187

167 5 0
                                    

လှည့်ဖျားတတ်တဲ့မြစ်💕

၁၉၈၇ ဝန်းကျင်က ……
မြစ်ကူးတံတားကြီးမဆောက်ရသေးချိန်….
မာယာများခဲ့တဲ့မြစ်သုံးဆိုင်လေးအကြောင်းပါ
ကျမတို့ငယ်ဘဝကခုလိုရန်ကုန် နဲ့ သံလျင်ကိုမြစ်ကူး
တံတားမရှိသေးတာမို့သင်္ဘောတွေနဲ့ဘဲကူးရပါတယ်
မိုးဦးကျလေဦးကျဆိုမြစ်ကိုကူးရတာမလွယ်လှပါဘူး
ရန်ကုန် သံလျင်မြစ်ကူးသင်္ဘောမှောက်စဉ်ကငယ်တာမို့
အသေအချာမသိလိုက်ပါဘူး  တိုးအေးသင်္ဘောဆိုတာ
ဘဲမှတ်မိပါတယ် အဲဒီအချိန်ကလည်းလူအတော်များများ
ဆယ်မရခဲ့ပါဘူး နောက်တော့ သီတာသင်္ဘော…စသဖြင့်
ပေါ့လေ  ကျမကရေကြောက်တာမို့သင်္ဘောနဲ့သွား
ရမယ့်ခရီးကိုအမြဲရှောင်ပါတယ် ငယ်ဘဝက
ကျောက်တန်းရေလယ်ဘုရားသွားဖူးတာမှာသမ္ဗာန်
ပေါ်ကပြုတ်ကျခဲ့ဘူးလို့ပါရှင် ဒါပေမယ့်အိမ်ထောင်
ကျတော့အဲလိုမြစ်နားကမ်းနားနီးတဲ့အရပ်မှာဆေးခန်း
လေးဖွင့်ဖြစ်ပါတယ်  ကျမတို့ဆေးခန်းလေးဖွင့်ပြီး
သိပ်မကြာခင်မှာ ရန်ကုန် သံလျင်မြစ်ကူးသင်္ဘော
မှောက်ပါတယ်  အဲဒီအခေါက်ကနောက်ဆုံးမှောက်ခြင်း
ပါဘဲ  အဲဒိအခေါက်မှောက်ပြီး သံလျင်မြစ်ကူးတံတား
မဆောက်မီအထိဘာမှထပ်မဖြစ်တော့ပါဘူး  အဲဒီ
အခေါက်ကလူစားလဲတာတော်တော်များတယ်လို့
ပြောကြပါတယ် အယုံအကြည်ရှိခြင်း မရှိခြင်းထက်
တိုက်ဆိုင်တာလေးတွေ ပတ်သက်သူတွေပြောကြ
တာလေးတွေနားထောင်ခဲ့ရလို့ပါ  သင်္ဘောမှောက်တဲ့
နေ့ကပုဇွန်တောင်မြစ်ကမ်းနဲ့ကပ်ရက် ဟိုဘက်ကမ်း
ဒီဘက်ကမ်းနှစ်ဖက်စလုံးမှာရှိတဲ့ရပ်ကွက်မှာနေသူ
တွေအတော်များများပါသွားတာပါ  ကျမမှတ်မိတာ
တော့ရုံးပိတ်ရက်ဖြစ်မယ်ထင်ပါတယ် အများအား
ဖြင့်ဆယ်ကျော်သက်လေးတွေစျေးဝယ်သွားကြတာပါ
တချို့ဆိုသူငယ်ချင်းကအဖော်လာခေါ်လို့အိမ်ကလူကြီး
တွေတောင်မပြောခဲ့လိုက်ဘဲပါသွားတာမို့သင်္ဘော
မှောက်ပြီဆိုမှမေးရင်းမြန်းရင်းသိကြရတာပါ  ရပ်ကွက်
ထဲကအိမ်အတော်များများနာရေးပြင်ကြရပါတယ်
အဲဒိအိမ်တွေကမိသားစုဝင်တွေပြန်ပြောကြတာတော့
ရပ်ကွက်နဲ့မနီးမဝေးမှာတည်ထားတဲ့ဘုရားမှာရယ်
အချို့ကသင်္ဘောမှောက်တဲ့မြစ်ထဲမှာရယ်မကျွတ်မလွတ်
ဘဲရှိတဲ့အကြောင်းအိပ်မက်ပေးတယ်လို့ဆိုပါတယ်
မြစ်အောက်ကြမ်းပြင်မှာနေရတယ်ဆိုတဲ့သူတွေပေး
တဲ့အိပ်မက်မှာတော့မြစ်ကြမ်းပြင်တစ်နေရာမှာလူတွေ
အများကြီးစုရုံးပြီးဆရာတော်တစ်ပါးတရားဟောနေ
တာကိုနာနေကြတာတွေ့ရတယ်လို့ပြောကြပါတယ်
ကျန်ရစ်သူမိသားစုဝင်အတော်များများရဲ့အိပ်မက်က
တထပ်ထဲကျတာများပါတယ် ရပ်ကွက်နားကဘုရားလေး
မှာနေကြတယ်လို့အိပ်မက်ရတဲ့သူတွေကခဏခဏ
ကုသိုလ်ပြုကြ အမျှသွားဝေကြပါတယ် မြစ်အောက်
ကြမ်းပြင်ကမကျွတ်မလွတ်သူတွေကတော့သူတို့
စောင့်ရှောက်ရမယ့်အရာအတွက်လူစားလဲကြတာမို့
ကျွတ်လွတ်တယ်လို့တော့အိပ်မက်မပေးကြပါဘူး
နောက်ပိုင်းတော့ ဓမ္မစေတီမင်းခေါင်းလောင်းကြီး
နံမည်ကြီးလာပြီးဆယ်ယူရေးတွေလုပ်လာကြပါတယ်
ခေါင်းလောင်းတော်ကြီးရှိတယ် မရှိဘူးအငြင်းပွါးကြ
တဲ့အခါအဲဒိကရေငုတ်သမားအတော်များများက
ကျမတို့ဆေးခန်းလေးကိုလာနေကြဖောက်သည်တွေမို့
သူတို့ကတော့ရှိတယ်လို့အသေအချာပြောကြပါတယ်
ဒီရေအတက်အကျနဲ့မဆိုင်ဘဲတပေါင်းလပြည့်နေ့ဆို
ရွှေတိဂုံဘုရားကြီးကိုဖူးဘို့ခေါင်းလောင်းကြီးပေါ်လာ
တတ်တာလည်းအမှန်ဘဲလို့ဆိုကြပါတယ်  စပ်စုစိန်
ကျမကအဲဒီအချိန်မှာထွက်တဲ့ခေါင်းလောင်းကြီးနဲ့
ပတ်သက်တဲ့စာအုပ်တွေပါရှာဖတ်ရင်းက ဆရာ
ဦးချစ်စံဝင်းသားမကွယ်လွန်ခင်ပြောသွားတဲ့စကား
လေးတစ်ခွန်းကိုထူးဆန်းမိပါတယ် သူပြောသွားတာ
ကိုအကြမ်းဖြင်းပြန်ပြောရရင်တော့ဒီမြစ်သုံးဆိုင်နေရာ
ကိုကြည့်ရတာဘာလွမ်းမှန်းမသိဘူး ဆိုတာပါဘဲ
ဆရာဦးချစ်စံဝင်းကခေါင်းလောင်းကြီးအကြောင်း
စရေးခဲ့တဲ့သူပါ  ခေတ်ပညာတတ်စက်မှုတက္ကသိုလ်
ကျောင်းသား သားဖြစ်သူဟာအဖေဖြစ်သူနဲ့အတူ
ခေါင်းလောင်းကြီးရှာဖွေတဲ့သုတေသနလုပ်ငန်းတွေမှာ
ပါဝင်ကူညီခဲ့သူဖြစ်ပါတယ် သူပြောခဲ့တဲ့မြစ်ကိုကြည့်
ရတာလွမ်းစရာကောင်းတယ်ဆိုတာ…..
မြစ်ဟာလွမ်းဘို့
ဘာလို့ကောင်းရပါလိမ့်လို့ကျမတွေးမိခဲ့ပါတယ်
အဲလိုနဲ့တစ်နေ့ပေါ့…..အဲဒီတစ်နေ့မှာကျမအမျိုးသား
ဟာဆေးခန်းကအိမ်အပြန်မြစ်ကမ်းနားကအိမ်တစ်
အိမ်ကိုလူနာပင့်သွားဘို့ဖြစ်လာပါတယ် ဆေးခန်းပိတ်မှ
သွားတာမို့ကျမပါလူနာပင့်တဲ့အိမ်ကိုပါလာပါတယ်
လူနာအိမ်ကမြစ်ကိုမျက်နှာချင်းဆိုင်ပြီးဆောက်ထား
တာပါ နွေရာသီမို့လေကလည်းတဖြူးဖြူးနဲ့အေးအေး
ချမ်းချမ်းသာသာယာယာရှိလှပါတယ် ညပိုင်းမို့တိတ်
ဆိတ်နေတာပါဘဲ ကျမကအဲဒီအချိန်မှာကိုယ်ဝန်ကြီး
နဲ့ပါ ဒါကြောင့်မို့အမျိုးသားကလူနာပင့်တဲ့အိမ်ကို
လိုက်မဝင်ခိုင်းတော့ဘဲကားထဲမှာဘဲကျမကိုနေခဲ့ခိုင်း
ပါတယ်  ကားထဲမှာတစ်ယောက်ထဲထိုင်ပြီးကျမငေးမိ
ငေးရာငေးနေတုန်းကားထဲကိုပိုးဟပ်တစ်ကောင်ဝင်
လာပါတယ် အဲဒီပိုးဟပ်ကိုမောင်းဘို့လုပ်နေတုန်း
ဘယ်ကရောက်လာမှန်းမသိတဲ့ပိုးဟပ်တေွအများ
ကြီးကားထံမှာပြည့်သွားပါတယ် ကျမကားထဲမှာ
ကောင်းကောင်းထိုင်နေလို့မရတော့ပါဘူး ပိုးဟပ်တွေ
လည်းထွက်သွားအောင် ကျမလည်းအညောင်းပြေ
အောင်အပြင်ထွက်ဘို့ကားတံခါးကိုဖွင့်လိုက်ပါတယ်
ကားတံခါးကိုဖွင့်ထွက်လိုက်ချိန်မှာကျမမျက်စိထဲမြင်
လိုက်ရတာကတော့ဟိုးအဝေးကြီးမှာဆီမီးရောင်လက်
လက်ကလေးတွေလင်းနေတဲ့ဘုရားတစ်ဆူပါဘဲ
မြင်ရတာသပ္ပါယ်လွန်းလို့စိုက်ကြည့်နေရင်းကအဲဒီကို
သွားချင်စိတ် ဘာမှန်းမသိတဲ့လွမ်းစိတ်တွေနဲ့မို့ကျမ
ခြေလှမ်းပြင်လိုက်ပါတယ် ကျမအသိထဲမှာလှမ်းမြင်
နေရတဲ့မြစ်ထဲလား ဟိုဘက်မြစ်ကမ်းမှာလားမသိတဲ့
ဘုရားတစ်ဆူဘဲရှိပါတယ် အဲဒီနေရာကလွဲရင်ဘယ်နေ
ရာမှာမှအလင်းရောင်ကိုမမြင်ရပါဘူး လှမ်းမြင်နေရတဲ့
ဆီမီးလက်လက်လေးကိုမျက်လုံးကမခွါနိုင်ဘဲခြေလှမ်း
တေွရွေ့နေချိန်မှာ..ကျမနံမည်ကိုခေါ်ပြီးလက်ကိုလှမ်း
ဆွဲလိုက်တာကျမအမျိုးသားပါ  လူနာအိမ်ကထွက်လာ
ပြီးကားထဲမှာကျမကိုမတွေ့လို့လိုက်ရှာတာပါ အဲဒီအချိန်
မှာကျမမြစ်ရဲ့အစပ်ကိုရောက်နေပါပြီ နောက်ထပ်
နှစ်လှမ်း သုံးလှမ်းလောက်ဆိုရေထဲကျပါပြီ ရေလည်း
မကူးတတ်တဲ့အပြင်ကိုယ်ဝန်ကြီးနဲ့မို့မလွယ်လှပါဘူး
ကျမအဲဒိအချိန်မှာကျမအမျိုးသားလက်ကရုန်းပြီး
မဆွဲနဲ့လေ…ဒို့သွားရမှာ အဲဒီကိုဒို့သွားချင်တယ် လွမ်း
စရာကြီးလို့ပြောလည်းပြော ငိုလည်းငိုပေါ့ သဘော
ပေါက်သွားပုံရတဲ့အမျိုးသားကကျမကိုအတင်းဆွဲ
ခေါ်လာပါတယ် ကားထဲပြန်ရောက်တော့ပိုးဟပ်တွေ
တစ်ကောင်မှမရှိတော့ပါဘူး အိမ်ပြန်ရောက်တဲ့အထိ
သွားရမှာ သွားရမှာ ဘာလို့ပေးမသွားရတာလည်း
လို့ပြောလည်းပြော ငိုလည်းငိုဖြစ်နေတဲ့ကျမကို
ဘုရားစင်ကသောက်တော်ရေကိုယူပြီးသောက်ခိုင်း
ကြတာဘဲသိလိုက်ပြီးကျမအိပ်ပျော်သွားပါတယ်
နိုးလာတဲ့နောက်နေ့မနက်မှာကျမကိုဝိုင်းမေးကြပါတယ်
ပိုးဟပ်တေွဘယ်ကဝင်လာခဲ့မှန်းမသ်တာရယ် ကျမ
မြင်ရတယ်ဆိုတဲ့ဆီမီးရောင်လက်လက်လေးနဲ့ဘုရား
တစ်ဆူရယ်ဟာအိမ်သားတွေအတွက်ပဟေဠိဖြစ်သွား
တာမို့ကျမဆေးခန်းမလိုက်ရတော့ပါဘူး  လွမ်းစရာ
ကောင်းအောင်ပြလိုက်တဲ့မြစ်ရဲ့မာယာဘဲလား
အတိတ်ဘဝကရေစက်ရှိခဲ့တာတွေလားတော့မသိပါဘူး
ဗိုက်ထဲက ကလေးကံကြောင့်အမျိုးသားကအချိန်မီလေး
ရောက်လာတာလည်းဖြစ်နိုင်တာပေါ့နော် ဘာဘဲပြော
ပြောနောက်တစ်ခါကံမကောင်းမှာစိုးတဲ့အတွက်လွမ်းစရာ
ကောင်းတဲ့မြစ်နားကိုအမြဲရှောင်ဖြစ်ပါတယ်   လောကကြီးမှာကျမတို့မမြင်နိုင် မသိနိုင်တဲ့အကြောင်းအရာတွေရှိနေနိုင်တာမို့ကံဆိုးခြင်းတွေနဲ့မဆုံရလေအောင်
ကုသိုလ်ရေးကတော့အမြဲပြင်ထားရမယ့်အရာပါဘဲရှင်

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now