135(7-အဆက်final-1

174 12 0
                                    

The Twins
Finale (1)

''......''
ကလေးပစ္စည်းအိတ်ကို စားပွဲပေါ်တင်လိုက်သည့် သူမအား ကိုဦးကလက်ဘက်ရည်တခွက်ကို မွှေနေရင်းကမော့ကြည့်သည်၊
''ဘာစားကြ အုံးမလဲ...''
သူမက သားငယ်ကို ခုံပေါ်ထိုင်ဖို့ကူညီပေးရင်း ခေါင်းကိုသာရမ်းပြသဖြင့် အနားရောက်လာသောစားပွဲထိုးလူငယ်အား သံပုရာရည်တခွက်သာ ပေးရန် သူမှာလိုက်၏၊ ဇနီးသည် မူးမော်တတ်ကြောင်း သူသိသည်၊
သူမက ကလေးအိတ်ထဲမှ Wet tissue ထုတ်ကာ သားငယ်၏ လက်များကို သုတ်နေရင်းမှ သတိရဟန်ဖြင့်
''သြော် ကိုဦး... လက်ဆွဲအိတ်ထဲမှာ ဘာတွေထည့်လာတာလဲ အရည်တွေ မှောက်ကုန်ပြီ၊ ညှီဟောက်နေတာပဲ၊ ကားထဲမှာတောင်နံတယ်... မီးဖွင့်ကြည့်မလို့ဟာ ဇစ်က သော့ခတ်ထားလို့...''
သူမစကားကြောင့် သူသောက်ရန်ပြင်နေသော လက်ဘက်ရည်ခွက် လမ်းတဝက်မှာ ရပ်သွားလေသည်၊ ထို့နောက် ရုတ်တရက်ထကာ
''ဟိုဟာ... ငါးပိကောင်... ငါးပိကောင်၊ ဖိုးသောကြာလုပ်ထားတာတွေ့လို့ တောင်းလာတာ၊ မှောက်ပြီထင်တယ်...'' ဟု ကသောကမြောပြောကာ ကားပါကင်ဘက်သို့ သုတ်သုတ်ထွက်သွားတော့သည်၊
''ငါးပိကောင်များ အဝတ်အိတ်ထဲထည့်ရတယ်လို့... ဒုက္ခပဲ'' သူမရေရွတ်ရင်း ကျန်ခဲ့၏၊
သားငယ်က ဗိုက်ဆာသည်ဟုဆိုသဖြင့် စားပွဲထိုးကိုခေါ်ကာ ပေါက်စီရမရ သူမမေးသည်၊ ပူပူနွေးနွေးလာချပေးသော ပေါက်စီကို သားအားကျွေးရင်း ယောက်ျားလုပ်သူ၏ ငပိကောင်အား သူမ ခေတ္တမေ့သွားလေသည်။

------------+++++------------

အထွက်ပေါက်နှင့်နီးစေရန် အစွန်ဆုံးအတန်း၌ သူကားကိုထိုးခဲ့ခြင်းဖြစ်သည်၊ ထိုဘက်အခြမ်း၌ ကုန်ကားတစီး၊ အိမ်စီးကား နှစ်စီးနှင့် သူ့ကားသာရှိ၏၊
ကားပါကင်ကားမီးမလင်းချေ၊ စားသောက်ဆိုင်တန်းမှ အလင်းရောင်သာရှိသည်၊ ကားထိုးခဲ့ရာ ထောင့်သို့ သူအပြေးလာခဲ့လေသည်၊ စိုးရိမ်စိတ်ကြောင့် သူ့ရင်တွေခုန်လျက်၊ နားထဲ၌ အနက်ဝမ်းဆက်နှင့် ပအို့ဝ်အမျိုးသမီးကြီး၏ အမှာစကားများကို သူကြား၏၊ ယောက်ခထီးဖြစ်သူပြောသော သွေးပျက် ထိတ်လန့်ဖွယ် ကိုယ်တွေ့အဖြစ်ကို သူကြား၏၊
ယခုန ကားဘရိတ်ဆောင့်အုပ်စဥ် ကလေးပြုတ်အကျ အိတ်ကိုဆွဲချမိတာဖြစ်နိုင်သည်ဟု သူတွေးသည်၊
မည်သို့ပင်ဖြစ်စေ ဇနီးနှင့် သားငယ်ကို တစုံတခုထိခိုက်စေမည်ဆိုပါက မိမိ၏ ပေါ့ဆမှုပင်မဟုတ်ပါလား၊ သူအတွေးပေါင်းစုံဖြင့် အပြေးတပိုင်းလှမ်းခဲ့လေသည်။
ကားတံခါးအားဖွင့်လိုက်သည်နှင့် ထောင်းကနဲထလာသော အပုတ်နံ့နှင့်ဆေးနံ့ရောသည့် ညှီဟောက်ဟောက်အနံ့ဆိုးကြီးက သူ့နှာခေါင်းကိုဝင်ဆောင့်၏၊
''အူး... ဆိုးလိုက်တဲ့အနံ့'' သူပြောရင်း သော့ကိုထည့်လှည့်ကာ fan ဖွင့်လိုက်ပြီး မှန်များကို ချထားလိုက်သည်၊ ထို့နောက် အောက်ပြန်ဆင်းကာ နောက်ခန်းတံခါးကိုဖွင့်သည်၊ အတွင်းခန်းမီးကို တင်လိုက်ပြီး လက်ဆွဲအိတ်သော့ကို သူဖွင့်လိုက်၏၊
သူ့အဝတ်တချို့တွင် အရည်များ စိုစွတ်နေသည်ကိုတွေ့ရသည်၊ အနံ့ဆိုးများမှာ ထိုအရည်များမှ လာခြင်းပင်၊ ကတ္တီပါအိတ်အမဲမှာမူ ရွှဲရွှဲစိုလျက်၊
ရှုံ့ကြိုးကိုဖြည်၍ သူဖုန်းမီးဖြင့်ထိုးကြည့်၏၊
ပုလင်းကားလည်ပင်းနေရာမှ ကွဲထွက်လျက်အရည်များယိုလျက်ရှိသည်၊ လူလက်ပြတ်မှာမူ ပုလင်းထဲ၌ရှိဆဲပင်၊
''သောက်ပြသနာပဲကွာ...''
သူချွေးပြန်လာ၏၊ တချိန်ထဲမှာပင် ကြက်သီးမွှေးညှင်းများလည်း ထောင်ထလာလေတော့သည်၊
သူမျက်နှာလွှဲကာ အိတ်ကို ကြိုးပြန်စည်း၏၊
ကိုယ်ကို မတ်ကာ ဘေးဘီဝဲယာကို အကဲခတ်လိုက်သည်၊ ကားပါကင်တွင် မည်သူမျှမရှိ၊ သူ့ကားနှင့် အတော်လှမ်းလှမ်း စားသောက်ဆိုင်နှင့် မျက်နှာချင်းဆိုင် အတန်းတွင်သာ ဟွန်ဒါဖစ်လေးတစီး နောက်ဖုံးဖွင့်ထားလျက် လူငယ်စုံတွဲ သောက်စားရင်း စကားပြောလျက်ရှိသည်၊
ကားပါကင်၏ နောက်ဖက် ကားလမ်းမကြီးနှင့် ယာဉ်ရပ်နားစခန်းကြားမှာ ကိုက် ၁၀၀ ခန့်ရှိသောမြေလွတ်ဖြစ်ပြီး လူတရပ်မက ခြုံများထလျက်ရှိလေသည်၊
သူအထုပ်ကို ကားဘီးဘေး၌ ခေတ္တချလိုက်သည်မျက်မှန်ကို ချွတ်ကာ ရှပ်အင်္ကျီအောက်နားနှင့်သုတ်သည်၊ မျက်မှန်ပြန်တပ်၍ အသက်ကို မှန်မှန်ရှုကာ စိတ်ကို ငြိမ်အောင်ထိန်းသည်၊
''ဘာမှ မဖြစ်ဘူး အိုကေ..?
ဒါ လက်ချောင်းလေးတချောင်းထဲရယ်၊ ငါလူသေတကောင်လုံးတောင် အနီးကပ်မြင်ဖူးတာပဲဟာ ဘာဖြစ်လဲ... ဒါမျိုးတွေ ငါအယုံအကြည်မရှိဘူး၊ အယုံအကြည်မရှိရင် ဘာမှလဲ ငါ့ကို မလုပ်နိုင်ဘူး... ''
သူတတွတ်တွတ်ရွက်လျက်က အထုပ်ကို ကောက်လိုက်သည်၊ ထို့နောက် ပါကင်အနောက်မှ ခြုံတောဘက်သို့ ထွက်ခဲ့၏၊
ခြုံစပ်မှရပ်ကာ သူအထုတ်ကိုလွှဲ၍ ပစ်လိုက်သည်၊ ကတ္တီပါထုပ်သည် ခြုံတောထဲသို့ ကျသွားလေတော့သည်၊
သူခေတ္တရပ်ကြည့်နေပြီး ခြုံများ လေတိုး၍ထွက်လာသော တရှဲရှဲအသံမှအပ မည်သည့်အရာကိုမျှ မမြင်ရ မကြားရသဖြင့် ကားရှိရာဘက်သို့ပြန်ရန် ကိုယ်ကိုလှည့်လိုက်စဥ်မှာပင်...
''ဖျန်း...''
နားရင်းတဖက်လုံးပူထူသွားအောင် အရိုက်ခံလိုက်ရသဖြင့် သူပထမကြောင်၍သွားသည်၊ ထို့နောက် ဘေးဘီဝဲယာလှည့်၍ ရှာသော်လည်း မည်သူမျှမရှိချေ၊
''ဟေ့ ဘယ်ကောင်လဲကွ...''. သူအထိတ်တလန့်ဖြင့် မေးလိုက်သည်၊
''ဟီ...ဟီ...ဟီ...ဟီ...ဟီ...'' ယောက်ျား မိန်းမသံမကွဲပြားသော ကြောချမ်းစဖွယ် ရယ်သံကြီးက သူနောက်နားကပ်ကာထွက်လာသဖြင့် သူဆတ်ကနဲလှည့်၏၊ ဘာကိုမျှသူမတွေ့ချေ၊ ထိုစဉ် ခုနက အပုတ်နံဆိုးကြီးသည် သူ့နှာခေါင်းထဲ တိုးဝင်လာလေသည်၊ သူ့နောက်ဘက်၌ ရိပ်ကနဲ ဟိုမှ သည်မှ ကူးလူးနေသော မဲမဲ အရာတခုကို  မျက်စိထောင့်မှ သူမြင်၏၊
ကိုဦးကား သွေးပျက်ချေပြီ၊ မဟန်တော့ဟု သူတွေးမိကာ ကားရှိရာသို့ အမြန်ပြေးတော့သည်၊
ကားစီအရောက် တံခါးကို လက်အလှမ်းမှာပင် ကြမ်းတမ်း၍ သန်မာလှသော လက်တဖက်သည်သူ၏ လည်ဂုတ်အားဆွဲကိုင်လိုက်သည်ကို နောက်ဆုံးသိလိုက်ရပြီး အသိစိတ်များသည် ချောက်ကမ်းပါးထဲကျဘိအလား မှောင်မိုက် ပြာဝေကာ... ကားနံဘေး၌ပင် သူလဲကျသွားတော့သည်။

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now