56

226 18 0
                                    

ကြောင်အကြောင်းလေးရေးထားတာတွေ့လို့ညမကြုံခဲ့ရတာပြောပြပါမယ်

ညမကကြောင်ဆိုရင်ကိုချစ်တဲ့သူမျိုးပါ
တွေ့ရင်ကိုတကူးတကအစာယူပြီးကျွေးတာပါ

လွန်ခဲ့တဲ့၃ရက်လောက်ကအဖြစ်အပျက်ပါ
ညမတို့လမ်းထဲကိုည၉နာရီလောကိဆိုရင်ခွေးစာကျွေးတဲ့အန်တီကြီးလာပါတယ်
အဲ့အန်တီကြီးနဲ့ညမနဲ့ခင်ပြီးတော့အစာဝိုင်းကျွေးပေးနေကြပါ

ပထမညမှာခွေးတေကိုလိုက်ကျွေးနေရငိးနဲ့ကြောင်ရောင်စုံလေးတကောင်ကိုတွေ့ပါတယ်အဲ့တာနဲ့နင်လဲစားချင်လို့လားဆိုပြီးအန်တီရေဒီနားကကြောင်လေးကိုလဲကျွေးပါအုန်းဆိုပြီးပြောတာ...
အဲ့အန်တီရောကိလာပြီးဘယ်မှာလဲသမီးဆိုပြီးပြောရော (အဲ့အချိန်ညမက ဆောင့်ကြောင့်ထိုင်လျက်အနေအထားပါ)ညမလဲကြည့်လိုက်တော့ကြောင်လေးကမရှိတော့ပါဘူး အဲ့တာနဲ့ကိုယ်လဲ ခွေးတေတွေ့လို့နေမှာပါဆိုပြီး ထင်လိုက်ပါတယ်

ဒုတိယညပါ အဲ့ကြောင်လေးကိုထပ်တွေ့ပါတယ် ညမလဲအန်တီကိုခေါ်မနေတော့ပဲနဲ့အဲ့နားက ဗန်ဒါရွက်ပေါ်မှာသူစားဖို့ဆိုပြီးတော့ ထမင်းချကျွေးခဲ့ပါတယ် သူလဲစားနေတာပါ ....နဲနဲကြာတော့ခွေးပန်ကန်တေလိုက်သိမ်းရင်းကြည့်မိလိုက်တော့ အဲ့အရွက်ပေါ်မှာ ထမင်းကိုလုံးဝမထိထားသလိုရှိနေသေးတာပါထမင်းတေက(ကြောင်ဆိုတော့နဲနဲပဲကျွေးတာ)
အဲ့တာနဲ့အမှုမဲ့အမှတ်မဲ့နေရင်းနဲ့ ညအိပ်ချိန်ရောက်လာတာပါ

ညမအခန်းကမြေညီထပ်မှာပါခေါင်းရင်းတံခါးရှ်ပြီးတော့ အိမ်နှစ်အိမ်လမ်းကြားရဲ့ဘေးမှာပါ ညသန်းခေါင်(အချိန်တော့မမှတ်မိ)အဲ့မှာညမကပူလာလို့တံခါးထဖွင့်ပါတယ်(မုန်တိုင်းရှိလို့လေတေတိုက်တဲ့နေ့ကပါ)အဲ့မှာညမအိမ်မက်မက်သလိူဖြစ်ပြီးတော့အဲ့ကြောင်လေးက တိုးဝင်လာတာပါသံဇကာကနေ သူလျောက်လာနေတာကိုအတိုင်းသားမြင်နေရပြီးတော့ ညမလက်မောင်းဘေးမှာခွေခွေလေးလာအိပ်တာပါ ကြောင်လေးတေလာရင်အပူဓာတ်ကိုပါခံစားမိတာပါ အဲ့မှာညမနိုးလာသလိုဖြစ်ပြီးတော့ ညမနဲအတူအိပ်တဲ့အိမ်ကကြောင်ကလဲရနိဖြစ်ရင်အော်သလိုလိုစူးစူးဝါးဝါးအော်ပြီး ပြေးသွားတာပါ
အဲ့အချိန်ထိအပူဓာတ်ကိုလက်မောင်းမှာခံစားနေရတုန်းပါအဲ့ညကလဲဟိုကြည့်ဒိကြည့်နဲ့ပဲအိပ်ပျော်သွားပါတယ်

ညမကြောင်ကတော့ဖြစ်တဲ့နေ့ထဲကအခုထိက်ုခေါ်လို့ကိုမရတော့ပါဘူး(ညမကိုမြင်တာနဲ့ပတ်ပြေးနေတော့တာပါ)

မနေ့ကညတုန်းကလဲအဲ့အချိန်အဲ့လိုအပူဓာတ်ကြီးကိုခံစားရပါတယ် မြင်တော့မမြင်ရတော့ပါဘူး
မကျွတ်မလွတ်ဘူးလို့ထင်ပါတယ်​​ကြောင်ဆိုတော့လဲဘယ်လိုလုပ်ပေးရမလဲမသိပါဘူး

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now