Chapter (64): ရှုန်းယယ်ကို ဂဏန်းသင်္ချာ သင်ကြားပေးခြင်း

8K 1.2K 30
                                    

Chapter (64): ရှုန်းယယ်ကို ဂဏန်းသင်္ချာ သင်ကြားပေးခြင်း


အစပိုင်းတွင် ကျိုးကျီသည် ရှုန်းယယ် နှင့် ရှီလီ အကြောင်းသိခဲ့သော်လည်း ဂရုမစိုက်ပေ။ ထိုအချိန်တွင် သူသည် ရှုန်းယယ် ကိုပင် ကျေးဇူးတင်နေခဲ့သည်။ ရှုန်းယယ် သည် သူနှင့်အဖော်လုပ်လိုကြောင်း သူ သိသော် သဘောတူခဲ့သည်။

ယခုတော့ ကျိုးကျီသည် ယန်ယင်း၏ အတိတ်ကို ပြန်လည်တူးဆွကာ ပြောဆိုသည်ကို နားနှင့် ဆတ်ဆတ် လူပုံအလယ်မှာ နားထောင်လိုက်ရသည်။

ယန်ယင်းသည် ရှုန်းယယ်၏ ပြတ်သားသည့် တုန့်ပြန်စကားကြောင့် အနည်းငယ် အေးစက်သွားသလို ခံစားလိုက်ရသည်၊ သူမ၏ ခန္ဓာကိုယ်သည် တုန်ခါနေပြီး ရှုန်းယယ် ကို ကြည့်လိုက်သည်။

" ရှုန်းယယ် ....မင်း ရှီလီရဲ့ မျက်နှာကို ပြန်ငဲ့ပါဦး။ မင်းတို့ လက်တွဲဖော် မဖြစ်ခဲ့ရင်တောင် ငါတို့ကို ကူညီပါ၊ မင်းက သူ့ သူငယ်ချင်းဘဲ"

"ကျွန်တော် သူနဲ့ အတူရှိခဲ့တာ မဟုတ်ဘူး။ ကျွန်တော်တို့က သူငယ်ချင်းတွေ သက်သက်ပဲ။ ကျွန်တော့် သူငယ်ချင်းနဲ့ ညီတွေတောင်မှ စုပေါင်းဂူထဲမှာနေကြတာပဲ။ ပြီးတော့ သူငယ်ချင်းရဲ့မိသားစုကို ကျွန်တော်က ဘာကြောင့် ဂရုစိုက်ရမှာလဲ"

စုပေါင်းလှိုဏ်ဂူသည် ဆောင်းရာသီကဲ့သို့ရာသီမျိုးတွင် နေထိုင်ရတာ အတော်လေးကို ဆိုးရွားလှသည်။ မီးမပြတ်ထည့်ထားသော ထင်းကြောင့် ပူက ပူလှောင်လို့နေသည်။

ဒါပေမယ့် ရှုန်းယယ်ကတော့ စုပေါင်းဂူထဲတွင် နေထိုင်ခြင်းသည် အလွန်ကောင်းမွန်သည်ဟု အမြဲလိုလို ခံစားမိသည်။ ခုလို ပူနွေးမနေရင် သူတို့ ဘယ်လိုမှ အသက်မရှင်နိုင်ဘူး။

ကျိုးကျီကတော့ အရမ်းကို တုံးအတဲ့အတွက် သူ့ပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို အခြားလူတွေက ခိုးယူ၊ လုယူမှာကို ကြောက်လို့ ရှုန်းယယ်က သူ့ဂူထဲမှာ နေခိုင်းခဲ့တာဖြစ်တယ်။ အစကတည်းက ကျိုးကျီက အရမ်းဉာဏ်ကောင်းတယ်ဆိုတာ သူ သိရင် သူ့ဂူမှာ လာနေဖို့ ကမ်းလှမ်းမှာမဟုတ်ဘူး။

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now