197

171 7 0
                                    

တောင်ပို့စောင့်ဘိုးဘိုးကြီး ဖြစ်ရပ်မှန် (စ/ဆုံး)
++++++++++++++++++++++++
       ကျွန်တော်အလုပ်ခွင်ကို စဝင်တဲ့အချိန်က ၁၀တန်းအောင်ပြီးကာစ ၁၆နှစ်ကျော်ကျော်ပေါ့။ ငယ်သေးတာကြောင့် ဌာနကအလုပ်မခန့်သေးပဲ ရုံးအကူအနေနဲ့ တာဝန်ပေးခဲ့တယ်။

    ရုံးမှာက လူ၄ယောက်ပဲရှိတယ်။ ရုံးကလဲ ပေ၂၀ပတ်လည်ရုံးသေးသေးလေး။ အဲလိုနဲ့နောက်ပိုင်းမှာ ရုံးအသစ်ဆောက်ဖို့ ဘတ်ဂျက်ကျလာတော့ ကျွန်တော်တို့ယခင်နေတဲ့ရုံးကိုပိတ်ပီး ရုံးအသစ်မှာ နေရဖို့ နေရာလိုက်ရှာရတော့တယ်။

  ဌာနဆိုင်ရာတွေနဲ့ ချိတ်ဆက်ပြီး ဘယ်နေရာရမလဲ မေးမြန်ချက်တွေအရ ယခင်ကုန်သွယ်လယ်ယာ ဂိုဒေါင်တွေရှိတဲ့ မြို့စွန်ဘက်မှာ နေရာရခဲ့တယ်။

  ဒါပေမယ့် အဲဒီဝင်းထဲမှာက ကုန်သွယ်လယ်ယာ.ဂိုဒေါင် ၄လုံးဆောက်ထားတယ်။ အဲဒါနဲ့ မရရတာယူမယ်ဆိုပြီးတော့ ဌာနအမည်ပေါက်ရအောင်.လုပ်ပြီး ဂိုဒေါင်၄လုံးနဲ့ မြေ ၁.၂၂၁ ကိုရရှိခဲ့တယ်။

  ပထမဆုံး ဂိုဒေါင်တည်ရှိရာဝင်းထဲကိုရောက်တဲ့ အချိန်မှာတော့ တော်တော်လေးစိတ်ပျက်သွားတယ်
ဘာလို့ဆိုတော့ ဂိုဒေါင်၄လုံးနဲ့တင် ခြံဝင်းကပြည့်နေပီ။

  ရုံးအသစ်ဆောက်ဖို့ဆိုတာ မြေနေရာ.မကျန်တော့ဘူး။ ဂိုဒေါင်တွေကိုလိုက်ကြည့်တော့ ၃လုံးက အုတ်ခံ၊ သွပ်မိုးနဲ့.အတန်သင့်ကောင်းနေသေးတယ်။ အသုံးပြုလို့ရနိုင်တဲ့အနေအထား။ နောက်ဆုံးအစွန်မှာရှိတဲ့ ဂိုဒေါင်ကတော့ သွပ်မိုး၊ သွပ်ကာ၊ ကွန်ကရစ်ခင်း၊ နှစ်ကာလကြာနေတော့ သွပ်တွေက ပေါက်ပြဲနေတယ်။ ဒိုင်းပိတ်တွေလဲ ဆွေးနေပီ။ အဲလိုနဲ့ ဂိုဒေါင်၄ကိုဖျက်ပြီး ရုံးအသစ်ဆောက်ဖို့ ဆုံးဖြတ်ခဲ့တယ်။

ဒါပေမယ့် ဂိုဒေါင်၄ဘေးမှာ.ခြတောင်ပို့ကြီးတစ်ခုရှိတယ်။ ဂိုဒေါင်ဖျက်မယ်ဆိုရင် ခြတောင်ပို့ပါဖျက်ရမယ်။ ခြတောင်ပို့ဆိုတော့လဲ တော်ရုံမလုပ်ရဲဘူး။ အဲဒါနဲ့ တောင်ပို့နဲ့ပတ်သတ်ပြီး ဘာတွေထူးခြားလဲဆိုတာ ဂိုဒေါင်အနီးမှာနေတဲ့သူတွေကို မေးကြည့်တော့..

ဒီခြတောင်ပို့က အစောင့်ရှိတယ်တဲ့။ တကယ်ထိခဲ့တဲ့ သူတွေရှိ်တယ်။ မင်းသိချင်ရင် လိုက်ပြမယ်ဆိုတော့ ကျွန်တော်ကလဲ အိမ်ထိသွားမေးတာ။

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now