Stone-age Husband Raising Journal _ Chapter (12) - Invitation - ဖိတ်ခေါ်ခြင်း

8.1K 1.4K 19
                                    


Chapter (12) -  Invitation - ဖိတ်ခေါ်ခြင်း

 နှစ်ရက်တစ်ကြိမ်ပဲ စုပေါင်းအမဲလိုက်လို့ ဒီနေ့ အမဲလိုက်စရာ သွားစရာမလိုပေ။ ဒါကြောင့် မျိုးနွယ်စု ရှုန်းဟော်က အခြားစီမံခန့်ခွဲမှု အလုပ်တွေကို စီမံရ သည်။ သူက ကျိုးကျီဆီကိုသွားပြီး  သူနေတဲ့ ဂူကို ပြန်လည်လွှဲပြောင်းပေးဖို့ ပြောရသည်။ အမဲလိုက်ခြင်း တွင် ပါဝင်မှုမရှိသည့် လူများကို စုပေါင်းနေထိုင် စေခြင်းဖြင့် ပိုလာသော ဂူကို မျိုးနွယ်စုထဲမှာ  အရွယ်ရောက်ပြီးသား အမဲလိုက်သူများကို သီးသန့်ဂူပေးရသည်။

 
ဝက်ဝံကြီးမျိုးနွယ်စုမှာ လူဦးရေက ပိုပို တိုးပွားလာခဲ့လို့ နှစ်တိုင်း ဂူအသစ်များ ထပ်မံတူးဖော်ကြပေမယ့် လူတိုင်းစေ့ နေဖို့ ဂူအလုံအလောက်မရှိသေးပေ။ ဒါကြောင့်အမဲလိုက်ရာတွင် မပါဝင်နိုင်သော ကျိုးကျီကို ကိုယ်ပိုင်ဂူ မပေးနိုင်တော့ပေ။
 
ကျိုး၏မိခင်သေသွားပြီးနောက်တွင် ရှုန်းဟော်က စာနာထောက်ထားသောကြောင့် အခုနေသည့် ဂူကို ချက်ချင်း ပြန်မသိမ်းခဲ့ပေ။ ဒါပေမယ့် အချိန် နှစ်လကြာလာပြီဖြစ်လို့ ကျိုးကျီက အမဲမလိုက်နိုင် သူများနေသည့် စုပေါင်းဂူထဲ သွားနေရတော့မည်။

 
မနက်စောစောတွင် ရှုန်းဟော်က ကျိုးကျီ ထံရောက်လာပြီး ဂူပြောင်းပေးရမည့် အကြောင်းကို ပြောခဲ့သည်။

 ကျိုးကျီ : "......."

မျိုးနွယ်စုထဲတွင် ဒီလိုစည်းမျဉ်းမျိုးရှိသည်ကို သူ မသိခဲ့ပေ။

"ကျိုးကျီ ငါပြောတာကို နားလည်ရဲ့လား"

ကျိုးကျီက ကလေးဘဝကတည်းက ထုံထိုင်းသောကြောင့် ရှုန်းဟော်က သူပြောသည်ကို ကျိုးကျီ နားမလည်မည်ကို စိုးရိမ်နေသည်။  
ကျိုးကျီက ခေါင်းညိတ်ပြလိုက်သည်။ လူတွေနှင့် အဆက်အဆံ သိပ်မလုပ်ခဲ့သောကြောင့် ဒီကမ္ဘာ၏ ဘာသာစကားကို မကျွမ်းကျင်ပေမယ့် ရှုန်းဟော် ပြောသည့် အကြောင်းရာကိုတော့ သူ နားလည်နိုင် ပါသေးသည်။

 ကမ္ဘာပျက်ကပ်ပြီးနောက်ပိုင်း သူ အရမ်းပင်ပန်း ဆင်းရဲခဲ့လို့ ဒီ ကမ္ဘာရောက်လာကတည်းက ဘာမှမလုပ်ချင်ခဲ့။ ဒါ့ကြောင့် သူ့စွမ်းဆောင်ရည်က နိမ့်ကျနေခဲ့သည်။ ဒိုင်နိုဆောကို သတ်ဖို့ ကတော့ ဒိုင်နိုဆောတွေက ချစ်စရာကောင်းလွန်းနေလို့ သူ မသတ်ရက်ပေ။

တကယ့် တကယ်က ဒိုင်နိုဆောတွေက ချစ်ဖို့ကောင်းလို့မဟုတ်ပဲ ဖုတ်ကောင်တွေကို သတ်ခဲ့ရတာ ကြာလို့ သူ ထပ်ပြီးဘာကိုမှ မသတ်ချင်တော့တာပဲ ဖြစ်သည်။

ဒီခန္ဓာကိုယ်ပိုင်ရှင်က ဘာမှ လုပ်နိုင်စွမ်း  မရှိသလို သူကလည်း ဘာမှမလုပ်ချင်ပေ။ ဒါကြောင့် သူနေရတဲ့ ဂူကို ဆုံးရှုံးရမည်ဟု လုံးဝထင်မထားမိပေ။
 
"မင်း အောက်ထပ်က စုပေါင်းဂူကို ပြောင်းနေရမယ်။  တစ်ယောက်ယောက်က ကူညီပေးလိမ့်မယ်"

  သက်ကြီးရွယ်အိုများ၊ အားအင်ချိနဲ့သူများ၊ မသန်စွမ်းသူများနေထိုင်သည့်  စုပေါင်းဂူသည် ကျိုးကျီဂူ၏ အောက်တည့်တည့်တွင် ရှိသည်။

  ကျိုးကျီ စုပေါင်းဂူမှာ သွားနေတာ ကောင်းသည်ဟု ရှုန်းဟော် မြင်သည်။ ဘာကြောင့်လဲဆိုတော့  ကျိုးကျီက တစ်ယောက်တည်း ရပ်တည်နေဖို့ မလွယ်လို့ သူ့ကို ဂရုစိုက်ပေးမယ့်လူ လိုအပ်သည်။

 
ကျိုးကျီ   မသိမသာ မျက်မှောင်ကြုတ်သွားသည်။ သူ အခြားလူများနှင့် အတူမနေနိုင်တာတော့ မဟုတ်။ ကမ္ဘာပျက်ကပ်မှာ ဖုတ်ကောင်တွေရဲ့ရန်ကြောင့် အမြဲ စားသတိ၊သွားသတိနှင့်နေခဲ့ရပြီး ညဘက် သူ့နား လူမရှိရင် မအိပ်တတ်အောင် ဖြစ်ခဲ့သည်။ ဒါပေမယ့် စုပေါင်းဂူက အရမ်းညစ်ပတ်လွန်းသည်။ ကမ္ဘာပျက် ကပ်ဆိုက်ပြီးနောက်  အမြဲညစ်ညစ်ပေပေ နေခဲ့ရပေမယ့် အခုတော့ ကျိုးကျီက သန့်သန့်ရှင်းရှင်း နေချင်မိသည်။


"ကျိုးကျီ  မင်းရဲ့ဂူကနေ ဒီနေ့ပြောင်းပေးလို့ ရမလား"  


ကျိုးကျီ-  "ရပါတယ်"

သူ အခြားလူတွေနဲ့ အတူရောနှောမနေချင်ပေမယ့် များနှင့်အတူ မနေချင်သော်လည်း  ဂူတစ်ခုလုံးကို အပိုင်စီးမထားချင်ပေ။ နောက်ဆုံး မျိုးနွယ်စု က ထင်းသိုလှောင်သည့် နေရာမှာ သွားအိပ်လို့လည်း ရတာပဲ။ အဲ့ဒီနေရာ အိပ်လို့မဖြစ်ရင် ကိုယ့်ဖာသာ တဲလေးတစ်လုံးဆောက်လိုက်ရုံပေါ့။

 
ရှုန်းဟော်က ကျိုးကျီဆီက စကားပြန်ကိုရတော့ စုပေါင်းဂူထဲက ကလေးတချို့ကိုခေါ်ကာ ကျိုးကျီ၏  ပစ္စည်းများကို ရွှေ့ပြောင်းရာတွင် ကူညီခိုင်းလိုက်သည်။ ကျိုးကျီရဲ့ဂူထဲမှာ သူ့အမေ ချန်ထားခဲ့တဲ့ ပစ္စည်း မျိုးစုံနှင့် ပြည့်နှက်နေ ခဲ့ သည်။ ကလေးများသည် ထိုပစ္စည်းများအား  ဆွဲထုတ်ကာ စုပေါင်းဂူရဲ့ မြေပြင်ပေါ်မှာ ပုံချထားလိုက်ကြသည်။


"ဒါတွေအကုန် ကျိုးကျီရဲ့ပစ္စည်းတွေနော်။ မင်းတို့ လျှောက်မဆော့နဲ့"

ရှုန်းဟော်က ကျိုးကျီ၏ ပစ္စည်းပုံကြီးကို မွှေတော့မယ့်ပုံပေါ်နေတဲ့ ကလေးတစ်ယောက်ကို လှမ်းဟန့်လိုက်ရင်း ကျိုးကျီအတွက် စိုးရိမ်လာသည်။ ကျိုးကျီက ထုံထိုင်းလို့ စုပေါင်းဂူထဲရောက်ရင်   ပစ္စည်းအကုန် အခိုးခံရတော့မလားဟု တွေးနေမိသည်။ မျိုးနွယ်စုထဲမှာ ခိုးယူခြင်းကိုတားမြစ်ထားပေမယ့် ရှုန်းဟော်က အားလုံးကို မျက်စိဒေါက်ထောက်ပြိး မကြည့်နိုင်ပေ။

 
ရှုန်းဟော်  စိတ်ပူတဲ့အတိုင်းပဲ စုပေါင်းဂူအလယ်မှာ ပုံထားတဲ့ ကျိုးကျီရဲ့ ပစ္စည်းပုံကြီးကို ကြည့်ပြီး မျိုးနွယ်စုဝင်တွေက မနာလိုဖြစ်လာကြသည်။

  "ကြည့်စမ်း ဒိုင်နိုဆောသားရေတွေ အများကြီးပဲ   "


"လက်နက်တွေနဲ့ ဆားတွေလည်း ရှိနေတာပဲ"

"ကျောက်ပန်းကန်လုံးတွေ၊ ကျောက်အိုးတွေလည်း အများကြီးပဲ"

"ကျိုးကျီအမေက သူ့သားအတွက် အကောင်းဆုံး ပစ္စည်း တွေချည်း ချန်ပေးသွားတာပဲ။  
***

မျိုးနွယ်စုထဲက အမဲလိုက်မတော်သည့် သာမာန်လူများက ကျိုးကျီပိုင်သည့် ပစ္စည်းများကို ကြည့်ကာ လောဘတက်လာကြသည်။ ထိုလူတွေထဲတွင် ယန်ယင်နှင့် ယန်ဆုတို့ သားအမိလည်း ပါသည်။


ယန်ယင် ဒီကိုရောက်လာခဲ့ချိန်မှာ သူမပိုင်ဆိုင်တာ  ဘာမှမရှိခဲ့ပေ။ ဒီမှာနေတဲ့နှစ်တွေမှာ ပစ္စည်းတွေကို စုဆောင်းခဲ့ပေမယ့် သုံးစားမရတဲ့  ဒိုင်နိုဆောသားရေ တွေသာ ရှိနေခဲ့သည်။ ကျိုးကျီရဲ့ပစ္စည်းတွေကို ကြည့်နေတဲ့ ယန်ယင်ရဲ့မျက်လုံးထဲမှာ လိုချင်တပ်မက် မှုတွေ ပြည့်နေသလို ယန်ဆုရဲ့ မျက်နှာပြင်ထက်မှာ မလိုတမာ စိတ်ဖြင့် ကြည့်ရဆိုးနေသည်။

 
ရှုန်းယယ်က အကျင့်ပါလို့ အိပ်ရာက  စောစောနိုး လာခဲ့ပေမယ့် ညက  အရမ်းနှစ်နှစ်ခြိုက်ခြိုက်ကို  အိပ်ပျော်ခဲ့သည်။ ကျိုးကျီ မနေ့က သူ့ကို ပေးခဲ့တဲ့ အသားကင်တုံးက အနံ့အရမ်းအမွှေးပြီး အရသာလည်း ချိုလို့နေသည်။  ဒီလောက်ကောင်းတဲ့ အသားကင်ကို သူ့ဘဝမှ တခါမှ မစားဖူးပေ။ မနေ့က အသား 10 ကီလို လောက်ကို သူစားခဲ့ပြီးတာတောင်  ကျိုးကျီလာပေးတဲ့ အသားကင်ကိုပါ အကုန်ပြောင်အောင် စားနိုင်ခဲ့သည်။

ဗိုက်အရမ်း တင်းသွားလို့ သူ တညလုံးကို   နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်မောကျသွားပြီး နေမြင့်မှ သူနိုးလာခဲ့သည်။ သူ့ ဂူထဲက ထွက်လာတာနှင့် ကျိုးကျီကို စုပေါင်းဂူထဲမှာ သူ့ပစ္စည်းပုံများကြား မတ်တပ်ရပ်နေတာကို မြင်လိုက်ရသည်။
ကျိုးကျီက သားရေပတ်တွေနဲ့ သူ့တစ်ကိုယ်လုံးကို လုံခြုံအောင် ဝတ်ဆင်ထားသည်။ ဆံပင်ကို ခပ်တိုတို ညှပ်ထားပြီး သူ့မျက်နှာနဲ့ခြေလက်တွေမှာ သန့်ရှင်းလို့ နေသလို သူ့မျက်နှာပေါ်မှာ ဘာအမွှေးအမျှင်မှ မရှိပေ။

 ဖြူဖွေးနူးညံ့တဲ့ အသားအရေက နေရောင်အောက်မှာ တောက်ပနေပြီး  ကျိုးကျီက အရမ်းချောတယ်ဆိုတာ ရှုန်းယယ် သေချာမြင်လိုက်ရသည်။

 ရှီလီ့ထက်တောင် ကျိုးကျီက ပိုချောနေတယ်။ ရှီလီက ကျိုးကျီလောက် အသားမဖြူပေ။

ဒါ့အပြင် ကျိုးကျီက အရပ်မြင့်ပြီး ကိုယ်ထည်က ကျစ်လစ်တောင့်တင်းပုံရသည်။ ကျိုးကျီရဲ့အမေက    သူမ သားကို အမြဲဂရုစိုက်ပြီး ဘယ်တော့မှ အစာ မငတ် အောင် ကျွေးမွေးခဲ့လို့ ဒီလောက် ချောမောတာ အံ့သြစရာမရှိပေ။

ရှုန်းယယ်က ချောမောသော ကျိုးကျီကို ကြည့်နေရာမှ လန်ယင်ဂူထဲက ထွက်လာသည့် ရှီလီကို မြင်လိုက်စဉ် သူ့အာရုံတွေက ရှီလီဆီ ရောက်သွားခဲ့သည်။

ရှီလီနှင့် လန်ယင်တို့က အတူတွဲရပ်နေကြပြီး ရှီလီ၏ ခန္ဓာကိုယ်တွင် လန်ယင်၏အနံ့များဖြင့် ဖုံးလွှမ်းနေသည်။ သူတို့နှစ်ယောက် မနေ့ညက တကယ်ကို အတူနေခဲ့ကြတာပဲ။


ရှုန်းယယ်က ရှီလီတစ်ယောက် လန်ယင်ရဲ့ဂူထဲ ဝင်သွားတာ မြင်ခဲ့ပေမယ့် ရှီလီ တကယ် မလုပ်လောက်ဘူးလို့ တိတ်တခိုး မျှော်လင့်နေခဲ့ မိပေမယ့် အခုတော့  ရှီလီရဲ့ ခန္ဓာကိုယ်မှ အနံ့တွေကို ရလိုက်တော့ သူ့နှလုံးသားတစ်ခုလုံး ပြုတ်ထွက်သွားသလို ခံစားလိုက်ရသည်။

ရှီလီက သူ့ကို တကယ် ဖြတ်ထားခဲ့ပြီဆိုတာ သိလိုက်ရတော့ ရင်နာရပေမယ့် တဖက်ကလည်း ထူးထူးဆန်းဆန်း စိတ်သက်သာရာရသွားခဲ့သည်။
 
ရှုန်းယယ်က အမြင့်က သူ့ဂူရှေ့မှာ ရပ်နေလို့ သူက ရှီလီကို ကောင်းကောင်းမြင်ရပေမယ့် ရှီလီက သူ့ကို သတိမထားမိပေ။

 
ရှီလီက မနေ့ည  လန်ယင်နှင့် အတူနေလိုက်တဲ့အချိန်မှာ လန်ယင်က အပျိုမစစ်ပဲ အခြားယောက်ျားများနှင့် နေဖူးပြီးသားဆိုတာ သိလိုက်ရလို့ စိတ်သိပ်မကြည် တော့ပေ။

 
လန်ယင်က အပျိုစစ်ခြင်း၊မစစ်ခြင်းကို အဓိက မထားပေ။ လူတိုင်း တောင့်တစိတ်ရှိကြတာဖြစ်လို့  သူမ အရင်က အခြားသူနဲ့ နေဖူးပေမယ့် ဘာမှမဖြစ်ဘူ ယူဆသည်။ ဒါပေမယ့်ရှီလီရဲ့စိတ်ထဲတွင် လန်ယင်က သူ့ကို သဘောကျသည်ဟု ဆိုပေမယ့် အခြားလူနှင့်လည်း အတူနေခဲ့လို့ သူ့ကို သဘောကျတယ်ဆိုတာ ဘာလဲလို့ တွေးနေသည်။

 ရှုန်းယယ်က သူ့ကို သဘောကျတယ်လို့ ပြောတဲ့ အချိန်က ရှုန်းယယ်က သူ့ကို နှလုံးသားတစ်ခုလုံးပုံပြီး တကယ့်ကို ချစ်ခဲ့တာ ဖြစ်တယ်ဆိုတာ သူ သိသည်။

 ရှုန်းယယ်ကို သဘောကျတဲ့ မိန်းမအများကြီးရှိခဲ့ ပေမယ့် ရှုန်းယယ်က တစ်ယောက်မှ လက်မခံခဲ့ပေ။
ပြီးတော့ လန်ယင်နဲ့ အတူနေတယ်ဆိုတာ သူ ထင်သလောက် မကောင်းပေ။ သူနဲ့ ရှုန်းယယ် အတူ အိပ်ပြီး တစ်ယောက်ကို တစ်ယောက် လက်နဲ့ ကူညီပေးခဲ့တုန်းကလောက်တောင် စိတ်လှုပ်ရှားစရာ မကောင်းပေ။

 ဒီမနက်နိုးလာတော့  ကျိုးကျီ ဂူပြောင်းရွှေ့နေတာနဲ့ တိုးတော့သည်။ အရင်ဘဝတုန်းက ဖြစ်ခဲ့သည်ကို သူ နည်းနည်း ပြန်သတိရလာသည်။ ထိုစဉ်ကလည်း သူက ကျိုးကျီရဲ့ပစ္စည်းတွေကို   မနာလိုဖြစ်မိပြီး  ရှုန်းယယ်ကို ပြောခဲ့သေးသည်။ ရှုန်းယယ်က သူတို့နှစ်ယောက် အနာဂတ်မှာ ဒီလိုပစ္စည်းတွေ အများကြီး စုဆောင်း ကြမယ်လို့ ပြန်ပြောခဲ့သည်။ အဲ့ဒီအချိန်က သူ မနာလိုဖြစ်ခဲ့တဲ့ ကျိုးကျီရဲ့ပစ္စည်းအားလုံး စုပေါင်းဂူထဲ နေပြီး ၂ ရက်အကြာမှာ အကုန် ခိုးခံလိုက်ရသည်။

 
 ကျိုးကျီက အနိုင်ကျင့်ခံရလို့လား အခြားအကြောင်း ကြောင့်လား မသိပေမယ့် သူက စုပေါင်းဂူထဲမှာ မနေတော့ပဲ   ထင်းသိုလှောင်ရုံကို ပြောင်းရွှေ့နေ ထိုင်ခဲ့သည်။ သိုလှောင်ရုံရဲ့ ဘေးနံရံအကာတွေက အပေါက်တွေဖြစ်နေပြီး ထင်းအစိုတွေကို ထည့်သွင်းထားလို့  စိုထိုင်းစိုထိုင်းဖြစ်နေခဲ့သည်။ ဒီလို အဆင်မပြေတဲ့နေရာမှာ ကျိုးကျီက သူ့အဖေ သားရဲဘုရင် လာရှာတဲ့အချိန်ထိ 2 လတိတိ သည်းခံ နေသွားခဲ့သည်။


ခွန်အားကြီးတဲ့ သားရဲဘုရင်ကြီးက သူ့သားနေရတဲ့ တဲစုတ်လေးကို ကြည့်ပြီး   အရမ်း စိတ်ဆိုးခဲ့ပေမယ့် ကျိုးကျီ  ဖြန်ဖြေပေးခဲ့ပြီး သူ့အဖေနောက်ကို လိုက်သွားချိန်ကစပြီး ကျိုးကျီကို ပြန်မတွေ့ရတော့ပေ။

 
ကျိုးကျီရဲ့ အဖေက အရမ်းအင်အားကြီးပြီး ရှီလီမသေခင်က အဆင့်ထိ အင်အားကြီးမားခဲ့သည်။ ဒါပေမယ့် အဲ့ဒီလူက ကျိုးကျီကို ခေါ်သွားပြီး ၂ နှစ်အကြာမှာ သူ့ထက် အင်အားကြီးတဲ့ မျိုးနွယ်စုနဲ့ တိုက်ပွဲဖြစ်ပြီး သေသွားခဲ့လို့ ရှီလီက ထိုလူကို သိပ် အထင်မကြီးခဲ့ပေ။

ရှီလီက အခု သေချာစဉ်းစားနေရင်း ကျိုးကျီရဲ့အဖေက စောစောသေမယ့် လူဆိုပေမယ့် လက်ရှိမှာ သူက အင်အားကြီးတဲ့ သားရဲဘုရင်ဖြစ်လို့  သူ့အတွက် အသုံးဝင်လာနိုင်သည်။ ရှီလီသည် ကျိုးကျီဆီ လျှောက်သွားပြီး မေးလိုက်သည်။

 "ကျိုးကျီ ....မင်း ဘယ်မှာနေမလဲဆိုတာ ဆုံးဖြတ်ပြီးပြီလား"

"ရှီလီ မင်း ဘာတွေ မေးနေတာလဲ။ ကျိုးကျီက စုပေါင်းဂူထဲ နေရမှာပေါ့"

ရှုန်းဟော်က ချက်ချင်းပြောလိုက်သည်။
 
"ကျိုးကျီ ...မင်း စုပေါင်းဂူထဲ နေချင်လား"

ရှီလီက ကျိုးကျီကို မေးလိုက်သည်။

 
"ငါ  စုပေါင်းဂူထဲ မနေချင်ဘူး"

ကျိုးကျီက ဖြည်းညင်းစွာ ပြန်ဖြေလိုက်လို့ ရှလီက သူ့ကို စည်းရုံးလိုက်သည်။

 
"ဒါဆိုရင် မင်းနေဖို့ ငါ အိမ်ဆောက်ပေးရမလား။ သစ်သားနဲ့ မင်း နေဖို့ အိမ်တလုံးဆောက်ပေးနိုင်တယ်"

ဝက်ဝံကြီးမျိုးနွယ်စုတွေမှာ အိမ်နဲ့နေတာ မရှိပဲ ထင်းသိုလှောင်သည့် တင်းကုတ်တွေသာရှိသည်။ ဒါပေမယ့် အခြားမျိုးနွယ်စုတွေက အိမ်နဲ့နေကြသည်။

  ရှီလီက သူကိုယ်တိုင် အိမ်မဆောက်ကြည့်ဖူးပေမယ့် အခြားလူဆောက်တာကို မြင်ဖူးထားလို့ မျိုးနွယ်စုဝင်တွေကို ခေါ်ပြီးကူဆောက်ခိုင်းရင် ရလောက်သည်ဟု တွေးနေသည်။

 ကျိုးကျီသည် ရှီလီ၏စကားကို ကြားသောအခါ သံသယဖြစ်လာသည်။ သူက  ရှီလီရဲ့ ဂူနဲ့ ကပ်လျက် တစ်လခွဲခန့် နေခဲ့ပေမယ့် ယန်ဆုက သူ့ကို သဘော မကျသလို ရှီလီကလည်း ဂရုမစိုက်ခဲ့ပေ။ ဒါပေမယ့် အခု ဘယ်လိုဖြစ်ပြီး လာပြီးကြင်နာပြနေပြီး အိမ်ဆောက်ပေးမယ်တွေ ပြောနေရတာလဲ။

 
ကျိုးကျီက သံသယဝင်သလို ရှုန်းယယ်လည်း ရှီလီရဲ့လုပ်ရပ်ကို မသင်္ကာဖြစ်နေသည်။
ရှီလီက သူများကို ကူညီပေးတဲ့အလုပ်ကို ဘယ်တော့မှ စိတ်မရှည်ခဲ့ဖူးပေ။

ဘာကြောင့် ရုတ်တရက် ကူညီပေးချင်လာတာလဲ။
ရှီလီ ဘာလုပ်ချင်နေရတာလဲ။


ရှုန်းယယ်သည် ဒီအတိုင်းမနေနိုင်လို့ သူ့ဂူကနေ အောက်ကို ဆင်းလာခဲ့သည်။ ပြီးတော့ ရှီလီက ကျိုးကျီကို ကြည့်တဲ့အကြည့်တွေက အရမ်းကို စိတ်အားထက်သန်နေတယ်လို့ ခံစားလိုက်ရသည်။ သူက ရှီလီအကြောင်းကို အတွင်းအူမချေးခါးမကျန် အကုန်သိသည်။ ရှီလီရဲ့မျက်နှာအမူအယာအရ ကျိုးကျီကို သူ စိတ်ဝင်စားနေတယ်ဆိုတာ ရှုန်းယယ်ပြောရဲသည်။

ကျိုးကျီရဲ့ ဘယ်အစိတ်အပိုင်းက ရှီလီကို ဆွဲဆောင်လိုက်တာလဲ လို့ စဉ်းစားပြီး ရှုန်းယယ်က ကျိုးကျီရဲ့မျက်နှာကို ကြည့်လိုက်သည်။

ကျိုးကျီက တကယ့်ကို ကြည့်ကောင်းလှပြီး အသားအရေက ချောမွေ့မည့်ပုံပေါ်သည်။ ကြည့်ရတာ ရှီလီက ကျိုးကျီကို မျက်စိကျသွားပုံရလို့ မလုပ်စဖူး ကမ်းလှမ်းတာ လုပ်ခဲ့ပုံရသည်။ အရင်ကဆိုရင် ရှီလီက ခုလို လုပ်မည်မဟုတ်ဟု တွေးမှာ ဖြစ်ပေမယ့် အခုတော့ မျက်စိရှေ့မှာ လန်ယင်နဲ့ စပ်ယှက်ခဲ့ပြီး လန်ယင်ရဲ့အနံ့ မပျောက်သေးခင်မှာ အခြားတစ်ယောက်ကို မျက်စိကျနေတာ ဖြစ်နိုင်သည်ဟု ရှုန်းယယ်တွေးလိုက်သည်။

 
"ကျောက်တုံးတွေ၊ သစ်သားတွေကို သုံးပြီး မင်းနေဖို့  အိမ်ဆောက်ပေးလို့ရတယ်။ ပြီးတော့ အိမ်အပေါ်မှာ အမိုးတစ်ခုလည်း အုပ်ပေးလို့ ရတယ်...."

ရှီလီက  သူသိထားတဲ့ အိမ်တွေအကြောင်းရှင်းပြီး ကျိုးကျီကို အစွမ်းကုန် ဆွယ်နေစဉ် ရှုန်းယယ်၏ အသံကို ကြားလိုက်ရသည်။

  "ကျိုးကျီ.... ငါနဲ့ လာနေချင်လား"  


ရှုန်းယယ်က ကျိုးကျီကို သူနဲ့ အတူလာနေဖို့ ခေါ်နေတာလား....
 
ရှီလီသည် ရှုန်းယယ်ကို မျက်မှောင်ကြုတ်ကြည့်လိုက် သလို ရှုန်းဟော်ကလည်း အံ့အားသင့်ကာ မေးလိုက်သည်။
 
 "မင်းတို့ အတူနေရင် အဆင်မပြေ မဖြစ်လောက်ဘူးလား"

မျိုးနွယ်စုထဲမှာ နေစရာမလောက်လို့ လူပျိုအချင်ချင်း အတူနေကြပေမယ့် လက်တွဲဖော်ရှာတွေ့တဲ့အခါ ခုလို နေတာ အဆင်မပြေတော့ပေ။

 
"အဆင်ပြေပါတယ်။  ကျွန်တော့်ဂူက ကြီးတယ်လေ "

ရှုန်းယယ်က ရှုန်းဟော်၏အမေးကိုဖြေပြီး ကျိုးကျီကို ကြည့်ကာ ထပ်မေးလိုက်သည်။

  "မင်း ငါနဲ့ အတူလာနေမလား"


ကျိုးကျီသည် ရှုန်းယယ်က သူ့ကို အတူနေဖို့ ဖိတ်ခေါ်မည် ထင်မထားလို့ နည်းနည်း  အံ့အားသင့် သွားပေမယ့် ခဏစဉ်းစားပြီး လက်ခံလိုက် သည်။

 "ကောင်းပြီ...ငါ မင်းနဲ့ အတူနေမယ်"  


ဒီကမ္ဘာအကြောင်း သူ သိပ်မသိသေးလို့ ပတ်ဝန်းကျင် ကို  လေ့လာကြည့်မည်ဟု တွေးထားသည်။
ပြီးတော့ ဝက်ဝံညိုလေးက ရိုးသားလို့  အတူနေဖို့ အသင့်တော်ဆုံးလည်း ဖြစ်သည်။  ရှုန်းယယ်က ဗဟုသုတများလို့ သူကနေတဆင့် ဒီကမ္ဘာအကြောင်း  ပိုသိနိုင်သည်။


သူ အိပ်တဲ့အချိန်  အနားမှာ လူရှိတာကို ကျင့်သားမရ သေးပေမယ့် စုပေါင်းဂူထဲမှာ လူအများကြီးနဲ့  မနေတတ်သောကြောင့် ရှုန်းယယ်နဲ့နေတာက လက်ခံနိုင် လောက်သည်။ ပြီးတော့ ရှုန်းယယ်က သူ့ကို  အနှောင့် အယှက်လာမပေးနိုင်အောင် သူ ကိုင်တွယ် နိုင်သည်။ ပြီးတော့ ရှုန်းယယ်ဖိတ်ခေါ်တာကို လက်ခံပြီး ဂူထဲ သွားနေရင် သူ့အပင်နဲ့စိတ်စွမ်းအင်ကို လူမသိအောင် နေနိုင်သည့်အပြင် ဟို အထူးအဆန်းတွေ လုပ်နေသည့် ခြင်္သေ့ကောင်နှင့် မဆက်ဆံချင်ပေ။

 အမဲလိုက်စရာမရှိရင်တောင် ရှုန်းယယ်က အငြိမ်မနေပဲ အပြင်ကို လျှောက်သွားနေတတ်သောကြောင့် ကျိုးကျီ  တစ်ယောက်တည်း ဂူထဲမှာ အေးအေးလူလူနေကာ   လုပ်ချင်တာကို လုပ်နိုင်မည် ဖြစ်သည်။

==================

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Donde viven las historias. Descúbrelo ahora