Stone Age Husband Raising Journal _ Chapter (1)_ (z+u)

46.9K 2.2K 46
                                    

ကျောက်ခေတ်ခင်ပွန်းပျိုးထောင်ခြင်းမှတ်တမ်း _ Chapter(1)_ ရှုန်းယယ် (z+u)

တောက်ပသောနေရောင်သည် ပြာလွင်လှသော ကောင်းကင်ယံ မှနေ၍ စိမ်းလန်းသောသစ်တောများပေါ်ကို ဖြာကျနေသည်။ ဧရာမသစ်ပင်ကြီးများက  အကိုင်းအခက်များကိုဖြန့်ကာ နေရောင်ခြည်ကိုအလုအယက်စုပ်ယူနေရသည်။  အပင်တွေက အရွက်တွေကကြီးထွားလွန်းသောကြောင့် တောက်ပသော နေခြည်က အပင်အောက်တွင် အစက်အပြောက်လေးအဖြစ်သာကျဆင်းလာရတော့သည်။ လတ်ဆတ်သော လေပြေလေးများတိုက်ခတ်လိုက်ချိန်တွင် နေပြောက်လေးများကကခုန်နေသလိုဖြစ်နေသည်။ ပတ်ဝန်းကျင်တစ်ခုလုံးက သစ်ရွက်၊ မြက်နံ့တို့ဖြင့်ကြိုင်လှိုင်လို့နေသည်။

လေကြောင့်အရွက်များ လှုပ်ယမ်းနေစဉ်  ချုံပုတ်ထဲမှလက်သည်းချွန်များနှင့် တောင့်တင်းသော ခြေထောက်များ ပိုင်ဆိုင်ထားသည့် အမြင့် တစ်မီတာခန့်ရှိသော လက်စ်ဆိုအိုသောရပ်စ် ဒိုင်နိုဆောတစ်ကောင် ထွက်ပေါ်လာသည်။ဒီဒိုင်နိုဆောက ရှားရှားပါးပါး ဌက်ခြေထောက်နှင့် လက်သေးသေးလေး ရှိသောဒိုင်နိုဆောဖြစ်ပြီး အသားစားဒိုင်နိုဆောကြီးများ၏ အမဲလိုက်ခြင်းကို ခံရသောအကောင်ဖြစ်သည်။ လက်စ်ဆိုအိုသောရပ်စ် ဒိုင်နိုဆောသည် ခေါင်းကို မော့ကာ ဟိုဟိုသည်သည်စစ်ဆေးကြည့်ပြီးနောက်

အန္တရာယ်မရှိကြောင်းဆုံးဖြတ်ပြီးနောက်ချုံဖုတ်ပေါ်ရှိ အရွက်များကို ကိုက်ဖြတ်စားသောက်ရန် သူ၏မေးရိုးကို ဟကာမြှားပုံစံသွားများကို အသုံးပြု၍ စတင် စားသောက်နေခဲ့သည်။

သူက  ဂရုစိုက် အစာကို စားသောက်နေစဉ်သူ့အနောက်တွင် အညိုရောင်ဝက်ဝံကြီးတစ်ကောင်ထွက်လာပြီး အမြန်ပြေးလာပြီး ခုန်အုပ်ခဲ့သည်။ လက်စ်ဆိုအိုသောရပ်စ်ဒိုင်နိုဆောက အညိုရောင်ဝက်ဝံမှလွတ်မြောက်ရန် ကြိုးစားပေမယ့် အလွန်နောက်ကျသွားပြီးဝက်ဝံညို၏ကိုယ်အောက်တွင် ပိကာ အသံ ချက်ချင်း တိတ်ဆိတ်သွားသည်။

နောက်ဆုံး၌ဝက်ဝံညိုက မတ်တတ်ထရပ်လိုက်သည်။

အညိုရောင်ဝက်ဝံသည်အရပ်အမြင့်  ၂ မီတာခွဲခန့်ရှိပြီး၊ မတ်တတ်ရပ်သောအခါမြေပေါ်တွင်ရှိလက်စ်ဆိုအိုသောရပ်စ် ဒိုင်နိုဆောခမျာ ကြေမွသွားသည်ကိုတွေ့လိုက်ရသည်။ အခု ဝက်ဝံညိုကသူ့ကိုယ်အလေးချိန်ကို သုံးပြီး ဒိုင်နိုဆောကို သတ်လိုက်တာ ဖြစ်သည်။ ဝက်ဝံညိုကဆောင်းခိုကာ အစာမစားပဲ အိပ်စက်ခဲ့သောကြောင့် သူ့ကိုယ်က ပိန်သွားတာတောင်  ကိုယ်အလေးချိန်က  ၄၀၀ ကီလိုဂရမ်တော့ ရှိနေသေးသည်။ သနားစရာလက်စ်ဆိုအိုသောရပ်စ် ဒိုင်နိုဆောခမျာ အလေးချိန်ည် ၁၀ ကီလိုဂရမ်ထက် အနည်းငယ်သာပိုလေးသည်။

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now