Chapter (40-2) _ ဘုန်းတော်ကြီးထံမှ သင်ယူခြင်း

8.1K 1.5K 37
                                    


Chapter (40-2) _ ဘုန်းတော်ကြီးထံမှ သင်ယူခြင်း



ရှုန်းပိုင်က ဂူထဲဝင်လာလိုက်သည်နှင့် ကျိုးကျီ၏တကိုယ်လုံးမှာ ရှုန်းယယ်၏ အနံ့များစွဲနေသည်ကို ရလိုက်ကာ မနေ့ညက ဒီလူနှစ်ယောက်ဟာ ဘယ်လောက်တောင်ပြင်းထန်စွာ လူးလိမ့်ခဲ့သလဲလို့ တွေးလိုက်မိသည်။

ရှုန်းပိုင်က ရှုန်းယယ်ကို မကျေမနပ်နှင့်ကြည့် လိုက်သည်။ သူမက ရှုန်းယယ် က အရမ်းကောင်း တယ် လို့ အမြဲတွေးခဲ့ပေမယ့် အခုတော့ အဲ့လိုမ ထင်တော့ဘူး။ မိတ်ဖက်ပွဲ မတိုင်ခင်က ရှုန်းယယ်က ကျိုးကျီကို တွန်းလှဲခဲ့လို့ ကျိုးကျီခမျာ သေလုမျောပါးဖြစ်ခဲ့သည်။ ဒါတောင် မညှာတာပဲ မနေ့ညက ကျိုးကျီကို တွန်းလှဲလိုက်ပြန်ပြီ။

ကျိုးကျီသည် ရှုန်းပိုင်ရင်ထဲက အတွေးကို မသိသလို သူ့ကိုယ်မှာ ရှုန်းယယ်နဲ့ အနံ့တွေ မွှန်ထူနေသည်ကို လည်း မသိပေ။ သူ့အနံ့ခံအာရုံက ထက်မြက်တယ်ဆိုပေမယ့် လူတိုင်းရဲ့ အနံ့ကို ခွဲခြားနိုင်သည်အထိတော့ မရသေးပေ။

"မင်း ဒီကို ဘယ်လိုရောက်လာတာလဲ" ရှုန်းယယ် က ရှုန်းပိုင်ကိုမေးလိုက်တယ်။

"ဘုန်းတော်ကြီးက ကျိုးကျီကို ခေါ်ခိုင်းနေတယ်"

ယမန်နေ့က ကျိုးကျီကို ဘုန်းတော်ကြီးက အပင်တွေအကြောင်းသင်ပေးမယ်ဟု ပြောခဲ့တာကို မှတ်မိလိုက်သည်။ ဘုန်းတော်ကြီးက ဒီလောက် စိတ်စောနေမည်ဟု မထင်ထားမိပေ။

"ကျိုးကျီ..ဒါဆိုလည်း ဘုန်းတော်ကြီးဆီကို မင်း သွားလိုက်လေ။ ငါ မင်းအတွက် အစာသွားရှာဦးမယ်"

"ကောင်းပြီ။ " ကျိုးကျီက သဘောတူလိုက်သည်။

ရှုန်းယယ် က ကျိုးကျီကိုကြည့ကာ ဂူတံခါးကိုပိတ်ပြီးအောက်သို့ ဆင်းသွားသည်။

ထိုအခါတစ်စုံတစ်ယောက်က ချက်ချင်းပင် ရှုန်းယယ် နှင့်စကားပြောခဲ့သည်။

" ရှုန်းယယ် မနေ့ညက ဘယ်လိုလဲ။ "

"အရမ်းကောင်းတယ်!" ရှုန်းယယ် ကပြောလိုက်သည်။

"မင်း အလုပ်ကောင်းကောင်း လုပ်နိုင်မယ်ဆိုတာ ငါ သိတယ်။ ကျိုးကျိရဲ့ အနံ့လည်း မင်းလိုပဲ ... "

"ဟုတ်တယ်။ "
ရှုန်းယယ် ကခေါင်းညိတ်လိုက်ပြီး ကျိုးကျီက သူ့ ဆံပင်ရှည်ရှည်ကို ဖြီးပေးခဲ့တယ်၊ သူက ဘယ်လိုလုပ် အနံ့မရပဲ နေမလဲ။ အခု သူတို့နှစ်ယောက်ရဲ့ အနံ့တွှွေက အတူူတူဖြစ်နေပြီ မဟုတ်လား။

မျိုးနွယ်စုထဲကလူတွေက သူတို့နှစ်ယောက် ညက အတူတူနေလိုက်လို့ အနံ့တွေ ရောသွားသည် ထင်ခဲ့ပြီး ရှုန်းယယ်က သူ့ကို ကျိုးကျီက အကြာကြီး ပွတ်သပ်ကာ အမွေးဖြီးပေးခဲ့လို အနံ့တွေ ရောယှက်နေသည်ဟု ထင်ကာ ပြန်ဖြေလိုက်သည်။
သူက ကျိုးကျီ သူ့ကိုလုပ်ပေးတာ အားလုံးကို ကြိုက်တယ်။ ညနေခင်းမှာ ငါ့ အမွေးတွေကို ကျိုးကျီကို ထပ်ဖြီးခိုင်းရမယ်။
အဲဒါကိုစဉ်းစားရင်း ရှုန်းယယ် ကတိရိစ္ဆာန်အရေခွံရဲ့အိတ်ထဲကနေ ဘီးကို ထုတ်ပြလိုက်တယ်၊

" ဒါက မင်းကိုပြတာ... ဒါကကျိုးကျီ က ငါ့ကို ပေးထားတဲ့ အရာပဲ။ "

ဒီခေါင်းဖြီးက ကျိုးကျီက သူ့ကိုပေးတဲ့ ချစ်သက်ရဲ့လက်ဆောင်ဆိုတာသေချာတယ်။

ဤအရာသည်အလွန်သိမ်မွေ့ကာ အနုစိတ်သည်၊ ပထမတစ်ချက်က ဘီးကို လုပ်ရတာ ခက်ခဲပြီး ကျိုးကျီက အသေးစိတ် အားထုတ်ကာ အရမ်း ကြိုးစားခဲ့တာ သေချာသည်၊

ရှုန်းယယ် က ဒီဟာကို သူများကို ဂုဏ်ယူစွာ ပြရန်မစောင့်နိုင်တော့ပေ။

"ဒါက ဘာလဲ?" ထိုလူကမေးတယ်။

"ဒါက ခေါင်းဖြီး!"

ရှုန်းယယ် က သူတို့ကိုရှင်းပြလိုက်သည်။ ဒီဟာက သူတို့မျိုးနွယ်စုထဲှာ အရင်တုန်းက မရှိခဲ့ဘူး၊

ရှုန်းယယ် သည်သူ၏ဆံပင်ကို ဘီးဖြင့်ဖြီးပြပြီး ခေါင်းဖြီးအသုံးပြုပုံကို ပြသခဲ့သည်။ မနေ့ညက သူ့ဆံပင်ကိုဖြီးရင်း အိပ်ပျော်သွားသည်။

"ဆံပင်ဖြီးတဲ့ ခံစားချက်က အရမ်းကောင်းတယ်။ မနေ့ညက ကျိုးကျီက ငါ့ကို ဆံပင်ဖြီးပေးတော့ အရမ်းသက်တောင့် သက်သာရှိပြီး ငါ အိပ်တောင်ပျော်သွားခဲ့တယ်။ "

"ဒီဘီးက အရမ်းကောင်းတယ်၊ ငါလည်း တစ်ခုလောက်လိုချင်တယ်!" ထိုလူကပြောတယ်။

ရှုုန်းချီလည်း ဒီအချိန်မှာရောက်လာခဲ့ပေမယ့် ဒါကို မြင်တော့ ချီးကျူးစကားဆိုခဲ့သည်။
" ရှုန်းယယ် ...မင်းက တကယ်တော်တယ်၊ မင်း ဒီလောက်ကောင်းတဲ့အရာကို စဉ်းစားနိုင်တယ်။ ဒီခေါင်းဖြီးကို ငါတို့ မျိုးနွယ်စုဝင်တိုင်း သုံးသင့်တယ်။ "

"ဒီခေါင်းဖြီးက ငါ့စိတ်ကူး မဟုတ်ဘူး၊ ဒါက ကျုးိကျီ ရဲ့ စိတ်ကူး။ သူပဲ လုပ်ထားခဲ့တာ"

ရှုန်းယယ် က ပြောသည်။

"ဒါပေမယ့် ကျိုးကျီက မင်းရဲ့လက်တွဲဖော်ပါ၊ မင်းမျက်လုံးတွေက ဘယ်လောက်တောင် ကောင်းလိုက်လဲ။ တကယ့် လူတော်ကို ရအောင် ယူထားတတ်တယ်။ "

ရှုန်းချီက ပြောလိုက်သည်။

ရှုန်းယယ် သည်သူ့စကားကို နားထောင်ရင်း ဂုဏ်ယူနေမိသည်။

ရှီလီက ဒီကို ရောက်လာတော့ ဒီစကားကို ကြားပြီး "... "

အဲဒါခေါင်းဖြီးလေးတစ်ခုပဲ မဟုတ်ဘူးလား။ လူတကာကို ပြစရာ ဘာရှိလို့လဲ။ အပြင်မှာ လူတွေခေါင်းဖြီးသုံးနေကြတာပဲ။ အရင်ဘဝတုန်းက သူ သားရဲဘုရင်ဖြစ်တော့ သူ့ကိုယ်က အမွေးတွေကို ရွှေခေါင်းဖြီးနဲ့ အမြဲ ဖြီးလေ့ရှိတယ်။ ထိုအချိန်တွင်သူ၏တိရစ္ဆာန်ပုံစံသည် ယခုထက်ဆယ်ဆကြီးလာပြီး သူ့ကိုဖြီးပေးဖို့ လူများစွာရှိသည်။

ကျိုးကျီဆီက ခေါင်းဖြီးရှိတာကို ရှီလီက သံသယမ ၀ င်ပါ။ ကျိုးကျီ ၏အမေသည် သားရဲဘုရင်တစ်ပါးနှင့်ဆက်ဆံရေးရှိခဲ့သည်။ ဒါကြောင့် ကျိုးကျီ ၏လက်တွင်ခေါင်းဖြီးတစ်ခုရှိတာ ဘာထူးဆန်းလို့လဲ။

ထိုသို့တွေးလိုက်သောအခါ ရှီလီသည် ဘုန်းတော်ကြိး၏ဂူထဲကို မကျေမနပ်ကြည့်လိုက်သည်။

ကျိုးကျီ ရဲ့ကံ၊ ဘယ်လိုတောင် ကောင်းနေတာလဲ။

မဟုတ်ဘူး၊ သူ့ကံက မကောင်းဘူး၊ သူ့အဖေက အခုခါမှာ နာမည်ကြီး သားရဲဘုရင်ဖြစ်ပေမယ့် နောက် နှစ်နှစ်ကြာရင်သူ သေလိမ့်မယ် ... သူက နောက်ပိုင်း သားရဲဘုရင်ဖြစ်လာပြီးနောက် ကျိုးကျီရဲ့ အဖေ ဘယ်လိုသေသွားသလဲဆိုတာ မေးခဲ့ပေမယ့် အခြားသူများကသူ့ကို ပြောပြချင်စိတ်မရှိခဲ့ကြပေ။

အရင်ဘဝတွင် ကျိုးကျီသည် နောက် နှစ်လအကြာတွင် ဒီမျိုးနွယ်စုကနေ ထွက်ခွာသွားပြီး သူ့အဖေ သားရဲဘုရင်၏ နောက်သို့လိုက်သွားရမည်။ ဒီဘဝမှာ သူက ရှုန်းယယ် နဲ့ အတူနေပြီဖြစ်လို့ ဘယ်လိုဖြစ်လာမလဲဆိုတာ ရှီလီ မသိတော့ပေ။

ရှီလီက ကျိုးကျီက ရှုန်းယယ် ထက်ပိုအစွမ်းထက်တဲ့ အဖေ့နောက်ကို သေချာပေါက်လိုက်သွားလိမ့်မယ်လို့ ယုံကြည်နေသည်။ ငါ ဘယ်လောက်တောင် ခံစားခဲ့ရတယ်ဆိုတာ မသိတော့ဘူး။ ကျိုးကျီက သေချာပေါက် ထွက်သွားမှာဖြစ်ပေမယ့် ရှုန်းယယ်က သူ့မျိုးနွယ်စုကို ဘယ်တော့မှ စွန့်ခွာသွားမည် မဟုတ်ပေ။
အရင်ဘဝတုန်းကလည်း ဘယ်လောက်ခက်ခဲပါစေ.. ရှုန်းယယ်က သူ့မျိုးနွယ်ကို ပစ်မထားခဲ့ပေ။

ရှီလီသည်အေးစက်စွာနှာမှုတ်ကာ ကျိုးကျီနှင့် ရှုန်းယယ် တို့ ခွာပြဲမည့် အချိန်ကို စောင့်ကြည့်ရန် စိတ်အားထက်သန်နေသည်။
ရှုန်းယယ် က ရှီလီရဲ့အတွေးတွေကို မသိခဲ့ဘူး။ သူသည် ကျိုးကျီလုပ်ပေးသည့် ခေါင်းဖြီးကို ပြပြီး အမဲလိုက်ထွက်ရန် တစ်ယောက်တည်းသွားခဲ့သည်။

သူက အမဲလိုက်ရာမှာ ပူးပေါင်းဆောင်ရွက်ဖို့တစ်ယောက်မှ ရှာမတွေ့ခဲ့ဘူး။ ဟူယွဲ့နဲ့သွားရင် ဒိုင်နိုဆောတွေ ရမှာသေချာပေမယ့် ကျိုးကျီက ဒိုင်နိုဆောအသားမကြိုက်လို့ သူ့ဖာသာခွဲထွက်ပြီး ကျိုးကျီ ကြိုက်တတ်တဲ့အသားတွေကို အမဲလိုက်ထွက်ခဲ့သည်။

ဒီနေ့ကသူတို့အိမ်ထောင်သည်ဘဝရဲ့ပထမဆုံးနေ့ မနက်မိုးလင်းတော့ ကျိုးကျီက သူ့ကို အရမ်းသက်တောင့်သက်သာဖြစ်အောင် လုပ်ပေးခဲ့လို့ ရှုန်းယယ် က ကျိုးကျီ ကြိုက်တတ်တာလေးကို ရှာပေးသင့်သည်ဟု ခံစားခဲ့ရသည်။

ရှုန်းယယ် သည်စိတ်ထက်သန်မှုဖြင့်လိုက်လံရှာဖွေစဉ် ဝက်ဝံမွေးကို ဖြိးပေးခဲ့လို့ ရှုန်းယယ်၏ အနံ့ တကိုယ်လုံးစွဲနေသည့် ကျိုးကျီက ဘုန်းတော်ကြိး၏ဂူထဲကိုရောက်လာခဲ့သည်။ ဘုန်းတော်ကြီးက ကျိုးကျီရဲ့ကိုယ်က စွဲနေသည့် ရှုန်းယယ်၏အနံ့ကိုရတော့ သူတို့ တညလုံး လူးလိမ့်ခဲ့သည်ဟု ထင်ခဲ့သည်။

ဘုန်းတော်ကြိး : "..........."ယခုလူငယ်တွေကတော့လေ.... အနံ့တွေ ဒီလောက်တောင် ပြင်းရသလား... ... အိုး!

ကျိုးကျီကို ဘုန်းတော်ကြီး က ပြုံးရွှင်စွာ နူတ်ဆက်ကာပြောလိုက်သည်။
" မင်း လာတာ ကောင်းတယ်၊ ဒီမှာ ငါ ဆေးဘက် ၀ င်အပင် အများကြီး ရှိတယ်၊ မင်း မှတ်မိအောင်ဘယ်လို လုပ်ရမလဲဆိုတာ ငါ သင်ပေးမယ်။"

ဘုန်းတော်ကြီးက အလွန်အသုံးများသော အပင်အချို့ကို ထုတ်ခဲ့သည်။ ဤအပင်များ အသုံးပြုပုံကို ကျိုးကျီသိပေမယ့် သူက နာမည်ကို မသိပေ။ ဒါကြောင့် ဘုန်းတော်ကြီး သင်ပေးသည်ကို ဂရုတစိုက်နားထောင်တောနေသည်။

"ဒါက မာလန်လို့ခေါ်တယ်။ ဒဏ်ရာသေးသေးလေးရှိရင်မင်းအဲဒါကို ထူချေပြီး သွေးတိတ်အောင် ဒဏ်ရာပေါ် အုံပေးရတယ်။ ဒါကိုလည်း စားလို့၇တယ်။ ဒါက ... "

ဘုန်းတော်ကြီးက သူ့ရှေ့မှ အပင်ကိုဖြည်းဖြည်းချင်းပြောပြခဲ့သည်။

သူသည်အပင်တစ်ဒါဇင်ကို ရှင်းပြပြီး မေးလိုက်သည်။

"မင်း ဘယ်လောက်မှတ်မိလဲ"

ကျိုးကျီက အခု မနုံအတော့ဘူးဆိုတော့ တမျိုး၊နှစ်မျိုးလောက် မှတ်မိလောက်တယ်။

"အားလုံးကို မှတ်မိပါတယ် "

ကျိုးကျီက မှတ်ဉာဏ်ကောင်းသည့်အပြင် စိတ်လည်းရှင်းလို့ အကုန်မှတ်မိနေသည်။ ပြီးတော့ ဒီအပင်တွေက ရိုးရှင်းပါတယ်။


"အားလုံးကို မှတ်မိတာလား၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ!" ဘုန်းကြီးက မယုံပေ။

"ကျွန်တော် အားလုံးကိုမှတ်မိခဲ့တယ်။ " ကျိုးကျီ ကပြောသည်။

" ဒါဆို ငါ့ကိုပြောပါ"

ကျိုးကျီက ဘုန်းတော်ကြီးပြောပြသမျှ အကုန်ပြန်ပြောခဲ့သည်။ သူပြောခဲ့တဲ့အချက်တွေက မဆိုးပါဘူး၊ ဘုန်းတော်ကြီးက အံ့သြသွားတယ်။ ဤနှစ်များတွင်သူသည်လူမျိုးစုဝင်များကို မကြာခဏသင်ပေးသည်။ သို့သော်လူများသည် တုံးအပြီး တခါသင်ရင် တမျိုး၊နှစ်မျိုးသာမှတ်မိခဲ့သည်။ သူတို့က အများကြီး မမှတ်နိုင်ခဲ့ပေ။ သူက အားလုံးထဲက ဉာဏ်အထက်ဆုံး ကလေး ၃ ယောက်ကိုရွေးကာ တပည့်အဖြစ် ပျိုးထောင်ထားခဲ့သည်။ ဒါတောင် သူတို့က အကုန် မမိကြဘူး။ အခု ကျိုးကျီက ဘယ်လိုဖြစ်ပြီး သူပြောသမျှ အကုန်မှတ်မိရတာလဲ...

ဘုန်းတော်ကြီးဖြစ်လာမယ့် လူတွေက အရာတိုင်းကို မှတ်မိနေဖို့လိုသည်။ အဓိက မှတ်ဉာဏ်ကောင်းဖို့ပဲ။ ဘုန်းတော်ကြိးက ကျိုးကျီကို တောက်ပစွာဖြင့် စိုက်ကြည့်လိုက်သည်။

ကျိုးကျီက ဘုန်းတော်ကြီး၏အကြည့်ကို သတိမထားမိပဲ ဆေးပင်တစ်ခုကို ကောက်ယူကာ ပြောလိုက်သည်။

"တကယ်တော့ ဒီအပင်ရဲ့ အသုံးဝင်ပုံကို ဘုန်းတော်ကြီး ပြောတာ မှားနေတယ် "

ကျိုးကျီက ဝမ်းနုတ်ဆေးအဖြစ်သုံးနိုင်သော ဆေးပင်ကို ကိုင်ထားသည်။

"ဒီအပင်က အဆိပ်အတောက်တွေကိုဖယ်ရှားပေးတယ်။ အဲဒါ ဘယ်မှာ မှားလို့လဲ။ "

ဘုန်းကြီးက မကျေနပ်။ ဒါက သူ့ဆရာက သင်ပေးတာဘဲ။ ဘယ်လို မှားနိုင်မလဲ။

"အပင်သည် အဆိပ်အတောက်ပြေစေတဲ့ အာနိသင်မရှိဘူး။ ဒီအပင်က ဝမ်းလျှောစေတယ်။ လူတွေက အဆိပ်ပါတာ၊ မတည့်တာကို စားမိရင် မသက်မသာဖြစ်လာတယ်။ ဒါကြောင့် ဝမ်းနူတ်ပစ်ဖို့ ဒီအပင်ကို သုံးရတယ်။ အဆိပ်ရှိတဲ့အကောင်ကိုက်တဲ့အခါ ဒီဆေးကို စားရင် ဘာမှ မထိရောက်ဘူး။ အဆိပ်ကို မပြေစေဘူး "

ကျိုးကျီကပြောပြလိုက်သည်။

ဝက်ဝံကြီးမျိုးနွယ်စုမှလူတွေက အလွန်သန်မာသည်၊ မစားသင့်သောအရာကို စားခြင်းကြောင့် တခုခုဖြစ်ရင် ဝမ်းနုတ်ဆေးတစ်ပန်းကန်ကို ပြုတ်သောက်ပြီး ထိုအရာကို ထုတ်ပစ်နိုင်သည်၊ သို့သော်ဝမ်းနုတ်ဆေးသည် ဘေးထွက်ဆိုးကျိုးရှိသည်။ မှန်မှန်ကန်ကန်မသုံးတတ်ရင် လူတောင် သေနိုင်သည်။

"ဒါက ဖြစ်နိုင်တယ်.... တစ်ခါတလေ ဒီဆေးက အစွမ်းဘူးလို့ ငါ ထင်ခဲ့တာ။ ဒါကြောင့် ဖြစ်မယ် !"

ဘုန်းတော်ကြီးက သဘောပေါက်သွားခဲ့သည်။ ဘုန်းတော်ကြီးက ထိုအရာကို တတွတ်တွတ်ရွက်ဖတ်ကာ သူ့မှတ်ဉာဏ်ထဲမှာ စွဲနေအောင်လုပ်လိုက်သည်။ ဒါက အရာအားလုံးကို မှတ်သားတဲ့ သူ့နည်းဖြစ်ပုံရသည်။
ယေဘူယျအားဖြင့်လူတွေက ဒါကို မသင်ယူနိုင်ကြပေ။

ကျိုးကျီသည် သီချင်းလို သီဆိုနေသည့် ဘုန်းတော်ကြီးအသံကို နားထောင်ကာ စိုးရိမ်စိတ်ဝင်လာသည်။ ဒီလောကက မှတ်သားမယ့် နည်းလမ်းတောင်မှ မရှိဘူးကိုး..

ငါ တကယ်အဆင်ပြေတဲ့ အရာ တစ်ခုလုပ်ချင်ခဲ့တယ် .....

ဘုန်းတော်ကြီးက သီချင်းဆိုပြီး ကျိုးကျီလက်ကို ဆွဲကာမေးလိုက်သည်။
"ကျိုးကျီ..မင်း ဘုန်းတော်ကြီး မဖြစ်ချင်ဘူးလား "


***-***














Chapter (40-2) _ ဘုန္းေတာ္ႀကီးထံမွ သင္ယူျခင္း



ရႈန္းပိုင္က ဂူထဲဝင္လာလိုက္သည္ႏွင့္ က်ိဳးက်ီ၏တကိုယ္လုံးမွာ ရႈန္းယယ္၏ အနံ႔မ်ားစြဲေနသည္ကို ရလိုက္ကာ မေန႔ညက ဒီလူႏွစ္ေယာက္ဟာ ဘယ္ေလာက္ေတာင္ျပင္းထန္စြာ လူးလိမ့္ခဲ့သလဲလို႔ ေတြးလိုက္မိသည္။

ရႈန္းပိုင္က ရႈန္းယယ္ကို မေက်မနပ္ႏွင့္ၾကည့္ လိုက္သည္။ သူမက ရႈန္းယယ္ က အရမ္းေကာင္း တယ္ လို႔ အၿမဲေတြးခဲ့ေပမယ့္ အခုေတာ့ အဲ့လိုမ ထင္ေတာ့ဘူး။ မိတ္ဖက္ပြဲ မတိုင္ခင္က ရႈန္းယယ္က က်ိဳးက်ီကို တြန္းလွဲခဲ့လို႔ က်ိဳးက်ီခမ်ာ ေသလုေမ်ာပါးျဖစ္ခဲ့သည္။ ဒါေတာင္ မညႇာတာပဲ မေန႔ညက က်ိဳးက်ီကို တြန္းလွဲလိုက္ျပန္ၿပီ။

က်ိဳးက်ီသည္ ရႈန္းပိုင္ရင္ထဲက အေတြးကို မသိသလို သူ႔ကိုယ္မွာ ရႈန္းယယ္နဲ႔ အနံ႔ေတြ မႊန္ထူေနသည္ကို လည္း မသိေပ။ သူ႔အနံ႔ခံအာ႐ုံက ထက္ျမက္တယ္ဆိုေပမယ့္ လူတိုင္းရဲ႕ အနံ႔ကို ခြဲျခားႏိုင္သည္အထိေတာ့ မရေသးေပ။

"မင္း ဒီကို ဘယ္လိုေရာက္လာတာလဲ" ရႈန္းယယ္ က ရႈန္းပိုင္ကိုေမးလိုက္တယ္။

"ဘုန္းေတာ္ႀကီးက က်ိဳးက်ီကို ေခၚခိုင္းေနတယ္"

ယမန္ေန႔က က်ိဳးက်ီကို ဘုန္းေတာ္ႀကီးက အပင္ေတြအေၾကာင္းသင္ေပးမယ္ဟု ေျပာခဲ့တာကို မွတ္မိလိုက္သည္။ ဘုန္းေတာ္ႀကီးက ဒီေလာက္ စိတ္ေစာေနမည္ဟု မထင္ထားမိေပ။

"က်ိဳးက်ီ..ဒါဆိုလည္း ဘုန္းေတာ္ႀကီးဆီကို မင္း သြားလိုက္ေလ။ ငါ မင္းအတြက္ အစာသြားရွာဦးမယ္"

"ေကာင္းၿပီ။ " က်ိဳးက်ီက သေဘာတူလိုက္သည္။

ရႈန္းယယ္ က က်ိဳးက်ီကိုၾကည့ကာ ဂူတံခါးကိုပိတ္ၿပီးေအာက္သို႔ ဆင္းသြားသည္။

ထိုအခါတစ္စုံတစ္ေယာက္က ခ်က္ခ်င္းပင္ ရႈန္းယယ္ ႏွင့္စကားေျပာခဲ့သည္။

" ရႈန္းယယ္ မေန႔ညက ဘယ္လိုလဲ။ "

"အရမ္းေကာင္းတယ္!" ရႈန္းယယ္ ကေျပာလိုက္သည္။

"မင္း အလုပ္ေကာင္းေကာင္း လုပ္ႏိုင္မယ္ဆိုတာ ငါ သိတယ္။ က်ိဳးက်ိရဲ႕ အနံ႔လည္း မင္းလိုပဲ ... "

"ဟုတ္တယ္။ "
ရႈန္းယယ္ ကေခါင္းညိတ္လိုက္ၿပီး က်ိဳးက်ီက သူ႔ ဆံပင္ရွည္ရွည္ကို ၿဖီးေပးခဲ့တယ္၊ သူက ဘယ္လိုလုပ္ အနံ႔မရပဲ ေနမလဲ။ အခု သူတို႔ႏွစ္ေယာက္ရဲ႕ အနံ႔ေတႊြက အတူူတူျဖစ္ေနၿပီ မဟုတ္လား။

မ်ိဳးႏြယ္စုထဲကလူေတြက သူတို႔ႏွစ္ေယာက္ ညက အတူတူေနလိုက္လို႔ အနံ႔ေတြ ေရာသြားသည္ ထင္ခဲ့ၿပီး ရႈန္းယယ္က သူ႔ကို က်ိဳးက်ီက အၾကာႀကီး ပြတ္သပ္ကာ အေမြးၿဖီးေပးခဲ့လို အနံ႔ေတြ ေရာယွက္ေနသည္ဟု ထင္ကာ ျပန္ေျဖလိုက္သည္။
သူက က်ိဳးက်ီ သူ႔ကိုလုပ္ေပးတာ အားလုံးကို ႀကိဳက္တယ္။ ညေနခင္းမွာ ငါ့ အေမြးေတြကို က်ိဳးက်ီကို ထပ္ၿဖီးခိုင္းရမယ္။
အဲဒါကိုစဥ္းစားရင္း ရႈန္းယယ္ ကတိရိစာၦန္အေရခြံရဲ႕အိတ္ထဲကေန ဘီးကို ထုတ္ျပလိုက္တယ္၊

" ဒါက မင္းကိုျပတာ... ဒါကက်ိဳးက်ီ က ငါ့ကို ေပးထားတဲ့ အရာပဲ။ "

ဒီေခါင္းၿဖီးက က်ိဳးက်ီက သူ႔ကိုေပးတဲ့ ခ်စ္သက္ရဲ႕လက္ေဆာင္ဆိုတာေသခ်ာတယ္။

ဤအရာသည္အလြန္သိမ္ေမြ႕ကာ အႏုစိတ္သည္၊ ပထမတစ္ခ်က္က ဘီးကို လုပ္ရတာ ခက္ခဲၿပီး က်ိဳးက်ီက အေသးစိတ္ အားထုတ္ကာ အရမ္း ႀကိဳးစားခဲ့တာ ေသခ်ာသည္၊

ရႈန္းယယ္ က ဒီဟာကို သူမ်ားကို ဂုဏ္ယူစြာ ျပရန္မေစာင့္ႏိုင္ေတာ့ေပ။

"ဒါက ဘာလဲ?" ထိုလူကေမးတယ္။

"ဒါက ေခါင္းၿဖီး!"

ရႈန္းယယ္ က သူတို႔ကိုရွင္းျပလိုက္သည္။ ဒီဟာက သူတို႔မ်ိဳးႏြယ္စုထဲွာ အရင္တုန္းက မရွိခဲ့ဘူး၊

ရႈန္းယယ္ သည္သူ၏ဆံပင္ကို ဘီးျဖင့္ၿဖီးျပၿပီး ေခါင္းၿဖီးအသုံးျပဳပုံကို ျပသခဲ့သည္။ မေန႔ညက သူ႔ဆံပင္ကိုၿဖီးရင္း အိပ္ေပ်ာ္သြားသည္။

"ဆံပင္ၿဖီးတဲ့ ခံစားခ်က္က အရမ္းေကာင္းတယ္။ မေန႔ညက က်ိဳးက်ီက ငါ့ကို ဆံပင္ၿဖီးေပးေတာ့ အရမ္းသက္ေတာင့္ သက္သာရွိၿပီး ငါ အိပ္ေတာင္ေပ်ာ္သြားခဲ့တယ္။ "

"ဒီဘီးက အရမ္းေကာင္းတယ္၊ ငါလည္း တစ္ခုေလာက္လိုခ်င္တယ္!" ထိုလူကေျပာတယ္။

ရႈုန္းခ်ီလည္း ဒီအခ်ိန္မွာေရာက္လာခဲ့ေပမယ့္ ဒါကို ျမင္ေတာ့ ခ်ီးက်ဴးစကားဆိုခဲ့သည္။
" ရႈန္းယယ္ ...မင္းက တကယ္ေတာ္တယ္၊ မင္း ဒီေလာက္ေကာင္းတဲ့အရာကို စဥ္းစားႏိုင္တယ္။ ဒီေခါင္းၿဖီးကို ငါတို႔ မ်ိဳးႏြယ္စုဝင္တိုင္း သုံးသင့္တယ္။ "

"ဒီေခါင္းၿဖီးက ငါ့စိတ္ကူး မဟုတ္ဘူး၊ ဒါက က်ဳးိက်ီ ရဲ႕ စိတ္ကူး။ သူပဲ လုပ္ထားခဲ့တာ"

ရႈန္းယယ္ က ေျပာသည္။

"ဒါေပမယ့္ က်ိဳးက်ီက မင္းရဲ႕လက္တြဲေဖာ္ပါ၊ မင္းမ်က္လုံးေတြက ဘယ္ေလာက္ေတာင္ ေကာင္းလိုက္လဲ။ တကယ့္ လူေတာ္ကို ရေအာင္ ယူထားတတ္တယ္။ "

ရႈန္းခ်ီက ေျပာလိုက္သည္။

ရႈန္းယယ္ သည္သူ႔စကားကို နားေထာင္ရင္း ဂုဏ္ယူေနမိသည္။

ရွီလီက ဒီကို ေရာက္လာေတာ့ ဒီစကားကို ၾကားၿပီး "... "

အဲဒါေခါင္းၿဖီးေလးတစ္ခုပဲ မဟုတ္ဘူးလား။ လူတကာကို ျပစရာ ဘာရွိလို႔လဲ။ အျပင္မွာ လူေတြေခါင္းၿဖီးသုံးေနၾကတာပဲ။ အရင္ဘဝတုန္းက သူ သားရဲဘုရင္ျဖစ္ေတာ့ သူ႔ကိုယ္က အေမြးေတြကို ေ႐ႊေခါင္းၿဖီးနဲ႔ အၿမဲ ၿဖီးေလ့ရွိတယ္။ ထိုအခ်ိန္တြင္သူ၏တိရစာၦန္ပုံစံသည္ ယခုထက္ဆယ္ဆႀကီးလာၿပီး သူ႔ကိုၿဖီးေပးဖို႔ လူမ်ားစြာရွိသည္။

က်ိဳးက်ီဆီက ေခါင္းၿဖီးရွိတာကို ရွီလီက သံသယမ ၀ င္ပါ။ က်ိဳးက်ီ ၏အေမသည္ သားရဲဘုရင္တစ္ပါးႏွင့္ဆက္ဆံေရးရွိခဲ့သည္။ ဒါေၾကာင့္ က်ိဳးက်ီ ၏လက္တြင္ေခါင္းၿဖီးတစ္ခုရွိတာ ဘာထူးဆန္းလို႔လဲ။

ထိုသို႔ေတြးလိုက္ေသာအခါ ရွီလီသည္ ဘုန္းေတာ္ႀကိး၏ဂူထဲကို မေက်မနပ္ၾကည့္လိုက္သည္။

က်ိဳးက်ီ ရဲ႕ကံ၊ ဘယ္လိုေတာင္ ေကာင္းေနတာလဲ။

မဟုတ္ဘူး၊ သူ႔ကံက မေကာင္းဘူး၊ သူ႔အေဖက အခုခါမွာ နာမည္ႀကီး သားရဲဘုရင္ျဖစ္ေပမယ့္ ေနာက္ ႏွစ္ႏွစ္ၾကာရင္သူ ေသလိမ့္မယ္ ... သူက ေနာက္ပိုင္း သားရဲဘုရင္ျဖစ္လာၿပီးေနာက္ က်ိဳးက်ီရဲ႕ အေဖ ဘယ္လိုေသသြားသလဲဆိုတာ ေမးခဲ့ေပမယ့္ အျခားသူမ်ားကသူ႔ကို ေျပာျပခ်င္စိတ္မရွိခဲ့ၾကေပ။

အရင္ဘဝတြင္ က်ိဳးက်ီသည္ ေနာက္ ႏွစ္လအၾကာတြင္ ဒီမ်ိဳးႏြယ္စုကေန ထြက္ခြာသြားၿပီး သူ႔အေဖ သားရဲဘုရင္၏ ေနာက္သို႔လိုက္သြားရမည္။ ဒီဘဝမွာ သူက ရႈန္းယယ္ နဲ႔ အတူေနၿပီျဖစ္လို႔ ဘယ္လိုျဖစ္လာမလဲဆိုတာ ရွီလီ မသိေတာ့ေပ။

ရွီလီက က်ိဳးက်ီက ရႈန္းယယ္ ထက္ပိုအစြမ္းထက္တဲ့ အေဖ့ေနာက္ကို ေသခ်ာေပါက္လိုက္သြားလိမ့္မယ္လို႔ ယုံၾကည္ေနသည္။ ငါ ဘယ္ေလာက္ေတာင္ ခံစားခဲ့ရတယ္ဆိုတာ မသိေတာ့ဘူး။ က်ိဳးက်ီက ေသခ်ာေပါက္ ထြက္သြားမွာျဖစ္ေပမယ့္ ရႈန္းယယ္က သူ႔မ်ိဳးႏြယ္စုကို ဘယ္ေတာ့မွ စြန႔္ခြာသြားမည္ မဟုတ္ေပ။
အရင္ဘဝတုန္းကလည္း ဘယ္ေလာက္ခက္ခဲပါေစ.. ရႈန္းယယ္က သူ႔မ်ိဳးႏြယ္ကို ပစ္မထားခဲ့ေပ။

ရွီလီသည္ေအးစက္စြာႏွာမႈတ္ကာ က်ိဳးက်ီႏွင့္ ရႈန္းယယ္ တို႔ ခြာၿပဲမည့္ အခ်ိန္ကို ေစာင့္ၾကည့္ရန္ စိတ္အားထက္သန္ေနသည္။
ရႈန္းယယ္ က ရွီလီရဲ႕အေတြးေတြကို မသိခဲ့ဘူး။ သူသည္ က်ိဳးက်ီလုပ္ေပးသည့္ ေခါင္းၿဖီးကို ျပၿပီး အမဲလိုက္ထြက္ရန္ တစ္ေယာက္တည္းသြားခဲ့သည္။

သူက အမဲလိုက္ရာမွာ ပူးေပါင္းေဆာင္႐ြက္ဖို႔တစ္ေယာက္မွ ရွာမေတြ႕ခဲ့ဘူး။ ဟူယြဲ႕နဲ႔သြားရင္ ဒိုင္ႏိုေဆာေတြ ရမွာေသခ်ာေပမယ့္ က်ိဳးက်ီက ဒိုင္ႏိုေဆာအသားမႀကိဳက္လို႔ သူ႔ဖာသာခြဲထြက္ၿပီး က်ိဳးက်ီ ႀကိဳက္တတ္တဲ့အသားေတြကို အမဲလိုက္ထြက္ခဲ့သည္။

ဒီေန႔ကသူတို႔အိမ္ေထာင္သည္ဘဝရဲ႕ပထမဆုံးေန႔ မနက္မိုးလင္းေတာ့ က်ိဳးက်ီက သူ႔ကို အရမ္းသက္ေတာင့္သက္သာျဖစ္ေအာင္ လုပ္ေပးခဲ့လို႔ ရႈန္းယယ္ က က်ိဳးက်ီ ႀကိဳက္တတ္တာေလးကို ရွာေပးသင့္သည္ဟု ခံစားခဲ့ရသည္။

ရႈန္းယယ္ သည္စိတ္ထက္သန္မႈျဖင့္လိုက္လံရွာေဖြစဥ္ ဝက္ဝံေမြးကို ၿဖိးေပးခဲ့လို႔ ရႈန္းယယ္၏ အနံ႔ တကိုယ္လုံးစြဲေနသည့္ က်ိဳးက်ီက ဘုန္းေတာ္ႀကိး၏ဂူထဲကိုေရာက္လာခဲ့သည္။ ဘုန္းေတာ္ႀကီးက က်ိဳးက်ီရဲ႕ကိုယ္က စြဲေနသည့္ ရႈန္းယယ္၏အနံ႔ကိုရေတာ့ သူတို႔ တညလုံး လူးလိမ့္ခဲ့သည္ဟု ထင္ခဲ့သည္။

ဘုန္းေတာ္ႀကိး : "..........."ယခုလူငယ္ေတြကေတာ့ေလ.... အနံ႔ေတြ ဒီေလာက္ေတာင္ ျပင္းရသလား... ... အိုး!

က်ိဳးက်ီကို ဘုန္းေတာ္ႀကီး က ၿပဳံး႐ႊင္စြာ ႏူတ္ဆက္ကာေျပာလိုက္သည္။
" မင္း လာတာ ေကာင္းတယ္၊ ဒီမွာ ငါ ေဆးဘက္ ၀ င္အပင္ အမ်ားႀကီး ရွိတယ္၊ မင္း မွတ္မိေအာင္ဘယ္လို လုပ္ရမလဲဆိုတာ ငါ သင္ေပးမယ္။"

ဘုန္းေတာ္ႀကီးက အလြန္အသုံးမ်ားေသာ အပင္အခ်ိဳ႕ကို ထုတ္ခဲ့သည္။ ဤအပင္မ်ား အသုံးျပဳပုံကို က်ိဳးက်ီသိေပမယ့္ သူက နာမည္ကို မသိေပ။ ဒါေၾကာင့္ ဘုန္းေတာ္ႀကီး သင္ေပးသည္ကို ဂ႐ုတစိုက္နားေထာင္ေတာေနသည္။

"ဒါက မာလန္လို႔ေခၚတယ္။ ဒဏ္ရာေသးေသးေလးရွိရင္မင္းအဲဒါကို ထူေခ်ၿပီး ေသြးတိတ္ေအာင္ ဒဏ္ရာေပၚ အုံေပးရတယ္။ ဒါကိုလည္း စားလို႔၇တယ္။ ဒါက ... "

ဘုန္းေတာ္ႀကီးက သူ႔ေရွ႕မွ အပင္ကိုျဖည္းျဖည္းခ်င္းေျပာျပခဲ့သည္။

သူသည္အပင္တစ္ဒါဇင္ကို ရွင္းျပၿပီး ေမးလိုက္သည္။

"မင္း ဘယ္ေလာက္မွတ္မိလဲ"

က်ိဳးက်ီက အခု မႏုံအေတာ့ဘူးဆိုေတာ့ တမ်ိဳး၊ႏွစ္မ်ိဳးေလာက္ မွတ္မိေလာက္တယ္။

"အားလုံးကို မွတ္မိပါတယ္ "

က်ိဳးက်ီက မွတ္ဉာဏ္ေကာင္းသည့္အျပင္ စိတ္လည္းရွင္းလို႔ အကုန္မွတ္မိေနသည္။ ၿပီးေတာ့ ဒီအပင္ေတြက ႐ိုးရွင္းပါတယ္။


"အားလုံးကို မွတ္မိတာလား၊ ဘယ္လိုလုပ္ ျဖစ္ႏိုင္မွာလဲ!" ဘုန္းႀကီးက မယုံေပ။

"ကြၽန္ေတာ္ အားလုံးကိုမွတ္မိခဲ့တယ္။ " က်ိဳးက်ီ ကေျပာသည္။

" ဒါဆို ငါ့ကိုေျပာပါ"

က်ိဳးက်ီက ဘုန္းေတာ္ႀကီးေျပာျပသမွ် အကုန္ျပန္ေျပာခဲ့သည္။ သူေျပာခဲ့တဲ့အခ်က္ေတြက မဆိုးပါဘူး၊ ဘုန္းေတာ္ႀကီးက အံ့ၾသသြားတယ္။ ဤႏွစ္မ်ားတြင္သူသည္လူမ်ိဳးစုဝင္မ်ားကို မၾကာခဏသင္ေပးသည္။ သို႔ေသာ္လူမ်ားသည္ တုံးအၿပီး တခါသင္ရင္ တမ်ိဳး၊ႏွစ္မ်ိဳးသာမွတ္မိခဲ့သည္။ သူတို႔က အမ်ားႀကီး မမွတ္ႏိုင္ခဲ့ေပ။ သူက အားလုံးထဲက ဉာဏ္အထက္ဆုံး ကေလး ၃ ေယာက္ကိုေ႐ြးကာ တပည့္အျဖစ္ ပ်ိဳးေထာင္ထားခဲ့သည္။ ဒါေတာင္ သူတို႔က အကုန္ မမိၾကဘူး။ အခု က်ိဳးက်ီက ဘယ္လိုျဖစ္ၿပီး သူေျပာသမွ် အကုန္မွတ္မိရတာလဲ...

ဘုန္းေတာ္ႀကီးျဖစ္လာမယ့္ လူေတြက အရာတိုင္းကို မွတ္မိေနဖို႔လိုသည္။ အဓိက မွတ္ဉာဏ္ေကာင္းဖို႔ပဲ။ ဘုန္းေတာ္ႀကိးက က်ိဳးက်ီကို ေတာက္ပစြာျဖင့္ စိုက္ၾကည့္လိုက္သည္။

က်ိဳးက်ီက ဘုန္းေတာ္ႀကီး၏အၾကည့္ကို သတိမထားမိပဲ ေဆးပင္တစ္ခုကို ေကာက္ယူကာ ေျပာလိုက္သည္။

"တကယ္ေတာ့ ဒီအပင္ရဲ႕ အသုံးဝင္ပုံကို ဘုန္းေတာ္ႀကီး ေျပာတာ မွားေနတယ္ "

က်ိဳးက်ီက ဝမ္းႏုတ္ေဆးအျဖစ္သုံးႏိုင္ေသာ ေဆးပင္ကို ကိုင္ထားသည္။

"ဒီအပင္က အဆိပ္အေတာက္ေတြကိုဖယ္ရွားေပးတယ္။ အဲဒါ ဘယ္မွာ မွားလို႔လဲ။ "

ဘုန္းႀကီးက မေက်နပ္။ ဒါက သူ႔ဆရာက သင္ေပးတာဘဲ။ ဘယ္လို မွားႏိုင္မလဲ။

"အပင္သည္ အဆိပ္အေတာက္ေျပေစတဲ့ အာနိသင္မရွိဘူး။ ဒီအပင္က ဝမ္းေလွ်ာေစတယ္။ လူေတြက အဆိပ္ပါတာ၊ မတည့္တာကို စားမိရင္ မသက္မသာျဖစ္လာတယ္။ ဒါေၾကာင့္ ဝမ္းႏူတ္ပစ္ဖို႔ ဒီအပင္ကို သုံးရတယ္။ အဆိပ္ရွိတဲ့အေကာင္ကိုက္တဲ့အခါ ဒီေဆးကို စားရင္ ဘာမွ မထိေရာက္ဘူး။ အဆိပ္ကို မေျပေစဘူး "

က်ိဳးက်ီကေျပာျပလိုက္သည္။

ဝက္ဝံႀကီးမ်ိဳးႏြယ္စုမွလူေတြက အလြန္သန္မာသည္၊ မစားသင့္ေသာအရာကို စားျခင္းေၾကာင့္ တခုခုျဖစ္ရင္ ဝမ္းႏုတ္ေဆးတစ္ပန္းကန္ကို ျပဳတ္ေသာက္ၿပီး ထိုအရာကို ထုတ္ပစ္ႏိုင္သည္၊ သို႔ေသာ္ဝမ္းႏုတ္ေဆးသည္ ေဘးထြက္ဆိုးက်ိဳးရွိသည္။ မွန္မွန္ကန္ကန္မသုံးတတ္ရင္ လူေတာင္ ေသႏိုင္သည္။

"ဒါက ျဖစ္ႏိုင္တယ္.... တစ္ခါတေလ ဒီေဆးက အစြမ္းဘူးလို႔ ငါ ထင္ခဲ့တာ။ ဒါေၾကာင့္ ျဖစ္မယ္ !"

ဘုန္းေတာ္ႀကီးက သေဘာေပါက္သြားခဲ့သည္။ ဘုန္းေတာ္ႀကီးက ထိုအရာကို တတြတ္တြတ္႐ြက္ဖတ္ကာ သူ႔မွတ္ဉာဏ္ထဲမွာ စြဲေနေအာင္လုပ္လိုက္သည္။ ဒါက အရာအားလုံးကို မွတ္သားတဲ့ သူ႔နည္းျဖစ္ပုံရသည္။
ေယဘူယ်အားျဖင့္လူေတြက ဒါကို မသင္ယူႏိုင္ၾကေပ။

က်ိဳးက်ီသည္ သီခ်င္းလို သီဆိုေနသည့္ ဘုန္းေတာ္ႀကီးအသံကို နားေထာင္ကာ စိုးရိမ္စိတ္ဝင္လာသည္။ ဒီေလာကက မွတ္သားမယ့္ နည္းလမ္းေတာင္မွ မရွိဘူးကိုး..

ငါ တကယ္အဆင္ေျပတဲ့ အရာ တစ္ခုလုပ္ခ်င္ခဲ့တယ္ .....

ဘုန္းေတာ္ႀကီးက သီခ်င္းဆိုၿပီး က်ိဳးက်ီလက္ကို ဆြဲကာေမးလိုက္သည္။
"က်ိဳးက်ီ..မင္း ဘုန္းေတာ္ႀကီး မျဖစ္ခ်င္ဘူးလား "


***-***
















ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now