115

175 11 0
                                    

#အမေပြောသောပရလောက (၃)
#အကင်ဆရာ

.. အပိုင်း (၃) ကို အမေ့ရဲ့အမှုတွေထဲက ထူးခြားတဲ့အမှုလေးတစ်ခု အကြောင်းပဲ ရေးပါဦးမယ်.. အပိုင်းတွေက တစ်ခုနဲ့တစ်ခု အဆက်အစပ်မရှိလို့ စိတ်အေးလက်အေးဖတ်နိုင်ပါတယ်ရှင်.. 🙂
.. ကံသာရွာမှာ (နာမည်လွှဲ) ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပါတယ်.. ဘုန်းကြီးပျံ မလုပ်ခင် ဘုန်းကြီးကျောင်းထဲမှာပဲ အပူဇော်ခံထားတယ်.. ရွာဆိုတော့ အလောင်းကြာရှည်ခံအောင် ဆေးတွေဘာတွေထိုးတာမျိုးမရှိဘူးပေါ့.. ဒါပေမယ့် ဘုန်းဘုန်းအလောင်းက မပုပ်ဘူး.. နံခြင်းပြုခြင်းလဲ မရှိဘူးတဲ့..  အဲဒါကြောင့် ရဟန္တာ ဆိုပြီး ရွာနီးချုပ်စပ်က လူတွေ လာဖူးကြ၊ လှူကြနဲ့ တော်တော်စည်ကားနေတယ်..
..တကယ်က ငတိုးနဲ့ ရွှေမောင်း (နာမည်လွှဲ) ဆိုတဲ့ ကပ္ပိယ လိုမျိုးနှစ်ယောက်က နာမည်ကြီးပြီး အလှူငွေရအောင် ညလူခြေတိတ်ရင် ဘုန်းကြီးအလောင်းကို မှန်ခေါင်းကနေထုတ်ပြီး မီးကင်၊ ပြီးရင် ပြန်ထည့်နဲ့လုပ်နေကြတာ.. အလောင်းကြီး သွပ်ပြားပေါ်တင် အောက်က မီးမွှေးပြီး ကင်တာ.. မီးအရှိန်လဲ အရမ်းမများအောင် သတိထားရသတဲ့..  (Master Brain တွေနော်) 🤣
..တစ်ရက်ကျ မီးကင်တာကို ငတိုး စောင့်ရမယ့်အလှည့်.. ငတိုးလဲ အရက်လေး ရီဝေဝေနဲ့ မီးကင်နေရင်း ငိုက်ငိုက် ကျလာတယ်.. အဲဒီအချိန်မှာပဲ.. "ဟေ့ကောင် ငတိုး ထစမ်း ထစမ်း" ဆိုပြီး အသံကြားလိုက်ရပြီး ဖြောင်း ခနဲ ဇက်ပိုးအုပ်ခံလိုက်ရတယ်.. ငတိုးလဲ လန့်ပြီး မျက်စိကျယ်သွားလို့ကြည့်လိုက်တော့ ဘယ်သူမှမရှိဘူး.. ဘုန်းကြီးအလောင်းကြီးကတော့ မီးကျွမ်းပြီး ဘုန်းကြီးစတူး ဖြစ်နေပြီတဲ့.. အဲဒါနဲ့ အကင်ဆရာ ငတိုးတို့လဲ 420 လိမ်လည်မှုနဲ့ ထောင်ကျသွားတော့သတဲ့.. 😁 ဘုန်းဘုန်းကိုယ်တိုင်လား၊ဘယ်သူလာနှိုးတာလဲတော့ မသိပေမယ့် အနှိုးမြန်ပေလို့.. မဟုတ်ရင် ဘုန်းဘုန်းခမျာ ဘုန်းကြီးပျံပွဲမလုပ်ခင် ပြာဖြစ်နေလောက်ပြီ.. ဘုန်းဘုန်းကတော့ ငတိုးတို့ကို အသေသတ်ချင်နေမှာ.. 😁

End of Part 3
Thanks for your time..
#TL

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now