Chapter (133 ) _ တကျူးမျိုးနွယ်

4.8K 985 36
                                    

Chapter (133 ) _ တကျူးမျိုးနွယ်



သားရဲဘုရင် ဟိုင်ဖုန်း  က လူတွေကို ချည်နှောင်ဖို့ ကိုယ်တိုင် လုပ်ခဲ့ရုံသာမကဘဲ  သူက ကျူးကျန်း ကို အကူအညီတောင်းခဲ့သည်။

 "ကျူးကျန်း .... မင်း အရင်က ပြောခဲ့တဲ့နည်းထဲမှာ  ဒီကြိုးကို ဆွဲလိုက်တဲ့အခါ တင်းကျပ်လာလိမ့်မယ်ဆို၊ ဘယ်လိုလုပ်ပြီး တင်းလာတာလဲ..."  

နောက်ဆုံးတွင် ကျူးကျန်း သည် မျိုးနွယ်စုကြီးတစ်ခုမှ ဆင်းသက်လာသူတစ်ဦးဖြစ်သည်။ သူတို့ အားလုံးထဲမှာ ကျူးကျန်း က ကြိုးချည်နည်း အမျိုးအစား အများစုကို သိတယ်။

အရင်က ဟိုင်ဖုန်း  က ကြိုးချည်နည်းကို သင်ယူနေတဲ့အချိန်မှာ ကျူးကျန်း က သူ့ကို သင်ပေးဖို့ အပြေးအလွှား လာပေးခဲ့တယ်--  ဟိုင်ဖုန်းလို သားရဲဘုရင်ကို သေချာသင်ပေးဖို့ စိတ်ပိုင်းဖြတ်ထားခဲ့တယ်။ အခုအချိန်မှာလည်း  ကျူးကျန်း ရှေ့တက်လာ ပြီး သူ့ကို ဆက်သင်ပေးခဲ့တယ်။

ဟိုင်ဖုန်း  ဟာ အချိန်အတော်ကြာအောင် ကြိုးစားခဲ့ပေမယ့် ဘယ်လို လုပ်ရမလဲဆိုတာ မတတ်မြောက်သေးဘူး။

 "ဘယ်လောက်ဒုက္ခပေးလဲ။ ဒီလိုမျိုး နေကောင်းနေချိန်မှာ ဘာကြောင့် ကြိုးနဲ့ တွဲနေရတာလဲ။ သူတို့ကို သတ်ပစ်ရုံနဲ့လည်း ပြီးရော မဟုတ်ဘူးလား။"  

ဟိုင်ဖုန်း  ၏စကားကြားပေမယ့် ဝက်ဝံကြီး၏လူများက သိပ် ဂရုမစိုက်ကြပေ။


ဟိုင်ဖုန်း  သည် တချိန်လုံး ပင်လယ်ထဲ နေထိုင်ခဲ့သောကြောင့် အားနည်းသူများသည် သန်မာသူများအတွက် စားစရာဖြစ်သည် ဆိုတာကလွဲပြီး ဘာမှ မသိပေ။  သူ့မျက်လုံးထဲ မှာတော့ သူ မသိတဲ့ လူတွေက ပင်လယ်ထဲက ငါးပုဇွန်တွေနဲ့ အတူတူပဲမို့လို့ သူက တခြားသူတွေရဲ့ ဘဝတွေ၊ အသက်တွေကို အလေးအနက်မထားတတ်ဘူး။ ဒါပေမယ့် သူ သိတဲ့လူတွေကိုတော့ သူက လုံးဝ သတ်မှာမဟုတ်ဘူး။

လွန်ခဲ့သည့် ရက်သတ္တပတ်အနည်းငယ်အတွင်း သူနှင့် ဆက်ဆံပြီးနောက်၊ ဝက်ဝံကြီးမျိုးနွယ်စုကလူတွေက ဟိုင်ဖုန်း  ကို မကြောက်တော့ပေ။ သို့သော်လည်း ကျူးယန် နှင့် အခြားလူများက ဒီစကားကို ကြားသောအခါ အလာလမ်းမှာ တွေ့ခဲ့ရသည့် အလောင်းတွေကို ပြန်တွေးတောရင်း ကြောက်ရွံ့တုန်လှုပ်ကုန် ကြသည်။


 အဲဒီလူတွေအားလုံး   လေပေါ်ပစ်တင်ခံရလို့ သေသွားတာပဲ မဟုတ်လား ။

ကျူးကျန်း က သူ့က  ကြိုးထုံးနည်းတွေကို ဆိုးဆိုးရွားရွား ဖြစ်အောင် တမင်တကာ သင်ပေးနေတာလား ?


"ကျူးကျန်း သူ့ကို သေသေချာချာ သင်ပေးပါ။ ငါ တောင်းပန်ပါတယ် ၊ သူ့ကို သေသေချာချာ သင်ပေးပါ။"


တစ်စုံတစ်ယောက်သည် ကြောက်သည့်စိတ်ကို မထိန်းနိုင်ပဲ ငိုကြွေးကာ ကျူးကျန်းကို သေချာသင်ပေးဖို့တောင်းပန်တော့သည်။ ဟိုင်ဖုန်းဒေါသထွက်ပြီး လေထဲ လွင့်ပစ်ကာ သတ်သည်ကို သူ မခံချင်ပေ။
 
ကျူးယန် က ဟိုင်ဖုန်းလက်ချက် ကြောင့် လက်မောင်းကျိုးသွားပြီး မယုံနိုင်လောက်အောင် နာကျင်နေခဲ့သည်။ ယခုအချိန်တွင် သူက အနေနိုင်ပဲ ဝင်ပြောခဲ့သည်။

 "ငါ့ကို ကြိုးချည်နှောင်မထားရင်တောင် ပြေးလို့ လွတ်မှာမဟုတ်ဘူး"  

"မင်း ထွက်ပြေးဖို့ မလုပ်ရဲပါဘူး။ လွတ်အောင်ကြိုးစားရင် ငါမင်းကို တစ်ခါတည်း သတ်ပစ်မယ်!"

ဟိုင်ဖုန်း  က လေသံ အေးအေးဆေးဆေးနဲ့ စကားပြောနေပေမယ့် သူ့အမူယာက တည်ငြိမ်လွန်းတာကြောင့် ပိုလို့တောင် ကြောက်စရာကောင်းနေပုံရတယ်။

သို့သော်လည်း ရှီ ပေါင်ပေ့ လုံးဝမကြောက်ဘဲ ပြောလိုက်သည်။

 "အဘိုး၊ အဘိုး လူတွေကို သတ်လို့မရဘူးလေ"

"ပေါင်ပေ့၊ မင်းအဘိုးက ဘယ်သူ့ကိုမှ မသတ်ဘူး။ ငါ သူတို့ကို ခြောက်နေတာပါ..."

 ရှီ ပေါင်ပေ့ ကိုကြည့်သောအခါ ဟိုင်ဖုန်း  ၏အကြည့်သည် နူးညံ့နေသည်။

ကျူးယန် နှင့် အခြားသူများသည် ဒီစကားကိုကြားသောအခါ စိတ်သက်သာရာရ သွားကြသည်။  

ဟိုင်ဖုန်း  - "အများအားဖြင့် အဘိုးက သူတို့ကို လေထဲ လွင့်ပစ်ရုံပါပဲ!"

ရှီ ပေါင်ပေ့ - "အဘိုးက သူတို့ကို အဝေးကြီးရောက်အောင် လွင့်ပစ်နိုင်တာ....  အံ့သြစရာပဲ!"

ဟိုင်ဖုန်း  - "မှန်တာပေါ့....နောက်ဆုံးတော့ မင်းအဘိုးက သားရဲဘုရင် ပဲ!"


ကျူးယန် နှင့် အခြားသူများ : "......"


 ယခုခေတ် သားရဲဘုရင်တွေက ဒီလိုတွေဖြစ်ကုန်ပြီလား။ အဲဒါ မမှန်ဘူး မဟုတ်လား!

အခုတော့ ဟိုင်ဖုန်းက သားရဲဘုရင်ဆိုတာ ကျူးကျူး ယုံကြည်သွားလေပြီ။ ဒါကြောင့် အစောပိုင်းက ကျူးကျန်းက သူမကို ဒီအဖွဲ့ထဲမှာ သားရဲဘုရင် သုံးဦးရှိတယ်လို့ ပြောခဲ့တာကိုး။ ဒါဆို ကျူးကျန်းက သူမကို တကယ် မလိမ်ခဲ့ဘူးပဲ။
ဒီအဖွဲ့က အရမ်းမကောင်းလွန်းနေဘူးလား? တကယ်ကြီး သားရဲဘုရင် သုံးယောက်တောင် ရှိနေတယ်!

ကျူးကျူးက ကျူးကျန်း ရဲ့ လက်အောက်ငယ်သားတွေကို မနေနိုင်ပဲ မေးလိုက်သည်။

"ဝက်ဝံကြီးမျိုးနွယ် ကို ဘယ်လိုပူးပေါင်းရမလဲ?"
 ဒီမျိုးနွယ်စုဝင်ဖို့ သူမစောင့်နိုင်တော့ဘူး။

"လူမျိုးစုအကြီးအကဲ.... ကျူးကျူးက ဝက်ဝံကြီးမျိုးနွယ် မှာ ပါဝင်ချင်တယ်"


ကျူးကျန်း ၏လက်အောက်ငယ်သားက ရှုန်းယယ် နှင့် စကားပြောပြီး ကျိုးကျီ ကို ကြည့်လိုက်သည်။

ကျိုးကျီ က အမိန့်ပေးရတာ ကြိုက်ပေမယ့် ဒီလိုအရာတွေကို စီမံခန့်ခွဲရတာ မကြိုက်ဘူး။ တကျူးမျိုးနွယ် ကို သွားကြမယ်လို့ပြောပြီးနောက်၊ ခရီးထွက်တဲ့အခါ သူ ထိုင်နေကျ ကုလားထိုင်ကို သယ်ဖို့လူတွေကို အမိန့်ပေးခဲ့တယ်။ ဒီလိုအသေးအမွှား ကိစ္စလေးတွေ အတွက် မျိုးနွယ်စုအကြီးအကဲကိုပဲ မေးဖို့ လိုတယ်။


"ဝင်လို့ရတယ်.... မင်းတို့  သွားနှင့်.....ငါ ဌက်တွေကို တွဲပြီး ယူလာခဲ့မယ်"


ရှုန်းယယ် က ပြောသည်။ သူသည် စပျစ်နွယ်ပင်တစ်ပိုင်းကို ထုတ်ယူပြီး သူ သတ်ပစ်ခဲ့သော ငှက်များကို ကြိုးဖြင့်ချည်လိုက်သည်။  

မနေ့ညက ကျူးကျူးရောက်လာတော့ ရှုန်းယယ် နဲ့ ကျိုးကျီ က သူတို့တဲထဲမှာပဲ နေခဲ့ပြီး အပြင်ကို  မထွက်လာတဲ့အတွက် ကျူးကျူးသည် ရှုန်းယယ် က ဘယ်သူဆိုတာ မသိခဲ့ပေ။ သူတို့ရဲ့ မျိုးနွယ်စု အကြီးအကဲ ဟာ အရွယ်ရောက်ကာစ လူငယ်လေးသာ ဖြစ်သေးတယ်ဆိုတာ သိလိုက်ရလို့    သူမ အရမ်း အံ့အားသင့် သွားခဲ့တယ် ။

 အဆင့်မြင့် သားရဲစစ်သည်  တစ်ယောက်အနေဖြင့် ကျူးယန် သည် နာကျင်နေချိန်၌ပင် သူ့ပတ်ဝန်းကျင်ကို စောင့်ကြည့်နိုင်ခဲ့သည်။ ဒီအချက်ကို တွေ့ရှိသောအခါ--ကျူးကျန်း ထက်ငယ်သော ဒီလူသည် အမှန်တကယ်ပင် သူတို့၏ မျိုးနွယ်စု အကြီးအကဲဖြစ်သည် ။

ကျူးယန် နှင့် အခြားသူများ ဘယ်လိုမှ မယုံနိုင်လောက်အောင်ပင် ဖြစ်မိသည်။ ဟိုင်ဖုန်း  သည် သူတို့အား အချိန်အကြာကြီး ကြိုးကြိုးစားစား လုပ်ကိုင်ပြီးနောက်  ကြိုးအမျိုးမျိုးကို အသုံးပြု၍ ချည်နှောင်ခဲ့သည်။  ဒီလူတွေဟာ ဘယ်လိုအခြေအနေမျိုးမှာမှ ထွက်ပြေးဖို့ မဝံ့ရဲကြတဲ့အတွက် လက်နှစ်ဖက်ကိုသာ ချည်နှောင်ထားခဲ့တာ မဟုတ်လား။


ခြေထောက်တွေကို ကြိုးနဲ့ချည်ထားရင် ဒီလူတွေကို သူက သယ်သွားရလိမ့်မယ်။ လက်ကိုချည်ရုံကလွဲပြီး  တခြား နည်းလမ်းမရှိတော့ဘူး!  

ကျူးယန် နှင့် အခြားသူများ ထွက်ခွာရန် အဆင်သင့်ဖြစ်ချိန်တွင် ဝက်ဝံကြီးမျိုးနွယ် သည် မိုးရွာသောကြောင့် မနေ့က မထုတ်ရသေးသော အထုပ်မျိုးစုံကို ထုတ်ယူပြီး ထွက်ခွာရန် အဆင်သင့်ဖြစ်နေပါပြီ။

တကျူးတွေ နေထိုင်သည့် ရွာဆီသို့ ဦးတည်လျှောက်လာရင်း လူတိုင်းက ခွန်အားအပြည့်နှင့် တက်ကြွနေကြသည်။

ကျူးယန် နဲ့ တခြားသူတွေကို ဟိုင်ဖုန်း  က ဦးဆောင်ပြီး နောက်ကနေ လိုက်လာဖို့ လှမ်းခေါ်လိုက်တယ်။ ဒီအကျဉ်းသားတွေက သိသိသာသာ ဒဏ်ရာရသွားပေမယ့် ဖြည်းဖြည်းချင်း လမ်းလျှောက်ဖို့ မလုပ်ရဲကြဘူး။ သူတို့အားလုံး မယုံနိုင်လောက်အောင် နာကျင်နေကြပေမယ့် ပိုဆိုးသွားတာက ဟိုင်ဖုန်း  ရဲ့ ကြိုးချည်နည်းက တော်တော် ဆိုးရွားတာပဲ ။

အချို့သော ကြိုးများကို အနည်းငယ်မျှပင် ဆွဲလိုက်ရုံနဲ့ ပြေသွားလိမ့်မည်။ ဒီလို ကြိုးတွေနဲ့ ချည်ခံထားရတဲ့လူတွေက ဟိုင်ဖုန်း  က ကြိုးတွေ ပြေသွားရင် မပျော်မှာကို စိုးရိမ်ပြီး သူတို့ဘာသာ သူတို့ တင်းတင်းကျပ်ကျပ် ပြန်ချည်နှောင် ထားလိုက်ရသည်။
 
ထို့အပြင် အချို့သောလူတွေရဲ့ လက်များကို ချည်နှောင်ရန်အသုံးပြုသောကြိုးသည် အလွန်ပျော့ပျောင်းနေသည်။ ထိုလူတွေက  ကြိုးက ပြတ်ကျသွားမည်ကို စိုးရိမ်လို့ မြန်မြန်သာ လမ်းလျှောက်နိုင်ခဲ့တယ်။

"အဘိုး၊ ကျွန်တော်လည်း ဆွဲကြည့်ချင်တယ်။"

ဟိုင်ဖုန်း  က လူတွေကို ကြိုးချည်ပြီး ကြိုးစကိုင်ကာ ဦးဆောင်လျှောက် လာချိန်မှာ ရှီပေါင်ပေ့ က ကြည့်ပြီး အရမ်း အားကျသွားတယ်။

ဟိုင်ဖုန်း  က သူဦးဆောင်နေတဲ့ လူတွေကို ကြည့်ပြီး သူ့မြေးကြီးအတွက် ဦးဆောင်ခိုင်းဖို့  ပိုသန်မာတဲ့ ပုံနဲ့ လူတချို့ကို ရွေးလိုက်တယ်။

"မင်း ဒီလူတွေကို ဦးဆောင်နိုင်တယ်"  

ရှီ ပေါင်ပေ့ က အသိအမှတ်ပြုတဲ့အသံနဲ့ သူ့လူတွေကို အုပ်စုရှေ့ကို ဆွဲခေါ်သွားပြီး လူတိုင်းကို အမီလိုက်နိုင်အောင် ရပ်လိုက်ပြီး လူတိုင်းကို သူ့နောက်မှာ တန်းစီပြီး လမ်းလျှောက်ခိုင်းလိုက်တယ်...

ကျိုးကျီ သည် သူ့ထိုင်နေကျ ကုလားထိုင်တွင် ထိုင်ကာ ရှီပေါင်ပေ့ က အပြေးလေး လှမ်းကာ ဆွဲခေါ်ခံနေရသည့်  လူများကို အနည်းငယ် စာနာမိသည်။

ရှီ ပေါင်ပေ့ သည် ငယ်ရွယ်သေးသော်လည်း ကောင်းစွာ ကြီးပြင်းလာခဲ့ပြီး သားရဲစစ်သည်ဖြစ်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။ ငယ်ငယ်ကလေးနဲ့ ဒီလိုဖြစ်နေတာဆိုတော့... သူက အရမ်းသန်မာ နိုင်လောက်တယ်။

ကျူးကျန်း ၏ဖခင်သည် သူ ဦးဆောင်နေသော လူများထဲမှ တစ်ဦးဖြစ်သည်။ သူလို အဆင့်မြင့်တဲ့ သားရဲစစ်သည်က ရှီ ပေါင်ပေ့ နဲ့ အတူ ပြေးနေချိန်မှာပင် ထိန်းထားဖို့ ခက်နေတယ်။  

ဒါတွေအားလုံးက ကျိုးကျီ နဲ့ မဆိုင်ပါဘူး။

ကျိုးကျီ ကို အခြားသူများက တကျူးမျိုးနွယ်သို့ သယ်ဆောင်သွားကြသည်။ သူ့ဘေးမှာ ပြေးနေတဲ့ ရှုန်းယယ် က တိုးတိုးလေးမေးခဲ့သည်။

 "ကျိုးကျီ မင်းက တစ်ခုခု စားချင်လား"  

"ငါ့မှာ စားစရာရှိတယ်။" ကျိုးကျီ က စားဖို့ဆိုပြီး သူ့အိတ်ကပ်ထဲက သစ်သီးတချို့ကို ယူလိုက်တယ်။

ကျိုးကျီ ဟာ အချိန်မရွေး အသီးအနှံတွေကို ပေါ့ပေါ့ပါးပါး ထွက်အောင် လုပ်နိုင်တယ်ဆို တဲ့အချက်ကို ဝက်ဝံကြီးမျိုးနွယ်စုက လူတွေက ကျင့်သား ရနေကြပါပြီ။ ကျိုးကျီ သည် သားရဲနတ်ဘုရား၏တမန်ဖြစ်သည်။ တမန်တော်ကို စားဖို့ သားရဲနတ်ဘုရားက ချီးမြှင့်ခဲ့တာ ဖြစ်နိုင်တယ်။

မူလက မနက်ခင်းမှာ မနက်စာ ချက်ပြုတ်စားချင်ပေမယ့် မီးဖိုရခက်ခဲလို့ ဘာမှ မစားခဲ့လို့ သူ ဗိုက်ဆာနေတယ်။
 
ကျိုးကျီ စားသောက်နေတာကို မြင်တော့ ကျန်တဲ့  ဝက်ဝံကြီးမျိုးနွယ်စုမှ လူများသည် အစား စားရဖို့အတွက် အနည်းငယ် လောဘတက်သွားကြသည်။

သူတို့ ကြိုးနဲ့တုပ်ကာ ခေါ်ဆောင်လာခြင်း ခံရတဲ့လူများ -  " ငါတို့ တောင်းပန်ပါတယ်၊ မင်း နည်းနည်း နှေးပြီး လမ်းလျှောက်လို့ မရဘူးလား"

 ဝက်ဝံကြီး မျိုးနွယ်စုမှလူများသည် အရှိန်ပြင်းပြင်းနှင့် ခရီးနှင်လာပြီး တကျူးမျိုးနွယ် သို့ ထိုနေ့မွန်းတည့်ချိန်တွင် ရောက်ရှိလာကြသည်။

ထိုအချိန်တွင်၊ ကျူးကျန်း ၏ တစ်မအေတည်း မွေးလာသည့် ညီငယ် သုံးယောက်စလုံးက ကျူးကျန်းကို အကောက်ကြံခဲ့သဖြင့်    မနေ့ညက  မိုးသည်းထန်စွာရွာတာကို အခွင့်ကောင်းယူပြီး ကျူးကျူးက မျိုးနွယ်စုထဲကို ပြန်ဝင်ကာ လက်တုံ့ပြန်ပြီး သူတို့နှစ်ယောက်ရဲ့ ခြေထောက်တွေကို ကျိုးသွားစေခဲ့တယ်။ သုံးယောက်စလုံးက ကျူးကျူးရဲ့ ခြေထောက်တွေကို ချိုးဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး...

ထိုအချိန်တွင် ဒီလူ သုံးဦးသည် ဒဏ်ရာများကို ကုသဖို့ ဘုန်းတော်ကြီးများနှင့် အတူရှိနေသည်။  

ကျူးကျူး တိုက်ခိုက်စဉ်က အလွန်ပြင်းထန်ခဲ့သည်။ ဒဏ်ရာရသူတွေထဲက တစ်ယောက်က ခြေထောက်အကိုက်ခံရပြီး ကျန်တစ်ယောက်ကတော့ ခြေထောက်တွန့်ကြေသွားခဲ့တယ်...

ဘုန်းတော်ကြီး -  "မင်းတို့နှစ်ယောက်လုံးကို သားရဲနတ်ဘုရားက ငြင်းပယ်လိုက်ပြီ " လို့ပြောခဲ့တယ်။

"ငတုံး...ဒါက ငါတို့ တိုက်ခိုက်ခံရလို့  ဒဏ်ရာရခဲ့တာတွေချည်းပဲ။ သားရဲနတ်ဘုရားရဲ့ မုန်းတီးခြင်းကို ခံရတယ်ဆိုတာ ဘာကို ဆိုလိုတာလဲ။"


 ခြေထောက်ကျိုးတဲ့လူက ဒေါသတကြီးနဲ့ ဘုန်းတော်ကြီးကို ပြောလိုက်သည်။

"ဒဏ်ရာတွေ ရတဲ့လူတိုင်းကို သားရဲနတ်ဘုရားက မုန်းတီးတာ မဟုတ်ဘူးလား"


ဘုန်းကြီးက အရမ်းတည်ငြိမ်နေတယ်။ သူသည် ယခင်က ဒီလူများနှင့် ဆက်ဆံရေး ကောင်းရှိခဲ့သော်လည်း ယခုအခါ ဒီလူတွေက ခြေထောက် ထိခိုက်ကာ အသုံးမဝင် တော့သဖြင့် သူတို့နှင့် ခင်မင်ရင်းနှီးမှုမျိုးကို ဆက်လက်ထိန်းသိမ်းထားရန် မလိုအပ် တော့ပေ။  

အဲဒီစိတ်နဲ့ ဘုန်းကြီးက မထောက်မညှာ ဆက်ပြောလိုက်တယ်။


 "မနေ့ညက ဆူညံနေလို့ ငါ ကောင်းကောင်းမအိပ်ခဲ့ရဘူး။ ငါ အရင် အနားယူလိုက်ဦးမယ်။"

"ဘုန်းကြီး...မင်း....!"


သူတို့ သုံးယောက်က ပိုလို့တောင် ဒေါသတွေ ကြီးလာတယ်။
ဘုန်းကြီးက  သမ်းဝေသွားကာ ထွက်သွားတော့မည်ဖြစ်သော်လည်း နောက်ဆုံးတွင် မသွားနိုင်ခဲ့ပေ။ ထိတ်လန့်တုန်လှုပ်သော အသံများ အပြင်မှ ထွက်ပေါ်လာပြီး အော်ဟစ်သံကို ကြားလိုက်ရသည်။

"လူမျိုးစု အကြီးအကဲ ပြန်လာပါပြီ..."  

ကျူးယန် ၏သားသုံးယောက်စလုံး အနည်းငယ် ထိတ်လန့်သွားကြသည်။ သူတို့ အဖေပြန်လာတာ ကောင်းပါတယ်။ ဒါတောင် အော်ဟစ်နေကြတဲ့ လူတွေက ဘာလို့ ကြောက်လန့် နေကြတာလဲ။

မျိုးနွယ်စုထဲက လူတွေက ကျူးယန် နဲ့ တခြားသူတွေက အပြင်မှာ ဘာတွေဖြစ်ခဲ့သလဲ ဆိုတာ မသိပေမယ့် သန်မာလှသည့် သူတို့ အကြီးကဲက ကြိုးနှင့်တုတ်ခံရပြီး ဦးဆောင်ဆွဲခေါ်လာခြင်း ခံနေရလို့ အားလုံးက ကြောက်လန့်နေကြသည်။
 သူတို့ရဲ့ မျိုးနွယ်ကို နောက်ထပ် အားကောင်းတဲ့ မျိုးနွယ်က ပစ်မှတ်ထားခဲ့တာလား။ ဖျက်ဆီးခံရတော့မှာလား။

"ဝက်ကြီးမျိုးနွယ်ကပါ..... မင်းတို့ရဲ့လူတွေ မြန်မြန်လာပြီး ငါတို့ကို ကြိုဆိုကြပါ"

ထိုလူအုပ်ထဲက  တစ်ယောက်ရဲ့ အော်ပြောသံကို ကြားလိုက်ရသည်အထိ တကျူးမျိုးနွယ်က လူတွေက တွေးနေကြသည်။
 
တကျူးမျိုးနွယ် သည် သူတို့ အခြေချနေထိုင်ရာ အနီးတစ်ဝိုက်တွင် တံတိုင်းတစ်ခု တည်ဆောက်ခဲ့ပြီး သူတို့သည် ချောင်မျိုးနွယ်  သို့မဟုတ် ဝက်ဝံကြီးမျိုးနွယ်များထက် များစွာ ပိုမိုချမ်းသာလာပုံရသည်။ ဒီအချိန်မှာ သူတို့လူတွေက နံရံနောက်မှာ ပုန်းနေကြပြီး တံခါးကို မဖွင့်ရဲတော့ဘူး။

စောစောကအော်ပြောလိုက်တဲ့သူက ရှုန်းချီ ပါ။ တကျူးမျိုးနွယ်စုမှ လူများက တုံ့ပြန်ခြင်း မပြုသည်ကိုတွေ့လိုက်ရသဖြင့် ရှုန်းချီ သည် ကျူးကျန်း ဘက်သို့ကြည့်ကာ ပြောလိုက်သည်။

 "ကျူးကျန်း.... မင်း ပြောလိုက်တာ!"

သူတို့အားလုံးသည် တကျူးမျိုးနွယ် မှ ဖြစ်ကြသောကြောင့် ကျူးကျန်း သည် ဒီလူများနှင့် ဆက်သွယ်ရန် ပိုကောင်းပါလိမ့်မည်။  

ကျူးကျန်း က မငြင်းဘူး။ သူက ရှေ့ကို လျှောက်လာပြီးပြောလိုက်သည်။


 "ငါက ကျူးကျန်း ပါ! ငါ အခု ပြန်လာပြီ! တံခါးဖွင့်တော့!"

"ဒါက ကျူးကျန်းလား!"

တကျူး မျိုးနွယ်မှလူများသည် ကျူးကျန်း ကိုအသိအမှတ်ပြုကြသည်။ သူတို့ထဲက လူတော်တော်များများက နေ့တိုင်း ခက်ခက်ခဲခဲဖြင့် မျိုးနွယ်စုအတွက် အမဲလိုက်ပေးတဲ့ ကျူးကျန်းကို    သဘောကျကြတယ်။ ကံမကောင်းစွာပဲ၊ ဒီလူကို သူတို့ရဲ့ မျိုးနွယ်စုအကြီးအကဲက ပြည်နှင်ဒဏ်ပေးခဲ့တယ်...

အခု ကျူးကျန်း ပြန်ရောက်တော့ တစ်စုံတစ်ယောက်က ချက်ချင်းပဲ အော်ပြောလိုက်သည်။


"တံခါးဖွင့်တော့.... ကျူးကျန်း ပြန်လာပြီ!"

"ငါတို့ဖွင့်လို့မရဘူး! အကြီးအကဲကို ချည်နှောင်ထားတာ မမြင်ဘူးလား"  

"ဒီလူတွေက ငါတို့ကို ဒုက္ခပေးဖို့ ငါတို့ မျိုးနွယ်ဆီ လာရမယ်။ ငါတို့ တံခါးမဖွင့်နိုင်ဘူး!"

တကျူးမျိုးနွယ် မှလူများသည် အချင်းချင်း ငြင်းခုံလာကြသည်။

ရှီ ပေါင်ပေ့ က လူတွေကို  အချိန်အတော်ကြာအောင် ဦးဆောင်ခဲ့လို့ သူ မောပန်းပြီး ဆာလောင်နေသည်။

 "အဘိုး၊ ကျွန်တော် ဗိုက်ဆာတယ်။ အစား စားချင်တယ်။"

ဟိုင်ဖုန်း  က ဒါကိုကြားပြီး အော်ပြောလိုက်သည်။

"မင်းတို့အားလုံး ဘာလို့ အသုံးမကျတဲ့ စကားတွေ ထပ်ပြောနေကြတာလဲ။ ဒီလောက်ဒုက္ခခံရဖို့ လိုသလား။ ဒါက တွန်းလိုက်တဲ့အခါ ပြိုကျမယ့် သေးငယ်တဲ့ အရာတစ်ခုပဲ မဟုတ်လား"


သူက နံရံကို တွန်းချပြီး စကားပြောနေရင်းနဲ့  နံရံအကုန် ပြို ကျသွားတယ်။

"ကောင်းပြီ! ဝင်လိုက်ကြစို့ ..... တစ်ခုခု အရင်စားရအောင်။"

တကျူး မျိုးနွယ်စုမှ လူများ - "......"

*********-******

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Tempat cerita menjadi hidup. Temukan sekarang