177

204 7 0
                                    

မင်္ဂလာပါ။
ကျွန်တော်က ကိုယ်တွေ့ဖြစ်ရပ်လေးတွေမျှဝေရင်း အကြံဉာဏ်၊အကူအညီလေးရချင်လို့ပါ။
ဒီGPမှာရှိနေခဲ့တာ တော်တော်ကြာခဲ့ပါပြီ။ ကိုယ်တွေ့တွေအများကြီးထဲက နည်းနည်းလောက်ပြောပြချင်လို့ပါ။ အပြင်ကအတိုင်းရေးထားရတာမလို့ ဆ ဲတာဆိုတာလေးတွေတော့ သည်းခံဖတ်ပေးဖို့တောင်းဆိုပါရစေဗျ။
စပြောပြချင်တာက ကျွန်တော့်အကြောင်းပါ။
1- ကျွန်တော်က အရက်နဲ့မတည့်ပါဘူး။ မတည့်ပေမယ့်လည်း သောက်ချင်တဲ့အခါသောက်ပါတယ်။ မူးလာရင်လဲသွေးဆိုးပါတယ်၊ တော်တော်ကိုဆိုးတဲ့အထဲပါပါတယ်။
ပထမဆုံးပြောပြချင်တာက လွန်ခဲ့တဲ့၃ နှစ်လောက်က အကြောင်းပါ။
ကျွန်တော်အသက် ၂၀ အရွယ်လောက်တုန်းကပေါ့။ အိမ်နဲ့စကားများပြီး တစ်မြို့ထဲကပဲ အဖေ့ရဲ့သူငယ်ချင်းတစ်ယောက်ရဲ့အလုပ်မှာ နေစားငြိမ်းသဘောမျိုးနဲ့ အလုပ်လုပ်ရင်းသွားနေခဲ့တယ်။ ပိုင်ရှင်ကအဖေနဲ့ဘော်ဒါအရင်းကြီးဆိုတော့ ကျွန်တော့်ကိုသေချာဂရုတစိုက်ထားပေးပါတယ်။
အဲ့မှာ ကျွန်တော့်ကိုသီးသန့်နေဖို့ပေးထားတဲ့အခန်းမှာနေရပါတယ်။ အခန်းဖွဲ့စည်းပုံက အပေါ်ထပ်၊ လှေကားကတတ်လာရင် ပထမဆုံးကျွန်တော့်အခန်းရောက်တယ်ပေါ့။ အဲ့မှာကျွန်တော်နေရတော့ အခန်းကိုသေချာပြင်ဆင်တယ်။ Privateဆန်ဆန်နေရတာ ကြိုက်လို့ မှန်တပ်ထားတဲ့ပြတင်းပေါက်တွေကို စက္ကူတွေနဲ့ကာလိုက်တယ်။ အတိုချုံ့ပြောရရင် အခန်းကအလုံဖြစ်သွားတယ်ပေါ့။ တစ်ခုရှိတာက လှေကားဘက်မှာ ပြတင်းပေါက်တစ်ပေါက်ရှိတယ်။   အဲ့ပြတင်းပေါက်ကိုအသေပိတ်ထားတယ်၊ ဖွင့်လို့မရအောင်ပေါ့။(ဖွင့်ပြီးငုံကြည့်ရင် အောက်မှာ လှေကားပဲ။) ဒါအခန်းဖွဲ့စည်းပုံကိုပြောပြတာပါ။
အဲ့ကိုစရောက်တော့ အလုပ်သမားတွေအကုန်ပြန်သွားရင် ညအိပ်ကျန်ခဲ့တာ ကျွန်တော်ရယ်၊ ကျွန်တော့်အခန်းကိုကျော်သွားရင် တဖြောင့်ထဲရှိတဲ့ Hallခန်းထဲမှာ အိပ်တဲ့ စည်သူဆိုတဲ့ ကျွန်တော်နဲ့မတိမ်းမယိမ်းတစ်ယောက်ရယ် ၂ ယောက်ပဲရှိတာ။
စရောက်ရောက်ချင်းသတိထားမိတာက ဒီကောင်ကညဆို အရက်သွားဝယ်တယ်။ ပြီးရင်တစ်ကောင်ထဲသောက်တယ်။ ဒီကောင်နေတဲ့ Hallခန်းနဲ့ ကျွန်တော့်အခန်းကြားမှာ တံခါးတစ်ချပ်ရှိတယ်။ ဒီကောင်အရက်ဝယ်ပြီး ပြန်လာရင် အဲ့တံခါးကို ကန့်လန့်ထိုးပြီး အရက်သောက်မူးမှောက်ပြီးအိပ်တာ မနက်မှပြန်ဖွင့်တယ်။ အစတော့ ကျွန်တော့်ကိုဒီကောင်အရက်သောက်တာမသိစေချင်လို့လားပေါ့၊ မတိုက်ချင်တာဆိုလဲ အဲ့တုန်းက ကျွန်တော်က မသောက်တတ်သေးဘူး(အဲ့ကောင်ကြောင့်သောက်တတ်သွားတာ😅)။ အဲ့ဒါနဲ့ ၃ ရက်လောက်နေတော့ ကိုယ်ကပေါက်ကွဲပြီး မေးတာပေါ့။" အစ်ကို ညဆိုဘာလို့ ၉ နာရီတောင်မထိုးသေးဘူး တံခါးကိုပိတ်တာလဲပေါ့၊ အပေါ့အပါးဘာညာ ဘယ်လိုသွားလဲပေါ့ "
မေးတော့ ဆရာသမားက
"ငါ့ညီရေ မင်းသိလာလိမ့်၊ ငါမပြောသေးဘူး၊ မင်ကော ညဘယ်အချိန်လောက်ထိအောက်ဆင်းလဲ၊ တစ်ခုခုထူးခြားတာ မရှိဘူးလား"ဆိုတော့
"မရှိဘူးပေါ့၊ ကိုယ်က အခုအမျိုးသမီးနဲ့အဲ့တုန်းက ရည်းစားဖြစ်ခါစ၊ ချစ်ကြည်နူးတစ်တီတူးပြီး VC ကို မနက် ၂ နာရီလောက်ထိ အပေါ်တတ်လိုက်၊ အောက်ဆင်းလိုက်ပြောနေတာ ဘာမှကိုသတိမထားမိဘူး။ ဒါနဲ့ ဘာမှဆက်မပြောတော့ဘဲ ဒီညတော့ သတိထားကြည့်မယ်ဆိုပြီး ကိုယ့်အခန်းကိုယ်ပြန်လာခဲ့လိုက်တယ်။ အဲ့ညတော့ ဆရာသမားက ၁၂ နာရီလောက်အပေါ့သွားဖို့ အောက်ဆင်းသွားလေရော။ သိပ်မကြာခင်ပြန်တတ်လာတော့ ချွေးတွေရွှဲပြီး လှေကားကိုခုန်ပြေးမတတ်ရုံတမယ် တတ်လာတယ်။ ကျွန်တော်က လှေကားထိပ်မှာ ဆေးလိပ်လေးဖွာရင်း ချစ်သူက နေမကောင်းဘူးဆိုပြီး စောစောအိပ်သွားလို့ Game ဆော့မယ်ဆိုပြီးထိုင်ဆော့နေတာ။ ကျွန်တော့်ကိုပါ
"ဟျောင့် အခန်းထဲမြန်မြန်ဝင်တော့"
ဆိုပြီး ခပ်သုတ်သုတ် သူ့အခန်းထဲလစ်ပြီး တံခါးပိတ်သွားရော။
ကိုယ်လဲ
"ဒီဘဲ ကြေကွဲနေတာလားပေါ့ ကြောင်တောင်တောင်နဲ့"
ဆိုပြီး အေးဆေးဆက်ဆော့နေတာပေါ့။
သိပ်မကြာလိုက်ဘူး။ လှေခါးအောက်နားကနေ
"မင်းထက်ရေ... မင်းထက်ရေ..."
ဆိုတဲ့ တုန်တုန်ရီရီ အဘွားကြီးအသံကြားလိုက်ရတယ်။ နည်းနည်းတော့ကြောင်သွားတာပေါ့။ ဒီနေရာမှာ ငါကအခုမှရောက်တာ ငါ့ကိုသိတဲ့သူကလဲ အိမ်နာမည်တော့ ခေါ်စရာအကြောင်းမရှိဘူး၊ ရှိရင်တောင် ရှေ့၊နောက်၊ တောင်၊မြောက် အကုန်သော့ခတ်ထားတာ ဘယ်သူမှ ဝင်လာစရာအကြောင်းမရှိဘူး။ ငါများစိတ်ထင်တာလား ဆိုပြီး ဆက်ထိုင်နေတာ
နောက်တစ်ခါထပ်ကြားရပြန်ရော
"မင်းထက်ရေ... မင်းထက်ရေ..."
နဲ့ ဒီတစ်ခါအသံက ပိုနီးလာရော လှေကားရင်းလောက်ကထင်ရတယ်။ လှမ်းကြည့်တော့ အောက်ထပ်မီးတွေကို ဟိုမအေဘေးက ပိတ်ခဲ့တော့ ဘာမှမမြင်ရဘူး။ ကိုယ်လဲနည်းနည်းတော့ တွန့်သွားမိတယ်။ "ဘာလဲပေါ့"
မဖြစ်တော့ဘူး ဆင်းကြည့်မယ်ဆိုပြီး Gameကိုထွက်၊ Screenကို ပိတ်တုန်း
"မင်းထက်ရေ... မင်းထက်ရေးးးးးးးးးးး"
ဆိုတဲ့ ယောကျာ်းသံ အသံနက်ကြီးနဲ့ ထအော်ပါလေရောဗျာ။
Fu*kလို့တောင် ရေရွတ်မိပါရဲ့ လူဆိုတုန်တတ်သွားတာပဲ။ ဒါပေမယ့် သိပ်တော့လဲမကြောက်မိ။
(အမေဘက်က အဖိုးကော၊ ဦးလေးတွေကောက သရဲဆို တစ်ပိသာဘယ်စျေးရလဲဆိုတဲ့လူစားတွေ၊ သူတို့နဲ့ငယ်ငယ်တည်းကနေလာရတော့ သိပ်တော့မကြောက်တတ်တော့ဘူး)
သတိပြန်ဝင်လာမှ ငါ့ကိုဒီလိုလာစမ်းလို့ရမလားဆိုပြီး
"မ င်း ေ မ - ိုး လား၊ ဘယ် မ ေ အ - ိ ုး လဲကွ" ဆိုပြီး အခန်းထဲက ဆောင်နေကြ ဓားမြောင်ကို ပြေးယူပြီး ဆင်းလာတော့ လှေကားတစ်ဝက်ပဲရောက်သေးတယ်။ အောက်ထပ်ကတံခါးကို "ဝုန်း"ခနဲ ထုသွားတဲ့ အသံပဲကြားပြီး အောက်လဲရောက်ရော ကိုယ်လဲမီးတွေလိုက်ဖွင့်တာပေါ့။ ဘာဆိုဘာမှမရှိဘူး။ အကုန်ပတ်ရှာ၊ ပတ်ဆဲ ၊ ခုန်တွေ စားပွဲတွေ ပိတ်ကန်ပြီး သောင်းကျန်းပေးလိုက်တာ ငြိမ်သွားရောပေါ့။ ကိုယ်လဲ ဒေါသကထွက်၊ လူကမောမော နဲ့ အခန်းပြန်တတ်ပြီး အိပ်လိုက်တာ အဲ့ညက ချစ်သူလေးကိုတောင် "Good night.Sweet Dream ဘာညာ မပို့လိုက်ရဘူး။ ခါတိုင်း အိပ်ခါနီးရင် တစ်ခါပို့နေကြ"
အဲ့ဒါနဲ့ မနက်ရောက်တော့ အကုန်စောင့်နေကြတာပေါ့။ ငါ့ကိုတစ်ခုခုများ Surprise လုပ်ကြမလို့ထင်တယ်ဆိုပြီး တွေးနေတုန်း ပိုင်ရှင်ဘဲကြီးရောက်လာပြီး "မင်းမနေ့ညက ဘာတွေလုပ်နေတာလဲ၊ ခုံတွေ ရေဘူးတွေလဲ ကွဲပြဲကုန်ပြီဘာညာနဲ့" Phone ထဲက CCTV ပြြီးပကွိုင်ပါလေရော
ကိုယ်လဲပြောမယ်အလုပ် ဟိုကောင်က နားနားကပ်ပြီး
"အဲ့အကြောင်းသွားမပြောနဲ့ မင်းကိုပိုကွိုင်လိမ့်မယ်"
ဆိုတာနဲ့
"ညက ကျွန်တော်နည်းနည်းမူးသွားလို့ပါ"
ဆိုပြီး တောင်းပန်လိုက်ရတာ။
တကယ်က ကိုယ်ကမသောက်တတ်သေးဘူး။
"မင်းတို့ကောင်တွေ ငယ်ငယ်လေးနဲ့အရက်သမားဖြစ်နေပြီ၊ လျှော့သောက်ကြ အရက်ဆိုတာကောင်းတဲ့အရာမဟုတ်ဘူး ဘလာဘလာဘလာ"
ဆိုပြီး အားရအောင်ပြောပြီး ဒိုးသွားကော။
ဟိုကောင့်ကိုကြည့်တော့ ပြုံးဖြီးဖြီးနဲ့ ကျွန်တော့်အနားလာပြီး
"ငါဒီနေ့ညတော့ အိမ်ပြန်ရမယ်တဲ့၊ ဘိုးတော် နေမကောင်းဘူး တော်တော်ဆိုးနေတယ်ပြောတာနဲ့ ပိုင်ရှင်ဘဲကြီးကိုလဲ ခွင့်တောင်းထားတယ်ပေါ့"
ကိုယ့်ထက် တစ်နှစ်လောက်ပဲကြီးလို့ အစ်ကိုဘာညာလုပ်မနေတော့ဘူး။
"မင်းသွားတော့ ငါတစ်ကောင်ထဲ ဘယ်လိုလုပ်ရမှာလဲပေါ့၊ ပြောမယ်လုပ်တုန်းကလဲ မင်းမပြောနဲ့ဆိုလို့ ငါမပြောတာ အခုကျ မင်းကြောက်လို့ပြေးတာငါသိတယ် ဟျောင့်၊ မပြန်နဲ့ ဘာညာ"ပြောပေမယ့် အဲ့တုန်းက Covid တတိယလှိုင်း ဒီကောင့်အဖေကသံသယလူနာမလို့ ညနေစောင်းတော့ အထုပ်အပိုးတွေယူပြီး ပြုံးစိစိနဲ့လစ်သွားခဲ့တယ်။

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now