76

204 12 0
                                    

ကျွန်မ ချောက်မြို့ကဘိုတဲအကြောင်းရေးတဲ့တစ်ယောက်ပါရှင်။
ဒီတစ်ခါတော့ သရဲအကြောင်းမဟုတ်ပါဘူးရှင်။
ယုံရခက်ခက် မယုံရခက်ခက်ပေမယ့် ကျွန်မကိုယ်တိုင်လောလောလတ်လတ် မကြာသေးခင်က လက်တွေ့ကြုံခဲ့ရတဲ့အဖြစ်မို့ရော ဒီgroup ထဲမှာလည်း တချို့မေးထားကြတာတွေရော တွေ့ရလို့ တချို့တလေအတွက်အထောက်အကူရစရာဖြစ်လိုဖြစ်ငြားရောရယ် ရေးပါတယ်ရှင်။
ကျွန်မကအခု မော်လမြိုင်နဲ့ရန်ကုန်ကူးချည်သန်းချည်နေနေတာပါ။ရန်ကုန်ကတော့မူလဇာတိမိဘအိမ်၊မော်လမြိုင်ကတော့ အခုအမျိုးသားရဲ့အလုပ်နေရာမို့ ရန်ကုန်နဲ့မော်လမြိုင် သွားလိုက်ပြန်လိုက်ပေါ့။
လွန်ခဲ့တဲ့ ၈လလောက် မှာ ကျွန်မညာဘက်ခြေဖနောင့်နားက စနာပါတယ်။လမ်းလျောက်ရက်မျက်မျက်သွားတယ်။သိပ်မသိသာသေးပေမယ့် စိတ်ပူတော့ ဆရာဝန်ပြပါတယ်။အရိုးအထူးကုနဲ့ပါ။ဓါတ်မှန်ဘာညာရိုက်တော့ ဒဏ်ကြောင့်ဖြစ်တာ အနားပေးပေါ့လေ။ဆေးတွေလည်းသောက်ပေါ့။ ဒါပေမယ့် မသက်သာပါဘူး။ အနားပေးပါဆိုပေမယ့်လို့ အိမ်ရှင်မဆိုတော့ လုံးဝအပြတ်တော့မနားရဘူးပေါ့လေ..နာရင်နား သက်သာတော့ပြန်ထပေါ့..အဲ့လိုနဲ့ပိုဆိုးလာပါတော့တယ်..ခြေချင်းဝတ်ကစလို့ယောင်ကိုင်းပြီး ဂျိုင်းထောက်နဲ့ပါလျောက်ရတဲ့အဖြစ်ဖြစ်သွားပါလေရော..မော်လမြိုင်မှာတင် အရိုးအထူးကု ၃ယောက်နဲ့လှည့်ပြ ဓါတ်မှန်တွေထပ်ရိုက် စစ်စရာရှိတာအကုန်စစ် ၊ အရွတ်ကပဲဖြစ်သလိုလို ကြွက်သားလိုလို ခြေမျက်စိထဲကရေအိတ်ယောင်သလိုလို နဲ့ လိုလိုသာများလာပြီး မသက်သာတဲ့အပြင် ပိုဆိုးလာသလိုပါပဲ။
မဖြစ်တော့ဘူးဆိုပြီး ရန်ကုန်ဆင်းလာ ဝါရင့်အထူးကုကြီးနဲ့ထပ်ပြ ထပ်စစ် ပိုက်ဆံတွေလည်းကုန်လိုက်တာအရမ်း၊ရောဂါကတော့မသက်သာခဲ့ပါဘူး။
ဆေးတွေတစ်ပွေ့တစ်ပိုက်နဲ့မော်လမြိုင်ပြန်လာပေါ့
တစ်သက်လုံးပဲ ဂျိုင်းထောက်နဲ့နေရတော့မလား
တော်တော်စိတ်ဓါတ်ကျရပါတယ်
နေ့စဥ်ဘဝကိုဂျိုင်းထောက်နဲ့ပဲ လှုပ်ရှားရင်း ဘယ်လိုကုရမလဲ? သူများလို ဘန်ကောက်ပဲပြေးရမလား..ကိုယ်လည်းအချမ်းသာကြီးမဟုတ်တော့ အမျိုးမျိုးစဥ်းစားပေါ့လေ..
သက်ြန်မကျခင်မှာ အသိတစ်ယောက်မော်လမြိုင်ကိုအလည်လာပါတယ်..ဘုရားစုံလိုက်ပို့ပေါ့လေ..ပို့ရင်းနဲ့သူက တရုတ်လူမျိုးဆိုတော့ မော်လမြိုင်မှာနာမည်ကြီးတဲ့ဘုံကျောင်းတစ်ခုတော့ ရှိတယ်..စိတ်ဝင်စားရင်ပို့ပေးမယ်ဆိုပြီး ပို့ပေးဖြစ်ခဲ့ပါတယ်။ကိုယ်လည်းကြားဖူးပေမယ့် မအားတာ မကြုံတာနဲ့တခါမှမရောက်ထူးသေးပါဘူး။ဘုံကျောင်းနာမည်ကိုတော့ အမှုမဲ့မို့သေချာ မသိပါ..ကျွန်မညံ့ဖျင်းမှုပါ..စမ်းကြီးဘုံကျောင်းလို့ ခေါ်ကြပါတယ်။
အန်းကုန်းလို့ သူတို့ခေါ်တဲ့ ဘိုးတော်ကို ဘုံကျောင်းမှာ ဗေဒင်မေးလို့ရပါတယ်တဲ့..ရန်ကုန်ကလည်းတချို့တော်တော်လာကြတယ်ပြောကြပါတယ်..
ကျွန်မတို့ရောက်တော့လည်း မေးနေကြသူတွေရှိကြပါတယ်..ကိုယ်လည်းအမှုမဲ့ပါပဲ..ဟိုကြည့်ဒီကြည့်ပေါ့..နောက်မှ လိုက်ပို့ပေးတဲ့မြို့ခံအကိုက အစ်မ မမေးတော့ဘူးလား မေးလေ..အန်းကုန်းကမှန်တယ် ဆိုတော့ ငါဘာမေးရမလဲတောင်ဖြစ်သွားပါတယ်..ချက်ချင်းဘာမေးရမယ်မှန်းမသိ..လူကလည်းစိတ်ဓါတ်တော်တော်ကျနေပြီလေ..ခြေထောက်နဲ့..
ခြေထောက်နာနေတာပဲမေးချင်ပါတယ် ဆိုတော့ ဘုံကျောင်းလူကြီးအဘ က မေးပေးပါတယ်..ခြေထောက်နာနေတာ ကြာပြီ ဘာဖြစ်တာလဲ ဘာလုပ်ရမလဲ ဆိုတော့ ကျွန်မကို သူများလုပ်ထားတယ်..ကြာနေပြီ..၆လကျော်ပြီ..အခုကြက်ဥဆရာဆီသွားတဲ့..
ကြက်ဥဆရာ ဆိုတာ ကျွန်မစာရေးရင်းရှင်းပြပါမယ်..
ကြက်ဥဆရာက ဘယ်မှာလဲဆိုတော့ ကျိုက်မရောမြို့ရဲ့အလွန်က မြွေဟောက် ဆိုတဲ့ရွာမှာပါတဲ့..ပြောရရင် အပင်းကုပေးတဲ့ဆရာတဲ့..
ကျိုက်မရောကနေ နာရီဝက် လေးဆယ့်ငါးမိနစ်လောက်ကားမောင်းရပါတယ်..ဆရာ့ဆီသွားရင်လမ်းမှာကြက်ဥဝယ်သွား ကိုယ့်စိတ်ကြိုက်ရွေးဝယ်သွားလို့ ဘုံကျောင်းကမှာလိုက်ပါတယ်..ကျွန်မတို့လည်းလမ်းမှာကြက်ဥဝင်ဝယ်သွားလိုက်ပါတယ်။ရွာရောက်တော့ မေးရင်းနဲ့ဆရာ့အိမ်ရောက်ပါတယ်။ကျေးလက် ကရင်အိမ်မြင့်မြင့်လေးပါ။
ကျွန်မတို့ရောက်တော့ အစ္စလာမ်မိသားတစ်စုဆင်းသွားတာနဲ့ကြုံပါတယ်..သူတို့လည်းဆေးလာကုတာပါ..
လှေကားကျဲကျဲမြင့်မြင့်ကို ကျွန်မ မနည်းတက်ရပါတယ်..အိမ်ပေါ်မှာတော့ ဘုရားစင်ရယ်..ဘုရားပွဲတစ်ပွဲရယ်..ဖျာအစုတ်လေးတစ်ချပ်ခင်းထားပါတယ်..
ဆရာက ကွမ်းယာလေးမြုံပြီး အဲ့ရှေ့မှာထိုင်နေပါတယ်..အသက် ၅၀ နဲ့ ၆၀ ကြား..ကရင်လူမျိုးပါ..
အဝတ်အစားလည်းအိမ်နေရင်းဟောင်းနွမ်းနွမ်းပါပဲ..
ဘုံကျောင်းကလွှတ်လိုက်တာပါ ပြောပြီး ဘုရားပွဲထဲကို ၇၅၀၀ ကျပ်လှူရပါတယ်..
ပြီးတော့ ဖျာလေးပေါ်မှာခြေဆင်းထိုင်ခိုင်းပါတယ်..
ခေါင်းရင်းနားမှာ ဖယောင်းတိုင်ထွန်းတယ်..ပြီးတော့ကျွန်မတို့ဝယ်လာတဲ့ ကြက်ဥကိုယူပြီး လူကိုကြက်ဥနဲ့သပ်ပြီး ခြေရင်းမှာခွဲချလိုက်ပါတယ်..ခြေရင်းမှာ ကြွေရည်သုတ်ပန်းကန်ပြားအလွတ်လေးတွေထားထားပါတယ်..
ကျွန်မကြက်ဥကိုလည်းခွဲလိုက်ရော ပလုပ်ကနဲ ဘာတွေမှန်းမသိတာတွေအထုတ်လိုက်ထွက်ကျလာပါလေရော..
အနံ့ကလည်း ထောင်းကနဲကိုပုတ်ဟောင်တာများ ဘယ်လိုပြောပြရမယ်ကိုမသိပါဘူး..ကျွန်မကားမောင်းတဲ့ကလေးဆို တဝေါ့ဝေါ့နဲ့ထပြေးပါလေရော..မလတ်တဲ့ကြက်ဥအနံ့မျိုးလည်းမဟုတ်ပါဘူး..တကယ့်မသတီစရာအပုတ်နံ့ကြီးပါ။
လက်ဖက်အရွက်လိုအရွက်တွေ ဆံပင်တွေ အမြစ်တွေ အစုံပါပဲ..ကြက်ဥထဲကထွက်လာတာ..ဖြန့်ကြည့်လိုက်တော့တော်တော်များတယ်..
ရပြီ..တဲ့
ဆရာ ကျွန်မကိုသူများလုပ်တာပေါ့နော် ဘယ်မှာဘယ်လို ဘယ်သူကများဆိုတော့ ဆရာအဲဒါတော့ပြောခွင့်လည်းမရှိ မသိချင်ပါနဲ့တဲ့ နောက်လည်းအန္တရာယ်ကင်းအောင်လုပ်ပေးပါမယ်တဲ့ ခြေထောက်သက်သာသွားလိမ့်မယ် တဲ့..
ချက်ချင်းကြီးကိုယ်ဝယ်လာတဲ့ကြက်ဥဆိုတော့ ယုံလည်းယုံ မယုံလည်းမယုံပေါ့
ဆရာ့ကိုမယုံလို့တော့မဟုတ်ပေမယ့် ပိုသေချာအောင် သွားတဲ့သူအကုန်လုံးစစ်လိုက်မယ်ဆိုပြီးစစ်ဖြစ်ခဲ့တယ်..ကျွန်မတစ်ယောက်ပဲ အဲ့လိုဖြစ်တာ..ကျန်တဲ့သူတွေကြက်ဥကကြော်စားလို့တောင်ရ ..အဟီးး
ဆရာ့အိမ်က ပြန်ဆင်းတော့ လှေကားမတ်မတ်မှာ ကျွန်မဆင်းလို့သိသိသာသာကိုအဆင်ပြေတယ်..ဂျိုင်းထောက်ကိုမသိမသာလွှတ်ကြည့်တော့ နာတာမရှိတော့ဘဲ ခြေထောက်ထဲက လေးနေတာကြီးမရှိတော့သလို သိသိသာသာကို ပေါ့ပါးသွားရတာပါ..
စိတ်ချရအောင်ဆိုပြီး ၂ခေါက်သွားခဲ့ပါတယ်..
လုံးဝကိုဘာအတိုက်အခိုက် အပင်းမှ မရှိတော့ပါဘူးတဲ့..ကျွန်မလည်းဆေးတစ်ခြမ်းလေးတစ်စိတ်လေးတောင်သောက်ဖို့ လိမ်းဖို့မလိုတော့ပါဘူး..
ရန်ကုန်မှာအထူးကုဆရာကြီးနဲ့ပြတော့ ဆရာကြီးက ဒီလောက်ယောင်နေတာ လေးဘက်နာလည်းနွှယ်နေသလားမသိပါဘူးဆိုပြီးဆေးတွေအများကြီးပေးလိုက်တာ ၃လစာပါ..
ဆေးတွေသောက် မသက်သာ အိပ်မပျော် နဲ့မို့ စိတ်တွေလည်းပေါက်လာပြီး တစ်လစာမပြည့်တပြည့်မှာ ကျွန်မဘာဆေးမှမသောက်မလိမ်းတော့ပါဘူး..ကြက်ဥဆရာဆီမကုခင် တစ်လခွဲလောက်ကတည်းက ဆေးတွေဒီအတိုင်းပစ်ထားလိုက်တာပါ..ဆိုလိုချင်တာက ဆေးcourse ပြည့်သွားလို့ သက်သာသွားတာမဟုတ်တာကို ကိုယ်တိုင်ခံစားသိရလို့ပါ..
လူလည်းစိတ်ဓါတ်တွေကျပြီး ဘုရားတရားပဲဖိလုပ်မယ်ကြံရင်တစ်ခုမဟုတ်တစ်ခုထပ်ဖြစ်ပြီပဲ..လပြည့်နေ့ဘုရားမှာ ပရိတ်ပဌာန်းစုရွတ်ကြမယ်ချိန်းထားပြီး လပြည့်မတိုင်ခင်ညမှာ ဂျိုင်းထောက်ကြီးနဲ့ကို ခြေသုတ်ဝတ်နဲ့ငြိပြီး မှောက်ရက်ကြီးမျက်နှာနဲ့ကြမ်းနဲ့ရိုက်လဲကျပါတယ်..ကျွန်မစိတ်နေကျပုတီးကို စိတ်နေရင်းနောက်ရက်ဘယ်ထားမိမှန်းမသိတာ ရန်ကုန်အိမ်ရော နယ်အိမ်ရောမွှေနှောက်ရှာတာ မတွေ့..အခုမှရန်ကုန်အိမ် အိပ်ယာခေါင်းရင်းမှာချိတ်ရက်သားပြန်တွေ့ပါတယ်..
ခြေထောက်က ညရောက်ရင် ညိုတင်းပြီးနေရခက်ပြီ..အိပ်ဆေးဘယ်လောက်သောက်သောက်အိပ်မပျော်ပါဘူး..နာရီတိုင်းနိုးနေရတာ ၆လကျော်ပါတယ်..
တိုက်ဆိုင်မှုတွေကတော့အတော်ကိုများပါတယ်..
ကြက်ဥဆရာဆီမရောက်သေးခင်ဆယ်ရက်လောက်မှာ အိမ်မက်ထဲမှာလာပြောတာကြားရပါတယ်..အဂ်ုလိမာလသုတ်ကို ၃ခေါက်ရွတ်နော်..ခြေထောက်သက်သာသွားမယ်တဲ့..မနက်ကျတော့နိုးတာနဲ့ထရွတ်ဖြစ်ပါတယ်..အဲဒီနောက်မှာ ဆရာ့ဆီရောက်တာပါပဲ..
အခုတော့ ခြေထောက်က နာဖူးတဲ့ခြေထောက်မဟုတ်သလိုပါပဲ..အဆင်ကိုပြေလို့..ယောင်တယ်ဆိုတဲ့ရေအိတ်လည်းမတွေ့ရတော့..ဘာမှကိုမဖြစ်တော့ပါဘူး..
ငါ့ခြေထောက်တော့ သွေးရိုးသားရိုးမဟုတ်ဘူးထင်တယ်လို့ တခါတလေတွေးမိပေမယ့် ခုခေတ်မှာက ဟုတ်တာရောမဟုတ်တာရော ဘာမှန်းမသိတော့ ဘယ်ဆရာဆီဘယ်လိုစစ်ပြီးကုရမယ်လည်းမသိဘူးလေ..ယောက်ျားကလည်း ဘုရားကလွဲရင်ကျန်တာ အယုံအကြည်မရှိသူဆိုတော့ ယောက်ျားရေ ကျုပ်ပယောဂစစ်ကြည့်မယ်ဆိုရင် လက်ခံမယ်မထင်..ဆေးကုစရိတ်တောင်အတော်ထောင်းနေတာရော မသွားနိုင်မလာနိုင်နဲ့ကိုယ့်ကို သူပြန်ဂရုစိုက်နေရတော့ကိုယ့်မှာလည်း ကြာတော့စိတ်အားငယ်လာရတော့တာလေ..
အဲဒီကာလကတော့ တကယ့်ကို ဆိုးဆိုးရွားရွားပါပဲ
ကံအကြောင်းတိုက်ဆိုင်တော့လည်း ငွေလေး ၇၅၀၀ နဲ့ပဲ မယုံနိုင်စရာအဆင်ပြေသွားရပါတယ်။သိပ္ပံခေတ်ပေမယ့် ကိုယ်မမြင်ရ ကိုယ်မသိတဲ့ ဒုက္ခပေးနိုင်တာတွေရှိသေးပါလားလို့လဲသိခဲ့ရတယ်..
ရတနာ၃ပါး ကို သေချာဆည်းကပ်ပြီး သီလမြဲ၊အမြဲတရားစာရွတ်ဖတ်နေရင် ဘာအန္တရာယ်မှမရှိဘူးလို့ပဲ နေခဲ့တာပါ..
ကြုံရတာအမျိုးမျိုးကိုနော်..

သရဲအကြောင်းမဟုတ်ပေမယ့် ထူးဆန်းပြီးကျွန်မကိုယ်တိုင်အဆင်ပြေခဲ့လို့မျှဝေပေးတာပါနော်..ကြော်ငြာတာလည်းမဟုတ်ပါဘူး..ကြော်ငြာခလည်းမရပါဘူး😀
ကျွန်မဖြစ်တော့မှအသိတွေနဲ့စကားစပ်ဖြစ်ရင်း တချို့လည်း ကျွန်မလိုပဲရောဂါရှာမရဖြစ်ပြီး သေလုမြောပါးဖြစ်ရာကနေ ဘုံကျောင်းနဲ့ကြက်ဥဆရာဆီရောက်မှရောဂါပျောက်သွားရတဲ့အကြောင်းတွေလည်းထပ်ပြီးသိခွင့်ရခဲ့ပါသေးတယ်။နိုင်ငံခြားနဲ့အမြဲသွားလာနေတဲ့သူဌေးတွေ ပညာတတ်တွေ အစုံပါပဲ။တချို့လည်း အစကလက်မခံပေမယ့် အဆင်ပြေသွားလည်း မော်လမြိုင်သွားလည်တယ်သဘောထားရမှာပေါ့ဆိုပြီးလာကြရင်း သုံးလေးနှစ်လောက်ကုမရဖြစ်နေကြတာတွေကောင်းသွားကြတာတွေရော သိခဲ့ရပါတယ်။

ကျွန်မရဲ့ကြက်ဥပုံလေးလည်းတင်ထားပေးပါတယ် admin များရှင့်..အဆင်ပြေရင်ခွင့်ပြုပေးပါနော်..
အကယ်၍များ သွားရောက်ကုသချင်ရင်လည်းကျွန်မလမ်းညွှန်ပေးပါမယ်..နယ်မှာဆိုတော့ ခရီးသွားတည်းခိုစရိတ်တော့ကုန်မှာပါ..ဆရာ့ပညာကြေးကတော့ ၇၅၀၀ ပါပဲ..ဘုံကျောင်းမှာလည်းကိုယ်လှူချင်မှစေတနာပါသလောက်လှူရတာပါ..
အခက်အခဲဖြစ်နေလို့ ကျွန်မလိုတိုက်ဆိုင်ပြီးရောက်ဖြစ်ခဲ့ရင် ဝေဒနာသက်သာပျောက်ကင်းတော့လည်း ဝမ်းသာရတာပေါ့ရှင်..
#crd

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now