Chapter ( 150 ) _ ရှီလီရဲ့ အကောက်ကြံမည့် အစီစဉ်

5.1K 897 11
                                    

Chapter ( 150 ) _ ရှီလီရဲ့ အကောက်ကြံမည့် အစီစဉ်


ပဲပိစပ်ကို အမှုန့်ဖြစ်အောင် ထောင်းပြီး ရေထည့်ပြီး အိုးတစ်လုံးထဲမှာ အချိန်အကြာကြီး ပြုတ်ထားရင် ပဲနို့ထွက်လာပါလိမ့်မယ်။

ကျိုးကျီသည် တိုဟူးကိုတော့ မပြုလုပ်နိုင်ပေ။ ဒါ့အပြင် တိုဟူးကိုလည်း သူက အရင်က  တစ်ခါမှမပြုလုပ်ဖူးပေမယ့် ဒီကို ဝိဉာဉ်ကူးပြောင်းမလာခင်က ပဲစိစပ် အစေ့ကို ရေစိမ်ပြီး Brander စက်ဖြင့် ကြိတ်ကာ  ပဲနို့ချက်သောက်လေ့ရှိသဖြင့် ပဲနို့ပြုလုပ်နည်းကိုတော့ သိခဲ့သည်။  အခုတော့ ကြိတ်စက်မရှိတဲ့အတွက် ပဲစိစပ်ကို ကြေအောင် ထောင်းခိုင်းရတော့သည်။ ပြီးရင် ထောင်းထားတဲ့ အဖတ်ကို အရည်စစ်ယူကာ အိုးဖြင့် ကြိုလိုက်သည်။ အနံ့တွေ မွှေးလာချိန်မှာ ချလိုက်ရ သည်။ ပဲနို့က ကြာကြာကြိုရင် အရသာပျက်သွားလိမ့်မည်။

 ဖြူဖျော့ဖျော့ ပဲနို့သည် မြေအိုးထဲတွင် ကျန်ရစ်ခဲ့ပြီး လူတွေကို လာပါ သောက်လှည့်ပါလို့ ပြောနေသလို အရမ်းကို ဆွဲဆောင်မှု ရှိနေပုံရသည်။ ရှုန်းယယ်က ထိုပဲနို့ကို တအံ့တသြကြည့်ကာ သူ့ ကျိုးကျိုးလေးကို ပြောလိုက်သည်။
 "ကလေးတွေကို တိုက်တဲ့နို့နဲ့ အရောင်တူတယ်"

ကျိုးကျီ: "......"
ရှုန်းယယ်က သူ့စိတ်ထဲက ရှိတာကို ထုတ်ဖော်ပြောတဲ့နေရာမှာ ဘေးပတ်ဝန်းကျင်ကို  သိပ်ဂရုမစိုက်တတ်ဘူး။

"အဲ့ဒါကို သောက်ရတာ အရသာရှိလား" ရှုန်းယယ်က တောက်ပစွာဖြင့် စိုက်ကြည့်ရင်း  ဆက်ပြောခဲ့သည် ။ ကျိုးကျီလုပ်ထားတဲ့ အစားအစာက အရသာရှိပေမယ့် ဒီအရည်ကရော အရသာရှိမှာလား မသိဘူး...

"အင်း..."
ကျိုးကျီသည် ပန်းကန်လုံးတစ်ခုကို ကောက်ယူလိုက်ပြီး ပဲနို့တစ်ပန်းကန်ကို ထည့် လိုက်သည်။ ရှုန်းယယ်ကို သောက်ဖို့ မပေးခင် သကြားတစ်ဇွန်းထည့်ပေး လိုက်သည်။ ပဲနို့ ကို သူ့အစိမ့် အရသာအတိုင်း တိုက်ရိုက်သောက်ရတာကို လူတော်တော် များများက မနှစ်သက်ကြပေမယ့် အများစုကတော့ သကြားထည့်ပြီး အရသာရှိအောင် လုပ်ပြီးသောက်လေ့ရှိကြတယ်။
 
သကြားထည့်ပေးလိုက်ရင် အချိုကြိုက်တဲ့ ရှုန်းယယ်ကတော့ ကြိုက်မှာ သေချာတယ်လို့ သူ ယုံကြည်တယ်။

ဟိုင်ဖုန်း တက်လာပြီး ပြောလိုက်သည်။
"ကျိုးကျီ ငါလည်း စမ်းသောက် ကြည့်ပါရစေ။ ပဲပိစပ်တွေက အဝါရောင်ဖြစ်နေတာ  အခုလို ကြိုလိုက်တော့ နို့ဖြူလို အရောင်ဖျော့ဖျော့ ဟင်းချိုအဖြစ် ပြောင်းသွားပြီ... ဒီဟာက တကယ်ကြည့်ကောင်းတယ်"

ကျိုးကျီသည် ဟိုင်ဖုန်း ကို ပဲနို့တစ်ပန်းကန် ပေးသော်လည်း သကြားမထည့်ပေးလိုက်ပေ။

သူနှင့် ရှုန်းယယ်စား လေ့ရှိသော သကြားကို အချိုရည်ရသည့် ကြံမှ ထုတ်ယူထားရသည်။ ပမာဏအနည်းငယ်ရရှိရန် ကြိုးစားအားထုတ်မှုများစွာ လိုအပ်သည်... သူက ကြိုးစားပမ်းစား လုပ်ထားတဲ့ သကြားကို အခြားသူများကို လွယ်လွယ်ကူကူ မပေးနိုင်ပေ။

ဟိုင်ဖုန်း သည် ပန်းကန်လုံးကို လက်ခံလိုက်ပြီး မျှော်လင့်ချက် အပြည့်ဖြင့် တစ်ငုံသောက်လိုက်သောအခါတွင်  သူ့ကိုယ်က အေးခဲသွားသည်။

"အဘိုး..." ရှီပေါင်ပေ့ က ခေါင်းမော့ကာ ခေါ်လိုက်သည်။

ဟိုင်ဖုန်း က ရှီပေါင်ပေ့ ဆီကို ပဲနို့ပန်းကန်ကို ပေးလိုက်ပြီး ပြောလိုက်သည်။
"ပေါင်ပေ့...မင်း သောက်လို့  ရပြီ"

ရှီပေါင်ပေ့ လည်း တငုံသောက်လိုက်ပြီး သူ့အမူယာက အေးခဲသွားသည် ။

"ပေါင်ပေ့......"
ကြံ့ သားရဲဘုရင်လည်း သူတို့နောက်ကို လိုက်လာရင်း သူ့သားက ကျိုးကျီ ကြိုထားတဲ့ ပဲနို့ကို သောက်တာကို မြင်တော့ ခေါ်လိုက်သည်။
 
ရှီပေါင်ပေ့ သည် သူ့ဖခင်အား ပဲနို့ကို ပေးခဲ့ပြီး ဟိုင်ဖုန်း ထံမှ သင်ယူခဲ့သည့် အတိုင်း မွေးသဖခင် ကျေးဇူးရှင်ထံ ဘောလုံး ပုတ်လွှတ်လိုက်သည်။

 "အဖေ သောက်လိုက်တော့..."  

 ကြံ့ သားရဲဘုရင် သည် ဝက်ဝံကြီး မျိုးနွယ်ထံ မှ လတ်ဆတ်သော အစားအစာ အမျိုးမျိုးကို စမ်းစားပြီးချိန် နောက်ထပ် ပဲနို့ကို လက်ခံရရှိသည့်အတွက် အရမ်းပျော်သွားပြီး အလုတ်ကြီးကြီး တစ်ငုံသောက်လိုက်တယ်။

ဟိုင်ဖုန်း က သူ့ဆီက  မကြိုက်တဲ့ အမူအရာကို ကြည့်ဖို့ စောင့်နေပေမယ့် မထင်မှတ်ပဲ ကြံ့သားရဲဘုရင်က ဝမ်းသာစွာ ပြောလိုက်လို့ ဟိုင်ဖုန်း အံ့သြသွားတယ်။
 "အရသာက မဆိုးဘူး"  

အသီးအရွက်ကြိုက်သော ကြံ့ သားရဲဘုရင် သည် အရွက်ကို အစိမ်းအတိုင်းပင် စားသောက်ခဲ့သူဖြစ်လို့ ပဲနို့ရဲ့ ရိုးရိုး စိမ့်သည့် အရသာကို နှစ်သက်သည်။

"ကြံ့သားရဲဘုရင်က အဲဒါကို ကြိုက်ရင် များများရှိပါ။"
ကျိုးကျီသည် ကြံ့သားရဲဘုရင်အား သူနှင့်အတူ သောက်ရန် ရက်ရက်ရောရော ဖိတ်ခေါ်ခဲ့သည်။

ရိုးရိုးပဲနို့အရသာကိုလည်း သူ စိတ်မဝင်စားပေမယ့် တခြားသူတွေကလည်း မကြိုက်ကြဘူး။ သူနှင့် ကြံ့သားရဲဘုရင်တို့ က ကျန်တဲ့ ပဲနို့ကို အပြတ်ရှင်း သောက်လိုက်ကြသည်။

အခြားသားရဲဘုရင်များ ထွက်ခွာသွားပြီးနောက် ကြံ့သားရဲဘုရင်သည် နောက်တစ်ကြိမ် ဒီမှာ ကျန်ရစ်ခဲ့သည်။ သူ အဲဒီမှာနေဖို့ စီစဉ်နေတယ်ဆိုတာ ထင်ရှားတယ်။

ကျိုးကျီက မေးလိုက်သည်။
 "ကြံ့သားရဲဘုရင်..ခင်ဗျားက ဘာကြောင့် ကြံ့ကြီးမျိုးနွယ်နဲ့ အတူတူ သွားမနေတာလဲ?"  

"အကြောင်းရင်းကို မင်း မသိဘူးလား?" ကြံ့သားရဲဘုရင်က မေးလိုက်သည်။

"ခင်ဗျား စုံစမ်းပြီးပြီလား?" ကျိုးကျီ မေးလိုက်သည်။

ကြံ့သားရဲဘုရင်က သက်ပြင်းချပြီး ပြောခဲ့သည်။

"ငါ သတင်းတချို့ရထားတယ်။"

သူ့သားက ကြံ့ကြီးမျိုးနွယ်ထဲက တချို့ကို ထိခိုက်အောင် လုပ်ခဲ့ဖူးတယ်။ သူက သားရဲနတ်ဘုရား ပူဇော်ပွဲ တက်ဖို့ ခရီးထွက်လာချိန်မှာ သူ့နောက်လိုက်တွေလည်း သူနဲ့အတူ လိုက်ပါလာခဲ့တယ်။ ဒါကြောင့် မျိုးနွယ်စုထဲက တစ်ယောက်ယောက်က အကွက်ကို စတင်ရွှေ့လိုက်တာ ဖြစ်တယ်။

အခု ဒီကိစ္စကို စုံစမ်းဖို့ တန်း ပြန်သွားဖို့ မဖြစ်နိုင်ပေမယ့် သူ့သားကို ဆန့်ကျင်ပြီး သတ်ဖြတ်ဖို့ လုပ်ခဲ့သူတွေကို ချန်ထားခဲ့ဖို့ မဖြစ်နိုင်ဘူး... ကြံ့သားရဲဘုရင်က ကြံ့ကြီးမျိုးနွယ်ထဲက လူပေါင်းများစွာကို ဖမ်းမိ ခဲ့တယ်။ သားရဲနတ်ဘုရား ကျောင်းတော် မှာ ဖမ်းမိသူတွေကို စစ်ဆေးမေးမြန်းပြီးနောက်မှာ အချက်အလက်အချို့ကို သိရှိလာခဲ့ပါတယ်။

ဥပမာ၊  ကြံ့ကြီးမျိုးနွယ်မှာ ရှိတဲ့ လူတော်တော်များများက သူ့သားကို မကျေနပ်ကြဘူး။

သူ့သားက ငတုံးဖြစ်လို့ ဒီလိုမျိုး အကောင်းဆုံး အကျိုးကျေးဇူးတွေကို မ၇ရှိ၊ မခံစား ထိုက်ဘူးလို့ ယူဆကြတယ်။  

ကြံ့ သားရဲဘုရင်က ဒီအကြောင်းကို ကြားတော့ ရယ်ချလိုက်မိသည်။ ကြံ့ကြီးမျိုးနွယ်စုက အခြေနေ မြင့်တက်လာပြီး အားလုံးကောင်းကောင်း နေနိုင်ခဲ့တယ်ဆိုတာ သူ့ကြောင့်ဖြစ်တယ်။ သားသမီး၊ မြေးမြစ်များစွာ ရှိသည့် အခြားသားရဲဘုရင်တွေလိုမဟုတ်ပဲ သူ့မှာ ဒီသားလေး တစ်ယောက်ပဲ ရှိတယ်။  သူ့သားကို သူက အကောင်ဆုံးထားတာ ဘာမှားနေလို့လဲ။
 တကယ်တော့ သူ့သားက ငယ်ငယ်ရွယ်ရွယ်ဖြစ်တဲ့အပြင် တုံးအ တဲ့အတွက် လူ အတော်တော်များများက မနှစ်သက်ဘူး။

သူတို့ရဲ့   ကြံ့ကြီး မျိုးနွယ်စုအကြီးအကဲရဲ့သား က သူ့သားကို ပိုမုန်းတာ ဖြစ်ကောင်းဖြစ်နိုင်သည်။ အဲ့ဒီကောင်က သူ့သားထက် ဘဝမှာ စည်းစိမ်းအပြည့် နေရတာကို နှစ်ခြိုက် ပျော်မွေ့ပြီး  သူ့မှာ မိန်းမတွေ အများကြီး ရှိနေပြီ။ ဒီကောင်က သူ့သားက ကောင်းပေ့ ညွှန့်ပေ့ ဆိုတာကို သုံးရ စားရတာကို မနာလိုဖြစ်နေတာကြာပြီ။
 
ဟုတ်တာပေါ့...ဒါက သူ့သားသေဆုံးလုနီးပါး ဖြစ်ရတဲ့ တစ်ခုတည်းသော အကြောင်းပြချက် မဟုတ်သေးဘူး။ ဒီလောက် မကျေနပ်မှုလေးနဲကဆိုရင် ဒီလူတွေက သူ့ သားဖြစ်သူကို ဆိုးဆိုးရွားရွား မဆက်ဆံခင် ဒါမှမဟုတ် စွန့်ပစ်ခြင်းမပြုခင် သူ  သေတဲ့အထိ စောင့်ဆိုင်းနေမည်မှာ သေချာတယ်။  

ဒီလူတွေက သူက သူ့သားကို ပိုသန်မာလာအောင် သားရဲနတ်ဘုရားအသီးကို လိုက်ရှာပြီး ကျွေးဖို့လုပ်နေတယ်ဆိုတာ သိလို့ သူ မရှိတဲ့အခိုက် သူ့သားကို လုပ်ကြံဖို့ လုပ်ခဲ့တာ ဖြစ်တယ်။
 
သူက သွားမရှာရသေးပေမယ့် သားရဲနတ်ဘုရား အသီးရရင် သူ့သားကို ကျွေးမယ် ဆိုတဲ့ ကောလဟာလက ပြန့်နေတာ ကြာပြီ။ ဒီကောလာဟလအကြောင်း ကြားလိုက်ရတဲ့ အခါ ကြံ့သားရဲဘုရင်ရဲ့ နှလုံးသားထဲတွင် လှိုင်းထ လာခဲ့သည်။

သူ့သားကို မကျေနပ်တဲ့သူတွေက သူ့သားကို သတ်ဖို့ မလုပ်ရဲပေမယ့်  ဒီလိုမျိုး ကောလဟာလတွေ ရှိခဲ့မယ်ဆိုရင်...

  ကြံ့ မျိုးနွယ်ရဲ့ လက်ရှိ မျိုးနွယ်စု အကြီးအကဲက သူနဲ့ ဆွေမျိုးတော်ပြီး အဖွားက တစ်ယောက်တည်း ဖြစ်တယ်။ သွေးသားတော်စပ်တဲ့ ဝမ်းကွဲဖြစ်ပေမယ့်  သူ့သားရဲ့အခြေအနေက  အခြားသူများနှင့် မတူတာကြောင့် သူက  မျိုးနွယ်စု အကြီးအကဲကို ကောင်းကောင်း ဆက်ဆံပေးခဲ့သလို သူ့ဝမ်းကွဲကလည်း သူ မရှိခိုက် သူ့သားအပေါ်ကို သားသမီးအရင်းလို ဆက်ဆံပေးလိမ့်မယ်လို့ သူ မျှော်လင့်ခဲ့တယ်။
 
ဒါပေမယ့် သူက ဒီလူတွေအပေါ်သိပ်ကောင်းပေးခဲ့လို့ ဒီလူတွေက သူ့စည်းစိမ် အပေါ် တကယ်ကြီး လောဘတက်ခဲ့တယ်။

 *** တစ်ခါတစ်ရံပေးရင် လူတွေက ကျေးဇူးတင်ကြပေမယ့် အမြဲတမ်း ပေးကမ်းနေရင် လူတွေက လောဘပိုကြီးလာတယ်။ ကိုယ့်ဆီက အရာတိုင်းကို သူတို့ ပိုင်ဆိုင်တယ်လို့ ထင်လာကြတယ်။ အဲ့ဒီအချိန် ကိုယ်က တစ်ခု မပေးမိရင် သူတို့က ကိုယ်ပေးကမ်းခဲ့တာကို မေ့ပစ်ပြီး ရန်သူလို သတ်မှတ်လိုက်ကြလေ့ရှိတယ်။

"သူက ပေါင့်ပေ့ကို ဆန့်ကျင်တဲ့ သူတစ်ယောက် ဖြစ်နိုင်တယ်!"  ကြံ့ သားရဲဘုရင် ရဲ့ အမူအရာမှာ ဒီစကားကို ပြောတဲ့အချိန်မှာ အေးစက်လို့နေသည်။

သူက  သားရဲနတ်ဘုရားအသီး ကို ရှာရန် မျိုးနွယ်မှ ထွက်သွားလေ့ရှိသည်။ သူ ပြန်သွားတိုင်း သူ့သားက အခြေအနေကောင်းနေသေးတာကို မြင်ပြီး မျိုးနွယ်ကို အရမ်းကျေးဇူးတင်နေခဲ့သေးတယ်။ ဒါပေမယ့် အခု သူ သဘောပေါက်သွားပြီ။  သူ့သားက မျိုးနွယ်စုထဲမှာ ကောင်းကောင်း မနေခဲ့ရဘူးကိုး...
 
ကြံ့ သားရဲဘုရင်က စိတ်ဓါတ်ပြတ်သားသူဖြစ်သည်။ သူက သူ့မျိုးနွှွယ်စုအပေါ် သံယောဇဉ်ရှိပေမယ့် ခုလို သားရည်ပေါ်အိပ် သားရေနားစား လုပ်သည့် ကျေးဇူးကန်းသည် သူ့မျိုးနွယ်ကို တကယ်ကို    ရွံရှာခဲ့သည်။

"ဘာတွေတွေးနေတာလဲ?" ကျိုးကျီက မေးသည်။

"သူတို့က ငါ့ဆီကနေ ပစ္စည်းတွေအများကြီး ရခဲ့တယ်။ အားလုံးကို  ငါ ပြန်ယူဖို့ စီစဉ်ထားတယ်"  ကြံ့ သားရဲဘုရင် က တည်ကြည်စွာ ပြောခဲ့တယ်။

"ဥပမာ...ဘယ်လိုမျိုးလဲ?"

ကြံ့သားရဲဘုရင်က အေးစက်စွာပြုံးကာ ပြောလိုက်သည်။

"သူတို့ကို တခြားတစ်ယောက်ယောက် ဒါမှမဟုတ် မျိုးနွယ်တစ်ခုခုကို တိုက်ခိုက်ဖို့ ခေါ်သွားချင်တယ်။ အနွယ်ထဲမှာ ဒီလို ကောလဟာလတွေ ပေါ်လာတာက အနီးနားမှာရှိတဲ့ မျိုးနွယ်စုတွေနဲ့လည်း သက်ဆိုင်လောက်တယ်။ သူတို့ကို တိုက်ဖို့ ကြံ့ကြီးတွေကို ငါခေါ်သွားမယ်၊ ပြီးရင် အားလုံးကို အဆုံးသတ်ပစ်မယ်"

ကြံ့ သားရဲဘုရင် သည် သားရဲဘုရင် ဖြစ်နေသော်လည်း၊ သူက ငယ်သေးလို့ အခြားလူတွေက သူ့ကို လှည့်စားရင် သူက ပြန်ကလဲ့စားချေမှာ သေချာသည်။
 
 ကြံ့မျိုးနွယ်စုသည် သူ့ကြောင့် ဖြစ်ပေါ်လာပြီး အင်အားကြီးခဲ့သည်။ အခု ကြံ့မျိုးနွယ်ကို အားနည်းအောင်လုပ်ပြီး  သူ့ကို လှည့်စားဝံ့သူများကို သတ်ပစ်ရန် ဒီအခွင့်အရေးကိုလည်း အသုံးချချင်ခဲ့သည်။

ကျိုးကျီ- "မင်း ရှီပေါင်ပေ့ ကို ဂရုစိုက်ဖို့ လိုနေသေးတယ်"

သူတို့သည် သားရဲဘုရင်များဖြစ်လျှင်ပင် အသက်ကြီးလာကာ ဖျားနာကာ သေဆုံးနေကြဆဲဖြစ်သည်။ တကယ်တော့ ဒီကမ္ဘာကြီးမှာ သားရဲဘုရင်ရဲ့ သက်တမ်းဟာ သာမာန်သားရဲတွေထက် အနည်းငယ်ပိုရှည်နေပေမယ့် သူတို့ဟာ အသက် 100 ကျော်လောက်သာ အသက်ရှင်နေသေးပြီး ယေဘုယျအားဖြင့်တော့ 120 ထိ မရောက်နိုင်ဘူး။

ကြံ့ သားရဲဘုရင် က အမှတ်တမဲ့ နဲ့ တိုက်ပွဲမှာ သူ့အသက်ဆုံးရှုံးသွားနိုင်တယ်။

"ငါ သိတယ်။ သူတို့ကို တိုက်ခိုက်ဖို့ နည်းလမ်းကို စဉ်းစားပြီးမှ ထွက်သွားဖို့ လိုတယ်။"

ကြံ့ သားရဲဘုရင် က ရုတ်တရက် ကျိုးကျီကို မေးခဲ့သည်။

"ငါတို့ ဝက်ဝံကြီး မျိုးနွယ်  ကို ဝင်လို့ရမလား?"

"အင်း..."
ကျိုးကျီက အေးဆေးစွာ ပြောလိုက်သည်။ သူသည် မျိုးနွယ်စုတွင် သားရဲဘုရင် များ ထပ်မံရှိရန် လုံးဝ စိတ်မဝင်စားပါ။ အခု လက်ခံတာက ကြံ့သားရဲဘုရင်က စိတ်ထားကောင်းသူဖြစ်လို့ ခင်မင်တဲ့အတွက် လက်ခံတာ ဖြစ်သည်။း

"အဲဒီအချိန်မှာ ကျွန်တော်ဟာ ဝက်ဝံကြီး မျိုးနွယ်  ရဲ့လူ တစ်ယောက်ဖြစ်လာမှာပါ!"
 ကြံ့ သားရဲဘုရင် က ခိုင်မာစွာ ပြောလိုက်တယ်။

"မင်းတို့ ဝက်ဝံကြီး မျိုးနွယ်  ရဲ့ နေထိုင်မှု အကြောင်းရာ တချို့ကို  ပြောနေတာ ငါ ကြားခဲ့ရတယ်။  အဲ့ဒါ တော်တော်ကောင်းတာပဲ... နောင်တောရိုင်းမြေမှာ မင်းတို့နဲ့အတူ ငါတို့ သားအဖ လိုက်မယ်"

"ကောင်းပြီ။" ကျိုးကျီက သဘောတူသည်။

ကြံ့ သားရဲဘုရင် သည် သားတော်လေးကို ပျော်ရွှင်စွာ ခေါ်ဆောင်ကာ အိပ်ရာဝင်ခဲ့သည်။

သူက အရင်က မျိုးနွယ်စုတွင် အချိန်များစွာ မကုန်ဆုံးခဲ့ဘဲ ရှီပေါင်ပေ့ နှင့် အတူ နီးနီးကပ်ကပ် မနေခဲ့သဖြင့်  ရှီပေါင်ပေ့ က ဟိုင်ဖုန်းကိုပဲ ပိုကပ်ကာ တရင်းတနှီး ပိုရှိခဲ့သည်။   သို့သော် မကြာသေးမီက သူက ရှီပေါင်ပေ့နဲ့  တစ်ချိန်လုံးရှိခဲ့ပြီး ယခုအခါ ရှီပေါင်ပေ့က သူနဲ့ ပိုရင်းနှီးလာပြီဖြစ်သည်။
 
ကြံ့သားရဲဘုရင်နှင့် ရှီပေါင်ပေ့တို့ အိပ်ပျော်သွားပြီးနောက် ကျိုးကျီနှင့် ရှုန်းယယ်တို့သည် အခန်းသို့ ပြန်သွားကြသည်။

ရှုန်းယယ်သည် ယနေ့ နေ့ခင်းတွင် ရှီလီကို လွင့်သွားအောင် ရိုက်လိုက်နိုင်သည့် အချိန် ရှုန်းယယ်ရဲ့ ပုံစံက အတော်လေးကို  ချောမောပြီး အံ့သြဖွယ် ကောင်းနေသည်။ အဲ့ဒီအချိန်ကလည်းက ကျိုးကျီက ရှုန်းယယ်ကို တွန်းလှဲပြီး ချစ်တင်းနှောချင်စိတ်ပေါ်နေခဲ့သည်။
 
ဒါကြောင့် ညရောက်တော့ နှစ်ယောက်သား တော်တော်နှင့် မအိပ်နိုင်ပဲ တင်းကျပ်စွာ ပွေ့ဖက်နမ်းရှိုက်ပြီး သူတို့နှလုံးခုန်သံများ အရှိန်ပြင်းလာကာ ချစ်ဇောဟုန် ပြင်းထန်သည့် အချစ်ည ဖြစ်ခဲ့သည်။ ထိုည နှစ်ယောက်လုံး ချွေးထွက်ခဲ့သလို ရှုန်းယယ်လည်း နာကျင်မှု၊ သာယာမှုကြောင့် မျက်လုံးထဲ မျက်ရည်တွေ ဝေ့ခဲ့ရသည့် နောက်တစ်ညဖြစ်လာသည်။

သို့သော် ထိုနေ့သည် ရှီလီအတွက် ခါးသီးသောနေ့တစ်နေ့ဖြစ်သည်။ သူ့ဘဝ တိုးတက်ဖို့က ခက်ခက်ခဲခဲကြိုးစားခဲ့ပေမယ့် ရှုန်းယယ်နဲ့ ကျိုးကျီတို့ ရုတ်တရက်ပေါ်လာပြီး ဖျက်ဆီးခံလိုက်ရပြန်တယ်။

ရှီလီက အစကတော့  ရှုန်းယယ်နှင့် သူရဲ့ဆက်ဆံရေးကို ပြန်လည် ပြင်ဆင်လိုခဲ့သော်လည်း အခုတော့ ထိုစိတ်ကူးကို လုံးဝလက်လျှော့ခဲ့သည်။ အခုတော့ ရှုန်းယယ်ကို သူ မုန်းစပြုလာခဲ့လေပြီ။

သူက ရှုန်းယယ်ကို သူ့အပေါ် မကြင်နာပဲ ကျိုးကျီကို ကြင်နာတဲ့အတွက်  မုန်းတီးနေပြီး ရုတ်တရက် သားရဲဘုရင်ဖြစ်လာသည့်အတွက် ရှုန်းယယ်ကိုလည်း မနာလိုဖြစ်ကာ မုန်းတီးခဲ့သည်။

သူက သားရဲဘုရင်ဖြစ်ဖို့လေးတောင် ဘာကြောင့် ဒီလောက် အခက်ခဲ ကြုံရပြီး   သူရဲ့ခန္ဓာကိုယ်ထဲတွင် ကြီးမားသော လျှို့ဝှက်အန္တရာယ် တစ်ခုနှင့် ကြုံနေရပြီး  ရှုန်းယယ်က သားရဲနတ်ဘုရားအသီးကို ရရှိနိုင်ပြီး  အသီးစားပြီးနောက် ချောမွေ့စွာ သားရဲဘုရင်ဖြစ်လာနိုင်ခဲ့သည် ။

တကယ်ဆိုရင် ရှီလီဆိုတဲ့ သူတစ်ယောက်တည်းပဲ သားရဲဘုရားသခင်ရဲ့ မျက်နှာသာပေးခံရသူဖြစ်လို့ ဒါမျိုးတွေ မဖြစ်သင့်ဘူး!

ရှီလီ သူ့အခန်းထဲက ထွက်သွားပြီး သားရဲနတ်ဘုရားကျောင်းတော် ကို ရောက်တဲ့အချိန် အပြင်မှာ မှောင်နေပြီ။

သူရဲ့ယခင်ဘဝတွင်မြင်ခဲ့သော သားရဲနတ်ဘုရားကျောင်းတော် သည် လက်ရှိကျောင်းနှင့် အနည်းငယ်ကွာခြားနေသည်။ ထိုအချိန်တွင်၊ သားရဲနတ်ဘုရားကျောင်းတော် ရဲ့နောက်ကွယ်ရှိ တောင်သည် မြေပေါ်သို့ ပြိုကျခဲ့ပြီး ကျန်ရှိသော နေရာတွင် အိမ်အချို့ကိုလည်း ဆောက်လုပ်ခဲ့သည်။ အခုတော့ သားရဲနတ်ဘုရားကျောင်းတော် ရှိသည့် တောင်က မပြိုသေးသည့်အပြင် အရင်ဘဝတုန်းက တွေ့ခဲ့သည့် အိမ်တွေလည်း မရှိသေးပေ။
 
ရှီလီ သည် သားရဲနတ်ဘုရားကျောင်းတော် ပတ်ပတ်လည်တွင်  ကင်းလှည့်သူ များနှင့် တွေ့သည်။ သူ ဒီကို မကြာခဏ လာလေ့ရှိပြီး လှည့်ကင်းတွေက သူ့ကို သိတဲ့အတွက် မတားကြဘူး။ ရှီလီ သည် သားရဲနတ်ဘုရားကျောင်းတော် သို့ ချောမွေ့စွာ ဝင်ရောက်နိုင်ခဲ့သည်။

သားရဲနတ်ဘုရားကို မြင်လိုက်ရတော့ ရှီလီရဲ့ ဒေါသစိတ်များ ငြိမ်သက်သွား သည်။ အရင်တုန်းက သားရဲနတ်ဘုရားက သူ့ကို အရမ်းသဘောကျတယ်။ သူသည် အရင်ဘဝတွင် သားရဲဘုရင်ဖြစ်လာရုံသာမက၊ သားရဲနတ်ဘုရားက သူ့မှာ အခွင့်လမ်းကောင်းတွေ မရှိဘူးလို့ ယူဆပြီး နောက်ထပ် ပြန်လည်မွေးဖွားဖို့   ဒုတိယအကြိမ်အခွင့်အရေးပေးသင့်သည်လို့ သားရဲနတ်ဘုရားက ထင်လို့ အခုလို ဖန်ဆင်းပေးခဲ့တာ ဖြစ်နိုင်သည်။
 
ကံမကောင်းစွာပဲ၊ သူက အခွင့်အရေးကို ဆုပ်ကိုင်မထားနိုင်ခဲ့ပေ။

ရှီလီ ဒူးထောက်ကာ နောင်တဖြင့်  ဆုတောင်းစပြုလိုက်သည်။ သားရဲ နတ်ဘုရားက သူ့ကို ဒီအရာအားလုံးကို ပြောင်းလဲစေပြီး သားရဲအပေါင်းက  ချစ်မြတ်နိုးတဲ့ သားရဲဘုရင်ဖြစ်လာအောင် ကူညီပေးလိမ့်မယ်လို့ သူ သူ မျှော်လင့်ခဲ့သည်။ သားရဲ နတ်ဘုရားက သူ့ကို ကူညီမယ်လို့ ယုံကြည်တယ်။

ကျိုးကျီနှင့် ရှုန်းယယ်တို့သည် သားရဲနတ်ဘုရားကို မလေးစားခဲ့ကြပေ။ ရှီလီ ဆိုတဲ သူနဲ့ နှိုင်းယှဉ်လို့ မရတာ သေချာသည်။  ရှီလီသည် သားရဲနတ်ဘုရား ဘုရားကျောင်းမှ ထွက်ခွာချိန်၌ အလွန်နောက်ကျနေပြီဖြစ်သည်။

ထိုအချိန်တွင် သူသည် အနီးနားရှိ အိမ်သေးသေးလေးတွင် အခြေချနေထိုင်သော ကျူးကျန်း ရဲ့ ညီအကိုနှစ်ယောက်အကြောင်း ရုတ်တရက် တွေးလိုက်မိသည်။ သူ့မှာ ရုတ်တရက် အကြံတစ်ခုရခဲ့တယ်။

ရှုန်းယယ်နဲ့ ကျိုးကျီတို့ကို ရှင်းနိုင်သရွေ့ သူ့အနာဂတ်ဟာ ချောမွေ့ပြီး အောင်မြင်လာမှာပါ။ ရှုန်းယယ်နဲ့ ကျိုးကျီတို့ကို ဘယ်လို ရှင်းပစ်ရမလဲ...

ရှီလီ သည် ကျူးကျန်း ရဲ့ပြည်နှင်ဒဏ်ခံရခြင်းအကြောင်းနှင့် ကျူးကျန်း ရဲ့ညီငယ်နှစ်ယောက်ပြောပြသောဇာတ်လမ်းကို ပြန်တွေးကာ ကျူးကျန်း ပြန်လာရန်အတွက် နတ်ဆိုးရဲ့အကူအညီရယူခြင်းအကြောင်း ရှီလီက တွေးတောခဲ့သည်။

ဝက်ဝံကြီးမျိုးနွယ်စုမှ လူများသည် သူတို့ရဲ့ကံကြမ္မာကို ပြောင်းလဲရန်အတွက် နတ်ဆိုးရဲ့အကူအညီကိုလည်း ရယူတာ ဖြစ်နိုင်လောက်သည်။ နတ်ဆိုးကို အသေသတ်နိုင်မယ့် နည်းကို သူ တွေးနိုင်ရင် ဝက်ဝံကြီးမျိုးနွယ်နဲ့ ကျိုးကျီ၊ ရှုန်းယယ်တို့ကို အပြတ်ရှင်းနိုင်လိမ့်မည်။
 

ဒီနတ်ဆိုးကို  ဘယ်လိုရင်ဆိုင်ရမလဲဆိုတာကတော့... သူက  အခြားသားရဲဘုရင်များကို အားကိုးရလိမ့်မည်။

ရှီလီသည် အခြားသားရဲဘုရင်များက သူ့ကို မကြိုက်ကြောင်း သူ့စိတ်ထဲကနေ သိသော်လည်း သူ့တွင် သားရဲဘုရင်များရဲ့ လောဘကို ဆွဲဆောင်နိုင်သည့် ကောင်းသော အရာတစ်ခုရှိသည်။

ဒါကတော့ ကျင့်ကြံနည်းဖြစ်သည်။

 ဒီလိုအချိန်မျိုးမှာ တခြား သားရဲဘုရင် တွေရဲ့ ပံ့ပိုးကူညီမှုကို ရရှိဖို့အတွက် တစ်ချို့အရာတွေကိုတော့ သူ စွန့်လွှတ်ရပါလိမ့်မယ်။

ရှီလီသည် ကျိုးကျီနှင့် ရှုန်းယယ်ကောင်းကောင်းအိပ်မောကျနေချိန်တွင် ထိုကိစ္စကို တစ်ညလုံး စဉ်းစားနေခဲ့သည်။

နောက်တစ်နေ့တွင် ရှုန်းယယ်သည် မိုးမလင်းမီတွင် အမဲလိုက်ထွက်ခဲ့သည်။ ကျိုးကျီက မနေ့ကရရှိခဲ့တဲ့ လက်ဆောင်တွေကို ဝက်ဝံကြီးတွေရဲ့လူတွေကို ဖယ်ထုတ်ခိုင်းပြီး တခြားပစ္စည်းတွေကို ရောင်းဝယ်ဖောက်ကားမှု လုပ်ဖို့  စောင့်ခိုင်းနေခဲ့တယ်။

ဒီကိစ္စက... လုပ်ရတာ အရမ်းလွယ်တယ်။

ဝက်ဝံကြီးမျိုးနွယ်ရဲ့ ပစ္စည်းများကို ပြင်ပြီးသည်နှင့် မရေမတွက်နိုင်သော လူများက သူတို့နှင့် ရောင်းဝယ်ဖောက်ကားရန် ရောက်လာကြသည်။ ရောင်းဝယ်ဖောက်ကား ရန် ရောက်ရှိလာသောအခါ၊ သူတို့သည် ဝက်ဝံကြီးမျိုးနွယ်ကို ပိုမိုပေးအပ်ချင်စိတ်ရှိ ခဲ့ကြပြီး သူတို့ရဲ့ စိတ်နေသဘောထားများသည် မယုံနိုင်လောက်အောင် ကောင်းမွန်ခဲ့ကြသည်။

မနေ့တုန်းကတော့ ဝက်ဝံကြီး မျိုးနွယ်  ဟာ တုံးအပြီး ပိုက်ဆံအများကြီးရှိတယ်၊ သူတို့ကို ပေးတဲ့ ဆားက သိပ်မများဘူးလို့   ခံစားခဲ့ရပြီး ဝက်ဝံကြီး မျိုးနွယ်ကို နောက်ထပ်လှည့်စားဖို့ နည်းလမ်းတွေ တွေးခဲ့ပြီး ဒီနေ့ သူတို့အားလုံး   ဝက်ဝံကြီး မျိုးနွယ်  ကို ရောက်လာကြတယ်။

ကံမကောင်းစွာဖြင့်၊ ဝက်ဝံကြီး မျိုးနွယ် တွေ စိတ်ဝင်စားတဲ့အရာတွေ သူတို့ဆီမှာ မပါခဲ့ပေ။
  ဒါ့အပြင် သူတို့ အရောင်းဝယ်လုပ်ဖို့ အခွင့်ရေး ဆုံးရှုံးစေမယ့်အရာများစွာလည်း ရှိနေခဲ့သည်။ မျိုးနွယ်ပေါင်းစုံကပေးတဲ့ လက်ဆောင်တွေကြောင့် ဝက်ဝံကြီး မျိုးနွယ်က လူတိုင်းက အခု အဝတ်အစား အသစ်တွေ ရှိနေကြပြီ။
 

********-*********

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now