139

174 11 0
                                    

ကိုယ်တွေငယ်ငယ်က ကိုယ့်အဖေကြောက်ဒူးတုန်နေအောင် ကြုံခဲ့ရတာလေး ပြောပြဦးမယ်။ ကိုယ့်အဖေက အစိုးရတာဝန်ကျတဲ့နေရာမှာ နေရတာဆိုတော့ နယ်စုံရောက်ခဲ့တယ်။ နောက်ဆုံးနေခဲ့တဲ့နေရာက နယ်ကြမ်းပါတယ်. သေးပေါက်ရင်တောင် ကန်တော့ ကန်တော့ ခွင့်လွှတ်ပါလို့ မပြောရင် နတ်ကိုင်ပါတယ် ၊ ပသီမောင်နှမ ပိုင်စိုးတဲ့နေရာဆိုတော့ စကားအပြောဆို ဆင်ခြင်ရတာပေါ့ . တစ်ညတော့ အဖေက ရုံးတွေကို စစ်တာ နောက်ကျသွားပါတယ် ၊ ည ၁၀ခွဲ ၁၁ လောက်မှ အဖေက စက်ဘီးနင်းပြန်လာတာပေါ့လေ . လပြည့်ညဆိုတော့ လကလဲ သာသာနဲ့ တစ်ယောက်တည်း လေချွန်ရင်း နင်းလာတာပါ. အဖေက တော်ရုံကြောက်ခဲပါတယ် . အဖေက သရဲမကြောက်တတ်ပါဘူး. လူပဲ ကြောက်တာပါ ၊ ဒီလို အဖေစက်ဘီးနင်းနေတဲ့အချိန် အဖေ့မျက်လုံးထောင့်ကနေ မြင်ရတာက မိန်းမတစ်ယောက် ထိုင်မသိမ်းထဘီနဲ့ ဆံပင်ဖားလားချပြီး လမ်းလျှောက်လာတာပါ . အဖေမြင်တာက လေထဲမှာ ရွေ့လာတာလို့ ပြောပါတယ် ၊ မျက်လုံးထဲ မြင်ကြည့်လေ ...လကလဲ သာသာ လမ်းမပေါ်မှာ တစ်ယောက်တည်း စက်ဘီးနင်းနေရင်း သူ့ဆီ ရွေ့လာတာကို ၊ ပြောရင်း ကြက်သီးတောင်ထတယ် ၊ အဖေက သိပါတယ် ၊ ပုံမှန် မဟုတ်ဘူးဆိုတာကို . စက်ဘီးကို အားစိုက်နင်းရင်းနဲ့ ရုတ်တရတ်ကြီး စက်ဘီးက အိကနဲ ဖြစ်လို့ နောက်လှည့်ကြည့်တာ အဲ့မိန်းမက အဖေ့နောက်ကနေ ခါးကို ဖက်ပြီး ထိုင်လိုက်တာပါ . အဖေဆို နဂိုက နဖူးပြောင်နေတာပါဆိုမှ ဆံပင်မွှေးတွေပါ ထောင်တယ် လုပ်နေတာ ၊ စက်ဘီးက နင်းလေ မရွေ့လေ နင်းလေ မရွေ့လေ . အဖေခဗျာ ငိုရခက် ရယ်ရခက်နေ . ဘုရားစာရွတ်ဖို့ဆို ဝေလာဝေး .. အဖေပြောတာတော့ ကိုယ်သင်းရနံ့က တော်တော်မွှေးတယ်လို့ ပြောတယ်.. အဖေနင်းနေရင်းနဲ့ အိမ်နားရောက်ခါနီးလဲကျရော ဝုန်းဆို စက်ဘီးက ပေါ့သွားလို့ နောက်လှည့်ကြည့်မှ စက်ဘီးပေါ်ကနေဆင်းသွားပြီး အဖေ့ကို လက်ပြနှုတ်ဆက်ရင်း ရယ်ပြသွားတယ်တဲ့...
အဲ့ကျမှ အဖေလဲ စက်ဘီးအသေနင်း အိမ်လဲရောက်ရော စက်ဘီးသော့မခတ်နိုင်ဘူး.. ဝုန်းကနဲ စက်ဘီးတွန်းချပြီး အမေ့ကိုလှမ်းခေါ်တာ .. အိမ်ကအမေက ဘာဖြစ်လို့လဲလို့ မေးတာ မဖြေနိုင်သေးဘူး ၊ အဖေ့ခဗျာ ချွေးတွေကို နစ်လို့.. ပရိတ်ရေလှမ်းတောင်းခိုင်းတာ ...အပကပ်လာတာ သိလို့လေ.. အမေလဲ ချက်ချင်း ပရိတ်ရေလှမ်းယူ ဖြန်းလုပ်ပြီးမှ ဟောဟဲ ဟောဟဲနဲ့ တက်လာတာ .. နောက်မှ သူ့နောက်ကို ပါလာတာ ပြောပြတာ ကိုယ်တွေမှာ မျက်လုံးကလယ်ကလယ်နဲ့ နားထောင်ရင်း လန့်နေတာ...

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now