101

203 10 0
                                    

ကျနော်နဲ့ကျနော်ကောင်မလေးကချစ်သူသက်တမ်း၄နှစ်ကျော်ပါပြီ။၁ယောက်အကြောင်း ၁ယောက် အကုန်စင်သိခဲ့ရပြီးပြီ။ချစ်သူဖြစ်ခါစကောင်မလေးက သိုက်ကလာတာလို့ သူကိုယ်သူ ထင်နေတယ်။ ဘာလို့ဆို ကျနော်နဲ့မတွေ့ခင်ကတည်းက မြွေတွေကို အိမ်မက်မက်တာ လတိုင်းနီးပါး ၄ ၅ကြိမ်ရှိတယ်။ပြီးတော့ ညအိပ်ရင် ၁ယောက်ယောက်ကအနားမှာစောင့်သလိုခံစားရတယ် ခြောက်တာအနံပေးတာတော့မရှိဘူး။ အစောပိုင်း သူပြောသမျှ နားထောင်ပေးခဲ့တယ် ကျနော်က လက်တွေ့သမားဆိုတော့ မယုံကြည်ဘူး သူရှေ့မှာတော့ အလိုက်ထိုက် followလိုက်ပေးတာပေါ့။အဲ့အထိ က အေးဆေးဖြစ်တယ်။ဘယ်အချိန်မှာ ပြဿနာတတ်တာလဲဆိုတော့ ကျနော် ဒဲ့ပြောပါမယ် ကျနော်တို့၂ယောက်လုံးက ခေတ်ပညာတတ် ကိုယ်ပိုင်စဥ်းစားညဏ် ရှိနေတဲ့ အရွယ်တွေပါ အသက်၂၉ ၃၀ရှိပါပြီ။ ဆိုတော့ကာ မကြာခဏ Living together နေပါတယ်။ အိမ်ထောင်ပြုဖို့လဲ စီစဥ်နေပါပြီ။ ပြဿနာ အရင်းခံ က ဒီ living together နေပြီးနောက်ပိုင်း မကြာခဏ အကြောင်းမရှိဘဲ စကားများ လုပ်ငန်းတွေ အခက်ခဲတွေ့  ဒေါသစိတ်တွေ ဖြစ်ပါတယ်။ ၂ယောက်လုံးက ဘာသာရေးပုံမှန် လုပ်တဲ့သူတွေပါ။ ပိတ်ရက်တ်ုင်း ဘုရားသွား ပန်းလဲ ရေတော်လဲ သန့်ရှင်းရေးကုသိုလ် ယူပါတယ်။ အကြောင်းရာပြန်ဆက်ရရင် အတူနေပြီး ဖြစ်တဲ့ ရန်ဖြစ်တာ စကားများတာ စိတ်အလိုမကျတာတွေက ဘုရားသွားပြီးရင် ပြန်အဆင်ပြေ အရင်လိုပြန်ဖြစ်ရော။ ၁ခါ ၂ခါ ထိ တိုက်ဆိုင်တယ်ဘဲ ထင်နေတာ။ နောက်ပိုင်း သတိထားစောင့်ကြည့်တော့ အတူနေပြီးတိုင်း ပြဿနာ တခုမဟုတ် တခုပေါ်တယိ။ နောက်ဆုံးသူကိုယ်တိုင် ဖွင့်ပြောလာရော သူ့ကို ၁ယောက်ယောက်က အဲ့လိုနေတာမကြိုက်ဘူးဆိုပြီး အိမ်မက်လိုလို လာပြောဖူးတယ်တဲ့။ အဲ့ဒါနဲ့ ကျနော်ပါ psycho ဝင်လာရော ဘာလားပေါ့။ သူကို သနားတာနဲ့ အတတ်နိုင်ဆုံး ရှောင်ဖြစ်တယ်ပေါ့။ ၂ယောက်လုံးက ကျန်းမာရေးလဲကောင်းတယ် လိင်မှုကိစ္စမှာလဲ ပွင့်လင်းအပေးယူမျှပါတယ်။ ဒီလိုကိစ္စတွေ ဖြစ်လာတော့ သူမက နောက်ပိုင်း ကျန်းမာရေးညံလာတယ် အလုပ်ကိုင်အဆင်မပြေတာတွေ သူ့အိမ်ကအိမ်တွင်းရေးအပူတွေ နောက်ဆုံး body weightက ထိုးကျသွားတာ။ အဲ့လိုနဲ့ မဖြစ်တော့ဘူးဆိုပြီး ဆေးခန်းပြ အားဆေးပုလင်းတွေ ချိတ် သောက်ဆေးတွေရော စုံနေတာဘဲ။ဒါလဲ လအတန်ကြာ ဘာမှထူးမလာဘူး။နောက်ဆုံးသူက အကြားမြင် ဘာတွေ မေးချင်တယိဆိုလို့ မန်းလေးမြို့မှာ နာမည်ကြီးတဲ့ အကြားမြင်ဆရာ ဆရာမတွေဆီ သွားခဲ့တယ်။ အားလုံးနီးပါးက သိုက်က လာတယ်လ်ု့ဘဲ ပြောနေကျတယ်။သူ ကလဲ သူကိုယ်သူ ထင်ပြီးသားဆိုတော့ ဟုတ်ပြီပေါ့။ထပ် သေချာအောင် ရွှေသိမ်တော်ဘုရားနားက နာမည်ကြီး အကြားမြင်ဆရာ စိုင်းညီညီ ကို သွားမေးတော့ အခန်းထဲ ဝင်ဝင်ချင်း ဆရာက ကျနော် ကောင်မလေးကို ညီးက နဂါးသိုက်ကလာတာလို့ တန်းပြောရော သူ့အိမ်ကမိဘတွေအကြောင်း သူ့အလုပ်ကိုင်အကြောင်းတွေကိုပါ တောက်လျှောက် ထိုင်ဟောတာ အကုန်မှန်တယ်။ နောက်ဆုံးသူက အမတော်စောမွန်လှ ရဲ့ အနွယ်တော် တဲ့ ။ အမတော်ဆီမှာ ပွဲပေးရမှာ။ ချစ်သူနဲ့သာယာပြီး သူတို့ကို ပြစ်ထားလို့ စိတ်ဆိုးနေကျတာလို့ပြောတယ်။ ဒါနဲ့ဘဲ အမတော်စောမွန်လှ နတ်နန်းထိ သွားပြီး ကန်တော့ပွဲတွေ ပေး သူကတော့တောင်းပန်စာ တွေ တတွတ်တွတ် ရွတ်နေတာ။ဆရာဆီ ပြန်လာပြီး အကျိုးကြောင်းထပ်မေးကြည့်တော့ အဆင်ပြေသွားပြီ သူတို့က လက်ခံကျေနပ်ပေးလိုက်ပြီပေါ့။ တခါထဲ သူက သိုက်ကလာတယ်ဆိုရင် အိမ်ထောင်ပြုလို့ရလား သိုက်ကရောပြန်ခေါ်မှာလား လို့မေးတာ့ ဆရာက ရတယ်အေးဆေး သူ့ကသာသနာပြုစရာရှိတဟ် ယူလို့လဲရပါတယ်လို့ပြောတယ်။ ၁နှစ်တခါတော့ အမတော် ဆီပွဲပုံမှန်ပေးရင် ရပြီလို့ပြောတာဘဲ။ ထူးခြားတာက အမတော်ဆီ ပထမဆုံးပွဲ ပေးပြီးနောက်ပိုင်း ကျနော်ကောင်မလေး အစစအရာရာ အကုန်အဆင်ပြေလာတာ အလုပ်ကိုင် ရာထူးတိုး လစာတိုး ကြားထဲ ချဲကပေါက်လိုက်သေး သူကို့အိမ်မက်လာပေးတာလို့ပြောတာဘဲ။ ကျန်းမာရေးလဲ ပြန်ကောင်းလာတယ် သူလိုချင်တဲ့ပစ္စည်းတွေလဲ ဝယ်နိုင်လာတယ်။ ကျနော်နဲ့ စကားသိပ်မများတော့ဘူး။အခုဆို ယူဖို့အတွက်၂ယောက်သားစီစဥ်နေပါပြီ။ သိချင်တာတခုက သိုက်ဆက်တွေက ပြန်ခေါ်တာတို့ အိမ်ထောင်ပြုရင် သေကွဲရှင်ကွဲ တွေဖြစ်တာ ကြားဖူးတော့ တချို့သိုက်ဆက်တွေလဲ ယူပြီး အဆင်ပြေတာတွေရော  ရှိကျလားဗျ။ ပြီးတော့ ယူပြီးသွားရင် ကလေးတွေရော ရနိုင်လားဗျ။ ကျနော်ရေးတဲ့စာတွေထဲမှာ အသုံးနှုန်းကြမ်းတာ မသင့်တော်သာရှိရင် နားလည်ခွင့်လွတ်ပေးစေချင်ပါတယ်ခဗျ။

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now