Chapter (109) _ သားရဲလူသား ကုန်းမြေ

4.9K 932 14
                                    

Chapter (109) _ သားရဲလူသား ကုန်းမြေ



ကျူးကျန်း င ထိုအမျိုးသမီးကို သိနေသည်မှာ ထင်ရှားသည်။ သူ့ အသံထွက် လာသည်နှင့်တစ်ပြိုင်နက် မျက်လုံးတစ်ဖက်တည်းရှိသော အမျိုးသမီးသည် အလွန်ကြီးမားသောဝံပုလွေတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည်။

သို့သော် သူမသည် သာမန်ဝံပုလွေထက် များစွာကြီးမားသော်လည်း၊ သူမသည် ရှုန်းယယ် ထက် များစွာသေးငယ်နေသေးသည်။

ကျိုးကျီ သည် သူရဲ့ယခင်ဘဝတွင် ဝံပုလွေများဝန်းရံထားသော ဝက်ဝံညိုကြီး တစ်ကောင်ကို TV တွင် တစ်ကြိမ်တွေ့ဖူးသည်။ ဝက်ဝံညိုဟာ ဒဏ်ရာရသွားပေမယ့် ဆက်လက်တိုက်ပွဲဝင်ဖို့ အခွင့်အလမ်းတွေ ရှာတွေ့နိုင်ခဲ့ပြီး ဝံပုလွေရဲ့ကျောကိုတောင် ချိုးပစ် နိုင်ခဲ့ပါတယ်။

ဝံပုလွေတွေက ဝက်ဝံညိုရဲ့ ပြိုင်ဘက်မဟုတ်သည်မှာ သေချာသည်၊ သို့သော် ဝံပုလွေများသည် ပြေးရာတွင် ကောင်းကောင် အမောခံနိုင်ပြီး ဝက်ဝံညိုကို တိုက်ဖို့ ဆန္ဒမရှိရင် သူတို့ ထွက်ပြေးလွတ်မြောက်ဖို့က သေချာပေါက် ပြဿနာမရှိပေ။

တကယ်လို့ ဝံပုလွေတွေက အရှိန်နဲ့ ပြေးထွက်သွားပြီး ရှုန်းယယ်က မဖမ်းနိုင်ခဲ့ရင်...

တစ်ဖက်လပ်ဝံပုလွေ သည် ထွက်ပြေးချင်သော်လည်း အဝေးမရောက်ခင် ရှုန်းယယ်က သူမ ရဲ့ အမြီးကို ဆွဲဖမ်းလိုက်သည်။ တစ်ချိန်တည်းမှာပင်၊ ရှုန်းချီ နှင့် အခြားသူများသည် အော်ဟစ်ပြီး တစ်ဖက်လပ်ဝံပုလွေ ရဲ့လက်အောက်ခံများကို ဝိုင်းထားကြသည်။

ဝက်ဝံကြီးမျိုးနွယ်စုမှ လူများသည် မူလက အခြားမျိုးနွယ်စုများကို တိုက်ခိုက်ရန် စိတ်မဝင်စားခဲ့ကြသော်လည်း ရှုန်းယယ် က သူတို့ကို ကျားကြီးမျိုးနွယ်အား ဖြုတ်ချရန် ဦးဆောင်ခဲ့ပြီးနောက် ပြောင်းလဲလာခဲ့သည်။

ယခုအခါ သူတို့သည် တိုက်ခိုက်ခြင်းအတွက် အလွန်တက်ကြွနေပြီး တစ်ဖက်လပ်ဝံပုလွေ ရဲ့လက်အောက်ငယ်သားများကို ကြည့်ရှုနေစဉ် သူတို့ရဲ့အကြည့်များက တိုက်ခိုက်ဖို့ စိတ်အားထက်သန်နေသည်။

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now