55

241 15 0
                                    

ညီမဆေးရုံတက်တုန်းက ကြုံခဲ့ရတဲ့အဖြစ်အပျက်တွေကို shareပေးချင်လို့ပါ။ ညီမက ၂၀၂၁ ၇လပိုင်းတုန်းက ကျောက်ကပ်တစ်ခြမ်းရောင်လို့ ညီမပြနေကျဆရာဝန်က မန်းလေးက နာမည်ကြီးဆေးရုံတစ်ခု(သိပ္ပံလမ်းဖက်မှာရှိတဲ့ဆေးရုံပါ)ကိုလွှဲပေးလိုက်ပါတယ်။ ဆေးရုံရောက်ပြီး စစ်စရာရှိတာဘာညာစစ်သွားပြီးတော့ နေရမယ့်အခန်းကိုလိုက်ပို့ပေးတယ်ပေါ့နော်။ ဆရာဝန်တွေ nurseတွေကလည်း သေချာလေးဂရုစိုက်ပေးပါတယ် အဲ့ထိကအားလုံးအဆင်ပြေသေးတယ်ပေါ့နော်။ တစ်ညနေတော့ ဆရာဝန်က roundလှည့်ပြီးလာစစ်တော့ ညီမက တစ်နေကုန်အခန်းထဲမှာပဲနေနေတယ် အပြင်ထွက်ပြီး လမ်းလျှောက်ပေးပါဦးဆိုလို့ အဲ့ညနေစောင်းမှာ အမေနဲ့ညီမ လမ်းလျှောက်ထွက်ခဲ့ပါတယ် အဖေကတော့ ညီမတို့စားဖို့ အစားအစာထွက်ဝယ်နေခဲ့တာ။ ညီမတို့အဆောင်က ကျောက်ကပ်ဆောင်ပေါ့နော် ဘေးခန်းမှာ ကျောက်ကပ်ဆေးနေတဲ့လူနာတချို့လည်းရှိနေခဲ့ပါတယ်။ ညီမလမ်းလျှောက်တယ်ဆိုတာကလည်း အခန်းရဲ့အနီးနားတစ်ဝိုက်မှာပါပဲ ညီမတို့အခန်းဘေးမှာ အခန်းတစ်ခန်းပဲရှိပါတော့တယ် ပြီးတော့ ညီမတို့အခန်းနှစ်ခန်းနဲ့မျက်နှာချင်းဆိုင်မှာလည်း မှန်နဲ့ပဲကာထားတဲ့အခန်းကျယ်တစ်ခန်းရှိပါတယ်၊ အခန်းတွေအားလုံးမှာ လူတွေရှိကြပါတယ်။ မရှိတာက အဲ့ဒီအခန်းကျယ်ကြီးတစ်ခုပါ ဖြစ်ခဲ့တာလည်းအဲ့ဒီအခန်းပါပဲ🥲 (ညီမကစစချင်းအဲ့အခန်းကို အခန်းလွတ်မှန်းမသိသေးပါဘူး) ဘယ်လိုဖြစ်လည်းဆိုတော့ ညီမနဲ့ညီမအမေလမ်းလျှောက်ထွက်ဖို့အခန်းထဲထွက်လာပြီး အမေကဖုန်းလာလို့ အခန်းရှေ့မှာပဲ ဖုန်းရပ်ပြောနေတာ ညီမကကျ တစ်ယောက်တည်း ရှေ့ကသွားနှင့်လိုက်တာ။ အဲ့တာနဲ့ ဟိုအခန်းကျယ်ကြီးရှေ့လည်းရောက်ရော အဲ့အခန်းထဲမှာ oxygenပိုက်တန်းလန်းတပ်ထားပြီး အိပ်ရာထဲမှာပဲ လဲလျောင်းနေတဲ့အဘွားတစ်ယောက်ကိုတွေ့လိုက်ရပါတယ် သူ့ကြည့်ရတာဝေဒနာအရမ်းခံစားနေရတဲ့ပုံပဲမို့ အမေ့ကိုလှမ်းအော်ခေါ်လိုက်ပြီး “အမေ အဘွားကသနားပါတယ်နော် လူနာစောင့်လည်းမရှိဘူးလားမသိဘူး” ဆိုပြီးပြောလိုက်တော့အမေက ဖုန်းချလိုက်ပြီးကြောင်တောင်တောင်နဲ့အဲ့အခန်းကိုကြည့်လိုက်တယ်။ ပြီးတော့ ပြာပြာသလဲနဲ့ “ဘာမှမရှိပါဘူးသမီးရယ် လာလာ” ဆိုပြီးညီမလက်ကိုဆွဲပြီး အခန်းထဲကိုပြန်ခေါ်သွားပါတယ်။ ခနနေတော့ အခန်းရှေ့မှာ အမေနဲ့ nurseတစ်ယောက်ပြောနေတာကြားလိုက်တာ “အန်တီတို့ရောက်မလာခင်နေ့က အဲ့အခန်းထဲမှာ အဘွားတစ်ယောက် ကျောက်ကပ်ဆေးရင်း အဲ့ညနေမှာပဲဆုံးသွားခဲ့တာ” ဆိုပြီး nurseကပြောခဲ့ပါတယ်။ ကိုယ့်မှာတော်တော်လန့်သွားတာပေါ့ ကိုယ်တွေ့ခဲ့တဲ့အရာက လူမဟုတ်ဘူးဆိုတာ သိသွားလို့လေ။😰😰
#crd

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now