174

168 7 0
                                    

#အမေပြောသောပရလောက (၁၁)

#သူ့ဝိဉာဉ်

အလုပ်နည်းနည်းအားလို့ နည်းနည်းပြန်ရေးပါဦးမယ်.. 🙂

ဒီတစ်ခါရေးမယ့်အကြောင်းကို တခြား page တစ်ခုမှာ comment အနေနဲ့ အကျဉ်းရေးဘူးလို့ ဖတ်ဘူးသူတွေလဲရှိမယ်ထင်တယ်.. စိတ်မကောင်းခြင်းများစွာနဲ့ ရေးလိုက်ပါတယ်..

.. လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်က ရန်ကုန်မြို့ပေါ်က တက္ကသိုလ်တစ်ခုမှာ ကျောင်းသားတစ်ယောက် အသ တ်ခံခဲ့ရပါတယ်.. အဲ့အချိန်တုန်းက နယ်ကကျောင်းသူတွေကို ကျောင်းက အဆောင်စီစဉ်ပေးပေမယ့် ကျောင်းသားတွေက အဆောင်မရတာကြောင့် ကျောင်းနဲ့ အနီးအနားက ရပ်ကွက်တွေထဲမှာ လေးငါးယောက်စုပြီး အိမ်ငှါးနေကြရတယ်.. တတ်နိုင်တဲ့ကျောင်းသားအချို့ကတော့ တစ်ယောက်တည်း နှစ်ယောက်တည်း သီးသန့်ငှါးနေကြ တယ်.. ဖြိုးသန့်က နယ်က လာတက်တဲ့ ကျောင်းသား.. သူက တစ်ဦးတည်းသောသား၊ အေးအေးဆေးဆေးနဲ့ စာလဲကြိုးစားတဲ့သူပေါ့.. သူက အဲ့အချိန် နယ်ကတစ်ချို့လူတွေရဲ့ပုံစံအတိုင်း ရွှေလက်စွပ်၊ ရွှေဆွဲကြိုးအကြီးကြီးတွေ ဝတ်လေ့ရှိတယ်.. သူက တိုက်ခန်းမှာ တစ်ယောက်တည်း ငှါးနေတာ.. တစ်ရက် သူငယ်ချင်းတွေနဲ့ ညဘက် လက်ဘက်ရည်ဆိုင်သွားထိုင်ပြီး နောက်ရက်ကျ ကျောင်းလာမတက်ဘူး..  ဘော်ဒါတွေကလည်း ခါတိုင်းလိုပဲ အမျိုးတွေအိမ်သွားတယ်ပဲ ထင်နေကြတာ.. သုံးလေးရက်လောက်ကြာတော့ သူ့ အခန်းရှေ့က ဖြတ်သွားတဲ့သူတွေက အပုပ်နံ့ရရနေလို့ မင်္သကာတာနဲ့ အခန်းထဲသော့ဖျက်ဝင်ကြည့်တော့မှ ခေါင်းကို အရိုက်ခံထားရပြီး ဆုံးနေတာတွေ့ကြရတယ် .. သူ့ လက်ဝတ်လက်စားတွေလဲမရှိတော့လို့ ပစ္စည်းယူ လူသ တ်မှုလို့ပဲ ကောက်ချက်ချတယ်..
.. သူ့ကို အသုဘချတဲ့အချိန် ရေဝေးမှာ တခြား အသုဘတွေ တစ်ခုမှမရှိအောင်ရှင်းထားတယ်.. ကျောင်းသားတွေ ကားကြီးတွေနဲ့ ရေဝေးက အပြန် သူ့ ဓာတ်ပုံသယ်လာတဲ့ ရှေ့ဆုံးကားက စျ စျေးရှေ့မှာ စက်ပျက်သွားလု့ိ သူ့ပုံကြီးကိုင်ပြီး နောက်ကားကို အကုန်ပြောင်းလာကြတယ်.. ပြောင်းလာပြီး သုံးလေးဘီးပဲ လှိမ့်ရသေးတယ်.. နောက်ကားလဲ ထိုးရပ်သွားတယ်.. ကားပေါ်ကလူတွေလဲ မျက်စိမျက်နှာတွေပျက်ကုန်ကြပြီး သူငယ်ချင်းရေ ဖြိုးသန့် ရေ မလုပ်ပါနဲ့ကွာ ဆိုပြီး ဝိုင်းအော်တော့မှ ကားက ပြန်ထွက်လို့ရသွားတယ်..
.. သူ မဆုံးခင်အချိန်က ကျောင်းမှာ ကျောင်းသားတွေ နယ်တွေကို လေ့လာရေးထွက်ဖို့ ပြင်ဆင်နေတဲ့ အချိန်ပါ.. ဆယ်ယောက်စီ အုပ်စုဖွဲ့၊ ကိုယ့်အဖွဲ့နဲ့ကိုယ် အကျီတွေ ဆင်တူလုပ်ကြ၊ သွားဖို့ပြင်ကြနဲ့ ကျောင်းသားတွေ အပျော်ဆုံးအချိန်ပေါ့.. သူ ဆုံးပြီး တစ်လလောက်မှာ ကျောင်းသားအုပ်စုလိုက် ကိုယ်သွားရမယ့် မြို့တွေကို မဲနှိုက်ကြရမယ့် အချိန်ကိုရောက်လာတယ်.. အကုန်လူစုပြီး စာသင်ဆောင် theater ထဲမှာ မဲနှိုက်ပေးမယ့် ဆရာမတွေကို ထိုင်စောင့်နေကြတယ်.. အကုန်လုံး ကိုယ့်အဖွဲ့ ဘယ်မြို့ရောက်မလဲ ၊ ရန်ကုန်နဲ့ နီးနီးလေးတော့ မသွားချင်ဘူးနဲ့ စိတ်လှုပ်ရှားနေကြတယ်.. အဲဒီအချိန် နှာခေါင်းထဲမှာ ပ ရုတ်တရက် အနံ့တစ်ခုရတယ်.. ပုပ်အဲ့အဲ့အနံ့ကြီး.. ဘေးက သူငယ်ချင်းကို ကြည့်လိုက်တော့ မျက်လုံးပြူးပြီး ကြည့်နေတော့ သူလဲ ရနေပုံပဲ.. တခြားသူငယ်ချင်းတွေလဲ နှာခေါင်းတွေ ပွစိပွစိ နဲ့.. အဲ့အချိန် မဲနှိုက်ပေးမယ့် ဆရာမ အုပ်စု ဝင်လာတယ်.. ဆရာမက မဲလိပ်တွေလုပ်နေရင်း မျက်နှာအပေါ်မော့.. နှာခေါင်းရှုံ့ပွ ရှုံ့ပွ လုပ်ပြီး ဘာနံ့ကြီးလဲ မသိဘူး၊ သမီးတို့ မရကြဘူးလားလို့လဲ ပြောရော ခုန အားတင်းထားတာတွေ အကုန်ပျောက်ပြီး အော်ပြေးကြတာ တန်းနေတာပဲ.. ပြီးမှ သူငယ်ချင်းအတွက် စိတ်မကောင်းဖြစ်ကြရတယ်.. သူလဲ သူ့အဖွဲ့နဲ့ အတူတူ သွားချင်နေရှာမှာပဲ လို့ တွေးမိလို့ အားလုံးမျက်ရည်ကျခဲ့ရတဲ့ နေ့တစ်နေ့ ပါပဲ.. အခုချိန်ထိ တရားခံကို ဖမ်းမိတယ်လို့ မကြားရတဲ့ ရင်နာစရာ အမှုပါ.. 🥲🥲
(သူ့ အကြောင်း နောက်တစ်ပိုင်းမှာ နည်းနည်းဆက်ရေးပါဦးမယ်)

End of part 11
Thanks for your time 💛

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now