Chapter (36) - ရှေး ဦး မင်္ဂလာဆောင်

9.2K 1.6K 97
                                    

(ေဇာ္ဂ်ီမ်ား ေအာက္ကို ဆြဲခ်ေပးပါ)


Chapter (36) - ရှေး ဦး မင်္ဂလာဆောင်



ရှုန်းယယ်သည် ကျိုးကျီကို သူ့ရင်ခွင်ထဲပွေ့ကာ ခေါ်လာတော့ ဘုန်းတော်ကြီးက စိုးရိမ်ပြီးမေးလိုက်သည်။


"ရှုန်းယယ်၊ ကျိုးကျီ... ဘယ်လိုနေလဲ"

ရှုန်းယယ် သည် ဘုန်းတော်ကြီးအားပြုံးပြကာ သူ့ကိုယ်သူသက်တောင့်သက်သာဖြစ်စေရန် တမင်တကာကြိုးစားနေခဲ့သည်။

"အဘ ဘုန်းတော်ကြီး ကျိုးကျီက  အခုတော်တော် ကောင်းနေ ပါပြီ"

 တကယ်တော့ ကျိုးကျီသည်လုံးဝမသက်သာခဲ့သလို မလှုပ်မယှက်ဘဲလဲလျောင်းနေခဲ့သည်။ သူသေမှာကို ရှုန်းယယ် စိုးရိမ်နေခဲ့တယ်။

ဒါပေမယ့် ဒီအမူယာကို ရှုန်းယယ် မဖော်ပြခဲ့ပေ။


ရှုန်းယယ်သည် ကျိုးကျီအား သူ၏ရင်ခွင်ထဲ ပွေ့ကာ ကျိုးကျီ ၏လက်ကို တင်းကျပ်စွာဆုပ်ကိုင် လိုက်သည်။

"ငါတို့အခမ်းအနားကိုရွှေ့ဆိုင်းသင့်လား"

ဘုန်းတော်ကြီးလည်း နည်းနည်းစိတ်ပူသွားတယ်။ မနက်စောစောစီးစီးရေချိုးဖို့ ရှုန်းယယ် အပြေးအလွှားသွားတာကို သူတွေ့လိုက်လို့ ကျိုးကျီ ပြန်ကောင်းသွားပြီလို့ သူ ထင်ခဲ့တယ်။ ယခုတော့  ကျိုးကျီသည်လုံးဝ သက်သာပုံမရပေ။

 
ယေဘုယျအားဖြင့် ဤကဲ့သို့ရုတ်တရက်ပြင်းထန်သော နာမကျန်းဖြစ်လာသောလူများသည် ရက်အနည်းငယ် အတွင်းသေဆုံး ကြရ လိမ့်မည်။

ဘုန်းတော်ကြိးသည် ရှုန်းယယ်ကို သားအရင်းလို ချစ်တဲ့အတွက် လက်ထပ်ပြီး ရက်ပိုင်းအတွင်း သူ၏ အိမ်ထောင်ဖက်ဆုံးရှုံးခြင်းကို မမြင်ချင်ပေ။

"မလိုပါဘူး။"

ရှုန်းယယ်က ကျိုးကျီသည် မိတ်ဖက်ပွဲ အခမ်းအနား အတွက် အသိစိတ်ကို မလွတ်သွားအောင် ထိန်းနေခဲ့သည်။ သူ့ကို ဘယ်လိုစိတ်ပျက်အောင် လုပ်နိုင်မှာလဲ။

"ဒါဆို စလိုက်ရအောင်!"

ဘုန်းတော်ကြီးက သက်ပြင်းချလိုက်သည်။


ကျိုးကျီ၏ခန္ဓာကိုယ်ထဲရှိ အမြူတေက  အနီရောင် ပြောင်းသွားပြီးနောက် ၎င်း၏စုပ်ယူ မှုနှုန်းမြင့် တက်လာပြီး နံနက်ပိုင်းမှာ သူသည် အသီးတွင် ပါရှိသော စွမ်းအင်၏ ဆယ်ပုံနှစ်ပုံခန့်ကို စုပ်ယူနိုင်ခဲ့သည်။

သူ၏ခန္ဓာကိုယ်ရှိ စွမ်းအင်ကို ကိုင်တွယ်ထိန်းသိမ်း တဲ့နေရာက ပုံစံနှင့် တူသဖြင့်  နောက်ဆုံးတွင် သူက အနည်းငယ်ပိုလုပ်လာနိုင်ခဲ့ သည်။  

ရှုန်းယယ်က ကျိုးကျီကို ပွေ့ကာ လမ်းလျှောက်လာလို့ ဘုန်းတော်ကြီးက မကန့်ကွက်ပဲ သယ်ကာ ခေါ်ဆောင်လာခွင့်ပေးခဲ့သည်။

 
ဘုန်းတော်ကြီး အမှန်တကယ်ကန့်ကွက်လိုသည့် အဓိက အကြောင်းရင်းက ကျိုးကျီ သေလုနီးပါး ဖြစ်သောကြောင့်ပင်။  မိတ်ဖက်ပွဲသည် သူတို့နှစ် ဦး အတူတကွ မတ်တပ်ရပ်ရန်လိုအပ်သည် ဟူသော အချက်ကို သူ သတိမပြုမိပေ၊ သူတို့သည် သားရဲနတ်ဘုရားကို အရိုသေပေးရန်  ဒူးထောက်ဖို့ လိုသေးသည်။

 ကောင်းပြီ၊ သူက အဲဒီ အစဉ်လာကိုပြောင်းပြီး ရှုန်းယယ်ကို သူ့ဘာသာ လုပ်ခွင့်ပြုရ လိမ့်မယ်။


ကျိုးကျီသည် သူ့ခန္ဓာကိုယ်ကိုထိန်းချုပ်ရန် အားစိုက်ရန် စိတ်မ ၀ င်စားသော်လည်း သူ့မျက်လုံးများကို ဖွင့်လိုက်သည်နှင့် ဘုန်းတော်ကြီး၏စိုးရိမ်သောအကြည့်များနှင့် ဝက်ဝံကြီးမျိုးနွယ်စုထဲက လူတွေရဲ့   အပြုမှု ပုံစံတွေကို  သတိပြုမိလိုက်သည်။ သူတို့သည် လှပသောမီးတောက်အနီရောင်မီးပန်းများကိုယူဆောင်လာခဲ့သည်။

ချုံများပေါ်တွင် မီးတောက်ပန်းများ ပွင့်နေသည်။ ဤပန်းအမျိုးအစားသည် အလွန်ကြီးပြီး ဤအပင်များ၏အရွက်များသည် ပန်းများဖြင့်ဖုံးအုပ်ထားပြီး လုံးလုံးမမြင်ရတော့ပေ။ မီးတောက်ပန်းက ပန်းပွင့်ပန်းများသာရှိသကဲ့သို့ ပေါ်လာပြီးမြင်ကွင်းသည် အမှန်တကယ်လှပ လွန်းလှသည်။

ကျိုးကျီသည် ဤအပင်မျိုးကိုလေ့လာနေသည် မှာကြာပြီ။ သူက အံ့သြစရာကောင်းလောက်အောင် ထူးခြားမှု ရှိတယ်လို့ မခံစားရပေ။ ဒါပေမယ့် သူတို့အားလုံး တစ်ချိန်တည်းပွင့်တဲ့အခါ မျက်လုံးထဲမှာ ကြည့်ရတာ အရမ်း မျက်စိပသာဒဖြစ်ကာ အရမ်းကျေနပ်စရာကောင်းနေ တုန်းပဲ။

ဟုတ်ပါတယ်၊ အခုက ပန်းတွေကိုအာရုံစိုက်ရမယ့် အချိန်မဟုတ်ဘူး။


ဘုန်းတော်ကြီးသည် ရှုန်းယယ် နှင့် ကျိုးကျီ၏ ရှေ့တွင်ရပ်နေသည်။ သူသည် တိရိစ္ဆာန် သားရေ အပိုင်းအစများစွာဖြင့်ချုပ်စပ်ထားသော အမွေးရှည်ဝတ်ရုံကို ၀ တ်ထားပြီး သူ၏အမူအရာသည် တည်ကြည်ကာ သနားကြင်နာပုံရ သည်။

သူကနှုတ်ခမ်းကို ဖွင့်ဟကာ ဖြည်းဖြည်းချင်းပြောလိုက်သည်။

  " ကြီးမြတ်တဲ့ သားရဲနတ်ဘုရားသခင်က ငါတို့ကို ငြိမ်းချမ်းမှုနဲ့ပျော်ရွှင်မှုတွေ ပေးခဲ့တယ်၊ ဒီနေ့မင်းတို့ရဲ့ဝတ်ပြု ဆုတောင်းမှုကို လုပ်ဖို့ ဒီနေရမှာ အားလုံး စုဝေးလာကြတယ်။ သားရဲနတ်ဘုရားရဲ့ ဘုန်းကျက် သရေက ကမ္ဘာတစ်ဝှမ်းလုံး ထွန်းလင်းပါစေ။ "

" စွမ်းအားထက်မြက်သော သားရဲဘုရားသခင်...ရှုန်းယယ်  နှင့် ကျိုးကျီတို့က ဒီနေ့ကစပြီး မိတ်ဖက်တွေ  ဖြစ်လာလိမ့်မယ်။ "

"  သားရဲနတ်ဘုရားကို သက်သေထားပြီး ထာဝရ မီးတောက်ပန်းတွေရဲ့ ကောင်းချီး မင်္ဂလာနှင့် အတူ အသက်ထက်ဆုံး အတူတကွရှိပါစေ။ "  

......

သက်ကြီးရွယ်အို ဘုန်းတော်ကြီးသည်ဖြည်းဖြည်းချင်း ပြောလိုက်စဉ် ဝက်ဝံကြီး လူမျိုးနွယ်အားလုံးတို့သည် စိတ်လှုပ်ရှားစွာနှင့် ဦး ညွှတ်ချလိုက်ကြသည်။ ရှုန်းယယ် တစ်ယောက်သာ ကျိုးကျီကို သူ့ရင်ခွင်ထဲတွင် ပွေ့ထားခဲ့ပြီး ကျန်ရစ်ခဲ့သည်။ ပြီးတော့မှ သူက ကျိုးကျီကို  သူ့ဘေးမှာဖြည်းဖြည်းချင်း ချထားသည်။

သို့သော်လည်း သူက ကျိုးကျီ ကို အောက်ချထားပေမယ့် ကျိုးကျီ တကိုယ်လုံး သူ့ကို မှီလို့ရအောင် လုပ်ပေးကာ အနားမှာ ရှိနေပေးသည်။

 
"ရှုန်းယယ် .... မင်းကို သားရဲနတ်ဘုရား ကောင်းချီးပေးပါစေ။ "

ဘုန်းကြီးက ရှုန်းယယ် ကိုပြောတယ်။

ရှုန်းယယ် ကရဲရင့်စွာဖြင့် ပြန်ပြောခဲ့သည်၊

" သားရဲနတ်ဘုရားကို တိုင်တည်ပြောပါတယ်။ ကျွန်တော်က တသက်တာလုံး ကျိုးကျီနဲ့ပဲ   အတူတူနေပါ့ မယ်"

"ကျိုးကျီ....သားရဲနတ်ဘုရားက မင်းကို ကောင်းချီးပေးပါစေ။ "

ထို့နောက် ဘုန်းတော်ကြီးသည် ကျိုးကျီကို စကားပြောခဲ့သည်။

ဘုန်းတော်ကြီးက ဒီဟာကို ပြောလိုက်စဉ် လူမျိုးစုက လူတွေ အားလုံး အလွန်စိတ်လှုပ်ရှား နေခဲ့ကြသည်၊ သို့သော် ကျိုးကျီသည် ဘာကိုမှမခံစားခဲ့ရပေ။

သူ့ပတ် ၀ န်းကျင်၌ စွမ်းအင်များပြောင်းလဲခြင်း မရှိသလို သူနှင့် ရှုန်းယယ်တိုကြားမှာလည်း ဘာ ထူးခြားမှုမှ မရှိချေ။ ဘုန်းတော်သည် သူ၏ အကြမ်းထည် ချုပ်ထားသော တိရိစ္ဆာန်သားရေ များနှင့် ဖုံးလွှမ်းထားသော သင်္ကန်းကို ခြုံကာ  ရယ်စရာပုံ နည်းနည်းဖြစ်ပေမယ့်  ဤအခမ်းအနားနှင့် ပတ်သက်၍ ဘာကိုမှ ကျိုးကျီ ထူးထူးခြားခြား မခံစားရပေ။

မည်သည့် ခေတ်မှီမင်္ဂလာပွဲမဆို အခုထက်တော့ ပို ပြီး ရိုးရာဆန်သေးသည်။

သားရဲနတ်ဘုရားက ဒီဂြိုလ်မှာ တကယ်မရှိဘူး။

    လုပ်လေ့လုပ်ထ ရှေးရိုးရာဓလေ့ကြောင့်သာ လူတွေ ဆက်လက် လုပ်နေတာဖြစ်နိုင်တယ်။

   တစ်လောကလုံး၏သေဆုံးခြင်းကိုကြည့်နေခဲ့ရသည့်တိုင် ကျိုးကျီက  ခိုင်မာသောဘာသာမဲ့ တစ် ဦး ဖြစ်နေဆဲဖြစ်ပြီး အခု ကြုံတွေ့ရသည့်အဖြစ်ပျက်က သူ၏ကိုယ်ပိုင်စိတ်ကူးများကို တစ်ဖန်ပြန်လည် ခိုင်မာစေ ခဲ့သည်။

မည်သို့ပင်ဆိုစေ သူသည်အခြားသူကို မယုံကြည်သော်လည်း သားရဲနတ်ဘုရား အပေါ်သူ၏ယုံကြည်ချက်ကို  ပြန်ဖို့ အားထုတ်ရန်ဆန္ဒရှိသေးသည်။

သူနှင့် ရှုန်းယယ်တို့သည် တစ်သက်တာလုံးအတူ ရှိနေလိမ့်မည်ဟု သူ ယုံကြည်ချင်သောကြောင့် ဖြစ်သည်။

ကျိုးကျီ ကပြုံးပြီးဘုန်းကြီးကိုပြောလိုက်တယ်။

"  အထက်ဘုံမှာရှိတဲ့ သားရဲနတ်ဘုရားကို တိုင်တည်ပြီး ပြောပါတယ်... ကျွန်တော်လည်း ကျန်တဲ့ ဘဝတစ်သက်လုံးကို ရှုန်းယယ်  နဲ့အတူနေပါ့မယ်။ "

ရှုန်းယယ်က သူ့ကို ချစ်တယ်၊ သူ့ကို သစ္စာ မဖောက်သရွေ့ ရှုန်းယယ်က ဘယ်တော့မှ ထားခဲ့မှာ မဟုတ်ဘူးဆိုတာကို သိတဲ့ အဲ့ဒီ သားရဲနတ်ဘုရားက ဘယ်အရာကိုမှ မလုပ်နိုင်ဘူးဆိုတာ ကျိုးကျီး သိနေတယ်။ သူလည်း ရှုန်းယယ်ကို ဘယ်တာ့မှ သစ္စာဖောက်မည် မဟုတ်ပေ။

 

ဘုန်းတော်ကြိးသည် ကျိုးကျီဆီမှာ စကားပြောရန်ပင်  အားမရှိဟု ထင်ခဲ့သည်။ ကျိုးကျီသည် ကတိသစ္စာပြုရန်နှုတ်မှ ဖွင့်ပြောသံကိုကြား ရသောအခါ သူ ဝမ်းသာသွားသည်။ သူက မီးတောက်ပန်းတစ်ဆုပ်ကိုကိုင်ပြီး သူ့ခေါင်းပေါ်ကနေ မြှောက်ကာ ကျဲချလိုက်တယ်။

 " သားရဲနတ်ဘုရားရှေ့မှာ သက်သေခံခြင်း၊ ယနေ့မှစ၍ မင်းတို့နှစ် ဦး သည် အချင်းချင်း မိတ်ဖက် အဖော်များ ဖြစ်ကြလိမ့်မယ်။ မင်းတို့က တစ်ယောက်နဲ့တစ်ယောက် အတူတကွ နေထိုင်ကြပြီး ပျော်ရွှင်တဲ့ဘဝတစ်ခုကို ရရှိလိမ့်မယ်။ "

ဘုန်းတော်ကြီးသည်စကားပြောပြီးနောက် ရှုန်းယယ် နှင့် ကျိုးကျီကို   သူနှင့်အတူ ဒူးထောက်ခိုင်းလိုက်သည်။

တစ်ချိန်တည်းမှာပင် မူလက ဒူးထောက်နေသော လူမျိုးစုများအားလုံး မတ်တပ်ရပ်လိုက်သည်။ မျိုးနွယ်စုကလေးများသည် တောက်ပသော ပန်းပွင့်များစွာကို ရုတ်တရက် ထုတ်လိုက်ပြီး ရှုန်းယယ် နှင့် ကျိုးကျီတို့ပေါ်ကို ကျဲချလိုက်သည်။

 
ပန်းပွင့်တွေပြန့်ကျဲနေတဲ့အချိန်မှာသူတို့ရဲ့အကောင်းဆုံး ဆုတောင်း ဆန္ဒတွေကို တစ်ပြိုင်နက်အော်ဟစ်ကြတယ်။

"နှစ် ဦး စလုံး ကျန်းမာပါစေ။ "

"မင်းတို့ နေ့တိုင်းပျော်ရွှင်ပါစေ!"

" သားရဲနတ်ဘုရားကောင်းချီးပေးပါစေ။ "


......

ကလေးများသည် တစ်ချိန်တည်း စကားပြောပြီး ၎င်းတို့သည်ယခင်က ဤအလေ့အကျင့်ကို ပြုလုပ်ခဲ့သည်မှာ သိသာထင်ရှားသည်။ ရံဖန်ရံခါ ၎င်းတို့ထဲမှတစ် ဦး သည် အမှားလုပ်မိသည်နှင့် ဆက်မရွတ်ဆိုမီ စိုးရိမ်တကြီး ဘေးကို လှည့်ပတ်ကြည့်လိုက်ကြသည်။

လေထဲတွင်ပွင့်ချပ်များလွင့်ပျံနေခြင်းနှင့်အတူ ကလေးများ၏နူးညံ့သောအသံများက ကောင်းချီးပေးနေသည်ကို ထပ်ပေါင်းလိုက်တော့  မိတ်ဖက်ပွဲအခမ်းအနား၏လေထုသည် ရုတ်တရက်ကွဲပြားလာသည်။

ခဏအကြာ ကလေးနှစ်ယောက် တက်လာပြီး ရှုန်းယယ်နှင့် ကျိုးကျီ တို့ကို ပျားရည်နှစ်ခွက်ပေး လိုက်တယ်။

 " သားရဲနတ်ဘုရားက အိမ်ထောင်ဖက်တိုင်းကိုပျော်ရွှင်စေမှာသေချာတယ်။ "

"ကျေးဇူးတင်ပါတယ်!"

ရှုန်းယယ်သည်ပျားရည်တစ်ခွက်ကို လက်ခံပြီးသောက်လိုက်သည်။ သူက အခြားခွက်ကို ကျိုးကျီကိုကျွေးချင်ပေမယ့် ကျိုးကျီက အခုအစာ စားရခက်နေတာကို ရုတ်တရက်သတိပြုမိတဲ့အတွက် သူက ပါးစပ်နဲ့အစာကျွေးဖို့ အရင်က သူလုပ်ခဲ့တဲ့အတိုင်း ဆက်လုပ်နေခဲ့တယ်။

တကယ်တော့ လူမျိုးစုတွေရဲ့ မိတ်ဖက်ပွဲက အရမ်းရိုးရှင်းပါတယ်။ ရှေးတုန်းကဆိုရင ်ဘုန်းတော်ကြီးသည် ရှည်လျားသော စကားများပြောပြီးပြီးချင်း မိတ်ဖက်ပွဲအခမ်းအနား၌ပါ ၀ င်သူနှစ် ဦး အား ကောင်းချီးမင်္ဂလာပြုပြီးနောက် မိတ်ဖက်ပွဲ ပြီးဆုံးသွားခဲ့သည်။

ရှုန်းယယ်သည် မတူညီသော မိတ်ဖက်ပွဲ တစ်ခုကိုပြုလုပ် လိုသောကြောင့် ပန်းပွင့်များကြဲခြင်း၊ ကာင်းချီးများပြောဆိုပေးခြင်းနှင့် ပျားရည်ရေကို တိုက်ကျွေးခြင်းကို ထည့်လိုက်တာဖြစ်သည်။

ဟုတ်တယ်၊ အခုအတိုင်းဆိုရင် မိတ်ဖက်ပွဲက  တကယ်ကို အောင်မြင်သွားပြီ။

ဘုန်းတော်ကြိးသည် သူ့ရှေ့က လူနှစ်ယောက် အချင်းချင်းနမ်းနေသည်ကိုမြင်သောအခါ အနာဂတ်၌ သူတို့၏မိတ်ဖက်ပွဲအခမ်းအနားများထဲတွင် ဒီဟာကို ထပ်ထည့်နိုင်သည်ဟု သူ ခံစားလိုက်ရသည်။

ထိုမြင်ကွင်းသည် အလွန်နှစ်သက်ကြည်နူးစရာ ကောင်းလှသည်။ ဒါဟာ အရမ်းလှတယ်!

ဘုန်းတော်ကြီးသည် ဒီရလဒ်များအတွက် အလွန်တရာ ၀ မ်းမြောက်ခဲ့သည်။

လူမျိုးစုတွေရဲ့ နှလုံးသားများသည် အသစ် ထိမ်းမြား ထားသော စုံတွဲအတွက် ကောင်းချီးများနှင့်ပြည့် လျှံနေသည်။ ရှုန်းယယ်ကိုအမြဲတွယ်ကပ်နေခဲ့သည့် ရှုန်းပိုင်ပင်လျှင် ရှုန်းယယ် နှင့် ကျိုးကျီတို့အတွက်  သူမရဲ့နှလုံးသားထဲကနေ အကောင်းဆုံး ဆုတောင်းပေးခဲ့သည်။

 ရှုန်းယယ်နှင့် ကျိုးကျီတို့၏ မိတ်ဖက်ပွဲက
 တကယ်ကိုလှပသည်။ သူမသည် ယခု ရှုန်းယယ်ကဲ့သို့ဖြစ်ချင်သည်။ သူမနှင့်တစ်သက်လုံးအတူနေမည့် အိမ်ထောင်ဖက်ကို ရှာဖွေနေခဲ့သည်။ တကယ်တော့ အဲဒါကအံ့သြစရာကောင်း လိမ့်မယ်။

မျိုးနွယ်စုအတွင်းရှိလူများသည် ယခင်က အခြားသူများနှင့် မိတ်ဖက်ပြုရန် ဆန္ဒမရှိခြင်းသည် ဘာ့ကြောင့်အရေးအကြီးဆုံးသော အကြောင်း အရင်းဖြစ်ခဲ့တာလဲ...

လူမျိုးစုအများအပြားသည်နှစ်စဉ်နည်းမျိုးစုံဖြင့် သေကြလိမ့်မည်။ အကယ်၍ သူတို့က မိတ်မဖက်ခဲ့ဘူးဆိုရင် သူတို့နဲ့အတူရှိနေတဲ့သူ သေသွားရင် သူတို့တစ်ခြားတစ်ယောက်နဲ့ပြန်ပေါင်း ဖက်နိုင်လိမ့်မယ်။   အကယ်၍ သူတို့က မိတ်ဖက်ပြုထားခဲ့ရင် တကယ်လို့ သူတို့ အိမ်ထောင်ဖက်သေသွားပြီးချိန် နောက်ထပ်လူနှင့်  အတူနေနိုင်မှာ မဟုတ်တော့ဘူး။

အချုပ်အားဖြင့်ဆိုရသော် ဤမလုံခြုံသော ပတ်ဝန်းကျင်၌ လူများစွာသည် တည်ငြိမ်သော ကတိနှင့် တည်သောဆက်ဆံရေးတစ်ခုကို တည်ဆောက်ကာ တလင် တမယား စနစ်ကို ထူထောင်ရန်တွန့်ဆုတ်နေခဲ့ကြသည်။

သို့သော်လည်း ယခု ရှုန်းယယ် နှင့် ကျိုးကျီတို့၏ မိတ်ဖက်ပွဲကို ကြည့်ပြီး  လူများစွာသည် သူတို့ကဲ့သို့ အိမ်ထောင်ဖက်ရှာရန်စိတ်ကူးရှိလာကြသည်။

ရှီလီ၏အမူအရာသည် ယခင်ကဲ့သို့မှုန်မှိုင်းနေ သေးသည်။  

ဤမိတ်ဖက်ပွဲသည် ရှုန်းယယ် နှင့်သူ၏ မူလမိတ်ဖက်ပွဲနှင့် အလွန်ဆင်တူသည်၊ သို့သော်ကွဲပြားမှုများလည်းရှိသည် - သူတို့ရည်ရွယ်ထားတဲ့အထဲမှာ ပျားရည်တိုက်တာ မပါသလို အနမ်းဖလှယ်ခြင်းမရှိပေ။

ရှီလီ မသိတာက ရှုန်းယယ်က ဘုန်းတော်ကြီးကို ပျားရည်အများကြီးပေး လိုက်တာဖြစ်သည်။ ဒါကို ရှီလီက  မသိနိုင်ဘူး။ ဒီအချိန်မှာ သူက မတရားဘူးလို့ ခံစားနေရတယ်။

 
ဒါပေမယ့်မကြာခင်မှာပဲ ဒီမတရားမှုအပေါ်မှာ သူခံစားရတဲ့ ဒေါသထွက်မှုက ပျောက်သွားတယ်။

ရှုန်းယယ်ဟာ သူတို့ရဲ့နောက်ဆုံးဘဝမှာ သူ့ကိုဒီလောက်ကောင်းတာ မလုပ်ပေးခဲ့ဘူး၊ အခု သူနဲ့ ရှုန်းယယ်တို့ အတူတကွမနေနိုင်ရင် ဘာဆက်လုပ်ရမယ်ဆိုတာ အရာအားလုံးက ခေါင်းထဲရောက်နေပြီ။  

ရှုန်းယယ်နှင့်နှိုင်းယှဉ်ပါက သားရဲနတ်ဘုရားကျောင်း ထဲက အကြီးကဲ ဘုန်းတော်ကြီး၏သမီးက ပိုမိုကောင်းမွန်လိမ့်ဦးမည်။

ထိုလှပပြီး ထက်မြက်သောအမျိုးသမီးသည် အနာဂတ်၌နောက်ထပ် အားလုံးကိုးကွယ်ရသည့် ဘာသာရေးအကြီးကဲမ ဖြစ်လာလိမ့်မည်။

သူသည် သားရဲနတ်ဘုရား ချစ်မြတ်နိုးသော အမျိုးသမီးတစ် ဦး နှင့်အတူနေနိုင်လျှင် သူ၏ ဘဝလမ်းကြောင်းသည် ပိုမိုချောမွေ့လာ လိမ့်မည်။

ဟုတ်တယ်၊ အခြားသူတွေလည်း တော်တော် ကောင်းတယ်။ ဥပမာ၊ မျောက်ဝံသားရဲဘုရင် ၏သားငယ်သည် အလွန်နှစ်သက်ဖွယ်ကောင်းသည်။  

သူ၏အမြင်အာရုံကို ဒီဝက်ဝံကြီးမျိုးနွယ်က လူတွေနဲ့ပဲ မကန့်သတ်သင့်ပေ။ ဤအချက် စိတ်ထဲဝင်တာနဲ့ ရှီလီ၏ ရှုန်းယယ်အပေါ် ချစ်ခင်မှုသည်နောက်ဆုံးတွင် လုံးဝပျောက်ကွယ် သွားတော့ သည်။

အခမ်းအနားပြီးဆုံးသွားပြီးနောက် မျိုးနွယ်စုများမှ လူများသည် ရှုန်းယယ် နှင့် ကျိုးကျီတို့အား သူတို့၏ကောင်းမြတ်သော ဆန္ဒများကိုချီးမြှင့်ပေး ခဲ့ကြသည်။

"ရှုန်းယယ်၊ မင်းက အရမ်းတော်တယ်!"  

"အနာဂတ်မှာ မင်းတို့ သေချာပေါက် ပျော်ရွှင်ရမယ်!"

"မင်းအသက်ကြီးလာတာနဲ့အမျှ တစ်ယောက်နဲ့တစ်ယောက်အဖော်ပြုနိုင်မှာ သေချာတယ်။ "

......

မျိုးနွယ်စုဝင်တိုင်းက  တူညီသောကောင်းချီး စကားအနည်းငယ်ကိုသာ ပြောတတ်လို့ ဒါကိုပဲ ထပ်တလဲလဲပြောနေကြသည်။

 သို့သော်ရှုန်းချီက ထူးခြားစွာပြောခဲ့သည်။

" ရှုန်းယယ် မင်းရဲ့မိတ်ဖက်ပွဲက ငါမြင်ဖူးသမျှတွေထဲမှာ အကောင်းဆုံးမိတ်ဖက်ပွဲဘဲ။ သားရဲနတ်ဘုရားက မင်းတို့ နှစ် ယောက်ကို သေချာပေါက်ကောင်းချီး ပေးပြီး မင်းရဲ့ အနာဂတ်တွေက ပိုပိုကောင်းလာလိမ့်မယ်  "  

ရှုန်းချီသည်မိတ်ဖက်ပွဲကိုချီးမွမ်းခြင်းဖြင့် စတင်ခဲ့ပြီးထို့နောက်တွင် ဆက်လက်၍  ကျိုးကျီအား ချီးကျူးခဲ့သည်။

 " မင်းက အရမ်းဆွဲဆောင်မှုရှိတဲ့ အိမ်ထောင်ဖက်ကို တွေ့ ခဲ့တယ်။ သူက ငါမြင်ဖူးသမျှထဲမှာ အလှဆုံးလူပဲ၊ မင်းတို့နှစ်ယောက် ပျော်ရွှင်မှာ သေချာတယ်။ "

ရှုန်းချီက ဒီစကားကို ပြောသောအခါမျိုးနွယ်စုမှ လူများအားလုံးက ကျိုးကျီကိုကြည့်လိုက်သည်။

ကျိုးကျီသည်အလွန်ဆွဲဆောင်မှုရှိသော်လည်းယခု ကျိုးကျီက မတ်တပ်ရပ်နေသောကြောင့် ရှုန်းယယ်ထက် အရပ် အနည်းငယ်ပိုမြင့်နေတာကို မြင်လိုက်ရသည်။

 
ထို့ပြင်သူ၏အသားသည် အလွန်ဖြူဖျော့နေဆဲ ဖြစ်သော်လည်း ကျိုးကျီ၏လက်မောင်းတွေက ဘာကြောင့် ဒီလောက် ကြံ့ခိုင်နေတာလဲ..

 
တစ်ခုခု ပြောင်းလဲ နေသလိုပဲ ...

ကျိုးကျီ က ခါတိုင်း သူ့အတွက်ပြုလုပ်သော အ ၀ တ်များတွင် သူ၏လက်မောင်းများနှင့် အခြားအရာများကိုဖုံးလွှမ်းထားသော အင်္ကျီ လက်ရှည်များဖြစ်သည်။  သို့သော်ယခု သူ ဝတ်ခဲ့သောမင်္ဂလာဆောင်ဝတ်ရုံသည် လက်ပြတ်ဖြစ်သည်။

 သူ၏လက်မောင်းရှိကြွက်သားများက အရမ်း မကြီးသော်လည်းရှုန်းယယ် ကဲ့သို့ သိသာထင်ရှားကာ ကြွက်သားများရှိနေသည်။

မျိုးနွယ်စုလိုက် အမဲလိုက်သည့် အဖွဲ့တွင်ရှိသူ များ အားလုံးသည် ဤကဲ့သို့သော ပုံသဏ်ာန် ရှိသော် လည်း များသောအားဖြင့် သူတို့က လိုအပ်သော အသားကို များများစားစား မစားနိုင်သောကြောင့်ကြွက်သား အများစု ပေါ်မလာ တတ်ပေ။


ကျိုးကျီ၏လက်ရှိအသွင်အပြင်သည် သူတို့ စိတ်ကူးယဉ်ထားသော ပျော့ညံ့ပျော့ပျောင်းသော လူငယ်လေးနှင့် အလွန်ကွာခြားနေသည်။

မျိုးနွယ်စုထဲကလူတွေဟာ သိချင်စိတ်ပြင်းပြ လာကြတယ်၊ ဒါပေမယ့်အဲဒီအချိန်မှာ ကျိုးကျီက သူ့ပါးစပ်ကိုဖွင့်လိုက်ပြီး ပါးစပ်ကနေ သွေးတွေ အန်ထုတ်လိုက်တယ်။

မျိုးနွယ်စုမှလူများ၊ ဒါကိုမြင်တော့ အတည်ပြုသည်။ သူကပျော့ညံ့တဲ့ ကျိုးကျီ နဲ့အတူတူဘဲ။

ဒါပေမယ့် သူက နည်းနည်း အားနည်းလွန်းတယ် မဟုတ်လား။ ရှုန်းယယ်သည် အနည်းငယ် ပြင်းထန်လွန်းတာပဲ မဟုတ်လား။
ဒါကြောင့် ကျိုးကျီခမျာ ချစ်တင်းနှောပြီးနောက်မှာ သွေး အန်အောင်ပင် လုပ်ခဲ့မိတာပဲ...


လူတိုင်းက ရှုန်းယယ် ကိုစာနာလာတယ်။ ရှုန်းယယ်သည်နောင်တွင် ဤကဲ့သို့သော အိမ်ထောင်ဖက်နှင့်ပျော်ရွှင်မှုကို ရှာဖွေနိုင်ပါ့မလား။

ရှုန်းယယ်သည် ကျိုးကျီက သွေးများ တစ်ဖန်ပြန်အန်သည်ကိုမြင်သောအခါ သူသည် ကြောက်ရွံ့သွားပြီး ကျိုးကျီကို လျင်မြန်စွာပွေ့ဖက်လိုက်သည်။

တကယ်တော့ ကျိုးကျီက  နေကောင်းပါတယ် ...

ယခုပင် သူ၏ အမြူတေက နောက်ထပ် အဆင့်မြှင့်တင်နိုင် ခဲ့ပြီးအနီရောင်မှ ခရမ်းရောင်သို့ပြောင်းလဲသွားခဲ့သည်။  

ဤအပြောင်းအလဲသည်  ရုတ်တရက်ဖြစ်သွားခဲ့ပြီး သူ၏ခန္ဓာကိုယ်ရှိ စွမ်းအင်များက မူမမှန်တော့ဘဲနောက်ဆုံးတွင် ပါးစပ်မှသွေးများ လျှံထွက်လာစေခဲ့သည်။

သို့သော် ဤအရာသည် သူ့အတွက်မကောင်းသော အရာမဟုတ်ပါ...သူ၏ကြည်လင်သော အမြူတေထဲက အမာခံစွမ်းအင်သည် စုပ်ယူမှုမြန်သည်ထက် ပိုမြန်လာသည်။ ဒီအမြန်နှုန်းနဲ့သာ ဆက်သွားပါက သူသည်စွမ်းအင်အားလုံးကို စုပ်ယူခြင်းက မကြာခင် ပြီးသွားလိမ့်မည်၊ ထိုညက သူတို့၏ မင်္ဂလာဆောင်လုပ်ငန်းများကိုနှေယင့်နှေးစေလိမ့်မည် မဟုတ်ပေ။

ကျိုးကျီ စဉ်းစားနေတုန်းမှာ ဘုန်းတော်ကြီးက ပြောခဲ့သည်။

" သားရဲနတ်ဘုရား ယဇ်ပူဇော်ခြင်းစတင်ပြီ"  

ကျိုးကျီသည်သွေးများပေကျံနေသော်လည်း၊ သားရဲနတ်ဘုရားပူဇော်ပွဲကို သူ၏ အမှားကြောင့် ရပ်တန်မသွားစေချင်ပေ။

 
မျိုးနွယ်စုအတွင်း၌ သားရဲနတ်ဘုရား ပူဇော်ခြင်းအတွက်ဓလေ့ထုံးတမ်းများစွာ မရှိပေ။ ဘုန်းတော်ကြီးက စကားပြောပြီးနောက် လူတိုင်းသည် ဘုန်းတော်ကြီးအားတစ်ယောက်ပြီးတစ်ယောက်မျက်နှာချင်းဆိုင်ပြီး လာရောက် အရိုသေပေးရန်သာ လိုအပ်သည်။

" သားရဲနတ်ဘုရား  ကျေးဇူးပြု၍ ကျွန်ုပ်တို့၏ အသံများကိုကြားတော်မူပါ..."

ဘုန်းတော်ကြီးက ထပ်မံကြွေးကြော် ခဲ့သည်။

သူက စကားအများကြီးပြောပြီး လူတွေကိုယဇ်ပူဇော်ဖို့ ပြောခဲ့တယ်။

အဲဒီနောက်သူက လူမျိုးနွယ်စုတွေနဲ့ စကားပြောခဲ့တယ်၊

 " သားရဲနတ်ဘုရားက သူ့လူမျိုးတိုင်းကိုချစ်တယ်။ မင်းရဲ့ဆန္ဒတွေကို အခုဝေမျှနိုင်တယ်။ "  

မျိုးနွယ်စုမှလူများအားလုံး စကားစပြောကြသည်။

ကျိုးကျီသည်သူ၏စိတ်စွမ်းအားများကို သူကြိုက်သလို သုံး၍ မရသေးဘဲ လူတိုင်းပြောသမျှကို နားစွင့်ရန်စိတ်မ ၀ င်စားသော်လည်း ရှုန်းယယ်၏စကားများကိုတော့ နားစွင့်ထားခဲ့သည်။

သူ့ ခင်ပွန်းပြောသည့် စကားကို သူ ကြားချင်သေးသည်။

  " သားရဲနတ်ဘုရား..ကျိုးကျီ အမြန်ဆုံး  နေပြန်ကောင်းပါစေ။ကျွန်တော်က သူပြန်နေကောင်းဖို့အတွက် ကျွန်တော့် အသက်  တစ်ဝက်ကို ခွဲပေးဖို့ ဆန္ဒရှိတယ် ... "

 

ကျိုးကျီ၏နှလုံးသားကို ရှုန်းယယ်၏ ဆုတောင်းစကားသံက ဆုပ်ကိုင်ထားသလိုဖြစ်ပြီး သူ့စိတ်စွမ်းအားများ ရုတ်ရုတ်သဲသဲဖြစ်သွားသည်။

သူ၏ခန္ဓာကိုယ်ရှိ အမြူတေသည် ခရမ်းရောင်ပြောင်းသွားပြီး စွမ်းအင်စုပ်ယူမှုနှုန်းသည် အဆများစွာတိုးလာသည်။ သူသည် ထိုစွမ်းအင်များကို ဖိနှိပ်ရန် သူ့အတွက်  အလွန်လွယ်ကူခဲ့သော်လည်း ယခုအချိန်တွင် သူသည် အမှန်တကယ် ထိန်းချုပ်မှု ဆုံးရှုံးသွား ခဲ့သည်။  

သူ၏ခန္ဓာကိုယ်မှ စွမ်းအင်များစွာကို အမှတ်တမဲ့ ထုတ်လွှတ်လိုက်မိသည်။ ဒီလိုဖြစ်တာက သူ့ကို အနည်းငယ် စိတ်မသက်မသာဖြစ်စေခဲ့သည်၊ သို့သော်ယခု သူ၏ကြည်လင်သော အမြူတေက အရောင်ပြောင်းသွားရုံသာမက  သူ၏ခန္ဓာကိုယ် လည်းပြောင်းလဲ သွားပြီး၊ ဤစွမ်းအင်အနည်းငယ်က သူ့ခန္ဓာကိုယ်ထဲမှ  မတည်မငြိမ် ဖြစ်နေသောကြောင့် အလွန်နာကျင်နေရသည်။

အခြားတစ်ဖက်တွင် ... သူ၏ခန္ဓာကိုယ်မှ ထွက်လာသော စွမ်းအင်သည် သူ့ပတ်လည်ရှိ လူတိုင်းအား လန်းဆန်းသွားအောင် လုပ်နိုင်ခဲ့သည်။

ဆုတောင်းနေကြသည့် လူမျိုးစုထဲမှ လူအချို့သည်ဖျားနာမှုများ ခံစားခဲ့ရပြီး ယခုသူတို့သည် ဤမျှနာကျင်မှုမရှိတော့ကြောင်း ရုတ်တရက်တွေ့ရှိခဲ့သည်။

အခြားသူများသည် အရင်က အလွန်ဝမ်းနည်းတာ၊    စိတ်ဓာတ်ကျတာကို ခံစားခဲ့ရသော်လည်း ယခုအချိန်တွင် သူတို့ကို  ဖြတ်၍ လေတစ်ဖြူးဖြူးတိုက်ခတ်လာသဖြင့် သူတို့အားလုံးကို တက်ကြွလန်းဆန်းလာစေပြီး ခံစားနေရသည့် ဝေဒနာတွေ အားလုံးကနေ  ပိုမိုသက်သာလာစေသည်။

အခြားသူများ - "......"

ရှီလီကတိတ်တိတ်လေးဆုတောင်းနေခဲ့သည်၊

" သားရဲနတ်ဘုရား .... နတ်ဘုရားက ကျွန်တော့်ကိုပြန်လာဖို့ အခွင့်အလမ်းပေးခဲ့တယ်၊ ဒါကြောင့် ကျွန်တော့်ကို အရင်ထက် ပိုသန်မာလာအောင် မစပေးပါ  "

သူ ပြောပြီးသည်နှင့်တပြိုင်နက် သူ့တွင် စွမ်းအင်အနည်းငယ် ပိုရှိလာသလို ခံစားလိုက်ရသည်။  

ရှီလီသည် ခဏမျှစိတ်လှုပ်ရှားသွားသည်။ ဒီနေရာမှာ သားရဲနတ်ဘုရား ရှိနေကြောင်း သူ သိသည်။

သားရဲနတ်ဘုရားသည် သူ့အား အမြဲစောင့်ကြည့်နေခဲ့သည်။

ရှီလီ ဝမ်းသာနေစဉ် ကျိုးကျီသည်နောက်ဆုံးတွင် လုံးဝပြန်လည် ကောင်းမွန်လာသည်။ ရှုန်းယယ်က သူ့ကိုတင်းကျပ်စွာပွေ့ဖက်နေစဉ် သူက ရှုန်းယယ်၏လက်ကိုဆုပ်ကိုင်လိုက်ပြီး  ပြောလိုက်သည်။

"ရှုန်းယယ်....ငါ အဆင်ပြေပါတယ်"

"မင်း တကယ်အဆင်ပြေရဲ့လား?!"

ရှုန်းယယ်က ကျိုးကျီ၏စကားကြောင့်  အံ့သြပျော်ရွှင်သွားကြသည်။ AHjSvX

"ကောင်းသွားပြီ"

ကျိုးကျီသည် ထိုစကားပြောနေစဉ်ပြုံးနေလိုက်သည်။ သူသည် ရှုန်းယယ်၏လက်ကိုမြှောက်လိုက်ပြီး သူ၏ဆုပ်ကိုင်ထားသော  အားမှာ လုံးဝအားနည်း သွားခဲ့သည်။

ကျိုးကျီ၏ဆုပ်ကိုင်မှု အားကောင်းလာပြီး သူ၏မျက်နှာအရောင်သည် ပုံမှန်ပြန်ဖြစ်သွားသည်။ သူအခု တကယ်နေကောင်းပုံရတယ်။ ရှုန်းယယ် သည် ကျိုးကျီ၏လက်ကိုဆုပ်ကိုင်ကာ  ပြောလိုက်သည်။

"သားရဲနတ်ဘုရားက  တကယ် ကောင်းချီးပေးနေ တာပဲ...  မင်းတကယ်အဆင်ပြေသွားခဲ့ပြီ"

ထိုသို့ပြောပြီးနောက် ရှုန်းယယ်သည် သူ၏လက်ဖဝါးများကို စုစည်း၍ ပြောလိုက်သည်။

" ကျေးဇူးတင်ပါတယ် သားရဲနတ်ဘုရား  !"

သားရဲနတ်ဘုရားသည်သူ၏ဆုတောင်းချက်များကိုကြားပြီး ကျိုးကျီကို ပြန်လည်နာလန်ထူရန် ကူညီခဲ့တာဖြစ် လိမ့်မည်။

ကျိုးကျီ: ဒါက သားရဲနတ်ဘုရား နဲ့တကယ်မဆိုင် ပါဘူးကွာ


**-***

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Donde viven las historias. Descúbrelo ahora