(U) Chapter (22) - devil frog- ဖားနတ်ဆိုး

8.5K 1.4K 12
                                    

Stone-age Husband Raising Journal _ Chapter (22) - devil frog-  ဖားနတ်ဆိုး  


ရှီလီနှင့် ရှုန်းချီတို့ တိုက်ခိုက်ကြရတဲ့အဓိက အကြောင်းရင်းမှာ လန်ယင်ကြောင့် ဖြစ်သည်။
မျိုးနွယ်စုထဲမှာ မိန်းမတစ်ယောက်ကို ယောကျာ်းနှစ်ယောက်က ပြိုင်တူ ပိုးပန်းပြီး ထိုမိန်းမကိုရဖို့ တိုက်ခိုက်ကြတာက မထူးဆန်းပေ။ ယောကျာ်းတစ်ယောက်အတွက် မိန်းမ နှစ်ယောက်တိုက်ခိုက်တာတောင် ရှိသေးတယ် မဟုတ်လား။

 
ရှုန်းချီသည် လန်ယင်ကို ဟိုးအရင်ကတည်းက သဘောကျနေခဲ့ပေမယ့် ဆားလဲလှယ်ရန်သွားနေစဉ် ရှီလီက  ဖြတ်ခုတ်သွားလို့ ဒေါသထွက်တာလည်း သဘောဝကျပါသည်။ ဒါပေမယ့် ရှုန်းချီနိုင်သွား ခဲ့ရင်တောင် လန်ယင်ကိုယ်တိုင်က ရှီလီကို အတူနေဖို့ သွားဖိတ်ခေါ်ခဲ့တာဖြစ်လို့ လန်ယင်ကို သူ ရနိုင်မည် မဟုတ်ပေ။

ဒါ့အပြင် ရှုန်းချီသည်  ခရီးကပြန်လာတော့ ဒဏ်ရာများရလာခဲ့သေးသဖြင့် ရှီလီကို   ပြဿနာ သွားမရှာခဲ့ပဲ ပုံမှန်ပဲ နေထိုင် ပြောဆိုခဲ့သေးသည်။ ခရီးကပြန်ရောက်ပြီး စုပေါင်းအမဲလိုက်ပွဲတွင်
  ရှုန်းဟော်က လူခွဲကာ အုပ်စုဖွဲကပေးစဉ် ရှုန်းဟော်က သူကိုယ်တိုင် သင်ကြားပြသပေးခဲ့သည့် ရှုန်းဟယ်ကို သူ့အဖွဲ့တွင်ထားပြီး ရှုန်းချီဦးဆောင်သည့်အဖွဲ့ထဲတွင် ရှီလီနှင့်လန်ယင်ကို ထည့်လိုက်သည်။

 ရှုန်းချီသည် လန်ယင်အရှေ့တွင် ရှီလီ အပေါ် မတရာမလုပ်ပေမယ့်  အလုပ်ကြမ်းများကို ရှီလီကိုသာ အကုန် လုပ်စေသလို သားကောင်နောက်လိုက်ရင်လည်း ရှီလီကိုသာ အဓိက  တိုက်ခိုက်စေခဲ့သည်။
ရှုန်းချီက သူက ဒဏ်ရာအရှင်းမပျောက်သေးလို့ ခြင်္သေ့လို ခွန်အားကြီးတဲ့ သားရဲကိုပိုင်ဆိုင်ထားတဲ့ ရှီလီကသူ့ကိုယ်စား လုပ်ပေးမည်ဟု မျှော်လင့်ထား သည်ဟု ဆိုခဲ့သည်။

 တကယ်လို့  ရှုန်းယယ်အတွက် ဒီလို စီစဉ်ခဲ့ရင် ရှုန်းယယ်က အရမ်းပျော်သွားမှာ ဖြစ်သည်။ ဒါက သူ့အတွက် လေ့ကျင့်ရေးဆင်းသည်နှင့် တူနေသည်။ ဒါပေမယ့် မာနကြီးပြီး အပျင်းထူတဲ့ရှီလီက သူ့ကို တမင်နှိမ်ပြီး ခိုင်းသည်ဟု ယူဆခဲ့သည်။


ပြန်လည်မွေးဖွားလာပြီးနောက်ပိုင်းမှာ ရှီလီက  သူ အရင်လို မဟုတ်တော့တာကို သတိထားမိလာသည်။ သူက သားရဲဘုရင်ဘဝကနေ ပြန်လည်မွေးဖွားလာတဲ့ အတွက် အခုလို ပင်ပန်းဆင်းရဲပြီး ရုန့်ရင်းကြမ်းတမ်းတဲ့ အလုပ်တွေကို လုပ်ရတာ ခက်ခဲလို့နေသည်။ သားကောင်ရဲ့လည်မြိုကို သူ့သွားစွယ်တွေနဲ့ ကိုက်ပစ်ရမှာကို ရွံရှာစက်ဆုပ်လို့နေသည်။

 ဒိုင်နိုဆော ခန္ဓာကိုယ်များက ဘယ်လောက်တောင် ညစ်ပတ်ပြီး  ရွံစရာကောင်းလိုက်သလဲ...။
ကံဆိုးပြီး ခြင်္သေ့ထီးတွေအတွက် အသုံးဝင်ဆုံး လက်နက်က ထက်မြိတဲ့ သွားစွယ်တွေဖြစ်ကြသည်။
အရင်က ရှုန်းချီ အသင်းခေါင်းဆောင် မလုပ်ရသေး သည့် အချိန်တွင် ရှီလီသည် တခြားလူတွေကို သားကောင် ဖမ်းနည်း သင်ပေးနေရသလိုနဲ့ ထိုသို့ ပင်ပန်းပြီး ညစ်ပတ်သည့် အလုပ်ကို အခြားလူကိုသာ ခိုင်းခဲ့သည်။ အခု  ရှုန်းချီ ပြန်ရောက်လာပြီဖြစ်လို့ သူက သူများကို သင်ကြားပေးချိန်လည်းမရတော့ပေ။ ဒါကြောင့် ဒီအလုပ်တွေကို သူ့ကိုချည်းခိုင်းတဲ့အခါ သူတို့နှစ်ယောက် စကားများရန်ဖြစ်ကြသည်။

 အရင်ဘဝတုန်းက စောစောစီးစီးသေသွားခဲ့သည့် ရှုန်းချီကို ရှီလီက အထင်မြင်သေးကာ အခုလို အမိန့်ပေးစေခိုင်းသည်ကို လုပ်ချင်စိတ်လုံးဝမရှိပေ။ ဒါက တမင် သူ့ကို နှိပ်ကွပ်သည်ဟုသာ တွေးနေသည်။ ဒါကြောင့် သူက ရှုန်းချိကိုအရမ်းမုန်းပြီးသတ်ပစ်ချင်နေ မိသည်။


တဖက်ကလည်း ရှုန်းချီက ရှီလီက အပြောပဲရှိပြီး လက်တွေ့ဘာမှ မလုပ်နိုင်သည့် လေအိုးဟု တွေးကာ   ခွန်အားကြီးသော ခြင်္သေပုံစံကို  ပိုင်ဆိုင်ထားခြင်းက အလကားဖြစ်သည်ဟု ထင်သည်။
 
မျိုးနွယ်စုထဲတွင် အမဲလိုက်နေချိန် အချင်းချင်း ရန်မဖြစ်မရ ဆိုတဲ့ စည်းကမ်းကြောင့်  နှစ်ဦးလုံးက မျိုးနွယ်စုကို ပြန်ရောက်လာတော့မှ  ဘယ်လိုမှ  မ အောင့်နိုင်တော့ပဲ ရန်ဖြစ်ကြတော့သည်။

အစပိုင်းမှာ နူတ်နဲ့ပြောဆိုကြပေမယ့် နောက်ပိုင်းမှာ လက်ပါလာကြသည်။ နောက်ဆုံး သူတို့ရဲ့သားရဲပုံစံကို ပြောင်းကာ တိုက်ခိုက်ကြတော့သည်။

 
"ရှုန်းချီက ဒီနေ့ ဟဲဒရိုဒွန်ဒိုဆောရပ်စ် - Hetero-dontosaurus  ဒိုင်နိုဆောကို  ဖြတ်တိုက်ဖို့ ရှီလီကို တာဝန်ပေးလိုက်တယ်။ ရှီလီက ဖမ်းလိုရရဲ့သားနဲ့ သားကောင်ကို  လွတ်သွားခဲ့လို့ ရှုန်းချီ ဒေါသထွက်သွားတာပေါ့..."

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Donde viven las historias. Descúbrelo ahora