105

204 13 0
                                    

နာဂစ် နှင့် ကြေကွဲစရာဝိညာဥ်များ

2008ခုနှစ် မေလ3ရက်နေ့ဟာ မြန်မာတစ်ပြည်လုံးကမေ့မရတဲ့ရက်စွဲတစ်ခု

ပြည်သူပေါင်းများစွာ မိသားစုပေါင်းများစွာရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို နာဂစ်ဆိုတဲ့ ကြမ္မာဆိုးကြီးက ရက်ရက်စက်စက် ယူဆောင်သွားခဲ့တဲ့နေ့ပေါ့

ဒီအဖြစ်ဆိုးကြီးကြောင့် သေကွဲကွဲခဲ့ရတဲ့ ဝိညာဥ်အကြောင်းကို ကိုယ်တိုင်ကြုံခဲ့ရလို့ ရေးသားခြင်းဖြစ်ပါတယ်

လွန်ခဲ့တဲ့ ၁၂နှစ် နာဂစ်မုန်တိုင်းကြီးတိုက်ခဲ့တဲ့အချိန်တုန်းက ကျွန်မအသက်၈နှစ်လောက်ပဲရှိပါဦးမယ် ရန်ကုန်ကိုအဖျားခတ်ရုံတိုက်ခဲ့သောကြောင့် မုန်တိုင်းဒဏ်ကို ကျွန်မတို့ သိပ်မခံစားခဲ့ရပါဘူး

မုန်တိုင်းတိုက်တဲ့ည လေတွေမိုးတွေကြီးနေတဲ့အချိန် အမေ့ရင်ခွင်မှာကျွန်မတို့ ကြောက်ကြောက်နဲ့အိပ်နေတဲ့အချိန်မှာ ဧရာဝတီတိုင်းက လူတွေကတော့ ကမ္ဘာပျက်မတတ်ခံစားနေရမှာပေါ့

မုန်တိုင်းတိုက်ပြီးအခြေအနေတွေငြိမ်သက်သွားတော့ ကျွန်မတို့အိမ်ဘေးက မိသားစုဆီ ဧည့်သည်တစ်ဦးရောက်လာတယ် အိမ်ရှင် ဦးလေးကြီးရဲ့ညီပါ

သူက လပ္ပတ္တာ (စာလုံးပေါင်းမှန်လားမသိ) ကရွာတစ်ခုမှာနေတာ မုန်တိုင်းဒဏ်ကြောင့် တစ်မိသားစုလုံးအသက်ဆုံးရူံးပြီး သူတစ်ယောက်ပဲရှင်ကျန်ခဲ့တဲ့အတွက် အကိုရှိရာ ရန်ကုန်ကိုတက်လာခဲ့တာပေါ့

ကျွန်မတို့အိမ်နဲ့အဲဒီအိမ်နဲ့က အလယ်မှာနံရံတစ်ခုပဲခြားတယ် ပေနှစ်ဆယ်အိမ်ကိုဆယ်ပေစီခွဲနေကြတာပေါ့ အဲတော့ဟိုဘက်ကပြောသမျှဆိုသမျှအကုန်ကြားရတယ်

မုန်တိုင်းတုန်းကသူတို့မိသားစုကြုံခဲ့ရတာတွေကိုပြန်ပြောပြတဲ့အချိန်တုန်းက နားထောင်ရင်း ရင်ထဲတောင်မကောင်းဘူး

သူပြောပြတာလေးကိုပြန်ပြောပြမယ်
သူတို့မိသားစုမှာ သူရယ် သူ့မိန်းမရယ် သားလေးနှစ်ယောက်ရယ် သမီးလေးတစ်ယောက်ရယ်ရှိတယ် သားအကြီးဆုံးနဲ့သမီးလတ်က အသက်သိပ်မကွာဘူး ငါးနှစ်ခြောက်နှစ်အရွယ်လောက်ရှိမယ် အငယ်ဆုံးကလေးလေးက မွေးကာစလေးပေါ့

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now