68

222 11 0
                                    

ဖောင်ကြီးသင်တန်းကကားမီးလောင်တဲ့ဖြစ်ရပ်မှန်လေးပြောပြအုံးမယ်
ကျမဆယ်ကျော်သက်အရွယ်ကပေါ့ကျမတို့အိမ်ဘေးကအမတစ်ယောက်ကဖောင်ကြီးသင်တန်းသွားပီးကားမီးလောင်တဲ့ထဲပါသွားခဲ့တယ်
အကြောင်းရင်းအစကအိမ်ကခိုက်တယ်လို့ယူဆရမှာပဲ
သူတို့မိသားစုကျမတို့ဘေးအိမ်ကိုမပြောင်းလာခင်အဲ့အိမ်မှာနေတဲ့အရင်မိသားစုကစီးပွားအရမ်းဖြစ်တယ်တစ်နေ့အိမ်အကြီးကြီးပြန်ပြင်ဆောက်ပီးတဲ့နောက်မှာအဲ့အိမ်ကအိမ်ထောင်ဦးစီးဖြစ်တဲ့ဦးလေးကအိပ်ယာထဲလဲရောပထမတော့ရိုးရိုးကျန်းမာရေးမကောင်းတာပဲထင်တာနောက်ကျတော့မှဆရာပင့်ပီးရွတ်ဖတ်တော့‌အိမ်မှာရေမန်းတွေပတ်၊ဆန်တွေဖြန်းရင်းခြံထဲမြေကြီးနေရာကနေအင်းပြားကြီးထွက်လာရောအဲ့ကျမှအောက်လမ်းနဲ့လုပ်ထားတာသိရပီးအဲ့အင်းပြားကြီးကိုမြေအိုးထဲထည့်လှော်တာ၊နောက်ကျလုပ်တဲ့သူရောအဲ့အိမ်ကလူတွေရောပြောင်းသွားကြပီးလူသစ်တွေရောက်လာပေါ့၊အဲ့ပြောင်းလာတဲ့မိသားစုကလည်းကျမတို့နဲ့အိမ်ချင်းကပ်ဆိုတော့ခင်ကြတာပေါ့သူတို့မိသားစုကသားအမိတွေကြီးပဲနေကြတာ၊တစ်ရက်အဲ့ကအမတစ်ယောက်ကမင်္ဂလာဆောင်ခါနီးသူ့အမေကဗေဒင်မေးတော့ အမကတနင်္ဂနွေသူ့အမျိုးသားကဗုဒ္ဓဟူးမို့လို့တဲ့ယူရင်သေကွဲကွဲတတ်ကြောင်း၊ဗေဒင်ဟောလို့အမေလုပ်သူကသဘောမတူတော့အဲ့အမကမတူလည်းခိုးပြေးမှာဘာညာပြောတော့ပေးစားလိုက်ရရော၊အဲ့မှာအဲ့အမရောသူ့အမျိုးသားရောကဝန်ထမ်းတွေပေါ့သူတို့အိမ်ထောင်ကျပီးသားလေးမွေးတော့တအိမ်လုံးကတုန်နေအောင်ချစ်ကြတာပေါ့အဲ့အမကလည်းအလုပ်ကထွက်မယ်ဆိုပီးစာတင်ထားတယ်အစိုးရဝန်ထမ်းဆိုတော့ချက်ချင်းထွက်မရဘူးပေါ့၊သူ့နေရာရာထူးအတွက်လူရရင်ထွက်ရမယ်ဆိုပီးနေတာနောက်သူတို့ဖောင်ကြီးသင်တန်းတက်ရရော အဲ့မှာသင်တန်းမှာကားမီးလောင်ပြီးသတင်းရတော့သူ့အမျိုးသားကလိုက်သွားတော့အလောင်းတွေကမဲတူးနေတာတဲ့ဘယ်သူမှန်းမသိရတော့ခွဲမရတာရောလက်မခံချင်တာရောပေါင်းပီးသေဆုံးသူမှာအတည်မပြုပေးဘူးပေါ့နောက်ကျသူ့အမျိုးသားကိုအိပ်မက်ပေးတယ်တဲ့သူတို့လက်ထပ်လက်စွပ်လေးလာယူပါတဲ့အဲ့လိုမက်တော့သွားပြန်ကြည့်တော့အလောင်းတစ်ခုရဲ့လက်မှာလက်စွပ်လေးတွေ့မှသူ့မိန်းမပါဆိုပီးအတည်ပြုလိုက်တယ်ငိုလိုက်သူ့ယောကျာ်းကတငိုင်ငိုင်တထွေထွေနဲ့ပေါ့၊ညဆိုရငင်အဲ့အမကအိမ်ရှေ့ကနေမတ်တပ်လေးရပ်ပီးကြည့်နေတာညတိုင်းတွေ့ရတယ်၊နောက်အတော်ကြာတော့သူ့အမျိုးသားကနောက်အိမ်ထောင်ပြုသွားရင်သူစိမ်းနဲ့သူခလေးကိုမထားနိုင်ကြောင်းအိပ်မက်တွေပေးလို့အဲ့အမရဲ့ညီမအငယ်နဲ့ပေးစားပီးသူတို့လည်းပြောင်းသွားကြတယ်၊အဲ့အိမ်ကိုနောက်ဝယ်လိုက်သူကပန်ချီဆရာကြီးဦးလွန်းကြွယ်တို့မိသားစုကဝယ်လိုက်ပြီးပန်ချီခန်းဖွင့်လိုက်သေးတယ်၊ကျမတို့လည်းပြောင်းခဲ့တော့နောက်ပိုင်းတော့မသိရတော့ဘူးဘာဆက်ဖြစ်လဲဆိုတာပေါ့၊အဲ့အမကိုမျက်စိထဲကကိုမထွက်ဘူး သနားလွန်းလို့
#crd

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now