168

150 7 0
                                    

ပရလောက GP မှာ ဒီအကြောင်းတွေရေးလို့ စိတ်မရှိပါနဲ့
ကျွန်တော့လို အပြင်မှာ ကြုံတွေ့ရတဲ့သူတွေလည်းရှိမှာပါ ရှိလည်းရှိပါတယ်..

ကျွန်တော့အိမ်မှာက ရှမ်းအိုးစည်ဝိုင်းလည်း ထောင်ထားတယ်ဗျ .. ဗုံ အကြီးကြီးတွေဆို ဘုရားခန်းထဲမှာပဲ ထောင်ထားကြတာ ..ရှမ်းဝိုင်းနဲ့ ပက်သက်သမျှက ဘုရားခန်းရဲ့ ထောင့်နေရာမှာ သူ့နေရာနဲ့သူ စုံလို့ဗျ ..

မှတ်မှတ်ရရ တာမွေ ( ...) လမ်းမှာ အဘ ထွက်ပွဲလား ပြည်တော်၀င်ပွဲလား အောင်ပွဲလား (သေချာမမှတ်မိတော့) Sunday မှာ ပွဲရှိတယ်ဆိုပြီး ကျွန်တော်တို့ ရှမ်းဝိုင်းကိုခေါ်တာ ဗျ .. အဲ့နေ့ မနက် စောစော ထပြီး အဖေတို့က ကားတွေဘာတွေငှား ရှမ်းဝိုင်းတီးဖို့ သွားဖို့ပြင်တော့

"ဖေကြီး သားလည်းလိုက်မယ် မာမီလည်းပါတာပဲကို " ဆိုပြီးပြောတော့ အဖေက

" ဘာလုပ်မှာလဲ ဟိုမှာ လူက အများကြီး မင်းပြန်ချင်တယ် ဘာညာ လုပ်ရင် ငါလည်း မအားဘူး ငါတို့က အလုပ်ရှိလို့သွားမှာ အပျော် လျှောက်သွားနေတာမဟုတ်ဘူး " လို့ပြောပြီး ကျွန်တော့ကို ခေါ်သွားဖို့ ငြင်းတာ ဘယ်ရမလဲ ကျွန်တော်က အဲ့လိုမျိုးတွေ တအားစိတ်၀င်စားတော့ မာမီါ့ကို အတင်း မရမက ပြောရော နောက်ဆုံး ကျွန်တော် ရှမ်းဝိုင်းနဲ့ ကပ်လိုက်သွားရတာပေါ့

အစကတာမွေမှာ မှန်းမသိဘူး အဲ့လိုနဲ့ လမ်းကျဉ်းကျဉ်းလေးထဲကနေ ၀င်လာလိုက်တာ လမ်း အလယ်နားလောက်က လုံးချင်းတိုက်လိုမျိုးရှေ့မှာ အခင်းအကျင်းတွေ သာသနာ့အလံတွေ နဲ့ ပြင်ဆင်နေကြတာ ..

"ရှမ်းဝိုင်းလာကြပြီဟေ့ " ဆိုတဲ့အသံ ကြားတာနဲ့ အဲ့က လူတွေက လှုပ်လှုပ်ရွရွ ဖြစ်ကုန်ကြရော သူတုိ့က ကျွန်တော်တို့ကို စောင့်နေတာ ..ရောက်တာနဲ့ ကားပေါ်ကဆင်း ဝိုင်းကူပြီး ပစ္စည်းတွေ အောက်ချပြီး မဏ္ဍပ်ထဲက နေရာလွတ်မှာ ရှမ်းဝိုင်းဆင်ကြတာပေါ့ဗျာ

ခြံတံခါးနဲ့ ကပ်လျှက် ညာဘက်ခြမ်းမှာ ‌ဆောင်းဘောက်တွေ ဆင် နောက်ပြီး ကန်တော့ပ္ဲွ တစ်ပွဲ ပြင်ကြတယ်ဗျ အဲ့ ကန်တော့ပွဲပေါ်မှာ ဖ‌ယောင်းတိုင် တစ်တိုင် ထွန်းထားတယ် ကျွန်တော်က သူတို့လုပ်သမျှ လိုက်ကြည့်နေတာ ..

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now