွတ်လပ်ခွင့်ပေးလိုက်ပါတော့ပြောတယ် သူတော့ပေါ်မလာဘူး စကားပဲပြောလိုက်တယ် ညကျ ကိုယ့်အိမ်မက်ထဲ လာနှုတ်ဆက်တယ် နင်လိုက်မှာလားနေခဲ့မလားမေးတယ် မလိုက်ဘူးငါ့ဘဝနဲ့ငါ ထားခဲ့ပါဆိုပီးပြောလိုက်တယ် အဲ့ဒါဆိုလဲငါသွားတော့မယ် နေခဲ့တော့ တခုခုဆိုငါရှိနေတယ် ငါ့ကို နင်လိုအပ်ရင် သတိတရ ခေါ်လိုက်ဆိုပီး ပျောက်သွားရော နောက်ပိုင်းသိပ့်လဲ မမြင်ရသလို ပေါ်လဲမပေါ်လာတော့ဘူး အမျိုးသားကတော့ အလှူလုပ်တိုင်းသူ့ကိုအမြဲအမျှပေးတယ် ခုတော့အ်မ်ထောင်သက်၁၀နှစ်ရှိပီး ပေါ်ကိုမလာတော့တာ ကိုယ်လဲသူ့ကို မေ့မေ့ပျောက်ပျောက်နေလိုက်တော့တယ် ဒီဂရုထဲ တိုက်ဆိုင်လာလို့ကိုယ့်ရဲ့ဘဝဖြစ်ရပ်မှန်ကိုပြောပြတာ တခုတာ့ရှိတယ် စီးပွားရေးတော့ ဘာလုပ်လုပ်အရမ်းအကြိုးပေးပီး အရမ်းလဲအဆင်ပြေလာတယ် တိုက်ဆိုင်ဒါလားတော့မသိဘူးနော် ကိုယ့်အထင်တော့သူနောက်ဆုံးပြောသွားတဲ့စကားလေး အမှတ်ရနေလို့ အမြဲကိုယ့်အနားရှိပီး သူကူညီပေးနေပါ့မယ်တဲ့ စာဖတ်သူတို့ရော ဘယ်လိုထင်လဲ မှတ်ချက်လေးပေးသွားနော် စာရေးနေတုန်းသတိရလာလို့ ရေးလိုက်တာပါ သူ့ပုံစံလေးကတော့ အသက်၂၀ကျော် ကတုံး ဆံပင်ပေါက် အသားညိုညို ပိန်ပိန်သွယ်သွယ်လေး.နဲ့ သူ့မြင်လိုက်ရင်သတို့သားဝတ်စုံပန်းရောလေးနဲ့ခေါင်းပေါင်းနံသာရောင်လေးနဲ့ပါ
#crd

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now