Chapter (72-2)_ ငါးဖမ်းပိုက်

6.9K 1.2K 23
                                    

Chapter (72-2)_ ငါးဖမ်းပိုက်


ကျားကြီးမျိုးနွယ်စုက ဝက်ဝံကြီးမျိုးနွယ်ကို ထောက်လှမ်းဖို့လုပ်နေတဲ့အချိန် ဝက်ဝံကြီးမျိုးနွယ်က လူတွေက ဒိုင်နိုဆော အသားအားလုံးကို အသားကျပ်တင်ခြောက်လုပ်လို့ပြီးသွားလေပြီ။

ရှုန်းယယ် နှင့် ကျိုးကျီ တို့၏ လိုဏ်ဂူထဲတွင် နောက်ဆုံးတွင် စားစရာတွေ သိုလှောင်ထားနိုင်လေပြီ။ ဌက်ကြီးသား လက်ကျန်ကို အသားကျပ်တင်ခြောက် လုပ်ထားပြီးလေပြီ။

ရှုန်းဟော် သည် အမဲလိုက်အဖွဲ့မှ လူများကို အသားကျပ်တင်ခြောက် ဘေကွန်တွေကို ခွဲပေးခဲ့သော်လည်း အထူးသဖြင့် စုပေါင်းဂူတွင်နေထိုင်သော အခြားလူများကို မပေးချေ။ စုပေါင်းဂူထဲမှာ နေထိုင်တဲ့ လူတွေကို ဘေကွန်ပေးရင်တောင် ထားစရာနေရာ မရှိတော့ဘူး။ ဒါကြောင့် အကြီးကဲ ရှုန်းဟော်က ဘေကွန်ကို ဂိုဒေါင်ထဲမှာ ထည့်ထားပြီး ဆောင်းရာသီမှာ စားစရာအဖြစ် ထုတ်ယူဖို့ စီစဉ်ခဲ့တယ်။

စီစဉ်စရာတွေအားလုံးကို လုပ်ဆောင်ရင်း ရက်အတော်ကြာလာခဲ့ပြီး ဒီအချိန်မှာတော့ မိုးရွာတာ ရပ်သွားခဲ့လေပြီ။ ရှုန်းယယ်က အမဲလိုက်အဖွဲ့ကို အမဲလိုက်ရန် ခေါ်သွားသောအခါတွင် သူ တူးထားသောကန်သည် ရေပြည့်နေသည်ကို တွေ့လိုက်ရသည်။ ရေကန်ထဲမှာ တိရစ္ဆာန်တွေ ရေလာသောက်တာလည်း တွေ့နေရသည်။

"ဒီနေ့ အမဲလိုက်ပြီးရင် မနက်ဖြန် အမဲလိုက်စရာ မလိုဘူး။ မနက်ဖြန် ငါးဖမ်းဖို့ ဆန္ဒရှိကြလား"

ရှုန်းယယ် သည် အမဲလိုက်အဖွဲ့မှလူများကိုမေးလိုက်သည်။ ရေကန်ကို ထောင်ချောက်အဖြစ် အသုံးပြုခဲ့ပေမယ့် အကြီးဆုံးဒိုင်နိုဆောတွေ ဒီရေကန်ထဲကို ပြုတ်ကျပြီး နင်းခဲ့တာရော၊ ကျန်တဲ့ ဒိုင်နိုဆောတွေကို ကန်ထဲက ရွံ့တွေထဲက တူးထုတ်ရတာရောနှင့်ပေါင်းပြီး ဒီကန်က အလွန်နက်တဲ့ ရေကန်ဖြစ်နေပါပြီ။

"ကောင်းပြီ!"

အမဲလိုက်အဖွဲ့တွင် လူအများအပြားရှိသော်လည်း အချို့သောလူများက စိုးရိမ်နေကြသည်-

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now