65

226 11 0
                                    

ဒီနေ့ စိတ်ပါလို့ ကြုံရတဲ့ထဲက တခုပြောပြပါမယ် 😁

ကိုယ်အိမ်ထောင်ကျတော့ အိမ်ခွဲနေမယ်ဆိုပီး အိမ်ဌားရှာ အမေတို့နဲ့လည်း တမှတ်တိုင်ပဲ ကွာတဲ့ နေရာမှာ တိုက်ခန်းကျဥ်းလေး ရလို့ ဌားလိုက်တယ်

သရဲဆိုအမြဲမြင်တတ် သရဲရှိရင်ထိပ်ဆုံးကသိတဲ့ ကျမက ထုံးစံအတိုင်း အိမ်တက်နေ့မှာတင် စတွေ့တော့တာပါပဲ

ဘုန်းကြီးတွေ မကြွခင် လုပ်စရာရှိတာလုပ်ပီး ရေချိုးတော့ ရေချိုးခန်းထဲ ၁၃နှစ်၀န်းကျင် ကလေးမလေး တယောက် ကျမကိုကြည့်ပီး ထိုင်ရီနေတာ

ပြောရမယ်ဆို အခန်းက ရေချိုးခန်းနဲ့ အိမ်သာတွဲထားတာ အိမ်သာကို သစ်သားအဖုံးနဲ့ အုပ်ထားတော့ ကွပ်ပျစ်အသေးလိုဖစ်နေတာ သူကအယ့်ပေါ်ထိုင်ရီတာ ကိုယ်က ဂျပန်ချိုးချိုးတာ 😅😅

ကိုယ်လည်းထုံးစံအတိုင်း မသိချင်ယောင် မမြင်သလိုဆောင်ပီး ရေမိုးချိုး ပြန်ထွက် လုပ်စရာရှိတာလုပ် တရားနာပေါ့ စိတ်ထဲ ဒီအိမ်နဲ့ ငါနဲ့တော့ တွေ့ပီပေါ့ 😆😆

ကိုယ်က ညတိုင်း ပဌာန်းရွတ်တာ အယ့်ညလည်း ရွတ်တာပဲ မမြင်အပ်တွေ မနေနိုင်သူတွေရှောင်လို့တော့ ကြိုပြောပါတယ် ဘာမှတော့မဖစ်ဘူး အယ့်ရေချိုးခန်းထဲ၀င်ရင်ပဲ သူက ကိုယ့်ကြည့်ရီနေတာ

အမျိုးသားက အလုပ်အစောကြီးထသွားရတာ ၆နာရီလောက် ကိုယ်က ၈နာရီမှ အိမ်ကထွက်ရတော့ တယောက်ထဲ အိပ်ကျန်ခဲ့တာပေါ့ ၄ရက်မြောက်နေ့ မနက် ဘုရားဆွမ်းကပ် ဘုရား၀တ်ပြုမလို့ လုပ်နေတုန်း

မီးဖိုချောင်မှာ မတ်မတ်ကြီး ဘေးစောင်းရပ်နေတာ ဆံပင်က ကုတ်ကျော်ကို ဘုတ်သိုက်ပွပွကောက်ကောက် မျက်နှာမမြင်ရဘူး တကိုယ်လုံး မဲမဲပဲ အသက် ၅၀ကျော်မိန်းမပုံစံမျိုး ရုတ်တရတ် ကိုယ်လည်း လန့်သွားတာပေါ့

နောက်တော့ ဘုရားရှိခိုး အမျှေ၀ မေတ္တာပို့တာပေါ့ သူအမျှလိုချင်လို့ လာတယ်ပဲတွေးလိုက်တာပေါ့ ပီးတော့ ရုံးသွားဖို့ လုပ်တာပေါ့ နောက်ကျောတော့မလုံဘူးရယ်

အာ့နဲ့ရုံးသွား ညကျ အမေ့ဆီ၀င်တာနဲ့ဘာနဲ့ ၆ခွဲလောက် အိမ်ပြန်ရောက် မီးကပျက်ရက် ၉နာရီမှလာမှာ အာ့နဲ့ အိမ်ရောက်တော့ အမျိုးသားနဲ့စကားခနပြော ၇ခွဲကျ ရေချိုးမယ်ပေါ့ သူကကိုဟ်ကြောက်မှာစိုးလို့ ရေချိုးခန်းနားလိုက်စောင့်ပေးတယ် ကိုယ်ကလည်းရတယ်ပေါ့

အယ့်မှာကိုယ်ကရှည်ပီး အကျီ၂ထည်လျှော် ၀ရန်တာတယောက်ထဲထွက်လှမ်းတာ အယ့်မှာ ထပ်တွေ့တာက အသားဖြူဖြူ အရပ်ရှည်ရှည် ဦးလေးကြီး နင်တို့တရားလွန်နေပီ ငါတို့မကြိုက်ဘူး လာမနေနဲ့ မြန်မြန်သွားကြလို့ လာပြောတာ ကိုဟ်လည်းစိတ်တိုပီး နင်တို့အိမ်ရှင်ကို ၃လစာပေးဌားတာ မကျေနပ်ရင် အိမ်ရှင်ကို အိမ်မက်သွားပေး ငါ့လာမပြောနဲ့လို့ ပြန်ပြောလိုက်တယ်

အယ့်မှာ အ၀တ်လှမ်း ရေပြန်ချိုး တအောင့်နေတော့ မီးလာရော အာ့နဲ့ဘုရားရှိခိုးမလို့ သောက်တော်ရေလဲ ဆီမီးထွန်းဘာညာလုပ် ပီးတော့ ၀တ်ပြုတော့မယ် ဆိုပီး air fan ကို ကုန်းဖွင့်နေတုန်း အရှေ့မှာ ခါးထောက်ပီး မတ်တပ်ရပ်နေတာ စိတ်ဆိုးမာန်ဆိုးနဲ့ ပုဆိုးကအပြာကွက်အကျဲ👉👉 ( အကောင်လိုက်မြင်ရတာ အပေါ်ကမြင်တာတွေက စိတ်ထဲက မြင်ရ ကြားရတာပါ အခုက အကောင်လိုက်ကြီး အပြင်မှာတွေ့ရတာ 😢😢 )👈👈

ကိုယ်က ယောက်ကျားထင်ပီး ငါ့ကိုဘာလို့ ခါးလာထောက်ကြည့်တာလဲဆိုပီး ရန်တွေ့မလို့ မော့ကြည့်လိုက်တော့ ရင်ခေါင်းထိပဲတွေ့လိုက်ရတယ် မျက်နှာမမြင်ရဘူး ပျောက်သွားရော

ကျမက နှလုံးအားနည်းတာ ရောဂါရှိတယ်ပေါ့ လန့်သွားတာ တညလုံးရင်တုန်နေတာ ခေါင်းအုံးကို ရင်ခေါင်းဖိအိပ်ရရော နောက်နေ့ နှလုံးဆေးပါသောက်လိုက်ရတာ ဖလမ သရဲလုပ်တာ လူလည်း တကယ်လန့်သွားတာ ရင်ထဲဒိန်းဆိုပီး

အယ့်မှာ ပူလို့ ကိုယ်တော်ချောက တံခါးမကြီးဖွင့်အိပ်မယ်လုပ်တော့ ကိုယ်က ပိတ်အိပ် ကြောက်လို့ဆိုတော့ သူကသူရှ်နေတာ မကြောက်နဲ့လို့ပြောရင်း စကားများကြရော ကိုယ်လည်း စိတ်တိုပီးငိုလည်းငို ပြောလည်းပြော နင်မြင်တာငါမမြင်ဘူး ငါမြင်တာနင်မမြင်ဘူးလို့ ပြောတော့ နည်းနည်းအထာနပ်ပီး တညလုံးထိုင်စောင့်ပေးရော

မနက်ကျ သူအလုပ်သွားတာနဲ့ ကိုယ်လည်းအတူ လိုက်ထွက်ပီး တွေ့ခဲ့တာတွေ အစဆုံးပြောပြတာပေါ့ သူက အစထဲကမပြောလို့ စိတ်ဆိုးသေး နောက် အိမ်ပြန်အပ် ၂လစာ အဆုံးခံ တလစာက ပြန်ပေးတယ် အိမ်ရှင်က

အာ့နဲ့ သရဲ၃ကောင်ကြောင့် ၄ရက်နဲ့ ၂လစာ ပလုံလေသည်ပေါ့ 😅😅

မှတ်ချက် ကိုယ်က သေတဲ့လူတွေ အိမ်မက်ပေးတာ စကားလာပြောတာ ရှိနေတာတွေကို အမြဲ စိတ်ချင်း ကြားနေ မြင်နေ အိမ်မက်မက်နေတဲ့ လူမျိုးပါ နောက်များ တခုချင်း တပတ်တမျိုး ပြောပြပါ့မယ် အရေးသားမဆီငေါ်ရင် ဖြည့်တွေးပေးပါ

#crd

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now