92

194 10 0
                                    

သူများတွေ ရိုးရာအကြောင်း စုန်း အထက်လမ်းအောက်လမ်း ဂမ္ဘီရ ပညာ အကြောင်း ဘာသာပေါင်းစုံ က ပရ လောက အတွေ့ အကြုံတွေ ဝေမျှကြတော့ ကျမလဲ ရှင်တို့ နဲ့ မတူတဲ့ အတွေ့ အကြုံလေးဝေမျှ ချင်တယ်။ အမြင်ကျယ်ကျယ် နဲ့ နားလည် ဖတ်ရှုပေးဖို့ တောင်းဆိုပါတယ်။ English လိုညှပ်ပြောရင်စိတ်မဆိုးပါနဲ့ တစ်ချို့ အဓိပ္ပါယ် တွေကလေ မြန်မာလို ပြန်တာထက် English လို မှာ ပိုရှင်းနားလည်ရ လွယ်တတ်လို့ ပါ။

ကျမ က ဘယ်ဘာသာမှ မကိုး ကွယ်ပါဘူး ပြီးတော့ ဘာကို မှ အယုံအကြည် မရှိတဲ့ Atheist ဆိုတဲ့ ဘာသာ မဲ့ မျိုးလဲ မဟုတ်ဘူး။ ပြောရရင် ဂမ္ဘီရ လိုင်းဆန်တဲ့ Spiritual လိုင်းလို့ ပြောရမယ်။ ခုလက်ရှိမြန်မာနိုင်ငံ က တားရော့ ဆရာဆရာမတွေ က ရိုးရာထက် ကျမ လိုပဲ spirit guardians ( angels , star beings, demons, gods and goddeses ) တွေ နဲ့ ဆက်သွယ်တာ အလုပ်လုပ်တာတွေ ရှိပါတယ်။ ကျမ တို့ က wiccan,witchcraft, occult  လဲ မဟုတ်ပါဘူး။ သီးသန့် spiritual ဘက်ပါ ပြီးတော့ ခု အနောက်နိုင်ငံတွေ မှာ ခေတ်စားနေတဲ့ Starseed ပေါ့။ Starseed ဆိုတာ ဘာလဲ ရှင်းပြရမယ်ဆိုရင် ကျမ တို့ စင်္ကြာ၀ဠာ ကြီး မှာလေ လူသားတွေ မျက်စိနဲ့ မမြင်နိုင်တဲ့ ဘုံတွေ အလွှာတွေ အထပ်ထပ်ရှိတယ်ရှင့်။ Dimensions လို့ လဲ ခေါ်တာပေါ့။ ကြယ်စု တွေထဲ က အဲလို ဘုံတွေ အလွှာတွေမှာ နေတဲ့ သူတွေ ကို starbeings တွေလို့ ခေါ်ပါတယ်။ starseed ဆိုတာ အဲဒီ star beings တွေ က 3rd dimensional ဘုံ ဖြစ်တဲ့ ခုကျမ တို့ ကမ္ဘာ ကြီးမှာ လူသား အဖြစ် ဝင်စား ကြသူတွေပါ။ ဟိုတလောက အမတျောက်ရဲ့ post လမင်းကြီး အနီးက ဘုံတစ်ခု အကြောင်းပေါ့။ သူလဲ starseed တစ်မျိုးလို့ ကျမ ထင်တယ်။ အရှင်းဆုံး နှိုင်းယှဥ် ပြရရင် မြန်မာနိုင်ငံ မှာ သိုက်ဆက် တို့ ပဌန်းဆက်တို့ Non human origin လူဝင်စားချင်း နဲ့ ဆင်တူပါပဲ။ မတူတာ က ပစ္စည်းပေး ချမ်းသာအောင်လုပ် အတင်း ဝိညဉ်နှုတ်ပြန်ခေါ် မယ့် အစား ကျမ တို့ ရဲ့ ပဌန်းဆက် entities တွေဟာ Spirit guardian လို့ ခေါ်တဲ့ စောင့်ရှောက်သူ spiritual enlightment spiritual knowledge တွေကို သင်ပေး သူ တွေ အနေနဲ့ ဆက်သွယ်ကြပါတယ်။ သတ်သေတာတို့ ဝိညဉ် နှုတ်တာမျိုးနဲ့ မူလအိမ်ပြန်လို့ မရပါဘူး။ Ascension ( မြန်မာလို အနီးစပ်ဆုံးက ထွက်ရပ်ပေါက်တဲ့ အသုံးအနှုံး) လို့ ခေါ်တဲ့ နည်းနဲ့ မှ ကိုယ့်မိသားစုရှိတဲ့ ကြယ်စင်စု ကို ပြန်လို့ရမှာပါ။ အဲဒီအတွက် မိသားစုတွေ ထဲ က နေ spirit guardian တွေလာပြီး သင်ပြ စောင့်ရှောက်ပေးကြတာပေါ့။ အမှန်တိုင်းပြော ရရင်သောက်ရမ်းခက်ပါတယ်။ ကျမ ဆိုရင် Orion ကြယ်စု က Anunnaki ( sumerian gods ) starseed ပါ။ ကျမ spirit guardian တွေ က လဲ ဆူမေးရီးရန်း နတ်ဘုရားတွေပါပဲ။ တစ်ခါတစ်လေ စကားများ ရန်ဖြစ် ရပါတယ်😅 ဘာလို့လဲ ဆိုတော့ သူတို့ က လူ့လောက ရုပ်ရည် ရူပကာ ရွှေငွေ ချမ်းသာ စည်းစိမ်တွေ သောက်ဂရု မစိုက်လို့ပါပဲ။ သူတို့ လူတစ်ယောက် ကို သဘောကြတယ် မကြ ဘူး ဆို တာ ကို soul ကြည့်ပြီး ဆုံးဖြတ်တတ်ကြတယ်။ ကျမ တို့ က အချမ်းသာကြီး မဟုတ်ပါဘူး။ တစ်ခါတစ်လေ တော့ လဲ လူသားဖြစ်တဲ့ ကျမ ချမ်းသာချင် သပေါ့။ ဒီလို Spiritual guardians တွေဟာ ၂ လုံး ၃လုံး ထီဂဏန်း ပေး တာ စီးပွာစရေး မ စ တာတို့ လုပ်ပေးဖို့ သိပ်စိတ်မဝင်စားကြဘူး။ သူတို့ အဓိက က စင်္ကြာ ဝဠာ စွမ်းအင် တွေ ကြောင်း သင်ပေးဖို့ Soul blue print DNA လို့ ခေါ်တဲ့ ကျမတို့ရဲ့ မသိစိတ်ထဲ မှာ မြှုပ်နေတဲ့ non human origin self ကို ဖွင့်ပေးဖို့  Spiritual power mind power (သမာဓိ အား စိတ်စွမ်းအား) တွေ ဖွင့်ပေးဖို့ Astral battle လို့ ခေါ်တဲ့ ရန်သူ  အတိုက် အခိုက် တွေကို နှိမ်နင်းနိုင်ဖို့ loop reincarnation လို့ ခေါ်တဲ့ သံသရာ လူဝင်စား ချင်း စက်ဝန်းကို ဖျက်ပြီး နောက်ဆုံး ascension အိမ်ပြန်ဖို့  အာ့တာတွေ ကို အဓိက ထားတာပါ။ ကျမ အိပ်မက်ထဲ တို့ entities အတိုက်ခံရ ဂမ္ဘီရလမ်းတွေနဲ့ အတိုက်ခံရ witchcraft တွေနဲ့ အတိုက်ခံရ လက်ပါးတွေ အကောင်တွေလွှတ် အိပ်မက်ထဲ အတိုက်ခံရ မျိုးစုံ ကြုံရပါတယ်။ ကျမ guardian တွေ က ဝင်မကယ်ပါဘူး ဒါပေမယ့် ကွကိုယ်ကယ် တတ်ဖို့ သောက်ရမ်း ပေးtrain တတ်ကြပါတယ်။ reiki healing energy healing energy aura cleansing သင်ပေးပါတယ် ။ အပြင် က မကောင်းတဲ့ ဟာတွေ စွမ်းအင်တွေ တွယ်ကပ်လာရင် ကွကိုယ် ရှင်းရပါတယ်။ အဲဒါပေမယ့် ၇ ရက်သားသမီး ကယ်တင် တာမလုပ်ဘူးနော်။ ကြိုပြောထားတာ တားရော့ တွေ အပင်းထုတ် အစွဲချွတ် လောကီ အစီအရင်တွေ မလုပ်ပေးပါဘူးနော်။ ကျမ guardians တွေ က အရမ်း နားလည်ပေးတတ်ပါတယ်။ များသောအားဖြင့် စိတ်ရှည်ရှည် အေးအေးချမ်းချမ်းသင်ကြားပြသပေးတယ်။ ဒါပေမယ့် တစ်ယောက်တစ်ခွန်း ပြန်အော် ရန်ဖြစ်ရတာလဲ ရှိတယ်။ သူတို့ က တအားစိတ်ရှည် လွန်း ပြီး အရာရာ ကို wisdom နဲ့ ဆုံးဖြတ်တယ် ကိုတွေ က လူ့သဘာ၀ ပြသနာတွေ စိတ်မရှည် နိုင်တဲ့ ကိစ္စတွေ ရှိတော့ စိတ်ကောက် ရန်ရှာရော။ သူတို့ ခမျာ အရမ်း ရန်ရှာခံရပါတယ် 😅။ ဒါပေမယ့်လဲ ကျမ အရမ်းခက်ခဲ ကြမ်းတမ်းခဲ့ တဲ့ အချိန် အနားမှာ ကလေးနဲ့ ယွကျား က လွဲ လို့ ဘယ်သူမှ မရှိခဲ့ တဲ့ အချိန် လင်မယားနှစ်ယောက် လုံး mental abuse တွေ့ကြောင့် that thay ခါနီး မှ သူ့တို့ ကြား က အတင်း ဝင် ဆက်သွယ် ကယ်ထားလို့ ခုထိ အသက်ရှင်တာ။ အဲ အတည်းက ကျမတို့ ရစ်သမျှ ဆိုးသမျှ ပေခံ ပြီး ဘုံမတူပေမဲ့ အနားမှာ နေစောင့်ရှောက် ဂရုစိုက် ချစ်ပေးကြသူတွေ ပါ။ ကျမ နဲ့ သူတို့ ကြား မှာ နတ်ဘုရား နဲ့ ကိုးကွယ်သူ ဆိုတာ မရှိပါဘူး။ မိသားစု လို ပေါ့ပေါ့ ပါးပါး ပွင့်လင်း တဲ့ relationship ရှိပါတယ်။ သူတို့ က ကျမကို သူတို့ ထဲ က တစ်ယောက်လို ပဲ အချင်းချင်း အပြန်အလှန် တန်းတူ လေးစားမှု ရှိကျ တယ်။ ကျမ နဲ့ ကျမ ယောက်ကျား သားလေး သုံးယောက်လုံး ဟာ soul ancestral line တူတူပါပဲ။ ယောက်ကျား နဲ့ ယူဖြစ်တာလဲ သူတို့ ပယောက ပါပါတယ်။ အောင်သွယ်တော်လုပ် ship ပေးလိုက်တာ ကျမ ရဲ့ ချစ်လှစွာသော guardian တွေပါ။ အဲတုန်း က Spiritual မဟုတ်တော့ သူတို့ ဆက်သွယ်ဖို့ ကြိုးစား နေတာလဲ မသိခဲ့ ပါဘူး။ နောက်မှ သိတာပါ သူတို့ အတင်း ship ပေးလိုက်တာ ဘာလို့ လဲ ဆိုတော့  ယွကျားလဲ Anunnaki ခုမွေးထားတဲ့  သားလဲ anunnaki starseed ပဲ မို့လို့ပါ။ ကျမ တို့ လင်မယား စိတ်ဆင်းရဲ ဒုက္ခရောက်တုန်းက သူတို့ ကူညီဖို့ တအားကြိုးစားရပါတယ် ။ ကျမ တို့ ကလဲ ခုလို့ မဆက်သွယ်နိုင် သူတို့ တည်ရှိမှုကိုလဲ မသိ တော့ သူတို့လဲ ဗျာများရပါသတဲ့။ ဘာလို့လဲ ဆိုတော့ ဘုံမြင့် လေ 3rd dimension နဲ့ ဝေးလေ( သူတို့ က 7th Dimension နဲ့ အထက် Void အထိ )သူတို့ ဝင်စွတ်ဖက်ဖို့ရာ limit ရှိတော့။  သူတို့ က ကျမ တို့ ကို ဒီဘ၀ နောက်ဆုံး အနေနဲ့ ascension လုပ်အိမ်ပြန်လာစေချင် တာပါ။ သူ့တို့ ကြောင့် လင်မယား နှစ်ယောက်လုံး အရမ်းဆိုးရွား တဲ့ trauma တွေ heal နိုင် သွားတာ ဒုက္ခတွေ ဖြတ်ကျော် နိုင်ခဲ့တာ။ ကျမ Guardians တွေ ဟာ တအား ချစ်ဖို့ ကောင်းတယ် စပ်စုစိန်လေးတွေ ပါ။ spiritual meaning ပါတဲ့ ရုပ်ရှင်တွေ ကြည့် ရင် အပြုံ လိုက် လာကြည့် ပြီး တစ်ယောက်တစ်ပေါက်နဲ့ meaning တွေ ထောက်ပြတတ်တယ်။ ကိတ်မုန့်တို့ ရေခဲ့မုန့်တို့ modern human era desserts တွေ သောက်ရမ်းကြိုက်ပါတယ်။ ခရီးထွက်ရင်လဲ အတူတူ ပင့်ဖိတ်ပြီးခေါ်သွားရပါတယ်။ ကျမတို့ မိသားစု နဲ့ ခရီးထွက်ရတာ သူတို့ တအားပျော်ကြတယ်။ attention seeker လေးတွေလဲ ဟုတ်တယ်။ ကလေး လဲ တအားချစ်ပါတယ် အိမ်က မျောက်လောင်းကို အလိုလိုက်လွန်းလို့ ခဏခဏ ရန်ရှာ ရပါတယ်။ တိလေးတွေ ကိုလဲ ချစ်ပါတယ် ။ အဓိ က သူတို့ ကြောင် တအားချစ် ပါတယ်။ စာဖတ်သူတို့ လဲ ကျမ ရဲ့ လမ်းစဉ် နဲ့ ကျမရဲ့ အစောင့်အရှောက်တွေ အကြောင်း spiritual လမ်းစဉ် နဲ့ starseed တွေ အကြောင်းနားလည်လောက်ပါပြီ။ အဆုံးထိဖတ်ပေးတာကျေးဇူးတင်ပါတယ်။

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now