114

184 8 0
                                    

#အမေပြောသောပရလောက (၂)
#တရားခွင်မှဝိဥာဥ်

..အမေက အောင်မြင်တဲ့ရှေ့နေတစ်ယောက်ပါ.. သူ့မြို့လေးမှာတော့ အမှုတော်တော်လိုက်ရတယ်.. တစ်ခေါက်ကျ လူသတ်မှု တစ်ခုမှာ တရားလိုဘက်က လာငှားလို့ လိုက်ရတယ်.. အမှုက လင်ကြီးကို မိန်းမနဲ့လင်ငယ်နဲ့ ပေါင်းပြီးသတ်တာ.. အသတ်ခံရတဲ့ လူရဲ့ဆွေမျိုးတွေက အမေ့ကို ငှားတာ..
အမှုက ဒီလို.. လင်ကြီးကပျောက်နေတယ်.. ဆွေမျိုးတွေနဲ့အရပ်က မိန်းမနဲ့လင်ငယ်အကြောင်းကိုသိထားတော့ သူတို့သတ်တာလို့လဲ တထစ်ချယုံကြည်ကြပြီး တိုင်ကြတာ အမှုဖွင့်တာ.. ဒါပေမယ့် ခက်တာက အလောင်းရှာမတွေ့ဘူး.. သူတို့ကို သံသယရှိလို့ရုံးမှာခေါ်စစ်တော့လည်း မသိဘူးပဲ ဖြေတော့ သက်သေလည်း မရှိတော့ ဘာမှလုပ်လို့မရဘူး...
အမှုစစ်နေတဲ့ အတောအတွင်းမှာ အလောင်းကိုရှာတွေ့တယ်.. ဖြစ်တဲ့နေရာက မြစ်ဝကျွန်းပေါ်က မြို့ဆိုတော့ မြစ်ကမ်းကပ်ထားတဲ့ ဝါးဖောင်အောက်မှာ ကြိုးနဲ့ချည်ထားတာ.. ပုစွန်ငုတ်တဲ့ ကလူက ဝါးဖောင်အောက်ရောက်သွားရင်းတွေ့ခဲ့တာ.. ဒါပေမယ့် ရေထဲမှာ ကြာသွားပြီမို့ evidence တွေ ဘာမှမတွေ့ရတော့ဘူး..
.. အလောင်းရပေမယ့် ပစ္စည်းသက်သေ၊ လူသက်သေကမရှိ.. မိန်းမနဲ့လင်ငယ်ကလည်း တရားရုံးမှာ အတိုင်အဖောက်ညီညီ ထွက်ကြတော့အမှုပိတ်ရမလိုဖြစ်နေတယ်..  အလောင်းပေါ်လာပြီး နောက်ရုံးချိန်းမှာ လင်ငယ်ကို စစ်တဲ့အခါ ထုံးစံအတိုင်း ငြင်းတယ်.. မသိဘူးထွက်တယ်ပေါ့.. အဲလို စစ်နေရင်း ငြင်းနေရင်း ရုတ်တရက် အဲဒီလူက အသက်ရှူတွေမြန်ပြီး တုန်တုန်လှုပ်လှုပ်ဖြစ်လာတယ်.. မျက်လုံးကြီးပြူးလို့ ဝူးဝူးဝါးဝါး ရုန်းရင်းဆန်ခတ်တွေဖြစ်လာလို့ တရားခွင်မှာ ဝိုင်းချုပ်ထားရတယ်.. နောက်ဆုံးတော့ အဲဒီနေ့ တရားခွင်မှာ သူနဲ့ ဟိုမိန်းမနဲ့ပေါင်းပြီး လင်ကြီး အိပ်နေတုန်း ကတ်ကြေးနဲ့ထိုးသတ်.. ဖောင်အောက်မှာ အလောင်းဖျောက်ကြောင်း ဝန်ခံတော့တယ်..
.. သူဘာလို့ လွတ်တော့မလိုဖြစ်ရာက ဝန်ခံတာလဲလို့ အမေ့ကိုမေးတော့.. အဲဒီနေ့မှာ အမေက အလောင်းက ဆံပင်တွေကို ယူလာပြီး တရားခွင်မှာတင်ထားခဲ့တာတဲ့.. တရားခံက အပူးပဲခံရတာလား.. ပေါင်ချိန်ကားတွေထဲကလ်ု သတ်ခံရတဲ့သူရဲ့ ဝိဥာဥ်ကပဲ ခြောက်လှန့် ဝန်ခံစေခဲ့သလား မသိပေမယ့် အမေ အမှုနိုင်ပြီး တရားတဲ့အတိုင်း စီရင်နိုင်ခဲ့ပါတယ်.. 🙂

End of Part-2
Thanks for your time..
#TL

Part 3

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now