Chapter (171- 1) _ Parallel World (2) - အပြိုင်ကမ္ဘာ-2

3.5K 643 14
                                    

Chapter (171- 1) _ Parallel World (2) - အပြိုင်ကမ္ဘာ-2

သူ အရမ်းပျင်းနေလို့ ဖြစ်နိုင်ပေမယ့် ကျိုးကျီ က ဒီအိပ်မက်ကို TV show တစ်ခုလို သဘောထားကာ ဆက်လက် ကြည့်ရှုနေသည်။ ပြင်ပက ကြည့်ရှုသူ လူတစ်ဦး၏ ရှုထောင်မှ ကြည့်ပြီးနောက်၊ ဒီကောင် ရှီလီဆိုတဲ့ ခြင်္သေ့က သူ့လိုပဲ ကူးပြောင်း သွားတဲ့သူဖြစ်နိုင်တယ်ဆိုတာ သူ့စိတ်ထဲ သံသယရှိလာသည်။

သို့သော် ရှီလီသည် သားရဲကမ္ဘာနှင့် အရမ်းကို ရင်းနှီးသောကြောင့် ဒီအတွေးကို ပယ်ချလိုက်သည်။ ရှီလီသည် မျိုးနွယ်စုထဲတွင် သူနှင့် အဆက်ဆံ မရှိခဲ့သော ဟူယွဲ့ ကိုလည်း သတ်ပစ်ချင်ခဲ့သည်။

ပို၍အရေးကြီးသည်မှာ သူက ရှန့်ထျန်း ဘယ်သူဆိုတာကို သိနေပုံရသည်။

ရှီလီက .. ပြန်လည်မွေးဖွားလာသူလား?

ကျိုးကျီသည် ရှုန်းယယ်ကို အနည်းငယ်စာနာလာမိသည်။ သူ့ချစ်သော အိမ်ထောင်ဖက်သည် သူပြန်လည်မွေးဖွားပြီးနောက် သူ့ကိုစွန့်ပစ်ဖို့ကို မစောင့်နိုင်အောင် ဖြစ်နေသည် မဟုတ်လား။

သို့သော်၊ အိပ်မက်ထဲတွင် ရှုန်းယယ်က သူ့ကို အိပ်မက်ထဲတွင် မိတ်ဖက်လုပ်ပေးဖို့ ခွင့်ပန်လာသောကြောင့် ကျိုးကျီက ရှုန်းယယ်အပေါ် သနားတာက တာရှည်မခံလိုက်ပေ။

ကျိုးကျီ သည် မထင်မှတ်ထားသော ဒီလို လှည့်ကွက်ကြောင့်် အံ့အားသင့်သွားခဲ့ရသည်။

အိပ်မက်တစ်ခုထဲမှာ သူက အိမ်ထောင်ဖက်ရှိလာလိမ့်မယ်လို့ မထင်ထားမိဘူး။

သို့သော်... အိပ်မက်ထဲတွင် သူ့တွင် အိမ်ထောင်ဖက်ရှိလာပြီးနောက် သူက အတော်လေး ကောင်းမွန်သော ဘဝတွင် နေထိုင်ခဲ့သည်။

ကျိုးကျီ က ရှုန်းယယ်တစ်ယောက် သူ့ကို ကျွေးမွေး ပြုစုစောင့််ရှောက်ဖို့ ကြိုးစားနေတာကို မြင်လိုက်ရပြီး သူတို့တွေ ပိုရင်းနှီးလာကာ မျိုးနွယ်စုကို အတူတကွ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းခဲ့ကြတာကို မြင်လိုက်ရစဉ် ကျိုးကျီ ရုတ်တရက်နိုးလာသည်။

သူ့မျက်လုံးတွေကို ဖွင့်ကြည့်လိုက်ချိန် မြင်လိုက်ရတာက သူ့ရဲ့ အေးစက်စက် အိပ်ခန်းလေးသာဖြစ်နေသည်။

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now