Chapter (54-2)_ ကျိုးကျီကို လေးစားလာကြခြင်း

7.4K 1.3K 18
                                    

Chapter (54-2)_ ကျိုးကျီကို လေးစားလာကြခြင်း



ရှုန်းယယ် က မကြာမီ တဖက်လူရဲ့ လက်ကနေ ပူနွေးသော လျှပ်စီးကြောင်းလို စွမ်းအားတွေ သူ့ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာခဲ့ပြီး သူ့ခန္ဓာကိုယ်တွင်းသို့ ပျံ့နှံ့သွားသည်ကို ခံစားလိုက်ရသောကြောင့် အ ယောင်ယောင် အမှားမှားပင် ဖြစ်သွားခဲ့သည်။ ဒါတွေက အိပ်မက်လိုပဲ ခံစားလိုက်ရသည်။

ပူနွေးသော လျှပ်စီးကြောင်းလို စွမ်းအားတွေ သူ့ကိုယ်ထဲကို ဖြတ်ဝင်သွားတဲ့အခါ သူ့ဒဏ်ရာများက ချက်ချင်း နာကျင်မှု ပျောက်သွားခဲ့သည်။

ရှုန်းယယ် အံ့အားသင့်သွားပြီးနောက် ထိုလူက ဆက်ပြောခဲ့သည်၊

"မင်းကိုယ်ထဲက စွမ်းအားတွေကိုလှည့်ပတ်နိုင်အောင် ကြိုးစားကြည့်စမ်း "

ရှုန်းယယ် က သူပြောတဲ့အတိုင်း သူ့ကိုယ်ထဲက စွမ်းအင်ကို လည်ပတ်ဖို့ ကြိုးစားလိုက်တော့တယ်။

ကျိုးကျီ က သူ့ ဒီလိုလုပ်နေတာကို ကြည့်ပြီးနောက် သူ့လက်ကို ပြန်ရုပ်ပြီးနောက်ကို ဆုတ်ကာ တိတ်တဆိတ် ကြည့်လိုက်တယ်။

ဒီနည်းလမ်းကို သူကိုယ်တိုင်ပဲ သုတေသန လုပ်ကြည့်ခဲ့တာပါ။ အကုန်လုံးတော့ မပြည့်စုံသေးပေမယ့် ရှုန်းယယ် ကို အရင်လေ့ကျင့်ကြည့်ခိုင်းရမယ်။ နောင်မှာ အမှားအယွင်းတွေ ရှိခဲ့ရင်လည်း ပြန်ပြင်ရင်း ပိုပိုတိုးတက်ကောင်းမွန်လာအောင် လုပ်ရမယ်။

ဘာပဲဖြစ်ဖြစ် ဒီဟာက အချိန်မရွေး စမ်းကြည့်လို့ရနေတာပဲ.....

အချိန်အတော်ကြာ လေ့ကျင့်ပြီးနောက် ရှုန်းယယ် က စွမ်းအားလှည့်ပတ်တဲ့အထဲ ဈာဉ်ဝင်စားပြီး ရပ်တန့်ဖို့ ခက်ခဲနေပေမယ့် အဲ့ဒီလူက သူ့ကို ဖြတ်ပြောခဲ့တယ်။

"မင်းဟာ သားရဲတစ်ကောင်ဖြစ်သွားပြန်ပြီ"

ရှုန်းယယ် က စွမ်းအားကို လှည့်ပတ်နေရင်း သူ့ကိုယ်က ဝက်ဝံညိုကြီးအဖြစ် ပြန်ပြောင်းသွားလို့ သူ့ဖာသာ အံ့သြနေခဲ့တယ်။

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now