58

246 15 0
                                    

ထောက်ကြန့် စစ်သင်္ချိုင်းနားဆိုတဲ့
Post လေး တစ်ခု မြင်လိုက်လို့
ကြုံဖူးတာလေး ရေးပြအုံးမယ်

အာ့တုန်းက ရေဘေးတွေဖြစ်နေတာ
ကျနော်တို့ ဂီတလူငယ် ပရဟိတအဖွဲ့
ဟင်္သာတကို သွားလှူပြီး ပြန်လာတဲ့ည

ကျနော်က သမိုင်းလမ်းဆုံမှာ ဆင်းတယ်
အသိတယောက်နဲ့ဆုံလို့ ဆိုင်ထိုင်လိုက်တာ
ည ၉နာရီ ထိုးမှန်းမသိ ထိုးသွားရော

သမိုင်းကနေ ထောက်ကြန့်ကို
အောက်ဆိုဒ်ကားလေး စီးပြန်ခဲ့တာ

ဝါယာလက်နား ရောက်တော့
ည10နာရီဝန်းကျင်လောက် ရှိနေပြီ

မှတ်မိတယ် မိုးလေး တဖွဲဖွဲ ရွာနေတယ်
ဝါယာလက် အကျော် ဘုရားလေးရှိတယ်
(မှတ်တိုင်နာမည် ???) အာ့နားရောက်တော့
လူတစ်ယောက်ဆင်းပြီး  မိန်းကလေးတယောက်
ဘဏ်ဝတ်စုံလို ဝတ်ထားတယ်
ခေါင်းမှာ ရေတွေ ရွှဲနေတယ်
ကားက အပုလေး ဆိုတော့
ငုံ့ပြီး တက်လာတယ် ဆံပင်တွေက
မျက်နှာဖုံးနေတော့ ရုပ်တော့ မမြင်ရ

ကိုယ့်ကိုကျော်ပြီး ကားအတွင်းထဲ
စက်ခန်းနားထိ တိုးဝင်ပြီး သွားထိုင်တယ်

ကိုယ့်အထင် သူ မိုးမိထားလို့ အေးနေလို့ နွေးအောင် သွားထိုင်တယ်ပေါ့

ကားနောက်ပိုင်းမှာ သူရယ် ကျနော်ရယ်
စပယ်ယာရယ် ၃ယောက်ထဲ

စပယ်ယာက မေးတယ်
အကို ဘယ်မှာ ဆင်းမလဲတဲ့
ကျနော် က ပုပ္ပါး လို့ ပြန်ဖြေတော့
စပယ်ယာက စက်ခန်းနားထိ တိုးသွားပြီး
အကိုရေ ပုပ္ပါးတစ်ယောက်ပဲ ကျန်မယ်
ဝပ်ရှော့မှာပဲ ကားသိမ်းလိုက်တော့ဆိုပြီး
Driver ကို လှမ်းအော်တယ် ကိုယ်က
အဲ ဟိုညီမကျတော့ မမေးဘူးပေါ့
စီးနေကြ သူတို့ အသိလို့ ထင်နေတာ

ဒါနဲ့ ပုပ္ပါးမှတ်တိုင်ရောက်တော့
ကျနော်ဆင်းတယ် ဆင်းဆင်းချင်းပဲ
ကားပေါ်ကို လှမ်းကြည့်လိုက်တာ
ခုနက မိုးရေစိုနေတဲ့ ဘဏ်ဝတ်စုံနဲ့
အမျိုးသမီး မတွေ့တော့ဘူး

တစ်လမ်းလုံး ကိုယ့်ရှေ့တင် တူတူစီးလာတာကို ကိုယ်မဆင်းခင်ထိ
သူလဲ မဆင်းရသေးတာကို
ဘယ်ပျောက်သွားမှန်း မသိတာ

ဖြစ်ချင်တော့ အာ့ရှေ့က ဝပ်ရှော့မှာ
ကားက သိမ်းတာ ကျနော် မနေနိုင်တာနဲ့
စပယ်ယာကို သွားမေးလိုက်တာ
"ညီလေး ခုနက (???) ကနေ တက်လာတဲ့
ဘဏ်ဝတ်စုံနဲ့ ကောင်မလေးက
ဘယ်နားဆင်းသွားတာလဲ" ဆိုတော့
စပယ်ယာက "ဟာ အကို မနောက်နဲ့လေ
(???) ကနေ ခု ဒီထိ နောက်မှာ အကိုနဲ့
ကျနော်နဲ့ ၂ယောက်ထဲပဲလေ" တဲ့

သူအာ့လို ပြောလိုက်မှကို ကိုယ့်မှာ
ခေါင်းကြောတွေ ထောင်လာပြီး
ကြက်သီးတွေ ထကုန်တော့တာ

မနက်ကျ အာ့ကိစ္စ အဒေါ့်ကိုပြောမိမှ
ဘုရားလေး မှတ်တိုင်နား
???Bank Ferry အကြိုအပို့ ကားတစ်စီး
မှောက်ပြီး လူ၂ယောက် ၃ယောက်
သေဖူးတယ်တဲ့ နောက်ရက်တွေတော့
အာ့နားရောက်ရင် ကိုယ်တော့
ပြုထားသမျှ ကုသိုလ်တွေကို အမျှဝေ
ပေးလိုက်တယ် ကျွတ်ချင်လို့ ကိုယ့်ကို
ကိုယ်ထင်ပြတာလား ဘာလား မသိလို့

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now