Chapter (121 ) _ ဝက်ဝံလေးအတွက် သားရဲနတ်ဘုရားအသီးကို ယူဆာင်လာပြီ....

5.8K 1K 17
                                    

Chapter (121 ) _ ဝက်ဝံလေးအတွက် သားရဲနတ်ဘုရားအသီးကို ယူဆာင်လာပြီ....


သားရဲနတ်ဘုရား ကျောင်းတော်မှ လူများက စွမ်းအင်နှင့် ပြည့်ဝသော အပင်ကို သားရဲနတ်ဘုရား အသီး အဖြစ် မှတ်ယူကြပေမယ့် ထိုအရာက သူတို့ရှေ့က မြက်ပင်ရဲ့ အသီးပါသည့် ညှာတံသာ ဖြစ်သည်။

ကျိုးကျီက အရင် သူစားခဲ့ဖူးတဲ့ အသီးနဲ့စာရင် သူ့ရှေ့က မြက်ပင်ရဲ့ ညှာတံက သူ့ကိုယ်သူ ကာကွယ်နိုင်စွမ်းပါကောင်းသည်။ ထိုမြက်ညှာတံမှ စွမ်းအင်တွေကို သူ့ကိုယ်ထဲက စွမ်းအင်ဆီ စိမ့်ဝင်မသွားဘူးဆိုရင် ဒီဟာက သားရဲနတ်ဘုရားအသီးဆိုတာ သိဖို့ခက်ခဲလှသည်။ သားရဲလူသားတွေက စွမ်းအင် အာရုံခံနိုင်မှု အားနည်းသဖြင့် ထိုမြက်ညှာတံကို ရှာဖွေတွေ့ရှိရန် အလွန်ခက်ခဲလိမ့်မည်။

တစ်နည်းအားဖြင့်ပြောရရင် ဟိုင်ဖုန်းသာ သားရဲဘုရင်မဟုတ်ခဲ့ရင် စွမ်းအင် မြက်ပင်၏အညှာကို မြင်ရင်တောင်မှ သာမန်ပေါင်းပင်အဖြစ်သာ မှတ်ယူမိလိမ့်မည်။

ကျိုးကျီ သည် သူ၏ဝိညာဉ်စွမ်းအားဖြင့် ထိုမြက်ပင်ပေါက်ရောက်သည့် မြေပြင်ကို ဂရုတစိုက်ကြည့်ရှုခဲ့ပြီးနောက် အံ့ဩစရာမရှိတော့ပေ။ သူက အောက်ခံမြေသားနှင့်အတူ အမြစ်ပါအောင် တူးယူလိုက်သည်။

သူ ဒီတစ်ကြိမ် ထွက်လာချိန်မှာတော့ အခြေအနေကို အရင်စစ်ဆေးပြီး ဟိုင်ဖုန်း က သားရဲနတ်ဘုရား အသီး နဲ့ပတ်သတ်ပြီး လှည့်ဖြားတာ မလုပ်နိုင်ဖို့ပဲရည်ရွယ်သည်။ ဒီမှာ သားရဲနတ်ဘုရားအသီးရှိတာ သေချာမှ ရှုန်းယယ်ကို ဒီနရာသို့ ခေါ်ဆောင်ရန် သို့မဟုတ် သားရဲနတ်ဘုရားအသီးကို သူတို့နှင့်အတူ ပြန်ယူရန် စီစဉ်ခဲ့သည်။ အခုတော့ ... သူက တစ်ခါတည်းကို သားရဲနတ်ဘုရားအသီးကို ယူပြီး ပြန်နိုင်လေပြီ။

သူက သားရဲနတ်ဘုရား အသီးကို အရင်တခါ ခူးဆွတ်စဉ်က ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုကြီးမားစွာ ဖြစ်ခဲ့ပေမယ့် အခုတစ်ခါတော့ ထိုမြက်ပင်ကို အမြစ်ကနေ တူးထုတ်လိုက်ပေမယ့် ဘာမှမဖြစ်ပေ။ ဒီမြက်ပင်လေးမှာ မယုံနိုင်လောက်အောင် ကြီးမားသော စွမ်းအင်ပမာဏ အမှန်တကယ်ပါရှိမယ်ဆိုတာ မယုံနိုင်စရာပဲ။

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now