180(ဗဟုသုတ)

183 6 0
                                    

အသက်ထွက်တာဘယ်လိုလည်းဆိုတာကိုပါ
Cmမှာတွေ့လိုပြန်shareလာတာပါ

အသက်ထွက်တယ်ဆိုတာ တင်စားပြောတာပါ။မထွက်ပါ ဘူး။စိတ်။စေတသိတ်‌ တွေ ချုပ်သွား တာကို သေတယ်ခေါ်တာပါ။ သဂြိုဟ် သင်ဖူးရင်နားလည်ပါလိမ့်မယ်။ စိတ်တွေမချုပ်ခင် သေခါနီးဆဲဆဲ မှာ ရုပ်တွေက အရင်ချုပ်တာပါ။ အာ့ကြောင့် သေခါနီး လူနာအနား အော်ဟစ်မငို ဖို့ သတိထား ရပါတယ်။အကြား အာရုံ က ရုပ်အနေနဲ့ နောက်ဆုံး မှ ချုပ်လို့ပါ။ အော်လိုက်ရင် အော်သံစွဲပီး မကောင်းတဲ့ ဘဝ ရောက်တတ်တယ်။ပထမဆုံး က အမြင်အာရုံ ချုပ်ပါတယ်။ အပြင် လူ အနေနဲ့ မြင်သာမူ့ က ခြေထောက်ပိုင်းကစ အေးပါတယ်။ ယပ်လေ ထိရင်တောင် မခံ နိုင်အောင် အင်အား နဲသွားပါတယ်။နောက်တဖြည်းဖြည်း အပေါ်တက်လာပါတယ်။ အထိအတွေ့တွေမသိ အရသာမသိ အနံ မသိ အစဉ်အတိုင်း ချုပ်ပါတယ်။အနံမသိတော့တဲ့အခါ ထွက်သက် လေ ထွက်ပါပီ။ ဒါပင်မဲ့ နားကကြားပါသေးတယ်။ နားချုပ်ပီး မကြာခင် စိတ်။စေတသိတ်ချုပ် ၍ ဝိဉာဏ် (သိစိတ်)ချုပ် ပါတယ်။အဲတာမှသေတာ။ ကြာချိန်ကတော့ မတူ ကြပါဘူး ။ကံချင်းကွဲလို့ပါ။အာ့ကြောင့် သေခါနီး ဆဲဆဲ လူနာ အနား မငိုရတာပါ။ ငိုသံကြား စွဲ ပီး သိစိတ်ချုပ် မကောင်းတာဖြစ် ပါ။ ဒါစာလာ အတိုင်း ဘဲ။ အပြင်လူ မြင်ရတာက မေးထိုး သက်ရူ ပီး ငြိမ်ကျသွားတာဘဲမြင်တာ။တချို့က အဲချိန်သိစိတ် မချုပ်သေးဘူး။ ဒါကြောင့် နားရွက် ကုတ်သွားတာမြင်ရတာ။ အဲလို နေပီး နာရီဝက်တနာရီနေပီး မှ ပြင် သင့်တာ။

အသက်ကပါးစပ်ကမထွက်သလို ဘယ်နေရာမှမထွက်ပါ ။
ဒီမှာ ချက်ချင်း ဆုံးတာနဲ့ နောက် ဘဝတခုမှာ ချက်ချင်းတန်းရောက်ပါတယ် ။
ဟိုမရောက်ဒီမရောက် လေလွင့်နေတာ စောင့်နေရတာမျိုးမရှိပါဘူး ။

အသက်က နာမ်သက်သက်ပါ ။
ရုပ်ဆင်း အင်္ဂါမရှိသလို ထိတွေ့ကိုင်တွယ်လို့လည်းမရပါ ။ မြင်လည်းမမြင်ရပါ ။

အထိအတွေ့ခံစားမိရင် တခုခုမြင်ရရင် အဲတာ နာမ်မဟုတ်ဘူး ရုပ် or ရုပ် နာမ် ၂ ပါးလုံးရှိတဲ့ တခြား သတ္တဝါပါ ။

(ဝိဉာဉ်ဆိုတာ ၃၁ ဘုံမှာမရှိပါအကို ။
တင်စားခေါ်ဝေါ်ကြတာပါ ။
သေသွားရင်မကျွတ်ဘူးဘာညာဖြစ်တယ်ဆိုတာ ပြိတ္တာဖြစ်နေတာပါ ။
ပြိတ္တာက ၃၁ ဘုံထဲက အပယ် ၄ ဘုံထဲပါပါတယ် ။
ဒါကိုပဲ မြန်မာတွေက သေသွားရင် မကျွတ်ဘူး ဝိဉာဉ်ဖြစ်နေတယ် ဘာဖြစ်နေတယ် စသဖြင့် မြန်မာအခေါ်နဲ့ခေါ်ဝေါ်ကြခြင်းဖြစ်ပါတယ် ။

တန်းမရောက်ဘူးဆိုတာကလည်း တန်းရောက်ခြင်းတမျိုးပါပဲ ။
သေပြီးချက်ချင်း ရောက်သင့်တဲ့ဘုံဝမရောက်သေးပဲ ပြိတ္တာဘုံဘဝမှာ ခနတဖြုတ် delay ဖြစ်နေတယ်ဆိုရမှာပါ ။
ပြီးတော့မှ ပြိတ္တာ(သရဲ၊ဝိညာဉ်) ဘဝကကျွတ်ပြီး နောက်တဘုံကူးကြရပါတယ် ။

မြန်မာအများစုက နားလည်တာလွဲနေကြတာပါ ။
ပြိတ္တာ = ဝိညာဉ် ၊ တစ္ဆေ ၊ သရဲ ၊ သဘက် ၊ ဖုတ် ၊ ဥစ္စာစောင့် ၊ သိုက်တချို့ ။
အသူရယ် = မှင်စာ ။)

အသက်ဆိုတဲ့အရာက အရာဝတ္ထု တစ်ခုထွက်တာ မျိုးမဟုတ်ဘူးလေ။ ဝင်လေ ထွက်လေ မရှိတော့တာ နှလုံး/ဦးနှောက်အလုပ်မလုပ်တော့တာမျိုးပါ။ အသက်ရှူ ထုတ်ခြင်းရပ်ဆိုင်းသွားတာ

#crd

အချစ်ဆုံးသူ ကိုယ့်လက်ပေါ်မှာအသက်ထွက်သွားတာလောက် နာကျင်ရတာမရှိဘူး ကိုယ်တုန်းက အဘကကိုယ့်လက်ပေါမှာပါပဲ ကြောင်လေးခွေးလေးကော် ကိုယ်လက်ပေါ်မှာကြောင်ပေါက်လေးဆိုသနားပါတယ် အပေါကစာတွေ့ကို့ဖတ်ပြီcopyကူးလာပြီ အခုရေးရင်းငိုမီတယိ

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now