171

187 7 0
                                    

၆ လပိုင်း လကုန်ခါနီး ခရီးသွားတုန်းက သရဲအခြောက်ခံရတဲ့ အဖြစ်ပျက်လေးပြောပြချင်လို့ပါ သိပ်တော့မကြာသေးပါဖူး ဘဝမှာပထမဆုံး သရဲအခြောက်ခံရခြင်းပါ ဒီလိုပါ အဲ့အချိန်တုန်းက ညီမရယ် ညီမကောင်လေးနဲ့ သူ့မိသားစုရယ် မတိုင်ပင်ဘဲ ခရီးဗြုန်းစားကြီးထွက်ဖြစ်ပါတယ် (စနေနေ့မနက်၄နာရီသွားမှာကို သောကြာနေ့ညမှထစီစဉ်တာပါ)အဲ့လိုနဲ့သွားဖြစ်တယ်ပေါ့ ဟိုတယ်လည်းရောက်ရော (နာမည်ကြီးဟိုတယ်ပါ နာမည်နဲ့နေရာတော့မပြောတော့ပါဖူး) ကို့လိုဘဲအတွေ့အကြုံရစေချင်လို့ပါ စိတ်ထားလေးတခုပေါ့🤣 ဟိုတယ်ရောက်တဲ့အခါ လုံးဝချမ်းစိမ့်စိမ့်ပါ ညနေစောင်းမို့စိတ်ထဲထင်တာဆိုပြီး နှစ်သိမ့်လိုက်ပါတယ် ရတဲ့vibe က လုံးဝ အင်ဒိုနီးရှားတောတွင်းသရဲကား vibe ပါ တောထဲမှာဆိုတော့လေ ( မျက်လုံးထဲမြင်အောင်ပြောပြတာပါ) ရောက်ရောက်ချင်းအခန်းယူတဲ့အချိန်မှာဘဲ ဟိုတယ် Reception ကအမတွေက ပြောပါတယ် ဒီမှာသိုက်တွေရှိတယ်တဲ့ အော်ကိုလည်းဟုတ်လားပေါ့ဒီလောက်ဘဲပေါ့ အခန်းလည်းရရောဝင်တော့စိတ်ထဲခုနကပြောသလို သရဲကားvibeကြီး စိတ်ထင်တာဖြစ်မယ်ပေါ့ အခန်းဖွဲ့စည်းပုံက ၂ ယောက်၁ခန်းကို ညီမတို့က ၈ ယောက်မို့ တောင်စွန်းနားက ၅ ခန်းတွဲကို ယူလိုက်ပါတယ် အခန်းအရှေ့မှာလျှောက်လမ်းရှိတဲ့အပြင် အခန်းတခန်းချင်စီရဲ့ အနောက်တိုင်းမှာ ကိုယ်ပိုင်corridorရှိတယ် အဲ့တာပြီးရင်တော့ချောက်ကြီးပါ အဲ့လိုနဲ့ရေကူးအနားယူပြီး ည၈နာရီမှာ အခန်းရှေ့မှာစတင်သောက်စားကြပါတယ် ညီမကတော့ည၁၀ နာရီလောက်မှာ မူးလာလို့ အိပ်ယာစောစောဝင်ပါတယ် ဒါပေမယ့် သတိတော့လွတ်မနေပါဖူး အကုန်သိပါတယ် ညီမကောင်လေးက ညီမအခန်းထဲကို သူလိုက်ပို့ပြန်ထွက်တာနဲ့တပြိုင်နက် ဝင်လာသံကြားလိုက်ပါတယ် ညီမခေါင်းထောင်ကြည့်တော့ ဘယ်သူမှမရှိတာနဲ့ ဆက်ပြီးပြန်အိပ်ပါတယ် အဲ့လိုနဲ့ ကျန်တဲ့သူတွေ အခန်းကိုယ်စီပြန်အိပ်ကြတာဘာညာ အကုန်ညီမကြားပါတယ် ညီမက ညီမကောင်လေး အမ ဖြစ်သူနဲ့ တူတူအိပ်တော့ သူအခန်းထဲပြန်ဝင်လာပြီး တဖက်ကသူ့ကုတင်မှာအိပ်တာကအစညီမသိပါတယ် ( ပြောချင်တာက မူးနေတယ်ဆိုပေမယ့် သတိမလွတ်တာပါ) ဇာတ်လမ်းကအခုမှ စမှာပါ ည ၁ နာရီတိတိထိုးတဲ့အချိန်မှာ ညီမလုံးဝ အိပ်လို့မရတော့ပါဖူး နာရီထကြည့်တော့ ၁ နာရီ တိတိ ဒါပေမယ့် ကုတင်အိပ်ယာပေါ်ပြန်လှဲပေမယ့် စိတ်ထဲက ခြောက်ခြားနေတယ် စိတ်ထင်တာ ဖြစ်မှာပါလေ ဆိုပြီး ကြိုးစားအိပ်ကြည့်ပါတယ် စပါပြီ ဝုန်းဝုန်းနဲ့ ညီမကုတင်ဘေနားမှာ လမ်းလျှောက်တာများ ကြမ်းလိုက်တာ သွက်သွက်မြန်မြန်ကြမ်းကြမ်း လျှောက်တာပါ ညီမ မျက်လုံးဖွင့်မကြည့်ပါဖူး အသံတော့ကြားနေရတာ ဆူဆူညံ စိတ်ထဲထင်တာ ဘေးကအမလားပေါ့ သူလည်းအဲ့လိုမလျှောက်ပါဖူးပေါ့ နောက်ပြီးတယောက်ထဲ လျှောက်သံမဟုတ်ပါဖူး နှစ်ယောက်သံပါ ညီမအလိုလိုသိနေတာပါ ဘာကြောင့်မှန်းတော့ ညီမလည်းမသိပါဖူး အဲ့လိုနဲ့ ဆူညံလာတော့ လျှောက်ရင်လည်း လျှောက်ပါစေဟာဆိုပြီး ကြိုးစားအိပ်ပါတယ် အဲ့ခြေသံတွေဟာ ငြိမ်သွားပြီး ညီမ ခြေထောက်နားက စောင်ကို စဆွဲပါတယ် ရေးရင်းတောင်ကြက်သီးထတယ် ဆွဲရင်လည်းဆွဲဟာဆိုပြီး ထပ်ပြီးဖိအိပ်ပါတယ် မျက်လုံးလုံးဝမဖွင့်တာ တော်ကြာပြနေမှာဆိုးလို့ 🤣 အဲ့လိုအမျိုးမျိုးခြောက်တာ ဂရုမစိုက်လို့လားမသိ နောက်ဆုံး ညီမမျက်နှာနားကပ်လာပါတယ် ( အဲ့မှာတကယ်လူကရှော့ရသွားတာ တခါမှအဲ့လောက်ထိမနီးကပ်ဖူးဘူး) ဘယ်လောက်ထိနီးကပ်လဲဆို သူ့နှုတ်ခမ်းကညီမနှာခေါင်းနားမှာ ညီမကိုစကားတွေပြောနေတာ ညီမဘာတခုမှမသိပါဖူး နောက်တခုက ညီမကိုချုပ်ထားတယ် ညီမလုံးဝလှုပ်လို့မရတော့တာ တခုသတိထားမိတာက ဒီလောက်ချုပ်ထားတာတောင် ညီမသူ့အနံ့ကိုသတိထားမိတာပါ မွှေးပါတယ် ဘာနံ့လဲတော့ ညီမမပြောတတ်ပါဖူး ညီမလည်းစိတ်ထဲကနေ သံဗုန္ဓေဂါထာ ရွတ်မှ ပျောက်သွားပါတယ် လူလည်းလှုပ်လို့ရသွားတယ် ဒါပေမယ့် လူကဇောချွေးတွေပြန်နေပြီ ဘယ်လိူမှပြန်မအိပ်ရဲဖူး သူတို့အခန်းထဲမှာရှိနေတယ်ဆိုတာသိနေတယ် မရတော့ဖူးဆိူပြီး ဘေးမှာအိပ်နေတဲ့အမကို လှမ်းနှိူးရော အမကလည်း ကိုကြောက်နေမှန်းသိလို့ သူဘုရားစာရွတ်ထားတယ် မေတ္တာသုတ်တွေလည်းရွတ်ပြီးခွင့်တောင်းထားပါတယ် ပြောပြီးသိပ်မကြာဖူး တံခါးပိတ်သံကြားလိုက်ရပါတယ် ညီမအခြောက်ခံရတဲ့အချိန်ဟာ လုံးဝ နံနက် (၄) နာရီ ကွက်တိပါ လူကတော့ဘယ်လိုမှ အိပ်မပျော်တော့ပါဖူး မနက်ရောက်တဲ့ထိ ဘယ်လောက်ကြောက်လဲဆို အခန်းထဲတောင် တယောက်ထဲ မနေရဲတော့တာပါ ကိုကအဲ့လိူအခြောက်ခံရလို့ ကျန်တဲ့သူတွေ အခြောက်မခံရဖူး မထင်ပါနဲ့ ကျန်တဲ့သူတွေလည်း အခြောက်ခံရလို့ နေ့တွင်းချင်းပြေးရတာတွေပါရှိပါတယ် ညီမတို့အဖွဲ့ကတော့ အလှည့်ကျပေါ့ အဲ့ဟိုတယ် မှာ နှစ်ညတည်းတာမို့ နောက်ညလည်း အခြောက်ခံရပါတယ် အဲ့တာလေးဆက်ပြောပြပါမယ် ပုံကတော့
သရဲအခြောက်ခံရပြီး နံနက်အစောကြီး ဟိုတယ်မှာရိုက်ဖြစ်တဲ့ပုံပါ ၇ နာရီလောက်ပေါ့
ပထမဆုံးရေးတာမို့ စာအရေးအသားနားလည်ပေးပါနော်

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now